Main menu

Background

Tuesday, 30 Nov 2010

လက်ကျန်နည်းလာပြီဖြစ်လို့ တစ်ရက်အတွင်း အိန္ဒိယနနွင်းဈေး ကန်ဒေါ်လာ ၈၈ မြင့်တက်            အိန္ဒိယရဲ့ အဓိကနနွင်းဈေးကွက်ဖြစ်တဲ့ အီရော့ကလွဲပြီး ကျန်ဈေးကွက်တွေမှာ လက်ကျန်မရှိသလောက် နည်းသွားပြီ ဖြစ်လို့ ကုန်သည်များ အီရော့ဈေး ကွက်ကို စုပြုံဆင်းဝယ်လာကြတာကြောင့် တစ်ရက်အတွင်း နနွင်းတစ်တန်ကို ရူပီး ၄ဝဝဝ(ကန်ဒေါ်လာ ၈၈) မြင့်တက်ခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာက နိုဝင်ဘာ လ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဈေးကွက်များမှာရော အင်ဒရာပရာဒေ့ရှ် ဈေးကွက်တွေမှာ ပါ နနွင်းလက်ကျန် ပြတ်သလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။ နနွင်းတောင်သူများအနေနဲ့ လက်ရှိရောင်းရတဲ့ဈေးကို အလွန်အမင်း ကျေနပ်နေကြတယ်လို့လည်း ၎င်းကဆိုပါတယ်။             အီရော့နနွင်းကုန်သည်များအသင်းရောင်းချတဲ့ ဈေးကွက်မှာနနွင်းအခက် (လက်ချောင်း)ဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ-၁၅၃၈၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၃၉ဝ) ရှိပြီး နနွင်းဥဈေးက ရူပီး ၉ဝဝဝဝ-၁၅၂၈၉ဝ (ကန်ဒေါ်လာ ၁၉၈၂- ၃၃၆၈) ရှိခဲ့လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ထက် တစ်တန်ကို ရူပီး ၄၃ဝဝ (ကန်ဒေါ်လာ ၉၅) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အီရော့သမဝါယမဈေးကွက်အတွင်းမှာတော့ နနွင်းအခက်(လက်ချောင်း)တစ်တန်ကို ရူပီး ၁၄၉၂၉ဝ-၁၅၅၂၉ဝ (ကန် ဒေါ်လာ ၃၂၈၈-၃၄၂ဝ) ဈေးရှိပြီး နနွင်းဥဈေးကရူပီး ၁၅ဝ၆၁ဝ-၁၅၄၄၉ဝ (ကန် ဒေါ်လာ ၃၃၁၇-၃၄ဝ၃) ဖြစ်ခဲ့လို့ယခင်ရက်ထက် ရူပီး၄၁ဝဝ (ကန်ဒေါ်လာ ၉ဝ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။         နနွင်းသစ်များဈေးကွက်ကို ဇန်နဝါရီလမှာ ဝင်ရောက်မှာဖြစ်ပေမဲ့ နနွင်းစိုက်တဲ့ဒေသအချို့မှာ မိုးရက်ရှည် ရွာသွန်းနေ တာကြောင့် နနွင်းဝင်ရောက်မှု နှောင့်နှေးနိုင်တယ်လို့ ဆိုပါတယ်။ ယခင်နှစ်က နနွင်းအိတ်ပေါင်း ၄၅ သိန်းထွက် ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅ သိန်းခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်ထိ နနွင်းစိုက်ပျိုးပြီး ဟက်တာ ၂ ဒသမ ဝ၆ သိန်း ရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၁ ဒသမ ၈ဝ သိန်းထက် ပိုမိုနေပါတယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းနေတာကြောင့် ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဦးမယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။                                                                        ယမင်းခင်၊ှSources: businessline 

