Main menu

Background

Sunday, 2 Jan 2011

အိန္ဒိယပဲတီစိမ်း နိုဝင်ဘာထက် ဒီဇင်ဘာ ကာလတူဈေးပိုလာ                အိန္ဒိယဈေးကွက်တွေမှာ မိုးပဲတီစိမ်းအထွက်ပိုပြီး ဆောင်းစိုက်ပဲကလည်း စိုက်ဧရိယာပိုမယ်လို့ ခန့်မှန်းထားပေမဲ့ လတ်တလော ဈေးကွက်တွေမှာတော့ ပဲတီစိမ်းဈေးက ခိုင်မာနေပါတယ်။ နိုဝင်ဘာလကုန်ရက်နဲ့ ဒီဇင်ဘာလ ကုန်ရက်ဈေးနှုန်း နှိုင်းယှဉ်ရာမှာ ဈေးအနည်းငယ် ပိုလာတာတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအားကောင်းနေတဲ့ ပဲဖြစ်လို့ အိန္ဒိယမှာလည်း ဈေးမကျဘဲ ခိုင်မာနေတာဖြစ်ပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဒေလီဈေးကွက်တို့မှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                           ဒေါ်လာ/ တန်                      ချန်နိုင်းဈေးကွက်              ဒေလီဈေးကွက်၃ဝ-၁၂-၁ဝ         ၁ဝ၂၄-၁ဝ၃၆                   ၁ဝဝ၂-၁ဝ၃၆၃ဝ-၁၁-၁ဝ             ၉၉၆                        ၉၆၃-၁ဝ၂၈MIRT (MAPT)

Sunday, 2 Jan 2011

နယ်စပ် အပို့ တန် ၁ဝဝဝ ကျော်                ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ပဲတီစိမ်း တန် ၁၁၅၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် မူဆယ်မှ ၁ဝ၂၈ တန်နဲ့ စစ်တွေမှ ၆ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာ တန် ၁၂ဝ ကျော်တင်ပို့ မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်း တင်ပို့နိုင်ခဲ့ခြင်း မရှိပါဘူး။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ နယ်စပ်မှ ပဲတီစိမ်း တန်ချိန် ၇၄ဝဝဝ ကျော်တင်ပို့နိုင်ပြီး ဖြစ်ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်း ဈေးကျဆင်းလျက် ရှိတာတွေ့ရပါတယ်                                                    မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု        ယခင်         ပြောင်းလဲမှု         ရာခိုင်နှုန်း        ယခု      ယခင်       ပြောင်းလဲမှု      ရာခိုင်နှုန်းပဲတီစိမ်း    ၉၆ဝဝ၆၈   ၉၈၂၄ဝ၆          ၂၂၃၃၈             ၂ .၃          ၁၁၇၉    ၁၂၃၃           ၅၄              ၄ .၄MIRT (DOBT)

Sunday, 2 Jan 2011

်အိန္ဒိယမတ်ပဲဈေး နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလတူဈေး အနည်းငယ်လျော့                 အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်သီတင်းပတ်များက မတ်ပဲဈေး ဆက်တိုက်ကျဆင်းခဲ့ရာက ယခုသီတင်းပတ်မှာ အနည်းငယ်မြင့်တက်လာခဲ့လို့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလကုန်ရက် ကာလတူ ဈေးနှိုင်းယှဉ်ရာမှ အနည်းငယ် သာလျော့ကျ ကွာခြားတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ဝင်လာတဲ့ ပဲ အသစ်တွေမှာ အရည်အသွေးနိမ့်များပါဝင်နေပြီး ဝယ်လက်များက အရည် အသွေး ကောင်းကို ဝယ်လိုကြတာ ကြောင့် ပြည်ပက ဝယ်ယူတင်သွင်းရတဲ့အတွက် ဈေးမြင့် လာတာဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F  ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                            ဒေါ်လာ/တန်                      မွန်ဘိုင်းဈေးကွက်                 ချန်ဟိုင်း (C & F)၃ဝ-၁၂-၁ဝ            ၈၈ဝ                                  ၈၃ဝ၃ဝ-၁၁-၁ဝ           ၉ဝ၂                                   ၉၉ဝ                                                                                                                           MIRT(MAPT)

Tuesday, 28 Dec 2010

အိန္ဒိယနနွင်းဈေး တစ်တန်ကို ရူပီး ၁၇ဝဝဝဝ (ကန်ဒေါ်လာ ၃၇၆၂) ထိ စံချိန်တင်ရောက်ရှိလာ              အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ နနွင်းဈေးက တစ်တန်ကို ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) မြင့်တက်ပြီး ကန်ဒေါ်လာ ၁၇ဝ၂၉ဝ (ကန်ဒေါ်လာ ၃၇၆၉) ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလ စာခုျပ်ဈေးဟာ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလကုန်က တစ်တန်ကို ရူပီး ၁၆ဝဝဝဝ (ကန်ဒေါ်လာ ၃၅၄၁) ရှိခဲ့ရာက တစ်လအတွင်း ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၁) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။             နိုင်ငံအထက်ပိုင်းက နနွင်းဝယ်လိုအား ရုတ်တရက် မြင့်တက်လာတာ ကြောင့် အီရော့နနွင်းကုန်သည်များ ဈေးကွက်မှာ ဒီဇင်ဘာလ ၂၁ ရက်က တစ်တန် ကို ရူပီး ၄၅ဝ-၅၅ဝ (ကန်ဒေါ်လာ ၉ ဒသမ ၉၆-၁၂) မြင့်တက်ခဲ့တယ်လို့ ဆိုပါ တယ်။ အနည်းဆုံးနောက် ၁ဝ ရက်မှာလည်း ဒီဈေးအတိုင်း ဆက်ရှိနေအုံးမယ်လို့ ကုန်သည်တိုင်းက ခန့်မှန်း နေကြတယ်လို့ ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ နနွင်း လက်ကျန်မရှိတော့လို့ ကုန်သည်အားလုံးက အီရော့ဈေးကွက်ကိုဘဲ မျက်စိကျ နေကြတယ်လို့ ဆိုပါတယ်။            အိန္ဒိယမြောက်ပိုင်းက ကုန်သည်များက အော်ဒါအချို့လက်ခံရရှိတဲ့ အတွက် အီရော့ဈေးကွက်မှာ အဝယ်များချက်ချင်းတက်လာခဲ့ပါတယ်။ ဒါ့အပြင် ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာလည်း အိတ် ၂၄ဝဝ ကို ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းမြင့်တက်လာတော့ တောင်သူတွေက ၎င်းတို့လက်ကျန်များ လာမယ့် ရက်တွေမှာ ရောင်းချလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အီရော့သမ ဈေးကွက်မှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁၆၃၅၆ဝ -၁၆၈၈၈ဝ (ကန်ဒေါ်လာ ၃၆၂ဝ-၃၇၃၈) နဲ့ နနွင်းဥဈေးက ရူပီး ၁၆၄၇၉ဝ-၁၆၈၇၉ဝ (ကန်ဒေါ်လာ ၃၆၄၇-၃၇၃၅) ဈေးနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။                                                               ယမင်းခင်၊ှSources: business line 

Tuesday, 28 Dec 2010

နိုဝင်ဘာလမှာ တရုတ်နိုင်ငံက သကြားတင်သွင်းမှုလျော့                တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှုဟာ ယခုနှစ် ပထမ ၁၁ လအတွင်း  တန်ချိန် ၁ ဒသမ ၆၄ သန်းရှိခဲ့လို့ ယခင်နှစ်ထက် ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ပြောကြားပါတယ်။ နိုဝင်ဘာလအတွင်းမှာ တော့ တန်ချိန် ၂၃ဝ၃၄ တန်သာတင်သွင်းခဲ့လို့ ယခင်နှစ်ကာလတူထက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင်လထက် ၉ဝ ဒသမ ၈၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ကွမ်ရှီးပြည်နယ်အတွင်း ဒီဇင်ဘာလ ၂ဝ ရက်မှာ စုစုပေါင်း သကြားစက် ၉၂ စက် လည်ပတ်လျက်ရှိပြီး တစ်ရက်ကို စုစုပေါင်း ထုတ်လုပ်နှိုင်မှုတန်ချိန် ၆၁၈ဝဝဝ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သကြားအရန်သိုလှောင်မှုထဲက လေလံတန်ချိန် ၂ သိန်းရောင်းချခဲ့တယ်လို့ သိရပါတယ်။      ယမုံနာ၊ Sources: china daily

