Main menu

Background

Sunday, 19 Dec 2010

နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ဒုတိယပတ်ကာလတူ အိန္ဒိယပဲစင်းငုံဈေး သိသိသာသာလျော့လာ             အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်လာပြီဖြစ်ပြီး ဝယ်လိုအားနည်းတာကြောင့် နိုဝင်ဘာလနဲ့  ဒီဇင်ဘာလ ဒုတိယပတ်ကာလတူ ပဲစင်းငုံဈေး နှိုင်းယှဉ်ရာမှ သိသိသာသာ လျော့ကျလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ လည်း အိန္ဒိယမှာ ပဲစင်းငုံအဓိကစိုက်ပျိုးတဲ့ ကာနာတာကာပြည်နယ်မှာ မိုးရက်ရှည် ရွာသွန်းတာကြောင့် သီးနံှတွေပျက်စီးမှုရှိတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက် တွေကတော့ လက်ရှိအချိန်ထိ ပဲစင်းငုံအထွက်ပိုအုံးမယ်လို့ ခန့်မှန်း နေကြဆဲ ဖြစ်ပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ မွန်ဘိုင်း (C & F ) ဈေးများ ကာလတူ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                                                                                                                        ဒေါ်လာ/တန်                        မွန်ဘိုင်းဈေးကွက်                   မွန်ဘိုင်း(C & F)၁၆-၁၂-၁ဝ             ၆၁၂-၆၁၈                                  ၆၄ဝ၁၆-၁၁-၁ဝ           ၇၁၆-၇၁၉                                    ၇၃၅MIRT(MAPT)

Sunday, 19 Dec 2010

နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလ ဒုတိယပတ်ကာလတူ အိန္ဒိယမတ်ပဲဈေး ဒေါ်လာ ၁ဝဝကျော် ကျလာ            အိန္ဒိယပြည်တွင်းဈေးကွက်များမှာ မတ်ပဲအသစ်များ ဝင်ရောက်မှုရှိခဲ့လို့ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း မတ်ပဲဈေးက တောက်လျှောက်ဆင်းခဲ့ပါတယ်။ ဝင်ရောက်လာတဲ့ ပဲအသစ်များမှာ အရည်အသွေးနိမ့်များဖြစ်လို့ ဈေးလျှော့ဝယ်ယူ လာကြတဲ့အတွက် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ဒုတိယပတ်ကာလတူ ဈေးမှာ တစ် တန်ကို ကန်ဒေါ်လာ ၁ဝဝကျော် ကွာခြားလာတာတွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိ စိုက်ပျိုးနေတဲ့ ဆောင်းသီးနံှများလည်း စိုက်ဧရိယာတိုးတက်နေတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ ချန်နိုင်း C & F  ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်                                                                                                                                    ဒေါ်လာ/တန်                    မွန်ဘိုင်းဈေးကွက်         ချန်နိုင်း(C & F)၁၆-၁၂-၁ဝ          ၈၃၈                          ၉၂ဝ၁၆-၁၁-၁ဝ           ၉၇၃                   ၁ဝ၄ဝ-၁ဝ၅ဝ

