Background
အိန္ဒိယ ပဲစင်းငုံ အတက်ဘက်ဦးတည်လာပြီးမှ ပြန်ဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုသီတင်းပတ်အစပိုင်းတွင် ပဲစိုက် ပျိုးရာဒေသများမှ မိုးနည်းပါးတဲ့အတွက် ပဲစင်းငုံဈေးနှုန်းမြင့်တက်ခဲ့ရာမှ သီတင်း ပတ် နှောင်းပိုင်းမှာ မိုးပြန်လည်ရွာသွန်းလာခြင်းနဲ့အတူ ပဲဈေးများ လည်း ပြန်ဆင်း လာတယ်လို့ သိရပါတယ်။ ပဲစိုက်ပျိုးဖို့ ရာသီဥတုသင့်တင့်နေပေမဲ့ အဓိကဒေသ တွေမှာ စိုက်ပျိုးမှု နောက်ကျနေတယ်လို့ သိရပါတယ်။ ဝယ်လိုအား ပါးပါးရှိနေပြိး လှောင်လက်များက ဆက်လက် ထိန်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ဈေးကွက်တွေမှာ လက်ကျန်အလုံအလောက်ရှိနေတဲ့အတွက် လှောင်လက်တွေ လက်ကျန်ရှင်းထုတ်ရင်တော့ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပဲအသစ် ဈေးကွက်ထဲဝင်လာဖို့ အချိန်လိုအပ်နေခြင်းက ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၇-၇-၁၁ ၆-၇-၁၁ ၅-၇-၁၁ ၄-၇-၁၁မွန်ဘိုင်း ၆၇ဝ-၆၈၁ ၆၇၆-၆၈၇ ၆၉၁-၆၉၇ ၇ဝ၆-၇၁၇ဒေလီ ၇၅၄-၇၅၆ ၇၅၅-၇၅၇ ၇၆၂-၇၆၄ ၇၇၃-၇၇၆ချန်နိုင်း ၆၇၅ ၆၇၆ ၆၇၄ ၆၈၄MIRT(MAPT)
အိန္ဒိယမတ်ပဲဈေးခိုင်မာရာမှ မိုးရွာသွန်းလို့ ဈေးပြန်လျော့လာ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းမှာ ဈေး အနည်းငယ်ပြန်မာတဲ့ သဘောရှိခဲ့ရာမှ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးပြန်လည် ရွာသွန်းလာတဲ့အတွက် မတ်ပဲဈေးလည်း ပြန်လည်လျော့ကျ လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံ ပင်နီစူလာနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးပုံမှန်အောက်သာ ရွာသွန်းခဲ့တာကြောင့် ပဲစိုက်ပျိုးမှုနှေးကွေးတဲ့အတွက် သီတင်းပတ်အစပိုင်းမှာ ဈေးမာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာ မိုးရွာသွန်းခဲ့တဲ့အတွက် မိုးပဲအတွက် အလား အလာပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ ပဲအသစ်ဝင် လာလို့ အချိန်လိုအပ်နေသေးတာကြောင့် ဝယ်လိုအားတက်မယ်ဆိုရင် ဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၇-၇-၁၁ ၆-၇-၁၁ ၅-၇-၁၁ ၄-၇-၁၁မွန်ဘိုင်း ၈၅၈-၈၆၇ ၈၇၉-၈၈၄ ၈၇၁-၈၉၉ ၉၁၃-၉၁၉ဒေလီ ၉ဝဝ-၉၁၇ ၉ဝ၁-၉၁၈ ၈၉၉-၉၁၆ ၉၁၃-၉၃ဝချန်နိုင်း ၈၃၃-၉၅၇ ၈၅၁-၉၆၃ ၈၇၁-၉၈၃ ၈၇၄-၉၈၆MIRT(MAPT)
အိန္ဒိယကြက်သွန်ဖြူ အမြောက်အမြား ထွက်ရှိပေမဲ့ ဈေး ၂ ဆမြင့်တက် အိန္ဒိယနိုင်ငံမှာ ယခုရာသီ ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိတဲ့တိုင် လွန်ခဲ့တဲ့ ၂ လအတွင်း လက်လီ ဈေးများ ၂ ဆဖြစ်ခဲ့ပါတယ်။ ဈေးကောင်းပိုမိုရမယ့် မျှော်လင့်ချက်နဲ့ ကြက်သွန်တောင်သူတွေက ဈေးကွက်ဖြန့်ဖြူးမှု ပိုမိုနှောင့်နှေးခြင်းနဲ့ ကုန်သည်တွေက ဝယ်ယူသိုလှောင်ထားကြခြင်းတွေကြောင့် အဲဒီလို ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူ အမြောက်အမြား ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်လို့ ကုန်သည် တွေ မျှော်မှန်းထားသလို အကိုျးအမြတ် များများရမှာ မဟုတ်ဘူးလို့ ယုံကြည်တယ် လို့လည်း ဆိုပါတယ်။ လက်ရှိဈေးနှုန်းအနေနဲ့ လက်လီဈေးကွက်မှာ ကြက်သွန်ဖြူ တစ်ကီလိုကို ရူပီး ၉ဝ နဲ့ ရူပီး ၁၄ဝ (ကန်ဒေါ်လာ ၂ ဒသမ ၃ - ၃ ဒသမ ၁၂) အတွင်းရှိနေပြီး လက်ကားဈေးကွက်မှာ ရူပီး ၅ဝ-၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၃၄) အတွင်း ဖြစ်နေပါတယ်။ မတ်လက လက်လီတစ်ကီလိုကို ရူပီး ၅ဝ-၆၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၄၅) ခန့်သာရှိတယ်လို့ သိရပါတယ်။ အမှန်တော့ ယခုနှစ်ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိပြီး ဈေးနှုန်းရုတ်တရက်ကျဆင်း ခဲ့ပါတယ်လို့ နိုင်ငံတော် ဟင်းသီးဟင်းရွက်သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့(NHRDF) ဒါရိုက်တာ Dr RP Gupta က ဆိုပါတယ်။ တောင်သူနဲ့ ကုန်သည်များဟာ ဈေးမြင့်တက်မယ်ထင်ပြီး သိုလှောင်ကာဈေးကွက်မှာရောင်းချမှုနည်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့်ရာသီမှာလည်း အမြောက်အများထွက်ရှိမယ်လို့ ခန့်မှန်း ထားပြီး ဈေးနှုန်းတည်ငြိမ်မှာဖြစ်လို့ ၎င်းတို့ထင်သလို ဈေးမတက်နိုင်ဘူးလို့ ဆိုပါတယ်။ NHRDF စာရင်းအရ ၂ဝ၁ဝ-၁၁ အတွင်း ကြက်သွန်ဖြူတန်ချိန် ၁၁ ဒသမ ၃၁ သိန်း ထွက်ရှိလို့ ယခင်နှစ်ထက် တန်ချိန် ၂ သိန်းပိုမိုလာတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလက ကြက်သွန်ဖြူ ပြတ်လပ်ခဲ့တာကြောင့် တစ်ကီလိုကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၆) နဲ့ ဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုအခါ ဈေးကွက် ထဲမှာ ကြက်သွန်ဖြူအသစ်တွေများနေတာကြောင့် ဈေးငြိမ်နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အချို့ကုန်သည်တွေကတော့ အခြေခံစံနှုန်းအရည်အသွေးကောင်း ကြက်သွန်ဖြူ ရောင်းချမှု ပြတ်လပ်နေပြီး ဝယ်လိုအားမြင့်မားတာကြောင့် ဈေးနှုန်း မြင့် တက်နေတယ်လို့ ဆိုပါတယ်။ ၅ ဒသမ ၅ စင်တီမီတာ ကြက်သွန်ဖြူ (အခြေခံ စံနှုန်းအရည်အသွေး)ကို ဝယ်လိုအား အမြောက်အမြားရှိနေပြီး ရောင်းချမှု နည်း တာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ Gemini Trading မှ ပြောကြားပါတယ်။ အလုံးသေးတွေကတော့ ပေါများနေတယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ခ ၊ အလုပ်သမားခ အပါအဝင် သွင်းအားစုကုန်ကျစရိတ်က တစ်နှစ်ထက်တစ်နှစ် တိုးတက်နေတာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ မွန်ဘိုင်း APMC မှ ဒါရိုက်တာ Ashok Walunj က ဆိုပါတယ်။ ယမင်းခင်၊Source: moneylife in