Tuesday, 28 Dec 2010

ဒီတစ်ပတ် မူဆယ်က တန် ၁၂ဝဝဝကျော်ပို့             ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းကျော်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၈ဝ၃ တန်ကျော်နဲ့ နံှစားပြောင်း ၃၂၃ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၁၂၇၅၉ တန်ကျော်နဲ့ လွယ်ဂျယ်နယ်စပ်မှ ၄၄ တန် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှု မရှိဘဲ မိမိဘက်မြေပြင်ပေါက်ဈေးမှာမူ မြင့်တက်လျက်ရှိသော်လည်း တစ်ဘက်နိုင်ငံက ဝယ်လိုအားရှိ ပစ္စည်းဖြစ်တဲ့အတွက် တင်ပို့မှုပိုမိုခဲ့ရတယ် လို့ သိရပါတယ်။ ယခင်အပတ်က ပြောင်းဖူးစေ့ ၁၁၆၉၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၁ဝ၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။                          မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု        ယခင်         ပြောင်းလဲမှု     %     ယခု     ယခင်     ပြောင်းလဲမှု     %ပြောင်းဖူးစေ့     ၂၄၅၉၆၃      ၂၄၅၈၇၂         ၉၁         ဝ .ဝ၄     ၂၈ဝ     ၂၇၉           ၁         ဝ .၃နံှစားပြောင်း     ၂၅၆၉၄၄       ၂၄၆၉၃၈     ၁ဝဝဝ၆         ၄         ၃၂၉     ၃၂၉            -          ဝMIRT (DOBT)      

Tuesday, 28 Dec 2010

ပင်လယ်ရေကြောင်းက စင်ကာပူနှင့် မလေးရှားကိုပို့            ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၈၃၇ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၁၂ သန်းဖိုးကို စင်ကာပူနဲ့ မလေးရှားနိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ၂၁၆ တန်သာ တင်ပို့ခဲ့တာကြောင့် တန်ချိန် ၄ ဆခန့် ပုံမှန်တင်ပို့မှုထက် ပိုတင်ပို့ ခဲ့ပါတယ်။                                                            ခင်ကလျာဦီး

Tuesday, 28 Dec 2010

အာရှဈေးကွက်များနှင့် တိုးခဲျ့ချိတ်ဆက်တော့မယ့် တရုတ်နိုင်ငံ             တရုတ်နိုင်ငံက အိမ်နီးချင်းအာရှနိုင်ငံများရှိ ဈေးကွက်များကို တိုးခဲျ့ချိတ်ဆက်ပြီး နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်တော့မယ်လို့ တရုတ်ရင်းနှီးမြူပ်နံှမှုကော်ပိုရေးရှင်းဘုတ်အဖွဲ့ ဥက္ကဌ Jin  က ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် အစောပိုင်းကစပြီး တရုတ်နိုင်ငံက အာဆီယံအသင်းကြီးရဲ့အဖွဲ့ဝင် ၁ဝ နိုင်ငံမှ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အခွန်သုည ရာခိုင်နှုန်းအထိလျော့ချပြီး အာဆီယံနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တိုးခဲျ့လျက်ရှိပါတယ်။ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်တဲ့ စာရင်းအရ ယခုနှစ်မှာ တရုတ်နဲ့ အာဆီယံနိုင်ငံများရဲ့ ကုန်သွယ်မှုပမာဏထက် ၅၈ ရာခိုင် နှုန်းတိုးတက်ခဲ့ပါတယ်။            တရုတ်နိုင်ငံက တရုတ်-အာဆီယံရံပုံငွေကို တည်ထောင်ထားပြီး အာဆီယံနိုင်ငံများတွင် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ဖို့ ရည်ရွယ်ထားကြောင်း  Jin ကပြောပါတယ်။ ၎င်းရံပုံငွေ ထဲကို တရုတ် ရင်းနှီးမြှုပ်နံှမှုကော်ပိုရေးရှင်းက ဘဏ္ဍာငွေထည့်ထားခြင်းကို ဆက်လက်တိုးခဲျ့သွားမှာ ဖြစ်သော်လည်း အာရှနိုင်ငံများနဲ့ ချိတ်ဆက်ရာမှာ အီးယူနိုင်ငံများနဲ့ ချိတ်ဆက်ခြင်းထက် နက်ရှိုင်းမှုနဲ့ အတိုင်းအတာ အရတော့ နောက်ကျ နေသေးတယ်လို့ Jin က ဆိုပါတယ်။                                                                                                           သုတ၊Source : Xinhua 