Sunday, 12 Dec 2010

 အဓိကပဲမျိုးစုံအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများ အိန္ဒိယကြေညာ                      စိုက်ပျိုးထုတ်လုပ်မှုများ သီးနံှရောင်းချမှုမှ ငွေအမြောက်အမြားရရှိ စေဖို့ သီးနံှရာသီတိုင်းမှာ စိုက်ပျိုးရေး ကုန်စည်များအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများ အစိုးရကကြေညာသွားမယ်လို့သိရပါတယ်။NAFED  ဟာ ဈေးနှုန်းထောက်ပံ့အစီအစဥ ် (PSS) အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများကို အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းနဲ့ ဝယ်ယူသွားမယ့် အစိုးရအေဂျင်စီဖြစ်ပါတယ်။                  ဝယ်ယူဖို့ သတ်မှတ်ထားတဲ့ ဆီထွက်သီးနံှများကတော့ ပဲပုပ်၊ မြေပဲ၊ နေကြာ၊ နှမ်း၊ မုန်ညှင်းစေ့တို့ဖြစ်ပြီး ပဲမျိုးစုံကတော့ ပဲတီစိမ်းနဲ့မတ်ပဲဖြစ်ပါတယ်။ ယင်းသီးနံှများရဲ့ လက်ရှိဈေးနှုန်းတွေက အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းများထက် များစွာ မြင့်နေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ယင်းသီးနံှဈေးနှုန်းများဟာMSP  ဈေးထက်အောက်ကျခဲ့ရင်လည်းMSP ဈေးနှုန်းနဲ့ ဝယ်ယူသွားဖို့ အစိုးရက စီစဉ်ထားတယ်လို့ သိရပါတယ်။                 NAFED အနေနဲ့ ၂ဝ၁ဝ ဒီဇင်ဘာလမှာ ပဲစင်းငုံအမြောက်အမြား ထွက်ရှိတော့မယ်လို့ မျှော်လင့်ထားပြီး၊ အဲဒီကာလမှာ ပဲစင်းငုံဈေးက MSP  နှုန်းတစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၇၁ ) အောက်ကို ကျဆင်း နိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ ရိတ်သိမ်းကာလ ၂ လအတွင်း ပဲထွက်ရှိရာ ဒေသများမှာ တောင်သူတွေက လက်ကျန်များဝယ်ယူမယ်ဆိုရင် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း MSP  အပြင် ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲစင်းငုံတို့အတွက် အပိုငွေ တစ်တန်ကို ရူပီး ၅ဝဝဝ စီ ထပ်ဆောင်းပေးသွားအုံးမယ်လို့သိရပါတယ်။ NAFEDဟာ ၂ဝဝ၉ နဲ့ ၂ဝ၁ဝ သီးနံှရာသီများအတွင်း ကီရာလာ၊ တမီနာဒူး၊ ကာနာတာကာ၊ အင်ဒရာ ပရာဒေ့ရှ်၊ A&N ကျွန်းများစတဲ့ ပြည်နယ်များမှာ PSS အရ ရူပီးသန်းပေါင်း ၄၂၅ဝ (ကန်ဒေါ်လာ ၉၅ သန်း) ဖိုးခန့်ရှိတဲ့ အုန်းသီးဆံတန်ချိန် တစ်သိန်းခန့် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။               ဒါ့အပြင် ဟာရာနာမှာ ရူပီး ၁၈၇ သိန်း (ကန်ဒေါ်လာ ၄ သိန်း) တန်ဘိုးရှိ နေကြာ တန်ချိန် ၈၅ဝ နဲ့ အနောက်ဘင်ဂေါမှာ ရူပီး ၅၃၉ သိန်း (ကန်ဒေါ်လာ ၁၂ သိန်း)တန်ဘိုးရှိ နှမ်းတန်ချိန် ၂ဝဝဝ ဝန်းကျင် ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ NAFED ဟာ ပြည်တွင်းဈေးနှုန်းထိန်းချုပ်ဖို့အတွက် ပဲမျိုးစုံနဲ့စားဆီများကို လည်း ပြည်ပကတင်သွင်းတဲ့ အစိုးရအေဂျင်စီဖြစ်ပါတယ်။ ဒါ့အပြင် အများပြည်သူ ဖြန့်ဝေရေးစနစ် (PDS)  အတွက် အနောက်ဘင်ဂေါ၊ သြရိသနဲ့ မီဇိုရမ် စတဲ့ ပြည်နယ်များကိုလည်း ပဲဝါလေးနဲ့ စားဆီများလည်း ရောင်းချပေးတယ်လို့ သိရပါတယ်။                                                                                       ယမင်းခင်၊Sources: commodityonline