ဘရာဇီးကြံအထွက်နည်းခြင်းက သကြားဈေးကို မြှင့်တင် ကမ္ဘာ့ထိပ်တန်းတင်ပို့နေတဲ့ ဘရာဇီးနိုင်ငံမှာ ကြံထုတ်လုပ်မှုကျဆင်းခြင်းနဲ့ ပတ်သက်လို့ ကုန်သည်များ စိုးရိမ်လာကြတဲ့အတွက် ဇွန်လ ၂၈ ရက်နေ့သကြား ဈေးက ၃ လခွဲအတွင်း အမြင့်ဆုံးအဖြစ် ၅ ရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နှစ် ၃ဝ အတွင်း တစ်ပေါင်ကို ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့်ထိ အမြင့်ဆုံးဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်း၊ အိန္ဒိယနဲ့ ဥရောပတို့ရဲ့ ရောင်းချမှုက မျှော်မှန်း ထားတာထက် ပိုမိုဖွယ်ရှိတာကြောင့် ဖေဖော်ဝါရီလမှ မေလအထိ သကြားဈေးက ၄၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၈ ရက်နေ့ CIE မှာ ဇူလိုင်လပို့ရမယ့် သကြားကြမ်းဈေးက ၄၄ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်ပေါင်ကို ကန်ဒေါ်လာ ၂၉ ဒသမ ၃၈ ဆင့် ဖြစ်ခဲ့ပါတယ်။ အဲဒီလို သိသိသာသာမြင့်တက်ခြင်းက ဘရာဇီးနိုင်ငံရဲ့ သီးနံှထွက်ရှိမှုအလားအလာ အပေါ် စိုးရိမ်မှုတွေကြောင့်လို့ ဆိုပါတယ်။ တောင်အမေရိကနိုင်ငံဟာ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံနဲ့ ကမ္ဘာ့တင်ပို့မှုရဲ့ ထက်ဝက်ကျော်တင်ပို့တဲ့ အဓိက ကျတဲ့ သကြားဈေးကွက် ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်မှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီးတဲ့နောက် အရန် သိုလှောင်မှုဟာ အလွန်အမင်း နိမ့်ကျလျက်ရှိတာကြောင့် ဘရာဇီးနိုင်ငံရဲ့ သီးနံှ အထွက် ပုံမှန်ရှိတဲ့တိုင် ဈေးနှုန်းမြင့်တက်မှုရှိနေဦးမယ်လို့ လေ့လာဆန်းစစ်သူ များကဆိုပါတယ်။ ကမ္ဘာ့လိုအပ်ချက်ဟာ မေလမှ အောက်တိုဘာလအတွင်း အမြင့် မားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းက ဘရာဇီးသကြားထွက်ရှိမှုကို တန်ချိန် ၃၅ သန်းအထိ မျှော်မှန်းထားခဲ့ပေမဲ့ မကြာသေးခင် သီတင်းပတ်များက တောင်သူများရဲ့ အထွက် နှုန်းလျော့ကျမှုကြောင့် တန်ချိန်၃၂ သန်း-၃၃သန်းကိုလျော့ကျမယ်လို့ ကုန်သည် များ ခန့်မှန်းထားပါတယ်။ ဘရာဇီးကြံထုတ်လုပ်မှုအသင်း (Unica) ခန့်မှန်းထား တာကတော့ လက်ရှိ ရာသီအတွက် သကြားထုတ်လုပ်မှုဟာ ရိတ်သိမ်းမှု စတင်တာ နောက်ကျ တဲ့အတွက် တန်ချိန် ၃၄ ဒသမ ၆ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source:
တရုတ်နိုင်ငံက အမေရိကန်ပြောင်း တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်သွင်း တရုတ်နိုင်ငံဟာ ပထမ ၄ လအတွင်း အမေရိကန်နိုင်ငံပြောင်းတန်ချိန် ၁ ဒသမ ၇ သန်း ဝန်းကျင် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်အမေရိကန် ပြောင်း တန်ချိန် ၈ သိန်းဝန်းကျင်တင်သွင်းဖို့လည်း စာခုျပ်အသစ်ချုပ်ဆိုဖွယ်ရှိတယ် လို့ သိရပါတယ်။ စက်တင်ဘာတင်ပို့ဖို့ စာချုပ်ဈေးဟာ C & F တစ်တန် ကန်ဒေါ်လာ ၃၃၈ ဝန်းကျင်ရှိပြီး သြဂုတ်လတင်ပို့ဖို့အတွက် ကန်ဒေါ်လာ ၃၄၂ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ပြောင်း လက်ကျန် လျော့ကျလျက်ရှိရာ သြဂုတ်လကုန် မှာ တန်ချိန် ၁၈ ဒသမ ၅ သန်းကို ၁၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းဖွယ်ရှိ တယ်လို့ သိရပါတယ်။ ယခုနှစ်ကုန်မှာ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုဟာ တန်ချိန် ၄ သန်းအထိ ရှိနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁ ဒသမ ၆ သန်းဝန်းကျင်တင်သွင်းခဲ့တယ်လို့ သိရ ပါ တယ်။ ယမင်းခင်၊source: nns commodityonline
တရုတ် နယ်စပ်စခန်းများမှ ရော်ဘာတန် ၁ဝဝ ကျော်ပိုမိုတင်ပို့နိုင် ဇွန် ၂၂ ရက်မှ ဇွန် ၂၈ ရက်ထိကာလတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှာ ရော်ဘာ ကန်ဒေါ်လာ ၄ ဒသမ ၂၂၂ သန်းတန်ဖိုးရှိ ရော်ဘာ ၉ဝ၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၈ဝဝ ကျော်တင်ပို၊ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၁ဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ မူဆယ်မှ MSR-20 ၅၇၈ တန်၊ RSS-3 ၂၆၈ တန်၊MSR-50 ၃၅ တန်နဲ့ ချင်း ရွှေဟော်မှRSS-3 တန် ၂ဝ တင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ဈေးများကျလျက်ရှိတာ တွေ့ရပါ တယ် မိမိဘက်(ကျပ်/တန်) တစ်ဖက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၅၉၆၈ဝ၃ ၃၆၄၆၇၈၃ ၄၉၉၈ဝ ၁ .၄ ၄၅၆၅ ၄၆၃၁ ၆၆ ၁ .၄RSS-5 ၃၃၆၈၂၇၃ ၃၅၂၆၇၆၃ ၁၅၈၄၉ဝ ၄ .၇ ၄၄၁ဝ ၄၅၅၄ ၁၄၄ ၃ .၂MIRT (DOBT)
အိန္ဒိယကုလားပဲဈေး လက်ရှိဈေးမှာ ခိုင်မာနေ အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်တွေမှာ ကုလားပဲဝယ်လိုအားရှိ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း လက်ရှိဈေးနဲ့ ခိုင်မာနေပါတယ်။ ယခုလအတွင်း ဝယ်လိုအားဆက်လက်ခိုင်မာဖွယ်ရှိတာကြောင့် လှောင်လက်များ သိုလှောင်ပဲတွေကို ဆက်ထိန်းထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိုးပဲမျိုးစုံ ထွက်ရှိမှု အလားအလာကောင်းခြင်းနဲ့အတူ လှောင်လက်များ လက်ကျန်ရှင်းထုတ်ပါက လာမယ့်ရက်တွေမှာ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ကုလားပဲ အထွက် ရာသီဥတုကောင်းမွန်နေပေမဲ့ ကနေဒါနဲ့ အမေရိကန်မှာတော့ စိုက်ဧရိယာ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်း ကုလားပဲ ဈေး လက်ရှိဈေးဝန်းကျင်မှာပဲ အပြောင်းအလဲရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၆-၁၁ ၂၉-၆-၁၁ ၂၈-၆-၁၁ ၂၇-၆-၁၁မွန်ဘိုင်း ၅၃၁-၅၃၇ ၅၂၃-၅၂၈ ၅၂၇-၅၂၈ ၅၂၇-၅၃၂ဒေလီ ၅၉၃-၅၉၈ ၅၈၄-၅၉ဝ ၅၈၃-၅၈၈ ၅၈၂-၅၈၈ကန်ပါ ၆၄ဝ ၆၃၂ ၆၃၅ ၆၃၄MIRT(MAPT)
