Background
လှောင်လက်များအဝယ်သွက်လာလို့ အိန္ဒိယကုလားပဲဈေးအနည်းငယ်တက် ဇွန်လ ၈ ရက်နေ့မှာ ပြည်တွင်းလှောင်လက်အဝယ်တက်လာတာကြောင့် ကုလားပဲလက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်များနဲ့ ပဲခွဲစက်တွေက အဝယ်ထိုင်းနေတယ်လို့ သိရပါတယ်။ မုတ်သုန်မိုး အခြေအနေကောင်းမွန်ခြင်းကြောင့် မိုးပဲအထွက်ပိုမိုဖွယ်ရှိခြင်း ကတော့ ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကုလားပဲ ရိတ်သိမ်းပြီးဆုံးလို့ ဈေးကွက်တွေကို ဝင်ရောက်မှု ကျဆင်းလာခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေမယ်လို့လည်း ခန့်မန်းကြပါတယ်။ လတ္တာဈေးကွက်ကို ဇွန်လ ၈ ရက်နေ့က ကုလားပဲအိတ် ၂၅ဝဝ ဝင်ရောက်မှု ရှိခဲ့တယ်လို့သိရပါတယ်။ ပြည်ပက တင်သွင်းပဲတွေက အဆက်မပြတ်ဝင်ရောက်မယ် ဆိုရင် ကာလတိုအတွင်း လှောင်လက်တွေရဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်မှာဖြစ်လို့ ကုလားပဲတစ်တန် ရူပီး ၂၃ဝဝဝ-၂၅၅ဝဝ (ကန်ဒေါ်လာ ၅၁၄-၅၇ဝ) ဝန်းကျင် အတွင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် ှSource: commodityonline
အိန္ဒိယကုလားပဲဈေး လက်ရှိဝန်းကျင်မှာ အပြောင်းအလဲရှိ အိန္ဒိယကုလားပဲလက်ငင်းဈေးကွက်များအတွင်း ကုလားပဲဈေးက လက်ရှိဈေး ဝန်းကျင်မှာ အပြောင်းအလဲ ရှိနေပါတယ်။ ပဲခွဲစက်များက ဝယ်လိုအားနည်းပေမဲ့ နိုင်ငံတကာဈေးခိုင်မာနေခြင်းကြောင့် လှောင်လက်များ ဝယ်ယူနေခြင်းက ဈေးနှုန်း ကို အထောက်အပံ့ဖြစ်စေပါတယ်။ မိုးပဲအထွက် အလားအလာကောင်းပေမဲ့ ဈေးကွက်များအတွင်း ကုလားပဲရောင်းချမှု အကန့်အသတ်သာရှိခြင်းက ဈေးနှုန်း ကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ ကနေဒါစိုက်ပျိုးရေးဌာနစာရင်းအရ ၂ဝ၁၁- ၁၂ အတွင်း ကုလားပဲဖြူလုံးကြီး စိုက်ပျိုးပြီးစီးမှု ဧရိယာဟာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၁၉ ရာခိုင်နှုန်းလျော့ကျနိုင်တဲ့အတွက် ထုတ်လုပ်မှုရော လက်ကျန်ပါ လျော့ကျနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးများနှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/တန် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း ၅၁၂ ၅၁၄ ၅၁၆ ၅၁၇ဒေလီ ၅၅၃-၅၅၉ ၅၄၅-၅၅ဝ ၅၄၂-၅၄၈ ၅၄၄-၅၄၆ချန်နိုင်း ၅၉၃ ၅၉၃ ၅၉ဝ ၅၉ဝMIRT(MAPT)
အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ အိန္ဒိယဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ မုတ်သုန်မိုးကောင်းမွန်နေခြင်းတို့ကြောင့် ပဲစိုက်ပိုျးဖို့ အလားအလာကောင်းနေခြင်းတို့က ဈေးနှုန်းမတက်အောင် ဖိအားဖြစ်စေပါ တယ်။ နွေပဲတီစိမ်းများ ဝင်လာနေပြီဖြစ်ပေမဲ့ ပြန်လည်ရောင်းချသူများရဲ့ ဝယ်လိုအားက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ မယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် တန်/ ဒေါ်လာဈေးကွက် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း (ကင်ညာ) ၉၆၂-၉၇၃ ၉၆၆-၉၇၇ ၉၇၂-၉၈၃ ၉၇၃-၉၈၄ဒေလီ ၇၃၈-၇၈၃ ၇၄၁-၇၅၆ ၇၃၈-၇၈၂ ၇၃၈-၇၈၃အာကိုလာ ၈၅ဝ-၉၁၇ ၈၅၄-၉၆၆ ၈၄၉-၉၆၁ ၈၅ဝ-၉၆၂MIRT(MAPT)
အိန္ဒိယပဲစင်းငုံဈေး တည်ငြိမ်ရာမှ ပြန်လျော့လာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များနဲ့ ပြန်လည်ရောင်းချသူများ အဝယ်တက်လာလို့ သီတင်းပတ်အစပိုင်းမှာ ဈေးတည်ငြိမ်လာခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ လှောင်လက်များလက်ကျန် ရှင်းထုတ်နေကြတာကြောင့် ဈေးပြန်လည် လျော့ကျခဲ့ပါတယ်။ ပဲစင်းငုံအဓိက စိုက်ပျိုးတဲ့ နိုင်ငံတောင်ပိုင်းက မဟာ ရပ်ရှတရာ၊ ကာနာတာကာ၊ တမီနာဒူးနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်း နေပြီ ဖြစ်ပေမဲ့ ပဲစင်းငုံ စိုက်ပျိုးကာစဖြစ်လို့ အထွက်တိုးဖို့ အထောက်အပံ့မဖြစ်နိုင် သေးဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံအသစ် ဈေးကွက်ထဲဝင်လာဖို့ ၆ လခန့်လိုနေသေး တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ထုတ်လုပ်မှု ပိုမိုတာကြောင့် သိုလှောင် လက်ကျန်လုံလောက်နေတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေး နှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း ၆၆ဝ-၆၈၂ ၆၉၁-၆၉၆ ၆၈၇-၇ဝ၄ ၆၈၈-၇ဝ၄ဒေလီ ၇၂၅-၇၂၇ ၇၃၅-၇၃၆ ၇၃၅-၇၃၈ ၇၃၁-၇၃၃ချန်နိုင်း ၆၆ဝ-၆၆၅ ၆၅၁-၆၆၈ ၆၇၁ ၆၈၂MIRT(MAPT)
အိန္ဒိယမတ်ပဲဈေး အဆင်းဘက်ဆက်လက်သွားနေ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုတစ်ပတ်လည်း မတ်ပဲဈေးက ဆက်လက်ဆင်းနေပါတယ်။ မုတ်သုံမိုးကောင်းမယ့် အခြေအနေရှိနေခြင်း၊ မိုးပဲစိုက်ပျိုးမှု စတင်နေပြီဖြစ်ခြင်းတို့ကြောင့် မတ်ပဲဈေး ဆက်လက်လျော့ကျနေပါတယ်။ မိုး ကောင်းမွန်နေခြင်းနဲ့ အစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးများ တိုးမြှင့်ပေး နေခြင်းတို့ ကြောင့် တောင်သူများစိုက်ဧက ပိုလာမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပြန်လည် ရောင်းချသူများ အဝယ်ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါ တယ် ဒေါ်လာ/တန် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း ၈၅၅ ၈၇၆ ၉ဝဝ ၈၉၄ဒေလီ ၈၃၉-၉ဝ၆ ၈၄၂-၉၁ဝ ၈၃၈-၉ဝ၅ ၈၃၉-၉ဝ၆ချန်နိုင်း ၈၈၉-၁ဝဝ၁ ၈၉၈-၁ဝ၁၁ ၈၉၄-၁ဝ၁၇ ၉ဝ၆-၁ဝ၂၃MIRT(MAPT)