Monday, 29 Nov 2010

ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်             အိန္ဒိယနိုင်ငံ ရာဂျက်စသန်မှာ ယခင်နှစ်ထက် လက်ကျန်လျော့ကျခြင်းနဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ ကုလားပဲလက်ကျန် အိတ် ၁ဝ သိန်းဝန်းကျင် ကျန်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ လစဉ်ပျမ်းမျှသုံးစွဲမှုက အိတ်ပေါင်း ၆ သိန်းရှိတယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်တွေမှာ လက်ထပ်ရာသီအတွက် ဝယ်လိုအားမြင့်တက်လာတာကြောင့် ဒီဇင်ဘာလပို့ရမယ့် ကုလားပဲဈေးဟာ တစ်တန်ကို ရူပီး ၁၉ဝ (ကန်ဒေါ်လာ ၄ ဒသမ ၁၉) မြင့်တက်ပြီး ၂၄၂ဝဝ (ကန်ဒေါ်လာ ၅၃၃) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်လာမယ့် ဖေဖော်ဝါရီလတိုင်အောင် လက်ကျန် လုံလောက်မှုမရှိဘူးလို့ အချို့က ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်မှာ အစိုဓါတ် ကောင်းမွန်နေတာကြောင့် ကုလားပဲ စိုက်ပျိုးမှု တိုးတက်လျက်ရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ထိ ဟက်တာ ၈၇၉ဝဝဝ စိုက်ပျိုးပြီးဖြစ်လို့ ယခင်နှစ်ကာလတူ စိုက် ဟက်တာ ၄ဝ၃ဝဝဝ ထက် ၂ ဆပိုမိုနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အင်ဒရာ ပရာဒေ့ရှ်မှာတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ထိ စိုက်ပျိုးပြီးစီးမှုဟာ ယခင်နှစ်ထက် ၂ဝ ရာခိုင်နှုန်းလျော့ကျတယ်လို့ သိရပါတယ်။ စိုက်ပျိုးပြီးစီးမှုဟာ ဒီဇင်ဘာလ ပထမပတ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်း ၂ ပတ် အတွင်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာနေဦးမယ်ဆိုရင် စိုက်ပျိုးထားတဲ့ ပဲပင်များ အတွက် အန္တရာယ်ရှိနိုင်လို့ အထွက် လျော့ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ှSources: P T I  

Monday, 29 Nov 2010

 အောက်တိုဘာလထက် နိုဝင်ဘာမှ အိန္ဒိယပဲတီစိမ်းဈေးအနည်းငယ်လျော့         အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက အောက်တိုဘာလထက် နိုဝင်ဘာလမှာ အနည်းငယ် လျော့လာ တာ တွေ့ရပါတယ်။ အိန္ဒိယပဲစိုက်တဲ့ အချို့ဒေသတွေမှာ လွန်ခဲ့တဲ့ သီတင်းပတ်များက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ပဲအရည်အသွေး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဝယ်လက်များအနေနဲ့ အရည်အသွေးနိမ့် ပဲတီစိမ်းများကို ဈေးလျော့ပေး ဝယ်ယူခဲ့ကြတာကြောင့် ပဲတီစိမ်းဈေးက မြင့်တက်မလာဘဲ လျော့နည်းနေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကာလတိုအတွင်းမှာတော့ ပဲတီစိမ်းဈေး ခိုင်မာဖွယ်ရှိတယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဆိပ်ကမ်းများရဲ့ ပဲတီရွှေဝါ C & F  ဈေးများကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                      ဒေါ်လာ/တန်                       မွန်ဘိုင်းဈေးကွက်       မွန်ဘိုင်း (C & F)၂၄-၁၁-၁ဝ            ၉၄၂-၉၅၃                 ၁၁၅ဝ၂၃-၁ဝ-၁ဝ              ၁ဝ၄၆                    ၉၃၅MIRT(MAPT)

Monday, 29 Nov 2010

ပဲအပါအဝင်ပါကစ္စတန်နိုင်ငံရဲ့ အခြေခံစားသုံးကုန် ၂၂ မျိုးရဲ့ ဈေးများကျဆင်း           ပါကစ္စတန်နိုင်ငံမှာ ကုလားပဲ၊ ကြက်သွန်နီ၊ ဆန်၊ နို့၊ ပန်းသီးနဲ့ အာလူးဈေးများ အပါအဝင် စားသုံးကုန် ၂၂ မျိုးရဲ့ ဈေးများ ကျဆင်းလာခဲ့ပြီဖြစ်တယ်လို့ ဖဖန် လက်လီဈေးနှုန်းစောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။ အခြားစားသုံးကုန် ၁၅ မျိုးမှာ ယခင်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘူးလို့ သိရပါတယ်။ နိုင်ငံတစ်ဝန်းရှိ စားသုံးကုန် ၂၂ မျိုးရဲ့ ဈေးနှုန်းများမှာ ပျမ်းမျှ ၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး အခြားစားသောက်ကုန် ၃ဝ မျိုးရဲ့ ဈေးနှုန်းများမှာ ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့တယ်လို့ အောက်တိုဘာလအတွင်း ပြည်နယ် ၄ ခုရှိ ခရိုင် ၇၃ ခုမှ မြို့ပေါင်း ၁၁၂ မြို့ရဲ့ လက်လီဆိုင်များမှာ ရောင်းချနေတဲ့ ကုန်စည် ၆၉ မျိုးရဲ့ ဈေးနှုန်းများ စစ်တမ်း ကောက်ယူခဲ့ချက်အရ သိရပါတယ်။          အခြေခံစားသောက်ကုန်အချို့ရဲ့ ဈေးများကျဆင်းခဲ့ပေမဲ့ အမျိုးအစား ၃ဝ ခုရဲ့ ဈေးနှုန်းများကတော့ စက်တင်ဘာလနဲ့ နှိုင်းယှဉ်ရင် အောက်တိုဘာလမှာ ၅ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကျဆင်း လာတဲ့ စားသောက်ကုန်များမှာ ယခုမြင့်တက်နေတဲ့ စားသောက်ကုန်များထက် ဈေးကွက်မှာပိုမိုအရေးပါတဲ့ ပစ္စည်းများ ဖြစ်တယ်လို့ ဆိုပါတယ်။          အောက်တိုဘာလအတွင်း ကုလားပဲနဲ့ ပဲနီလေးဈေးများမှာ ၄ ရာခိုင်နှုန်းခန့်စီနဲ့ ကြက်သွန်နီဈေးက ၃၇ ရာခိုင်နှုန်း၊ဘာစမာတီဆန်ဈေးက ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မုန်ညှင်းဆီမှာ ၅ ရာခိုင်နှုန်း၊ ဂျုံနဲ့ ပဲတီစိမ်းဈေးမှာ ၂ ရာခိုင်နှုန်းစီ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။                             ယမင်းးခင်၊် ှSources: dailytimes

