Main menu

Background

Friday, 23 Sep 2011

အိန္ဒိယကုလားပဲဈေး အမြင့်ဘက်ဆက်လက်ချီတက်                    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲဈေးက ဆက်လက်မြင့်တက်လျက် ရှိနေပါတယ်။ ဈေးကွက်တွေမှာ ရောင်းလိုအားနည်းပြီး ပွဲတော်အတွက် ဝယ်လို အားကောင်းနေခြင်းတို့က ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ အိန္ဒိယနိုင်ငံမှ မုတ်သုံမိုးဆုတ်ခွာမှုနှေးကွေးနေခြင်းကြောင့် ဆောင်းပဲစိုက်ပျိုးမှု နှောင့်နှေးနိုင်ပါ တယ်။ စိုက်ပျိုးရာမှာ အစိုဓါတ်များပေမဲ့ သီးနှံစိုက်ပျိုးဖို့ သင့်တော်မယ်လို့ ခန့်မှန်း ကြပါတယ်။ ကုလားပဲတင်ပို့နိုင်ငံများဖြစ်တဲ့ သြစတြေးလျနဲ့ ကနေဒါတို့မှာ အထွက် ကျဆင်းခြင်းကြောင့်ပြည်ပတင်ပို့မှုလျော့ကျနိုင်ခြင်းက ပြည်တွင်းဈေးကို အထောက် အပံ့ဖြစ်စေနိုင်ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းဆက်လက်ခိုင်မာ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်အတွင်းဖြစ် ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ်                    ဒေါ်လာ/တန်                   ၁၅-၉-၁၁       ၁၄-၉-၁၁       ၁၃-၉-၁၁          ၁၂-၉-၁၁ဒေလီ            ၇၃၇-၇၄၂      ၇၀၆-၇၁၁     ၇၁၁-၇၁၇           ၇၁၃-၇၁၉ကန်ပါ             ၇၈၂             ၇၆၃               ၇၆၄                 ၇၆၁အာကိုလာ        ၇၆၃             ၇၄၃               ၇၄၃              ၇၄၅-၇၅၀MIRT(MAPT)

Friday, 23 Sep 2011

အိန္ဒိယပဲတီစိမ်းဈေးနှုန်း ဆက်လက်ခိုင်မာ                     ယခုတစ်ပတ်အတွင်း အိန္ဒိယပဲတီစိမ်းဈေးနှုန်း ဆက်လက်ခိုင်မာနေပါတယ်။ အဓိကတော့ နိုင်ငံအတွင်း ပဲတီစိမ်းစိုက် ဧရိယာကျဆင်းခြင်းကြောင့် ဈေးခိုင်မာနေတာဖြစ်ပါတယ်။ ဈေးကွက်တွေထဲ ပဲအသစ် စတင်ဝင်လာနေပြီဖြစ်ပေမဲ့ မိုးရွာသွန်း နေ ခြင်းကြောင့် ရိတ်သိမ်းမှုနှောင့်နှေးနေသလို အစိုဓာတ်များခြင်းကြောင့် ပဲဈေးများ လျှော့ရောင်းရတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ပဲတီစိမ်းဈေးနှုန်းခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                 ဒေါ်လာ/တန်                                           ၁၅-၉-၁၁         ၁၄-၉-၁၁      ၁၃-၉-၁၁              ၁၂-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)           ၉၆၂                ၉၄၁              ၉၅၅                    ၉၅၈ဒေလီ                                  ၇၁၁-၉၄၁         ၆၉၀-၉၂၀       ၇၀၁-၉၃၄            ၇၂၄-၉၅၈အာကိုလာ                           ၇၇၃-၉၈၂           ၇၃၂-၉၈၃        ၆၃၇-၉၅၅           ၇၄၅-၉၅၈MIRT(MAPT)