အိန္ဒိယနနွင်းကို ပြည်ပမှ ဝယ်လိုအားပြန်လည်မြင့်မားလာ အိန္ဒိယနနွင်းကို အနောက်အာရှ၊ ဂျပန်၊ ဥရောပနဲ့ အမေရိကန်တို့မှ အဝယ်အော်ဒါတွေ လက်ခံရရှိလာပြီဖြစ်ရာ ပြည်တွင်း နနွင်းဈေးကျဆင်းမှု ရပ်တန့်သွားမယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ငါးလမှစပြီး နနွင်းဈေး ၅ဝ ရာခိုင်နှုန်းကျ ဆင်းခဲ့တယ်။ ဇန်နဝါရီလအတွင်းက နနွင်းဈေးနှုန်းမှာ ၁ဝဝ ဂရမ်ကို ရူပီး ၁၆၈၂၂ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၃၈ ဝန်းကျင်) ဖြစ်သော်လည်း ယခုလက်ရှိဈေးနှုန်းမှာ ၁ဝဝ ဂရမ်ကို ရူပီး ၈၄၃ဝ (တစ်တန်ကို ကန်ဒေါ်လာ ၁၈၇၃ ဝန်းကျင်) ဖြစ်ပါတယ်။ အိန္ဒိယပြည်တွင်းလယ်သမားတွေ နနွင်းစိုက်ပိုျးကုန်ကျစရိတ်က နနွင်း ၁ဝဝ ကီလိုကို ရူပီး ၆ဝဝဝ မှ ၆၅ဝဝ (တစ်တန်ကို ကန်ဒေါ်လာ ၁၃၃၃-၁၄၄၄ ဝန်းကျင်) ဖြစ်ပြီး လက်ရှိပေါက်ဈေး အောက်ဈေးကျပါက စိုက်ပိုျးသူတွေကို ထိခိုက်နစ်နာ စေမယ်လို့ သိရပါတယ်။ ှSource:business-standard.com ပပ
ထုတ်လုပ်မှု ခန့်မှန်းချက်များကြောင့် အိန္ဒိယနနွင်းဈေး ကျဆင်းဖွယ်ရှိ အိန္ဒိယနနွင်းထုတ်လုပ်မှု ပိုမိုမြင့်တက်ဖွယ်ရှိခြင်းနဲ့ ပြည်ပတင်ပို့မှု အားပျော့ဖွယ်ရှိခြင်းတို့ကြောင့် နနွင်းဈေးအမြင့်မှာ ဆက်ရှိနိုင်ဖို့ မလွယ်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ဝယ်လိုအားမြင့်တက်မယ့် အလားအလာအရ နောက်လအနည်းငယ်အတွင်း ကုန်သည်များ၊ အရောင်းအဝယ် မြင့်တက်လာဖွယ်ရှိပြီး ရောင်းဝယ်မှုပမာဏလည်း တိုးတက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ပင်လယ်ကွေ့နိုင်ငံများမှ အဝယ်တက်ခြင်းကလည်း ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ လာမယ့် သီတင်းပတ်များမှာ ဈေးကွက်အတွင်း နနွင်းဝင်ရောက်မှု ကျဆင်းဖွယ်ရှိခြင်းနဲ့ လက်ကျန်သိုလှောင်မှု ပမာဏ လျော့ကျခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာမှ နနွင်းစိုက်ဒေသများမှာ မိုးရွာသွန်းခြင်းက ယခုနှစ်အထွက်ပိုကောင်းဖို့ ဖြစ်စေပါတယ်။ အဲဒီပြည်နယ် ၂ ခုမှာ နနွင်းစိုက်ဧရိယာမြင့်တက်ခြင်းကတော့ ဈေးနှုန်းမြင့်တက်မှုကို ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ယခင်နှစ်က နနွင်းဈေးကောင်းရရှိခဲ့တာကြောင့် ယခုနှစ်မှာ တောင်သူများ နနွင်းကို ပိုစိုက်လာကြတဲ့ အတွက် ယခင်နှစ်က နနွင်းတစ်အိတ်ကို ကီလို ၇ဝ-၇၅ ပါဝင်တဲ့ အိတ်ပေါင်း ၄၈ သိန်းထွက်ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅ သိန်းနဲ့ ၇ဝ သိန်းအတွင်း ထွက်ရှိမယ်လို့ ကုန်သည်များ ခန့်မှန်းကြပါမယ်။ ယမင်းခင် ှSource: commodityonline
ယခုနှစ် တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုသည် ယခင်နှစ်ကထက် အဆပေါင်းများစွာ ပိုမိုမည် ယခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုက ယခင် နှစ်ကထက် အဆ ပေါင်းများစွာ ပိုမိုမယ်လို့ခန့်မှန်းကြပါတယ်။ ကျေးလက်ဒေသ ဝင်ငွေမြင့်မား လာခြင်းက ဝက်သားစားသုံးမှု ကို မြင့်မားစေကြောင်း၊ ဝက်မွေးမြူ ရေးအတွက် ပြောင်းက အဓိကတိရစ္ဆာန်အစာဖြစ်ကြောင်း၊ ဒါကြောင့် ပြောင်း တင်သွင်းမှု ပမာဏအထူးမြင့်မားနိုင်ကြောင်း၊ ဘယ်လောက်တင်သွင်းမှာကို မခန့်မှန်းနိုင် သေးကြောင်း Rabobank International မှဝါရင့်လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း ဆိုင်ရာ သုတေသနပညာရှင်က ပြောကြားပါတယ်။ ပပ၊ Source:The Wall Street Journal.com
တရုတ်နယ်စပ်မှ ပြောင်းတန်ချိန် ၁၂၅ဝဝ ကျော်ပို့ မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၄၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၂၅၅၇ တန်ကျော် မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း တစ်ဖက်တရုတ်နိုင်ငံ သို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၄၄၆ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ လားရှိုး ပြောင်းတစ်တန်ဈေးမှာ ၁၇၁၄၇ဝ ကျပ်ရှိပြီး ပြည်တွင်းဈေး ပြောင်းလဲမှု မရှိသော်လည်း တစ်ဖက်နိုင်ငံဝယ်ဈေး မှာ ရွှေလီဈေး ၁၈၇ဝ ယွမ်၊ ကုန်စည်ဒိုင် ပေါက်ဈေး ၁၇၉ဝ ယွမ် ရှိပြီး ယခင်ပတ်ကထက် ယွမ် ၃ဝ စီ ဈေးမြင့်လျက်ရှိပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေတဲ့အတွက် တစ်ဖက်နိုင်ငံဈေးမြင့်တက် သော်လည်း ပြောင်းတင်ပို့မှု ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၂၂၉၅ ၂၂၇၄၆၅ ၄၈၃ဝ ၂ .ဝ၈ ၂၈၈ ၂၈၃ ၅ ၁ .၇၄နံှစားပြောင်း ၂၁၆ဝ၄ဝ ၂၂၆၂ဝ၅ ၁ဝ၁၆၅ ၄ .၇ ၂၇၇ ၂၆၂ ၁၅ ၅ .၄၂MIRT (DOBT)
အိန္ဒိယ ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့ အစိုးရ ဝယ်ယူမှုကို စဉ်းစားသင့် အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှု မြင့်တက်စေဖို့ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တစ်မျိုးတည်းနဲ့လုံလောက်မှုမရှိတာကြောင့်မူဝါဒရေးဆွဲသူများအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဖို့ အစိုးရဝယ်ယူမှုကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်လို့ အိန္ဒိယ စီမံခန့်ခွဲမှု တက္ကသိုလ်မှ ပါမောက္ခ G. Chandra shekhar က သုံးသပ်ဖော်ပြထားပါတယ်။ အိန္ဒိယရဲ့ အောင်မြင်မှုရနေတဲ့ နည်းပညာ၊ သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်မှုနဲ့ ဇီဝနည်းပညာသုတေသန စွမ်းဆောင်နိုင်မှုများကို အားလုံး သိပြီးဖြစ်ပါတယ်။ အခြားစီးပွားရေးတိုးတက်နေပြီး စက်မှုလုပ်ငန်းမြောက်မြားစွာ တိုးတက်နေပေမဲ့ စိုက်ပျိုးရေးကဏ္ဍကတော့ နောက်ကျနေဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးတိုးတက်ဖို့ ရက်ပေါင်း ၂၇ဝ နေရောင်ရရှိခြင်း၊ နှစ်စဉ်မိုးရေချိန် မီလီမီတာ ၉ဝဝ၊ စိုက်ပျိုးရေးဆိုင်ရာ ရာသီဥတု အပြောင်းအလဲရှိခြင်း၊ နိုင်ငံတစ်ဝန်း မြစ်ပေါင်းရာကျော်ရှိနေခြင်း၊ စိုက်ပျိုးနိုင်တဲ့ မြေဟက်တာသန်း ၁၅ဝ ခန့်ရှိခြင်း၊ ဇီဝမျိုးကွဲများစွာရှိခြင်းနဲ့ လယ်ယာလုပ်သားမိသားစုသန်းပေါင်း ၁၃ဝ ကျော် တည် ရှိနေပါတယ်။ မကြာသေးခင်နှစ်များက ကမ္ဘာ့ဝါအများဆုံး ထုတ်လုပ်တင်ပို့ သူဖြစ်ခဲ့သလို ပြောင်းထုတ်လုပ်မှုမှာလည်း ယခုနှစ်မှာ တန်ချိန် သန်း ၂ဝ ကျော်ခဲ့ပါတယ်။ တိုးတက်မှုနှုန်းနည်း အဲဒီလိုအောင်မြင်မှုတွေရရှိပေမဲ့ စိုက်ပျိုးရေးဆိုင်ရာအခြေအနေ ခြုံငုံကြည့်ရင်တော့ လက်ရှိအချိန်ထိ စိတ်ကျေနပ်ဖွယ်မရှိသေးပါဘူး။ စိုက်ပျိုးရေး ကဏ္ဍမှာ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်အတွင်း နှစ်စဉ်ပျမ်းမျှတိုးတက်နှုန်းဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးကုန်စည် အထူးသဖြင့် စားနပ် ရိက္ခာထုတ်ကုန် ဝယ်လိုအားကတော့ GDP တိုးတက်လာခြင်းနဲ့ လူဦးရေ တိုးပွားမှုတို့ကြောင့် တိုးတက်လျက်ရှိနေပါတယ်။ ထုတ်လုပ်မှုက လိုအပ်တာထက် လျော့နည်းနေတာကြောင့် ပြည်တွင်းပြတ်လပ်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း တင် သွင်းနေရမှုအပေါ် မှီခိုမှု တိုးတက်လာခဲ့ပါတယ်။ ဆီထွက်သီးနံှနဲ့ ပဲမျိုးစုံဟာ စီးပွားဖြစ်သီးနံှများဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုထက် လိုအပ်ချက်က ပိုမိုနေတာကြောင့် တင်သွင်းမှုများခြင်းနဲ့အတူ ပြည်တွင်း ဈေးကွက်က ကမ္ဘာကို လွှမ်းမိုးလာခဲ့ပါတယ်။ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲမျိုးစုံပေါများခဲ့ တာကြောင့် ပဲမျိုးစုံဈေးသက်သာလာခဲ့ပါတယ်။ စိုက်ဧရိယာဟာလည်း ဟက်တာ ၂၆ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ထွက်ရှိမှုကလည်း ယခင်နှစ်က တန်ချိန် ၁၄ ဒသမ ၇ သန်းမှ ၁၇ ဒသမ ၃ သန်းကျော်ထိ ထွက်ရှိခဲ့ပါတယ်။ (၁၁) ကြိမ်မြောက် ၅ နှစ်စီမံကိန်းရဲ့ အဆုံးပိုင်းနှစ်ဖြစ်တဲ့ ၂ဝ၁၁-၁၂ အတွင်း ရာသီဥတုကလည်း ဆက်လက်ကောင်းမွန်နေဦးမှာဖြစ်လို့ ပဲမျိုးစုံစိုက်ဧရိယာရော အထွက်ပါဆက်လက်တိုးတက်နေဦးမှာဖြစ်ပါတယ်။ သီအိုရီပိုင်းအရ အဲဒီအချက် တွေ မှန်ကန်နေပေမဲ့ ဖြစ်ပျက်လာမယ့် အခြေအနေကိုတော့ စောင့်ကြည့်ရအုံး မှာဖြစ်ပါတယ်။ လတ်တလောအထွက်နှုန်းဟာ တစ်ဟက်တာကို ကီလို ၆ဝဝ- ၆၂ဝ ခန့်နဲ့ အလွန်နိမ့်ကျနေပြီး ကမ္ဘာ့ပျမ်းမျှအထွက်ရဲ့ထက်ဝက်အောက် ကနေဒါ အထွက်နှုန်းရဲ့ သုံးပုံတစ်ပုံသာရှိနေပါတယ်။ အိန္ဒိယမှာ မိုးရေခံစိုက်ပျိုးမြေများပြီး ရောဂါပိုး ကျရောက်လွယ်ကာ မျိုးစေ့နည်းပညာဖွံ့ဖြိုးမှုမရှိဘူးလို့ ဆိုပါတယ်။ အဆုံးထိ ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အထွက်နှုန်း၂ ဆ (သို့မဟုတ်) တစ်ဟက်တာကီလို ၁ဝဝဝ ရရှိဖို့ ဆိုတာ မလွယ်ကူပါဘူးလို့ ဆိုပါတယ်။ ပဲမျိုးစုံအတွက် ရည်မှန်းချက် ပဲမျိုးစုံအတွက် ပထမရည်မှန်းချက်အနေနဲ့ လက်ရှိအထွက်နှုန်း ၁ ဟက်တာ ၆ဝဝ ကီလိုဝန်းကျင်မှ ကီလို ၇ဝဝ အထိ တိုးမြှင့်သင့်ပါတယ်။ ပဲစိုက်ဧရိယာ တစ်ဟက်တာကို ပျမ်းမျှကီလို ၇ဝဝ ထွက်ရှိမယ်ဆိုရင် ဟက်တာ ၂၅ သန်းမှ တန်ချိန်၁၇ ဒသမ ၅ သန်းထွက်မယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် ၁ ဟက် တာကို ပျမ်းမျှကီလို ၁ဝဝ နှုန်းတိုးမယ်လို့ ဆိုရင် ပဲတန်ချိန် ၂ ဒသမ ၅ သန်းပိုမို ထွက်ရှိမှာဖြစ်လို့ ပဲတင်သွင်းမှု အားထားရခြင်းကို လျော့ကျမှာဖြစ်သလို ကမ္ဘာ့ ဈေးနှုန်းလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ အများပြည်သူဖြန့်ဝေရေးအတွက် ဝယ်ယူမှု ပဲစိုက်ပျိုးသူများဟာ ဝယ်ယူရေး မူဝါဒကြောင့် ဆန်နဲ့ ဂံျုစိုက်ပျိုးသူတွေလို အလွယ်တကူ အဆင်သင့် ဈေးကွက်ရောင်းချရတဲ့ အခွင့်အလမ်းမရှိဘူးလို့ ဆိုပါတယ်။ ဗဟိုအစိုးရအနေနဲ့ ဆန်၊ ဂံျုနဲ့ သကြားတို့ကို အများပြည်သူဖြန့်ဝေရေး စနစ်မှတစ်ဆင့်ဝယ်ယူပြီး ဖြန့်ဝေနိုင်ရင် ပဲမျိုးစုံကိုရော ဘာကြောင့်မလုပ်နိုင် တာလဲ။ ကျန်းမာရေးအတွက်ရော ဈေးသက်သာဖို့အတွက် ပဲမိုျးစုံဟာ ပြည်သူ တွေ အတွက် သကြားထက်ပိုအရေးပါပါတယ်။ ဒါကြောင့် လက်ရှိအထွက်နှုန်းကနေ တစ်ဟက်တာ ကီလို ၇ဝဝ ထိ တိုးမြှင့် သင့်ပါတယ်။ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းတစ်ခုထဲနဲ့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မှာ မဟုတ်တဲ့အတွက် စိုက်ပိုျးထုတ်လုပ်သူများ မြှင့်တင်ထုတ်လုပ်နိုင်ဖို့ ဝယ်ယူရေး ဟာ သေချာတဲ့အချက်ပါလို့ ဆိုပါတယ်။ မူဝါဒရေးဆွဲသူများအနေနဲ့ မူဝါဒများနဲ့ အထောက်အပံ့ပေးခြင်းဖြင့် စိုက်ပျိုးသူများ ပမာဏများစွာ ထုတ်လုပ်ဖို့ လယ်ယာ သိပ္ပံဆိုင်ရာ သင့်တော်တဲ့မူဝါဒများ ဖန်တီးရမယ့်အချိန်လို့လည်း ဆိုပါတယ်။ အကယ်လို့သာ တိုက်တွန်းဆောင်ရွက်ကြမယ်ဆိုရင် ပြည်ပက တင်သွင်းမှု အပေါ် မှီခိုနေရမှုကို အသေအချာလျှော့ချနိုင်မှာဖြစ်ပါတယ်လို့ သုံးသပ်ထားပါတယ်။ ဒီဈေးကွက်သတင်းကြောင့် အနာဂတ်မှာ မြန်မာနိုင်ငံက အိန္ဒိယဈေးကွက်ကို အားထားပြီး ပဲတွေစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချဖို့ကို ချင့်ချိန်စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ဈေးကွက်တစ်ခုတည်းကို မှီခိုမဲ့အစား အခြားသင့်တော်တဲ့ ဈေးကွက် တွေကို ထိုးဖောက်ဖို့ ပြင်ဆင်သင့်ပြီလို့ အကြံပြုလိုပါတယ်။ ယမင်းရွှေစင်၊ Source: Businessline