Monday, 29 Nov 2010

အောက်တိုဘာလထက် နိုဝင်ဘာမှ အိန္ဒိယပဲစင်းငုံဈေးခိုင်မာနေ          အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒီနှစ်ပဲအထွက်ပိုမယ်လို့ ခန့်မှန်းကြပြီး အစောပိုင်းက ဈေးဆင်းလာခဲ့ပေမဲ့ လတ်တလောမှာတော့ ပဲစင်းငုံဈေးက လက်ရှိဈေးနဲ့ ခိုင်မာနေတယ်။ ဈေးကွက်တွေမှာ လက်ကျန် များနေသေးတယ်ဆိုပေမဲ့ လည်း မြန်မာနိုင်ငံနဲ့ တန်ဇန်းနီးယား ပဲစင်းငုံတွေလည်း တင်သွင်းနေရဆဲဖြစ်ပါတယ်။ ပဲအသစ် ဈေးကွက်ထဲဝင်လာမယ့် ဒီဇင်ဘာလ လယ်လောက်အထိ ပဲစင်းငုံဈေး ကျဆင်းနိုင်ဖွယ်မရှိဘူးလို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ ဆိပ်ကမ်း C & F ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                              ဒေါ်လာ/တန်                       မွန်ဘိုင်းဈေးကွက်         မွန်ဘိုင်း(C&F) ၂၄-၁၁-၁ဝ                ၇၁၇                       ၆၉၅ ၂၃-၁ဝ-၁ဝ             ၇၁၄-၇၂ဝ                    ၈၁ဝ                                                                                                                     MIRT(MAPT)

Monday, 29 Nov 2010

နိုဝင်ဘာလ စတုတ္ထပတ်မှာ အိန္ဒိယမတ်ပဲဈေးမြင့်               အိန္ဒိယပြည်တွင်းဈေးကွက်များမှာ အောက်တိုဘာလ စတုတ္ထပတ်ထက် နိုဝင်ဘာ စတုတ္ထပတ်မှာ မတ်ပဲဈေး ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အောက်တိုဘာ အတွင်း ပဲထွက်ရှိတဲ့ အချို့ဒေသတွေမှာ မိုးရွာသွန်းနေတာကြောင့် ဈေးကွက်တွေကို ပဲဝင်ရောက်မှုနှေးကွေးခဲ့တဲ့အတွက် ဈေးအနည်းငယ် ပိုလာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက မတ်ပဲများ တင်သွင်းခဲ့တာကြောင့် ရောင်းအားများ လာခဲ့ပါတယ်။ ဈေးကွက်တွေမှာ အဝယ်ရှိနေတဲ့အတွက် ပြည်တွင်းမတ်ပဲ အထွက်များတယ်ဆိုပေမဲ့ ဈေးကျဆင်းမယ့် အရိပ်အရောင်မရှိဘူးလို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်း ဈေးကွက်ပေါက်ဈေးနဲ့ C & F  ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                         ဒေါ်လာ/တန်                  မတ်ပဲ               မတ်ပဲ (C&F)၂၄-၁၁-၁ဝ     ၉၂ဝ                 ၁ဝဝဝ၁၃-၁ဝ-၁ဝ     ၉၁၁              ၉ဝဝ-၁ဝဝဝ                                                                                                                              MIRT(MAPT)