Friday, 23 Sep 2011

ယခုတစ်ပတ် အိန္ဒိယပဲစင်းငုံဈေးနှုန်း သိသိသာသာမြင့်တက်လာ                       ယခုတစ်ပတ်အတွင်း အိန္ဒိယဈေးကွက်မှာ ပြုပြင်ပြီး ပဲစင်းငုံတွေကို ပိုမို ဝယ်ယူလာတဲ့အတွက် ပဲစင်းငုံဝယ်အားကောင်းပြီး ဈေးသိသိသာသာ မြင့်တက် လာပါတယ်။ လာမယ့်လများမှာ ပွဲတော်များရှိခြင်းနဲ့ ပဲအသစ် ဈေးကွက်ထဲ ဝင်ဖို့အချိန် လိုနေသေးတာကြောင့် ဈေးနှုန်းမြင့်လာတာဖြစ်ပါတယ်။ ပဲစင်းငုံ စိုက်ပျိုးတဲ့ ဒေသအများစုမှာ ပဲစင်းငုံအခြေအနေကောင်းမွန်နေပြီး ပိုးမွှား ကျရောက်တဲ့ သတင်းမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အစိုဓာတ်များခြင်းနဲ့ မိုးတိမ် ထူထပ်နေခြင်းကတော့ သီးနှံအထွက်မကောင်းဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှု က ယခင်နှစ်ထက် ၁၅ ဒသမ ၇၈ ရာခိုင်နှုန်းလျော့ကျပေမဲ့ ပုံမှန်စိုက်ဧရိယာထက် ၆ ဒသမ ၂၄ ရာခိုင်နှုန်းပိုမိုတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးနှုန်း ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာတန်                  ၁၅-၉-၁၁         ၁၄-၉-၁၁         ၁၃-၉-၁၁             ၁၂-၉-၁၁မွန်ဘိုင်း            ၆၉၀           ၆၅၉-၆၆၄          ၆၆၃-၆၆၉            ၆၇၆ဒေလီ            ၇၃၂-၇၃၄       ၇၀၁-၇၀၃           ၆၉၅-၆၉၆        ၆၉၇-၆၉၈ချန်နိုင်း            ၆၇၉               ၆၆၄                   ၆၆၉               ၆၇၆                                                                                                 MIRT(MAPT)

Friday, 23 Sep 2011

မိုးဆက်လက်ရွာသွန်းနေမှုကြောင့် အိန္ဒိယမတ်ပဲဈေး အားကောင်းလာ            အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ မတ်ပဲဈေး အားကောင်းလာပါတယ်။ အဓိကမတ်ပဲစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ အိန္ဒိယအလယ်ပိုင်းနဲ့ ကျွန်းဆွယ်များမှာ မိုးဆက်လက် ရွာသွန်း နေတဲ့အတွက် ရင့်မှည့်သီးနှံများ ပျက်စီးနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း မိုးဆက်လက် ရွာသွန်း မယ့် ခန့်မှန်းချက် ကလည်း ဈေးနှုန်းကိုမြင့်တက်စေပါတယ်။ ဈေးကွက်များ အတွင်း ပဲအသစ်များဝင်ရောက်လာပြီဖြစ်ပေမဲ့ အစိုဓါတ် ပါဝင်မှု မြင့်မားကြောင်း သိရပါတယ်။ မတ်ပဲစိုက်ပျိုးတဲ့ဧရိယာမှာ ယခင်နှစ်ထက်လျော့ကျပေမဲ့ ပုံမှန်စိုက် ဧရိယာဝန်းကျင်ခန့်တော့ ရှိတယ်လို့ သိရပါတယ်။ မိုးဆက်လက်ရွာဦးမယ်ဆိုရင် ပဲအရည်အသွေး ပျက်စီးနိုင် တာကြောင့် ကာလတိုအတွင်း အရည်အသွေးကောင်း ပဲဈေး ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ် ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                                    ဒေါ်လာတန်                ၁၅-၉-၁၁      ၁၄-၉-၁၁         ၁၃-၉-၁၁          ၁၂-၉-၁၁မွန်ဘိုင်း        ၈၅၇          ၈၄၂-၈၄၇        ၈၄၉-၈၅၄           ၈၅၇ဒေလီ        ၈၅၇-၈၉၉      ၈၄၂-၈၈၉        ၈၅၅-၉၀၂        ၈၆၂-၉၀၅ချန်နိုင်း         ၈၇၃             ၈၄၇               ၈၅၅                ၈၅၇MIRT(MAPT)