Sunday, 12 Dec 2010

စီးပွားရေးအထူးဇုန်များမှာ ပဲခွဲစက်များ တည်ထောင်ဖို့ အိန္ဒိယအစိုးရကခွင့်ပြု                အိန္ဒိယနိုင်ငံဟာ ပဲမိုျးစုံပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပေမဲ့ စီးပွားရေးအထူးဇုန်များ (SEZs) မှာ ကုန်ကြမ်းများ တင်သွင်းခြင်းဖြင့် ပဲခွဲစက်များ တည်ထောင်ဖို့ ကုမ္ပဏီ ၄ ခုကို ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ စီးပွားရေးအထူးဇုန်များဟာ ပြည်ပတင်ပို့မှုများ ပြုလုပ်နေပြီး ၂ဝဝ၉-၂ဝ၁ဝ မှာ နိုင်ငံရဲ့ ပြည်ပသင်္ဘောတင်ပို့မှုမှာ ၃၅ ရာခိုင်နှုန်းခန့် ပါဝင်တင်ပို့လျက် ရှိပါတယ်။               ပဲပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များအနေနဲ့ ပြည်တွင်းထွက်ကုန်များကို ဝယ်ယူခြင်းမရှိဘဲ ပြည်ပကသာ တင်သွင်းမယ်ဆိုရင် ၎င်းတို့အနေနဲ့ စက်များတပ်ဆင်နိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားပါတယ်။ စီးပွားကူးသန်း ဒုတိယဝန်ကြီးRahul Khullar  ခေါင်းဆောင်တဲ့ ဝန်ကြီးဌာနအတွင်း ခွင့်ပြုချက်ပေးတဲ့ အဖွဲ့မှ Prakash Overseas ကုမ္ပဏီကို အင်ဒိုရီ စီးပွားရေးအထူးဇုန်မှာလည်းကောင်း Kogta Import Export  ပုဂ္ဂလိကကုမ္ပဏီအား Nasik    ခရိုင်အတွင်းရှိ Multi Product စီးပွားရေးဇုန်မှာလည်းကောင်း၊Diet Foods International ကို နက်ပါခရိုင်မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း၊  Kitchen Express Overseas ကုမ္ပဏီအား  Kandla မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း ခွင်ြ့ပုခဲ့တယ်လို့ သိရပါတယ်။           မတ်လအတွင်းက စီးပွားရေးအထူးဇုန်များအနေနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်များနဲ့ ပဲမိုျးစုံတို့ကို ကုန်ကြမ်းများ တင်သွင်း၊ ကုန်ချောပြုလုပ်တာ ပြန်လည်တင်ပို့ခွင့် ပြုထားခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်တွင်း ဈေးကွက်များအတွင်း အရေးပါတဲ့ ကုန်စည်များ ဈေးနှုန်းမြင့်တက်နေတာကြောင့် ဘာစမာတီမဟုတ်တဲ့ ဆန်နဲ့ ပဲမျိုးစုံလို စိုက်ပျိုးရေးထွက်ကုန် တွေ ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ ပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ကို နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၄ သန်းခန့် တင်သွင်း နေရပါတယ်။              ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွင်း ပြည်တွင်းလိုအပ်ချက် တန်ချိန် ၁၈ သန်း-၁၉ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၆ သန်းနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရောင်းချမှု လိုအပ်ချက်ပြည့်မီဖို့ ပြည်ပက တင်သွင်းနေရဆဲဖြစ်ပါတယ်။ နိုင်ငံအတွင်း စီးပွားရေးအထူးဇုန် ၅၈ဝ သတ်မှတ်ထားတဲ့အနက် ၁၁၄ ဇုန်မှာလည်ပတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။                                                                                 ယမင်းခင်၊ှSources: P T I 

