Background
အိန္ဒိယဈေးကွက်တွေကို နနွင်းဝင်ရောက်မှုနည်းပေမဲ့ ဈေးဆက်တိုက်ဆင်းလာ အိန္ဒိယ နနွင်းအဓိက ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုနည်းလာပေမဲ့ ဝယ်လက်များဝယ်ယူမှုမရှိလို့ နနွင်းဈေးက ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ပါတယ်။ အီရော့ဈေးကွက်မှာ ဇန်နဝါရီလ ၁၈ ရက်က တစ်တန်ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) လျော့ကျခဲ့ပြီး၊ ၁၉ ရက်မှာလည်း ရူပီး ၂ဝဝဝ-၃ဝဝဝ (ကန်ဒေါ်လာ ၄၄- ၆၇) ဆက်တိုက်ကျဆင်းလာလို့ နနွင်းဥဈေးက တစ်တန်ကို ရူပီး ၁၄ဝဝဝဝ (ကန်ဒေါ်လာ ၃ဝ၉၆) အောက်ကို ရောက်ရှိခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်းဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာက ပြောကြားပါတယ်။ နနွင်းအသစ်များလည်း ဝင်ရောက်စပြုလာပြီဖြစ်ပြီး မသန့်စင်ရသေးတဲ့ နနွင်းတစ်တန်ကို ရူပီး ၇၅ဝဝဝ-၈ဝဝဝဝ (ကန်ဒေါ်လာ၁၆၅၈-၁၇၆၉) ဈေးရှိတယ်လို့ သိရပါတယ်။ နနွင်းကုန်သည်များအနေနဲ့ ဈေးထပ်ကျဖို့ မျှော်လင့် လျက် ရှိပြီး လက်ရှိဈေးနဲ့ ဝယ်ယူဖို့ တုံ့ဆိုင်းနေကြတယ်လို့ သိရပါတယ်။ အိန္ဒိယ မြောက်ပိုင်းက နနွင်းအဝယ်အော်ဒါများလည်း ထပ်မံရောက်ရှိမလာတာ ကြောင့် လည်း နနွင်းလက်ငင်းဈေး ဆက်လက်ကျဆင်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန်ကို ရူပီး ၉ဝ၉၉ဝ-၁၄၆၁၁ဝ (ကန်ဒေါ်လာ ၂ဝ၁၂ -၃၂၃၁) ရှိပြီး နနွင်းဥဈေးက ရူပီး ၇၈ဝဝဝ-၁၄၁ဝဝဝ (ကန်ဒေါ်လာ ၁၇၂၅-၃၁၁၈) ဈေးရှိတယ် လို့ သိရပါတယ်။ ယမင်းခင်၊ှSourec businessline
အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ အိန္ဒိယ နိုင်ငံအတွင်း အချို့ဒေသများတွင် အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲ သီးနံှများ ပျက်စီးခဲ့ပြီး ဈေးကွက် တွေမှာ ဝယ်လိုအားတက်နေတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်မှာဘဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းတို့မှာ ဈေးအတက်ကို ဆက်လက်သွားနေဆဲဖြစ်ပေမဲ့ ကုလားပဲ ကိုတော့ အမြင့်ဈေးမှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းခဲ့ တယ်လို့ သိရပါတယ်။ ကုန်သည်တွေပြောကြားတာကတော့ ဈေးကစားသူများက သီးနံှ အထွက်ကျဆင်းမယ့် သတင်းတွေနဲ့ ဈေးမြင့်တက်အောင် ဆောင်ရွက်ခဲ့ တာကြောင့် ဈေးတွေမြင့်တက်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ လ ၁၇ ရက်မှာ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဈေးပြန်ငြိမ်ခဲ့ရာ လက်ငင်းဈေးကွက်မှာ ကုလားပဲခွဲခြမ်း (အဆင့်မြင့်) ဈေးက တစ်တန်ကို ရူပီး ၃၁၇၅ဝ-၃၂ဝဝဝ (ကန်ဒေါ်လာ ၇ဝ၂-၇ဝ၈) ဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂)မြင့်တက်ပြီး ရူပီး ၆၃ဝဝဝ-၆၄ဝဝဝဝ (ကန်ဒေါ်လာ ၁၃၉၃-၁၄၁၅)နဲ့ ရူပီး ၅၁ဝဝဝ- ၅၄ဝဝဝ (ကန်ဒေါ်လာ ၁၁၂၈-၁၁၉၄) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: businessline
ဝယ်လိုအားတက်လို့ အိန္ဒိယကုလားပဲဈေးမြင့်တက် ပဲခွဲစက်များနဲ့ လက်လီဆိုင်များက ဝယ်လိုအားကောင်းလာတာကြောင့် ကုလားပဲတစ်တန်ကို ရူပီး ၂ဝဝ-၂၅ဝ ( ကန်ဒေါ်လာ ၄ ဒသမ ၄၂-၅ ဒသမ၅၂) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၈ ရက်မှာ အထွက်နှုန်း ကျဆင်း နိုင်တဲ့ ခန့်မှန်းချက်ကြောင့် တစ်တန်ကို ရူပီး ၂၅ဝဝဝ-၂၅၁ဝဝ (ကန်ဒေါ်လာ ၅၅၃-၅၅၅) ထိမြင့်တက်ခဲ့ပြီးတဲ့နောက် အမြင့်ဈေးနဲ့ အဝယ်ကျဆင်းလို့ တစ်တန်ကို ရူပီး ၂၄၅ဝဝ ( ကန်ဒေါ်လာ ၅၄၂) ကိုပြန်လည် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ကုလားပဲလက်ကျန်များရှိသေးတယ်လို့ ခန့်မှန်းကြပါတယ်။ မိုးရွာသွန်းပြီး ရာသီဥတုအခြေအနေမပေးတာကြောင့် ကုလားပဲအသစ်များ ဈေးကွက်ကို နောက်ရက် ၂ဝ အတွင်း ဝင်ရောက်လာဖွယ်မရှိဘူးလို့ ခန့်မှန်း ကြပါတယ်။ ဒါ့အပြင် ဝယ်လိုအားတက်နေခြင်းတို့ကြောင့် ကုလားပဲဈေးက အနိမ့် ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၂ဝ) အောက် မကျဆင်း နိုင်ဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ Source: businessline
အိန္ဒိယမှာ ပဲတီရွှေဝါဈေး ဇန်နဝါရီလမှာ သိသိသာသာပိုလာ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်တာကြောင့် ပြည်တွင်းပဲတီစိမ်းရော ပဲတီရွှေဝါ ဈေးပါ ဈေးငြိမ်နေခဲ့ရာမှ ဇန်နဝါရီလ တတိယပတ်မှာ သိသိသာသာပိုလာတာတွေ့ရပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာ ပဲတီစိမ်း ရော ပဲတီရွှေဝါပါလက်ကျန်ပြတ်နေပြီလို့ သိရပါတယ်။ ပြည်တွင်းမှာအရည်အသွေးကောင်းပဲ မရရှိနိုင်လို့ မြန်မာနိုင်ငံနဲ့ သြစတြေးလျ ပဲတီစိမ်းကို အားထားနေရရာ လတ်တလော သြစတြေးလျက ပဲတီစိမ်း မရရှိနိုင်ခြင်းကလည်း ဈေးနှုန်းကို ပိုမိုမြင့်တက်စေပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာနဲ့ ၂ဝ၁၁ ဇန်နဝါရီလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ချန်နိုင်း(ပဲတီရွှေဝါ) ဒေလီ(ပဲတီစိမ်း)၂ဝ-၁-၁၁ ၁ဝ၉၇-၁၁၁၉ ၁ဝ၅၃၂ဝ-၁၂-၁ဝ ၁ဝ၁၄ ၁ဝ၅၈MIRT(MAPT)