Friday, 23 Sep 2011

ရန်ကုန် FOB အရောင်းအဝယ် တန်ချိန် ၁၈၀၀၀ ခန့်ရှိ                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် မတ်ပဲ SQ ၊ FAQ အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၁၈၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၆၀၀၀ ကျော်ထိ အရောင်း အဝယ် စာချုပ်ခဲ့လို့ ယခုတစ်ပတ်လျော့နည်းတာတွေ့ရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၁၃ ရက်အထိ စုစုပေါင်းပြည်ပအရောင်းအဝယ်ဖြစ်မှုဟာ မတ်ပဲ SQ တန် ၁၇၀၀၀ ကျော်၊ FAQ တန်ချိန် ၃၇၀၀၀ ကျော်နဲ့ အခွံချွတ် စုစုပေါင်း တန်ချိန် ၅၆၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။                               အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားတက်သလို ဈေးမြင့်လာတဲ့ အတွက် ရန်ကုန် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်တွေ အဝယ်လိုက်လာတယ် လို့ သိရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းမှု ခက်ခဲပြီး ဈေးနှုန်းမြင့်တက်ပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ပြန်လည်မြင့်တက်လာခဲ့သလို ဝယ်လက်များ အဝယ်သွက်လာလို့ အရောင်းအဝယ်ဖြစ်ပြီး FOB ဈေးမြင့်လာခဲ့ပါတယ်။                      ဒေါ်လာတန်                  မတ်ပဲ(FAQ)       မတ်ပဲ(SQ)၁၆-၉-၁၁        ၇၈၀-၈၀၀        ၈၇၀-၈၉၀၉-၉-၁၁          ၇၇၀-၇၉၀        ၈၆၀-၈၈၀MIRT(MAPT)

Friday, 23 Sep 2011

ယခုတစ်ပတ်မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ထိတက်လာ                                ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၉၀၀၀ ခန့်သာရှိခဲ့ရာမှ စက်တင်ဘာလ  ၄ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀၀၀ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ် က ကွန်တိန် နာငှားရမ်းမှုအခက်အခဲနဲ့ ငှားရမ်းခဈေးနှုန်းကြီးမှုတွေကြောင့် တင်ပို့မှု လျော့ကျခဲ့ရာ မှ ယခု တစ်ပတ်မှာ ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၀-၂၀၁၁ စက်တင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၃၄၅၀၀၀ ကျော်ထိ ရှိလာလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၃၇၀၀၀ ခန့်ထက် တန်ချိန် တစ်သိန်းကျော်ပိုတင်လာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ MIRT- MAPT 

Monday, 5 Sep 2011

ကနေဒါမှာ ပဲမျိုးစုံ ထုတ်လုပ်မှုကျဆင်း           ယခုနှစ်အတွက် ကနေဒါရဲ့ ပဲထုတ်လုပ်မှုအခြေအနေ မကောင်းနိုင်ဘူးလို့ သိရပါတယ်။ မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ ကြောင့် သီးနံှစိုက်ပျိုးမှုတွေ ထိခိုက်ခဲ့ရလို့ နိုင်ငံရဲ့ထုတ်လုပ်မှုလည်း ထိခိုက်ဖွယ်ရှိနေပါတယ်။ မကြာသေးခင် ခန့်မှန်းချက်အရ ပဲလုံးထုတ်လုပ်မှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၄ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၂၁၂၈ ဒသမ ၃ တန်နဲ့ ပဲနီလေး ထုတ်လုပ်မှုကလည်း ၁၇ ဒသမ ၈၂ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၁၆ဝဝ ဒသမ ၂ သာရှိမယ်လို့ ဆိုပါတယ်။ အလားတူကုလားပဲဖြူလုံးကြီးကလည်း ၂ဝဝ၄ ခုနှစ် နောက်ပိုင်းအနည်းဆုံးအနေနဲ့ ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန်ထောင်ပေါင်း ၅၃ ဒသမ ၉ တန် တာထွက်ရှိမယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ယခင်နှစ်နဲ့ နှိုင်းယှဉ် ဖော်ပြထားပါတယ်။ 