Sunday, 12 Dec 2010

ကြိုပွိုင့်ဈေးမြင့်တက်လို့ အိန္ဒိယကုလားပဲဈေးကျဆင်းရာက ပြန်ခိုင်လာ                  အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ဝယ်လိုအား အကန့်အသတ်သာရှိလို့ ဈေးကျဆင်းခဲ့ရာမှ ကုလားပဲကြိုပွိုင့်ဈေး မြင့်တက်တာ ကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ ပြန်ခိုင်မာလာတယ်လို့ သိရပါတယ်။ ကုလားပဲတစ်တန်ကို ရူပီး ၂၃၂၅ဝ -၂၃၃ဝဝ ( ကန်ဒေါ်လာ ၅၁၆-၅၁၇) ရှိခဲ့ရာမှ ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၂၂) ကိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လက်ကျန် လျော့ကျလာခြင်းနဲ့ လက်ထပ်ရာသီအတွက် ပဲခွဲစက်များနဲ့ လက်လီဆိုင်များက ဝယ်လိုအား ကောင်းလာဖွယ်ရှိလို့ NCDEX  မှာ ကုလားပဲကြိုပွိုင့်ဈေး ပြန်မြင့်လာ ခြင်းဖြစ်တယ်လို့ သိရပါတယ်။               NCDEX မှာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ စာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၂၄၉၄ဝ နဲ့ ရူပီး ၂၅၅၆ဝ (ကန်ဒေါ်လာ ၅၅၄ နဲ့ ၅၆၇) ဈေးရှိခဲ့ပါတယ်။ လက်ရှိ ကုလားပဲစိုက်ဧရိယာ ၂ ဒသမ ၉၇ ရာခိုင်နှုန်းကျဆင်းနေပေမဲ့ ရာသီဥတု ကောင်းမွန်ခြင်းကြောင့် စိုက်ဧရိယာ တိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျက ဝင်ရောက်လာတဲ့ ကုလားပဲများ အရည်အသွေးညံ့ခြင်းကလည်း အစောပိုင်းဈေးကျဆင်းဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။                                                                                                 ယမင်းခင်၊ Sources: the hindubusinessline  

Sunday, 12 Dec 2010

နိုဝင်ဘာလထက် ဒီဇင်ဘာလ ကာလတူ ပထမပတ် အိန္ဒိယ ပဲတီစိမ်းဈေးအနည်းငယ်မြင့်             အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေဝင်ရောက်လာပြီဖြစ်ပေမဲ့ အရည်အသွေးညံ့ဖျင်းမှုကြောင့် အရည်အသွေးကောင်းတဲ့ ပဲအသစ်များ ပြည်ပကတင်သွင်းနေရတဲ့အတွက် ဈေးမြင့်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လတ်တလော ပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆောင်းပဲတီစိမ်းစိုက်ပျိုးမှု အခြေအနေကလည်း ကောင်းနေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမပတ်ကာလတူ ချန်နိုင်းဈေးကွက်နဲ့ ဒေလီဈေးကွက်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးများနှုန်းယှဉ်ဖော်ပြလိုက်ပါတယ်-                   ချန်နိုင်းဈေးကွက်          ဒေလီ၈-၁၂-၁ဝ            ၁ဝ၂ဝ                 ၁ဝ၆၄၈-၁၁-၁ဝ           ၉၉၄               ၁ဝ၁၇-၁ဝ၃၉MIRT (MAPT)

Sunday, 12 Dec 2010

နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမပတ်ကာလတူ အိန္ဒိယပဲစင်းငုံဈေး အနည်းငယ်မြင့်                 အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ လက်ကျန်များပြီး အထွက်ကောင်းတဲ့ မျှော်လင့်ချက်များ ရှိနေပေမဲ့ ဒီဇင်ဘာလ ပထမပတ်မှာ နိုဝင်ဘာ ပထမပတ် ဈေးထက် အနည်းငယ်ပိုလာပါတယ်။ ဈေးကွက်အချို့က ပဲအသစ်လည်း ဝင်ရောက်လာပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ပဲအဓိကစိုက်ပျိုးတဲ့ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှာ မိုးရွာသွန်းလို့ ပဲအချို့ ပျက်စီးမှုတွေရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ မနှစ်ကထက် ပဲစင်းငုံပိုထွက်မယ်လို့ ခန့်မှန်းနေဆဲဖြစ်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ကာလတူ မွန်ဘိုင်းဈေးကွက်နဲ့ C & F   ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                                     ဒေါ်လာ/တန်                                 မွန်ဘိုင်းဈေးကွက်     မွန်ဘိုင်း(C & F)၈-၁၂-၁ဝ                          ၆၈၇                         ၆၆၅၈-၁၁-၁ဝ                          ၆၈၅                        ၇၆ဝMIRT(MAPT)