တစ်ပတ်အတွင်း အိန္ဒိယပဲစင်းငုံဈေး ၅ဝ ရာခိုင်နှုန်း နီးပါးမြင့်လာ အိန္ဒိယပဲစင်းငုံဈေးက ၂ဝ၁ဝ ဒီဇင်ဘာလဆန်းအထိ ဈေးငြိမ် အရောင်း အဝယ်အေးခဲ့ရာမှ ပဲစင်းငုံအသစ် ဝင်ကာနီး အထွက်လျော့တဲ့ သတင်းတွေအရ ဈေးတွေမြင့်တက်လာခဲ့ရာ ဒီဇင်ဘာနဲ့ ဇန်နဝါရီကာလတူရက် ဈေးဟာ ၅ဝ ရာခိုင်နှုန်း မြင့်တက်လာတာတွေ့ရပါတယ်။ လက်ရှိကာလက လက်ထပ်ပွဲနဲ့ ဘာသာရေး ပွဲတော် ကာလလည်းဖြစ်လို့ ဝယ်ယူအားတွေ တက်လာတာကြောင့် လည်း ဈေးမြင့် တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလနဲ့ ၂ဝ၁၁ ဇန်န ဝါရီလ ကာလတူမွန်ဘိုင်းဈေးကွက်နဲ့ C&F ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F) ၂ဝ-၁-၁၁ ၉ဝ၅ ၉၃၅ ၂ဝ-၁၂-၁ဝ ၆၃၄ ၆၄ဝ MIRT(MAPT)
တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး တစ်တန်ကန်ဒေါ်လာ ၁၄ဝ ခန့် မြင့်တက်လာ အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်နည်းခြင်းနဲ့ ပုံမှန်အဝယ်ရှိနေခြင်း တို့ကြောင့် တစ်လအတွင်းတစ်တန်ကို ကန်ဒေါ်လာ ၁၄ဝ ခန့်မြင့်တက်လာ တာ တွေ့ရပါတယ်။ ဆောင်းစိုက်မတ်ပဲဧရိယာတိုးတက်လာပေမဲ့လည်း အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲပင်တွေ ပျက်စီးတဲ့အတွက် အထွက်လည်း လျော့ကျမယ်လို့ ခန့်မှန်းတဲ့သတင်းတွေ အရ မတ်ပဲဈေးက တဖြည်းဖြည်းနဲ့ မြင့်တက်လာတာ တွေ့ရပါတယ်။ ပဲအသစ်ဝင်ရောက်လာချိန်ထိ ဈေးခိုင်နေဦးမယ်လို့ ကုန်သည် များက ခန့်မှန်းကြပါတယ်။ ဒီဇင်ဘာလနဲ့ ၂ဝ၁၁ ဇန်နဝါရီလ မွန်ဘိုင်းဈေးကွက်နဲ့ C & F ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F ) ၂ဝ-၁-၁၁ ၉၃၂-၉၃၈ ၉၄ဝ ၂ဝ-၁၂-၁ဝ ၇၉၉ ၈၆ဝ MIRT(MAPT)
အိန္ဒိယနနွင်းဈေး အကျဘက်ဆင်းလာပြီ အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ နနွင်းလက်ငင်းဈေး တစ်တန်ကို ရူပီး ၃၅ဝဝ-၅ဝဝဝ (ကန်ဒေါ်လာ ၇၇- ၁၁၁)ခန့် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ နနွင်းရာသီကုန်ဆုံးပြီဖြစ်လို့ နေ့စဉ်နနွင်းဈေး တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီလို့ ဝါရင့်ကုန်သည်တစ်ဦးဖြစ်တဲ့ Mr R. K Viswanathanက ပြောကြားပါတယ်။ နနွင်းတောင်သူ အများစု ဟာ ဈေးတက်မယ် မျှော်မှန်းပြီး လက်ရှိဈေးနဲ့ ရောင်းချဖို့ နှောင့်နှေးနေကြတယ်လို့လည်း ၎င်းကဆိုပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ တက်မလာတော့ဘူး၊ မကြာခင်ဈေးကွက်တွေထဲကို နနွင်းအသစ်တွေ ဝင်ရောက်လာတော့ မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နီဇမ်မာဘတ်ဈေးကွက်အတွင်းကို နနွင်းအသစ်စတင် ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝယ်လက်တွေက နနွင်းဟောင်းတွေကို မဝယ်လိုတဲ့အတွက် ဈေးတဖြည်းဖြည်းကျလာခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၇၃၆ဝ-၁၅၇ဝ၄ဝ (ကန်ဒေါ်လာ ၂၁၅၉-၃၄၈၂) နဲ့ နနွင်းဥဈေးက ရူပီး ၉၆ဝ၆ဝ-၁၅၅၇၉ဝ (ကန်ဒေါ်လာ ၂၁၃ဝ-၃၄၅၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအိတ် ၁၂၅၆ အိတ် ဝင်ရောက်ခဲ့ပေမဲ့ ၆၁၈ အိတ်သာ ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ NCDEX မှာ ဧပြီလစာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၁ဝ၄ဝ (ကန်ဒေါ်လာ ၂၃) ကျဆင်းပြီး တစ်တန်ကို ရူပီး ၁ဝဝဝဝဝ (ကန်ဒေါ်လာ ၂၂၁၇) ဖြစ်ပြီး မေလစာချုပ်ဈေးက ရူပီး ၁၁၂ဝ (ကန်ဒေါ်လာ ၂၅) ကျဆင်းပြီး ရူပီး ၉၅၅၈ဝ (ကန်ဒေါ်လာ ၂၁၁၉) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: businessline
ထိုင်းချင်းအသစ်များ ဈေးကွက်အတွင်းဝင်ရောက်လို့ ပြည်ပတင်ပို့မှု စတင်တော့မယ် ယခုနှစ် ထိုင်းရဲ့ ချင်းအသစ်များ တူးဖေါ်နေပြီဖြစ်ပြီး လာမယ့်သီတင်း ပတ် ဇန်နဝါရီ ဒုတိယပတ်မှာ ရင့်မှည့်ချင်းများ ပြည်ပတင်ပို့မှု စတင်တော့မယ်လို့ သိရပါတယ်။ ထိုင်းချင်းဟာ အရည်အသွေးမြင့်မားပြီး တရုတ်ဝယ်လက်များ ပိုမိုကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း ချင်းအထွက် လျော့ပြီး ပြည်တွင်းဝယ်လိုအားတက်တာကြောင့် ချင်းဈေးနှုန်း မတည် မငြိမ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံလို အခြားတင်ပို့နိုင်ငံတွေက ချင်း အသစ်များ ၂ဝ၁၁ ကမ္ဘာ့ဈေးကွက်မှာ ပိုမိုအရေးပါလာဖွယ်ရှိတယ်လို့ မျှော်လင့်နေ ကြပါတယ်။ လွန်ခဲ့တဲ့ ခုနှစ် နှစ်ကျော်က ချင်းစိုက်ပျိုးထုတ်လုပ်တဲ့Exoriens ကုမ္ပဏီ ဟာ ထိုင်းချင်းတင်ပို့သူတွေထဲမှာ အောင်မြင်မှု ရရှိသူဖြစ်ပြီး တောင်သူနဲ့ ဝယ်လက် များရဲ့ အကိုျးရရှိရေး ခေတ်မီ စိုက်ပျိုးမှုနဲ့ ထုတ်လုပ်စက်ရုံများ တည်ထောင်ဖို့ ကူညီလျက်ရှိပါတယ်။ ခေတ်မီထုပ်ပိုးအဆောက်အအုံများနဲ့ GAP စနစ်နဲ့ ထုတ်လုပ် တဲ့ ချင်းအားလုံးကို ရောင်းချတာဖြစ်လို့လည်း အောင်မြင်နေခြင်းဖြစ်တယ်လို့ ဆိုပါ တယ်။ ထိုင်းနိုင်ငံရဲ့ ချင်းအသစ်ရာသီဟာ ဒီဇင်ဘာလမှ မတ်လအထိဖြစ်ပြီး ရာသီ ပြင်ပ ဧပြီလနဲ့ နိုဝင်ဘာလအတွင်း သင်္ဘောတင်ပို့ဖို့ Exoriens ကုမ္ပဏီမှ ချင်းများကို အပူအအေးထိန်းချုပ်ပေးတဲ့ သိုလှောင်ရုံများမှာ ထိန်းသိမ်းတင်ပို့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: freshplaza