Sunday, 4 Sep 2011

ငရုတ်ကောင်းတစ်တန် ကန်ဒေါ်လာ ၅၉ဝဝ စံချိန်တင်မြင့်တက်                 ဝယ်လိုအားမြင့်မားမှုနဲ့ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလို အားနည်းပါးမှုတို့ကြောင့် သြဂုတ်လ ၂၅ ရက်နေ့က ဗီယက်နမ် ပြည်တွင်း ငရုတ်ကောင်းဈေးနှုန်းတွေက ၁၅ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်း အသင်းရုံးရဲ့ မန်နေဂျာ Tran Duc Tung က ပြောကြားလိုက် ပါတယ်။                   သြဂုတ်လ ၂၅ ရက်မှာ ငရုတ်ကောင်းတစ်တန်ဈေးနှုန်း က ကန်ဒေါ်လာ ၅၉ဝဝကိုရောက်ရှိခဲ့ရာ ယခင်ရက်သတ္တပတ် ကနဲ့ နှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၉ဝ နီးပါး တက်သွားခဲ့ကြောင်း Tung အရသိရှိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်ကငရုတ်ကောင်းဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၇ဝဝ က သြဂုတ်လ ၂၁ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၅၈ဝဝ ကို ဈေးတက်သွားခဲ့တယ်။ ၎င်းအချိန်က လယ်သမားတွေထံမှာ ငရုတ်ကောင်းသို လှောင်ထားမှု ပမာဏက အလွန်လျော့နည်းခဲ့ကြောင်းနဲ့ ကုန်သည်တွေမှ အမြောက်အမြားဝယ်ယူခဲ့ကြကြောင်း သတင်းရရှိပါတယ်။ ဗီယက်နမ်ပြည်တွင်း ငရုတ်ကောင်းဈေး နှုန်းက ကမ္ဘာ့ဈေးကွက်နဲ့ အပြိုင်ဖြစ်နေကြောင်း သိရှိရတယ်။                  ကမ္ဘာ့ဈေးကွက်မှာငရုတ်ကောင်းဈေးနှုန်းတွေ တစ်ရှိန် ထိုးမြင့်တက်လာရခြင်းက မွတ်စလင်တို့ရဲ့ ဥပုသ်လ ရာသီဖြစ်တာကြောင့် ဝယ်လိုအားမြင့်မားမှုကြောင့်ဖြစ်တယ်။ ဒါ့ပြင် ကမ္ဘာ့ငရုတ်ကောင်းအဓိကတင်ပို့တဲ့ အိန္ဒိယရဲ့ ရောင်းလိုအား ကျဆင်းသွားခြင်းကြောင့်လည်း ဖြစ်တယ်။ ငရုတ်ကောင်းဈေးနှုန်းမြင့်မားမှုက ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့ ခန့်မှန်းရတယ်။ဗီယက်နမ် လယ်ယာ စိုက်ပိုျးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ငရုတ်ကောင်း တင်ပို့မှုနဲ့ ပတ်သက်ပြီး ခန့်မှန်း ချက်အသစ်ကိုကြေညာလိုက်တယ်။ယခုနှစ်မှာ ငရုတ်ကောင်းတင်ပို့မှုက ကန်ဒေါ်လာ သန်း ၈ဝဝ ကျော်ရရှိနိုင်ကြောင်းနဲ့ ယခင်ခန့်မှန်းထားချက်ထက် သန်း ၇ဝ ကျော်ပိုမိုနိုင်ကြောင်း သတင်းရရှိပါတယ်။                    ပြီးခဲ့တဲ့လက ဗီယက်နမ်က ငရုတ်ကောင်းတန်ချိန် ၁၅ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သန်း ၉ဝ ကျော်ရရှိခဲ့ တယ်။ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ငရုတ်ကောင်း တင်ပို့မှု ပမာဏက တန်ချိန် ၈၅ဝဝဝ ရောက်ရှိကာ ကန်ဒေါ်လာ ၄၆၅ သန်းရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွနန်မွန်လှိုင်၊Source:english.vietnamnet.vn