Sunday, 12 Dec 2010

 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမပတ်ကာလတူ အိန္ဒိယမတ်ပဲဈေးလျော့လာ                   နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမပတ်ကာလတူ အိန္ဒိယမတ်ပဲဈေးလျော့လာ အိန္ဒိယပြည်တွင်း အဓိကဈေးကွက်များမှာ မတ်ပဲဈေးက နိုဝင်ဘာလ ပထမပတ်ထက် ဒီဇင်ဘာပထမပတ်မှာ ဈေးလျော့လာခဲ့ပါတယ်။ အိန္ဒိယပဲစိုက်ပျိုး တဲ့ ဒေသတွေမှာရိတ်သိမ်းစဉ် မိုးရွာသွန်းမှုတွေကြောင့် ဈေးကွက်ကို ဝင်ရောက်လာ တဲ့ အရည်အသွေးနိမ့် ပဲအသစ်များကို လျှော့ဈေးနဲ့ ရောင်းချလာတာ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းမတ်ပဲစိုက်ဧရိယာ တိုးတက်နေတာကြောင့်လည်း ဈေးကျဆင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F  ဈေးများ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                         ဒေါ်လာ/တန်                          မတ်ပဲ       မတ်ပဲ(C & F)၈-၁၂-၁ဝ              ၈၈၇              ၉၅၅၈-၁၁-၁ဝ              ၉၆ဝ          ၉၈ဝ-၁ဝဝဝMIRT(MAPT)

Wednesday, 8 Dec 2010

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနက သကြားဖြူတင်သွင်းခွန် ဖယ်ရှားဖို့စီစဉ်                  အင်ဒိုနီးရှားအစိုးရဟာ ပြည်တွင်းအချိုရည်ထုတ်လုပ်သူများ ကုန်ကျစရိတ်သက်သာစေဖို့ သကြားဖြူ တင်သွင်းခွန်ကို ဖယ်ရှားပေးဖို့ စီစဉ်နေတယ် လို့ ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေး မှူးချုပ် Subagyo က ပြောကြားပါတယ်။ အခွန်ဖယ်ရှားဖို့နဲ့ပတ်သက်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။                   မေလက သကြားဖြူတင်သွင်းခွန်ကို တစ်ကီလို ရူပြား ၇၉ဝ (တစ်တန်ကို ကန်ဒေါ်လာ ၈၇ ဒသမ ၅၈ )နဲ့ အင်ဒိုနီးရှားအစိုးရက ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။ သကြားထုတ်လုပ်မှုလျော့ကျမယ့် အရိပ်အယောင်ကြောင့် ၂ဝ၁၁ ခုနှစ် အစောပိုင်းမှာ စားသုံးဖို့ သကြားဖြူတန်ချိန် ၄၅ဝဝဝဝ တင်သွင်းဖို့ စက်တင်ဘာလအတွင်းက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ သကြားဈေးက အလွန်အမင်း မြင့်တက်နေတာကြောင့် အခုချိန်ထိ ဝယ်ယူရခြင်း မရှိသေးဘူးလို့ သိရပါတယ်။                                                                                                             ယမင်းခင်၊Source: Internet 