ဈေးကွက်တွေကိုဝင်ရောက်မှုကျဆင်းလို့ အိန္ဒိယကုလားပဲဈေးမြင့် အိန္ဒိယကုလားပဲအဓိကစိုက်ပျိုးတဲ့ ဒေသတွေရဲ့ လက်ကျန်အခြေ အနေအရ ကုလားပဲကြိုပွိုင့် ဈေးမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းက ပဲဝင်ရောက်မှုနှောင့်နှေးလို့ ရောင်းချမှုနည်းပေမဲ့ လက်ငင်းဈေးကွက် တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များက ဝယ်လိုအားကောင်းတာကြောင့် တစ်တန်ကို ရူးပီး ၅၂ဝ (ကန်ဒေါ်လာ ၁၁ ဒသမ ၅၂) မြင့်တက်ပြီး ရူပီး ၂၆ဝ၄ဝ (ကန်ဒေါ်လာ ၅၇၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအစားထိုးရတဲ့ ပဲဝါလေး ဈေးက လည်း တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၅၄) မြင့်တက် လာခြင်း ကလည်း ကုလားပဲ ဈေးမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ သြစတြေးလျမှာလည်း ရေလွှမ်းမိုးမှုတွေကြောင့် ကုလားပဲအရည် အသွေး ပျက်စီးမှုတွေဖြစ်လို့ တင်သွင်းမှုကျဆင်းတယ်လို့ သိရပါတယ်။ ယခုနှစ် အိန္ဒိယ ကုလားပဲစိုက်ဧရိယာဟာ ဟက်တာ ၉ဝ ဒသမ ၈၃ သိန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၈၃ ဒသမ ၃၂ သိန်းထက် ပိုမိုတာကြောင့် အထွက်ပိုမယ်လို့ ခန့်မှန်း ထားပါတယ်။ NCDEX သိုလှောင်ရုံတွေမှ ဇန်နဝါရီလ ၁ဝ ရက် ကုလားပဲ သိုလှောင်မှုဟာ တန်ချိန် ၈ဝ၅၁ တန်ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်Source: commodityonline
အိန္ဒိယမှာ ပဲတီရွှေဝါဈေး တစ်လအတွင်း ကန်ဒေါ်လာ ၈ဝ ခန့်မြင့်တက် အိန္ဒိယနိုင်ငံ မွန်ဘိုင်းဈေးကွက်မှာ ပဲတီရွှေဝါအရောင်းအဝယ်မဖြစ်ပေမဲ့ ချန်နိုင်းဈေးကွက်မှာတော့ မြန်မာပဲတီ ရွှေဝါဈေးက တစ်လအတွင်း ကန်ဒေါ်လာ ၈ဝ ခန့်မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်းပဲတီစိမ်းဈေးက အနည်းငယ်တိုးတက်ပေမဲ့ ပဲတီရွှေဝါဈေးမှာ သိသိသာသာတက်လာခြင်း ဖြစ်ပါတယ်။ ပြည်တွင်းပဲများ အရည်အသွေးနိမ့်ကျမှုကြောင့် အရည်အသွေးမြင့်တဲ့ မြန်မာပဲတီရွှေဝါဈေးပိုနေခြင်းဖြစ်ပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ချန်နိုင်း(ပဲတီရွှေဝါ) ဒေလီ(ပဲတီစိမ်း)၁၃-၁-၁၁ ၁ဝ၉၆ ၁ဝ၁၉-၁ဝ၄၁၁၃-၁၂-၁ဝ ၁ဝ၁၇ ၁၁၆၁ MIRT (MAPT)