Sunday, 4 Sep 2011

အမှာအော်ဒါအချို့ ရရှိလို့ အိန္ဒိယနနွင်းဈေးအနည်းငယ်တိုးလာ                ဝယ်လက်ကြီးကြီးမားမားနဲ့ အမှာများများမရရှိပေမယ့် အမှာအော်ဒါ တစ်ခုနှစ်ခုရရှိခဲ့တာကြောင့် အီရော့ နနွင်း လက်ငင်း ဈေးကွက်မှာ သြဂုတ်လ ၃ဝ ရက်ကတစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၉) မြင့်တက်ခဲ့ပါတယ်။ ပွဲတော် ၂ ရက် မှာ ဈေးကွက်များပိတ်မှာဖြစ်လို့ ကုန်သည်များဟာ ဈေးတိုးပေးဝယ်ခဲ့ကြပြီး တောင်သူ များကလည်း အနည်းငယ်တိုးတဲ့ဈေးနဲ့ နနွင်းများ ရောင်းချခဲ့ကြတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာက ဆိုပါတယ်။                    နနွင်းကြိုပွိုင့်ဈေးကလည်း ယခင်ရက်ထက် ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ၆၅ ဒသမ ၇)ပိုပြီး၊ တစ်တန်ရူပီး ၅၆ဝဝဝ (ကန်ဒေါ်လာ ၁၂၂၆)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်သီတင်းပတ်ကစပြီး အိန္ဒိယ မြောက်ပိုင်း ကုန်သည်များထံက အမှာအော်ဒါများ ရရှိနိုင်တာကြောင့် ဈေးမြင့်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အရည်အသွေးအရ စပ်မျိုးနနွင်းဈေးက တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅ ဒသမ ၇) ကျဆင်းခဲ့ ပါတယ်။ ဈေးကွက်ကို အိတ် ၇ဝဝဝ ဝင်ရောက်မှုရှိတဲ့အနက် ၆၅ ရာခိုင်နှုန်း ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်သူများ ကလည်း ၎င်းတို့ကုန်စည်များကို ရောင်းလိုနေကြတယ်လို့ ဆိုပါတယ်။               အီရော့ နနွင်းကုန်သည်များအသင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၄၅၃၉ဝ မှ ရူပီး ၅၈၃၉ဝ (ကန်ဒေါ်လာ ၉၉၄ မှ ၁၂၇၉)ဈေးနနွင်းဥဈေးက ရူပီး ၄၂၄၇ဝ မှ ၄၉၇၄ဝ (ကန်ဒေါ်လာ ၉၃ဝ - ၁ဝ၈၉)ဈေးနဲ့ ရောင်းချကြတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source:hindubusinees