အိန္ဒိယ PEC မှ ပဲမျိုးစုံတန် ၆ဝဝဝ တင်သွင်းဖို့တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ ပြည်တွင်းဈေးကွက်အတွင်းရောင်းချဖို့ ပဲမျိုးစုံတန်ချိန် ၆ဝဝဝ တင်သွင်းမယ့် တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်ဒါနောက်ဆုံး ရက်မှာ ဇူလိုင် ၁ ရက်ဖြစ်ပြီး အဲဒီနေ့မှာပဲတင်ဒါဆုံးဖြတ်သွားမယ်လို့ ၎င်းးဝက်ဘ် ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဝယ်ယူမယ့်ပဲများကတော့ မြန်မာနဲ့ တန်ဇန်းနီးယားက ၂ဝ၁၁ ရာသီထွက် မတ်ပဲနဲ့ ဒေစီကုလားပဲ တန် ၂ဝဝဝ စီဖြစ်ပြီး နောက်ထပ် ဒေစီကုလားပဲလုံး တန် ၂ဝဝဝ ကို သြစတြေးလျက ၂ဝ၁ဝ ရာသီထွက်ပဲဖြစ်တယ်လို့ သိရပါတယ်။ ဒေစီကုလားပဲလုံးကို မွန်ဘိုင်းဆိပ်ကမ်းကို တင်ပို့ရမှာဖြစ်ပြီး မတ်ပဲကို ချန်နိုင်း ဆိပ်ကမ်းကိုတင်ပို့ရမယ်လို့ဆိုပါတယ်။ ယင်းပဲအားလုံးကို ဇူလိုင်လနဲ့ သြဂုတ်လ အတွင်း အရောက်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: P T I
အိန္ဒိယပဲစင်းငုံဈေး ဆက်လက်အားပျော့ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ဈေး အနည်းငယ်မာလာသလို ဖြစ်လာခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ဝယ်လို အား ဆက်လက်ပါးနေတာကြောင့် ဆက်လက် အားပျော့လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံမှာ မိုးနည်းမယ်ဆိုတဲ့သတင်းအပေါ် စိုးရိမ်မှုတွေရှိနေပေမဲ့ ပဲမျိုးစုံစိုက်ပျိုးမှုမှာ ရေလိုအပ်ချက်ဟာ အခြားသီးနံှတွေထက် နည်းတာကြောင့် လက်ရှိမြေဆီလွှာ အစိုဓါတ်က စိုက်ပျိုုးထားတဲ့ ပဲပင်တွေအတွက် အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ မိုးပဲမျိုးစုံထွက်ရှိမှုအလားအလာကောင်းခြင်းက ဈေးနှုန်းအကျဘက်ဆင်းဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၆-၁၁ ၂၉-၆-၁၁ ၂၈-၆-၁၁ ၂၇-၆-၁၁မွန်ဘိုင်း ၆၅၄-၆၆၅ ၆၅၆-၆၆၈ ၆၇၁-၆၈၃ ၆၆ဝ-၆၇၁ဒေလီ ၇ဝ၂-၇၂၇ ၇၂၁-၇၂၃ ၇၂၄-၇၂၆ ၇၂၉-၇၃၂ချန်နိုင်း ၆၆ဝ ၆၅၆ ၆၆၆ ၆၆၅MIRT(MAPT)
အိန္ဒိယမတ်ပဲဈေး တည်ငြိမ်ရာမှ လျော့လာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းက မတ်ပဲဈေး တည်ငြိမ်နေခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ ဝယ်လိုအား အကန့်အသတ် သာရှိတာကြောင့် ဈေးလျော့လာခဲ့ပါတယ်။ နိုင်ငံအတွင်း ပဲစိုက်ပျိုးတဲ့ ဒေသများမှာ ဇွန်လ ၂၉ ရက်အထိ မိုးရွာသွန်းမှုဟာ ပုံမှန်အထက် ၁၁ ရာခိုင်နှုန်း ရှိနေတာကြောင့် ကနဦးစိုက်ပျိုးထားတဲ့ ပဲပင်များကြီးထွားဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမဲ့ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ အချိန်လိုသေးတဲ့အတွက် ဝယ်လိုအား တက်လာပါက ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေး ဝန်းကျင်မှာ အပြောင်းအလဲရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ် ဒေါ် လာ/ တန် ၃ဝ-၆-၁၁ ၂၉-၆-၁၁ ၂၈-၆-၁၁ ၂၇-၆-၁၁မွန်ဘိုင်း ၈၃၉-၈၅ဝ ၈၄၆-၈၅၇ ၈၆ဝ-၈၆၆ ၈၅၉-၈၇ဝဒေလီ ၈၅ဝ-၉ဝ၆ ၈၄၆-၉ဝ၁ ၈၄၄-၉ဝဝ ၈၄၃-၉ဝ၉ချန်နိုင်း ၈ဝ၅-၉၁၇ ၈၁၂-၉၂၃ ၈၂၁-၉၂၇ ၈၂ဝ-၉၂၆MIRT(MAPT)