Wednesday, 8 Dec 2010

၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာဈေးနှုန်း ဆက်လက်ခိုင်မာနေဦးမည်            ကမ္ဘာတွင် သဘာဝရော်ဘာအများဆုံးထုတ်လုပ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယတို့တွင် မိုးသည်းထန်စွာရွာသွန်း ခဲ့မှုတို့ကြောင့် ရော်ဘာထုတ်လုပ်မှုကိုထိခိုက်ကာ သဘာဝရော်ဘာဈေးနှုန်းများ နိုဝင်ဘာလဆန်းတွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သဘာဝရော်ဘာထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများအသင်းရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါ တယ်။ ဒါ့ပြင် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ- ဒီဇင်ဘာအတွင်း ရော်ဘာအဓိကထုတ်လုပ်တဲ့ နိုင်ငံများတွင် ရော်ဘာထုတ် လုပ်မှုက ၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းသွားနိုင် ကြောင်း ဖော်ပြခဲ့ပါတယ်။               သဘာဝရော်ဘာကို ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား သုံးနိုင်ငံတွင် အဓိကထုတ်လုပ်ပြီး ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၉၄ ရာခိုင်နှုန်းခန့်ရှိရာ အိန္ဒိယကလည်း ရော်ဘာအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်သော် လည်း ကမ္ဘာတွင် သဘာဝ ရော်ဘာကို စတုတ္ထမြောက်အများဆုံးသုံးစွဲတဲ့နိုင်ငံအဖြစ်တည်ရှိနေပါတယ်။           ကမ္ဘာ့သဘာဝရော်ဘာသုံးစွဲမှုဈေးကွက်ကို အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ဂျပန်တို့မှ လွှမ်းမိုးထား ပါတယ်။ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာသုံးစွဲမှုက နှစ်စဉ် ၄ ရာခိုင်နှုန်းတက်လာကာ တန်ချိန် ၂၆ ဒသမ ၅ သန်းကိုရောက်ရှိမယ်လို့ ခန့်မှန်းပြီး တရုတ်က ကမ္ဘာတွင် ရော်ဘာအများဆုံးသုံးစွဲတဲ့နိုင်ငံဖြစ်ပြီး ဆယ်စုနှစ်အတွင်း မော်တော်ယာဉ်ထုတ်လုပ်မှုနဲ့ စက်မှုကုန်ထုတ်လုပ်မှုမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ရာ တရုတ်နိုင်ငံရဲ့ဝယ်လို အားက ၂ဝ၁ဝ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းတိုးတက်ကာ တန်ချိန် ၆ ဒသမ ၈၃ သန်းရောက်ရှိမှာဖြစ်ကြောင်း၊ တရုတ်ရော်ဘာ စက်မှုအသင်းက ဖော်ပြခဲ့ပါတယ်။            တရုတ်နိုင်ငံရဲ့ သဘာဝရော်ဘာနဲ့ ရော်ဘာတုနှစ်မျိုးစလုံး ဝယ်လိုအားမှာ အရှိန်အဟုန်နဲ့ မြင့်တက်လျက်ရှိပြီး ၂ဝ၁၁ ခုနှစ်အတွက် မပြောင်းလဲဘဲရှိမယ်လို့ ခန့်မှန်းကြ ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရော်ဘာနဲ့ ပြုလုပ်တဲ့ လက်အိတ်ဝယ်လိုအားက နှစ်စဉ် ၁ဝ ရာခိုင်နှုန်းတိုးတက်လျက် ရှိပြီး တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့တွင် ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ဗဟုသုတတိုးတက် လာတဲ့အတွက် ရော်ဘာလက်အိတ်ဝယ်လိုအားက သိသိသာသာတိုးတက်လာခဲ့ကြောင်း သိရပါတယ်။            ဒါကြောင့် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုက တိုးတက်နေသော်လည်း ဝယ်လိုအားနဲ့ သုံးစွဲမှုကို လိုက်မီနိုင်ဦးမှာမဟုတ်တာကြောင့် ၂ဝ၁၁ ခုနှစ်တွင်လည်း ရော်ဘာဈေးနှုန်းဆက်လက်ခိုင်မာနေဦးမှာဖြစ်ပါတယ်။   အေးမွန်မွန်လှိုင်၊Source:brecorder.com

Pages