Sunday, 4 Sep 2011

သီးနံှလုံခြုံမှုကို မြှင့်တင်ရန် ရန်ပုံငွေတိုးမြှင့်သည့် တရုတ်နိုင်ငံ               နိုင်ငံရဲ့ သီးနံှလုံခြုံမှု (Grain security) ကို မြှင့်တင်ဖို့ သီးနံှဆုံးရှုံးနိုင်ခြေ ရန်ပုံငွေအဖွဲ့(Grain Risk Fund) ကို ယွမ် ၄ ဒသမ ၄ ဘီလံျ (ကန်ဒေါ်လာ ၆၈၈ သန်း)ကို ထောက်ပံ့ ကြေး (Subsidies) အဖြစ်ထပ်မံထည့်ဝင်လိုက်ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၆-၈-၂ဝ၁၁ ရက်မှာ ပြောကြားလိုက် တယ်။                  ယွမ် ၄ ဒသမ ၄ ဘီလံျ ထပ်မံထည့်ဝင်လိုက်တာကြောင့်Grain Risk Fund  ရဲ့ အရင်းအနှီး စုစုပေါင်းမှာ ၃၈ ဒသမ ၂ ဘီလံျကိုရောက်ရှိသွားပြီး ဖြစ်ကြောင်း၊ ၎င်းရန်ပုံငွေတွေကို သီးနံှအဓိကထုတ်လုပ်တဲ့ ဒေသကြီး ၁၃ ခုအတွက် ထားရှိ ခြင်းဖြစ်ကြောင်း၊ ရန်ပုံငွေအားလုံးကို ဗဟိုအစိုးရက လျာထား သတ်မှတ် စီမံခန့်ခွဲကြောင်း သိရှိရပါတယ်။                 ရန်ပုံငွေတွေကို သီးနံှထုတ်လုပ်မှု (Grain production) နဲ့ အရန်နံှစားသီးနံှနဲ့ အရန်စားသုံးဆီတွေထားရှိဖို့ထောက် ပံ့ကြေးအဖြစ် ဒေသဆိုင်ရာ အစိုးရများ (Local governments) က သုံးစွဲနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ ''ဒီလိုရန်ပုံငွေထားရှိတာဟာ တောင်သူ လယ်သမားတွေ ပိုမိုစိုက်ပျိုး လာဖို့အတွက် ဒေသဆိုင်ရာ အစိုးရတွေက ပိုပြီးအားပေးအားမြှောက်ပြု နိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ကို တည်ငြိမ်စေပြီး သီးနံှနဲ့ စားသုံးဆီလိုအပ် ချက်ကိုလည်း အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်'' လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထပ်မံ ပြောကြား ပါတယ်။              ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Grain Risk Fund  က သီးနံှစိုက်ပျိုးသူ တွေကို တိုက်ရိုက်ထောက်ပံ့ကြေး (Direct subsidies) ပေးနိုင်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးအတွက် သွင်းအားစုနဲ့ စက်ကိရိယာ ဝယ်ယူခြင်းအတွက် အထွေထွေ ထောက်ပံ့ကြေး (General subsidies) ပေးနိုင်ကြောင်း သိရှိရပါတယ်။ ပြီးခဲတဲ့နှစ်မှာ တရုတ်နိုင်ငံရဲ့ သီးနံှထွက်ရှိမှုက တန်ချိန် ၅၄၆ ဒသမ ၄၁ သန်းရှိပြီး ယခင် နှစ်ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း တရုတ်နိုင်ငံရဲ့ နွေရာသီ သီးနံှထွက်ရှိမှုက တန်ချိန် ၁၂၃ ဒသမ ၁ သန်းရှိပြီး သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။                 ယခုနှစ်မှာ တရုတ်နိုင်ငံရဲ့  နွေရာသီ သီးနံှထွက်ရှိမှုက တန်ချိန် ၁၂၆ ဒသမ ၂၇ သန်းရှိပြီး ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်။ ဒီလိုတိုးတက်ခြင်းမှာ စိုက်ဧကတိုးခဲျ့ခြင်းနဲ့ အထွက်နှုန်းတိုးတက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါ တယ်။ သိန်းမြင့်ေ၀ Source: Chinadaily

Pages