Tuesday, 28 Dec 2010

စီးပွားရေးပြုပြင်ပြောင်းလဲဖို့ အင်ဒိုနီးရှား ကန်ဒေါ်လာသန်း ၂ဝဝ ရရှိ              အာရှဖွံ့ဖြိုးရေးဘဏ် (ADB)  က အင်ဒိုနီးရှားနိုင်ငံတွင် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲမွဲတေ မှုကို လျှော့ချဖို့အတွက် စီးပွားရေးပြုပြင်ပြောင်းလဲဖို့ ကန်ဒေါ်လာ ၂ဝဝ သန်းကို ထောက်ပံ့ပေးလျက်ရှိတယ်လို့ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် Jakarta Rost တွင် ဖော်ပြထားပါတယ်။             ၂ဝဝ၄ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်နဲ့ ဂျပန်နိုင်ငံအစိုးရတို့နဲ့ ပူးတွဲဆောင်ရွက်ခဲ့တဲ့ ထောက်ပံ့ရေးအစီအစဉ် အရ ယခုအခါ ဆဌမအကြိမ် ဖွံ့ဖြိုးတိုးတက်ရေးပေါ်လစီ ထောက်ပံ့ရေးအစီအစဉ်အဖြစ် ချေးငွေကို အာရှဖွံ့ဖြိုးရေး ဘဏ်ဒါရိုက်တာအဖွဲ့မှ အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။               အင်ဒိုနီးရှားနိုင်ငံဟာ မကြာမီနှစ်များအတွင်းက စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှုလျှော့ချမှုတို့မှာ သိသာစွာ တိုးတက်မှုရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အာရှဘဏ္ဍာရေးအကျပ် အတည်းကာလ မတိုင်မီ ရှိခဲ့တဲ့ စီးပွားရေးအဆင့်ကိုတော့ မမီသေးပါဘူး။ စီးပွားရေးတိုးတက်ဖို့၊ ဆင်းရဲမွဲတေမှု ကိုလျှော့ချဖို့နဲ့ ပြည်သူ့ ဝန်ဆောင်ရေးကိစ္စတွေကို သုံးစွဲနိုင်ဖို့ အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်နေပါတယ်။              ဆဌမအကြိမ်မြောက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြူပ်နံှမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ဖို့၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအားကောင်းဖို့၊ ဆင်းရဲမွဲတေမှုကို ဆက်လက်လျှော့ချဖို့နဲ့ ဆင်းရဲမွဲတေမှုအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ဖြစ်သလို တိုင်းပြည်ရဲ့ တစ်ခုတည်းသော ရင်းနှီးမြူပ်နံှမှု ပြူတင်းပေါက်ထူထောင်ဖို့၊ ရိုးရှင်းတဲ့ ရင်းနှီးမြူပ်နံှမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများရိုးရှင်းဖို့၊ သယ်ယူ ပို့ဆောင်ရေး ကွန်ရက် ထူထောင်ဖို့ တို့အတွက်လည်း ဖြစ်တယ်လို့ Jakata Post  တွင် ဖော်ပြထားပါတယ်။             သုတ၊Source : Asean News 

Monday, 27 Dec 2010

 ပြည်ပဲကြီးဈေးအနည်းငယ်ကျ             ယခုဒီဇင်ဘာ တတိယပတ်အတွင်း ပြည်ဈေးကွက်၌ ပဲကြီးဈေးနှုန်းများ ကျဆင်းနေတာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာလည်း ယခင်အပတ်ကထက် ဈေးအနည်းငယ် ကျဆင်းခဲ့ပါတယ်။ ပဲကြီးကမ်းနားမှာ ယခင်တစ်ပတ်က တစ်တင်း ၃၅ဝဝဝ ကျပ်မှ ယခုဒီဇင်ဘာတတိယပတ်မှာ တစ်တင်းကို ၃၄ဝဝဝ ကျပ်၊ ပဲကြီး (ရွှေကျွန်း)မှာ ယခင်အပတ်က ၃၆ဝဝဝ ကျပ်၊ ယခု ၃၅၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်က တစ်ရက်ကို အိတ် ၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ တစ်ရက်ကို အိတ် ၁ဝဝ ကျော်ခန့် သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Pages