Wednesday, 24 Nov 2010

လက်ကျန်နည်းပြီး ဝယ်လိုအားကောင်းလို့ အိန္ဒိယနနွင်းဈေးအမြင့်မှာရှိနေ          အိန္ဒိယနနွင်းထုတ်လုပ်တဲ့ဒေသတွေမှာ လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ လက်လီနဲ့လှောင်လက်များ အဝယ် တက်လာတာကြောင့် နနွင်းတစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၄ ) မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် နနွင်းစိုက်တဲ့ ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် နနွင်းအသစ်ဝင်ရောက်မှု နှောင့်နှေးဖွယ် ရှိခြင်းကလည်း ဈေးနှုန်းကို မြင့်တက်စေပါတယ်။ အီရော့ခရိုင်မှာ မိုးရွာသွန်းနေလို့ နနွင်းအသစ်ဟာ ဒီဇင်ဘာလလယ်မှာ ဝင်ရောက်မယ်လို့ အရင်ကခန့်မှန်း ခဲ့ရာက ဇန်နဝါရီလ ပထမပတ် (ဒါမှမဟုတ်) ဒုတိယပတ်လောက်မှသာ ဝင်ရောက်ဖွယ်ရှိတယ်လို့ အီရော့နနွင်း ကုန်သည်များ အသင်းဥက္ကဌ မစ္စတာ အာဗွီရာဗီဆွန်ကာက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြောကြား ပါတယ်။NCDEX မှာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလစာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၁၃၉၂၆ဝ (ကန်ဒေါ်လာ ၃ဝ၆၅ )နဲ့ ရူပီး ၁၄ဝ၁၆ဝ (ကန်ဒေါ်လာ ၃ဝ၈၅ ) ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။                လက်ငင်းအခြေခံဈေးကွက်တွေဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့တို့မှာ နနွင်းဝင်ရောက်မှုကျဆင်းပြီး အဝယ် သွက်နေတာကြောင့် အဆင့်မြင့်နနွင်း တစ်တန်ကို ရူပီး ၁၅ဝ (ကန်ဒေါ်လာ ၃ ဒသမ ၃ ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဆောင်းရာသီအတွင်း ပြည်တွင်းလှောင်လက်များနဲ့ ပြည်ပဝယ်လက်များ ဝယ်လိုအား တိုးတက်လာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လှောင်လက်တွေလက်ထဲမှာ နနွင်းလက်ကျန်ဟာ တစ်အိတ်ကို ကီလို ၇ဝ-၇၅ ပါဝင်တဲ့ အိတ်ပေါင်း ၁၂ သိန်း ကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ှSource: PTI 

Tuesday, 23 Nov 2010

ပဲမျိုးစုံဝယ်ယူမှုအတွက် အရှုံးကို အိန္ဒိယအစိုးရက ပြန်ပေးမယ်              အိန္ဒိယအစိုးရဟာ အေဂျင်စီများကို လက်ရှိမိုးရာသီထွက် ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများကို ဈေးနှုန်းထောက်ပံ့မှု အစီအစဉ် (PSS ) အရ လယ်သမား များထံက ဝယ်ယူဖို့ ခွင့်ပြုထားကြောင်းနဲ့ ယင်းဝယ်ယူရာမှာ နစ်နာဆုံးရှုံးမှု အတွက် ၁၅ ရာခိုင်နှုန်းကို အစိုးရမှ ပြန်လည်ပံ့ပိုးသွားမယ်လို့ သိရပါတယ်။               စီးပွားရေးရာ ဝန်ကြီးများကော်မတီက စက်တင်ဘာလမှာ အမိုျးသား သမဝါ ယမ စားသုံးသူအသင်း (NCCF) နဲ့ဗဟိုသိုလှောင်ရေးကော်ပိုရေးရှင်း (CWC) တို့ကို Nafed  နဲ့အတူ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ ဝယ်ယူဖို့ခွင့်ပြုခဲ့တာဖြစ်ပါ တယ်။         အစောပိုင်းက အစိုးရဟာ နိုင်ငံတော်အေဂျင်စီဖြစ်တဲ့ Nafed တစ်ခုထဲ ကိုသာ PSS စနစ်နဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ ဝယ်ယူခွင့်ပြုခဲ့ပြီး အဲဒီလို ဝယ်ယူမှုအပေါ် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) နဲ့ စီမံခန့်ခွဲမှု ကုန်ကျ စရိတ် အပါအဝင် ရောင်းချဈေးအကြားကွာဟမှုအတွက် ရာနှုန်းပြည့်လုံးကို ပြန်လျော်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာတောNafed သာမက NCCF နဲ့CWC  တို့ကို ဝယ်ယူခွင်ြ့ပုခဲ့ပေမဲ့ ၁၅ ရာခိုင်နှုန်းသာလျှင် ပြန်လျှော်ပေးမယ် လို့ သိရပါတယ်။           အဲဒီလိုအခြေအနေက ဝယ်လိုအားနဲ့ ရောင်းလိုအားအကြား ကွာဟမှု တွေဖြစ်တဲ့ အချို့အချိန်တွေမှာ ဝယ်ယူတဲ့ အေဂျင်စီများကို ထိခိုက်စေနိုင်တယ် လို့ ဆိုပါတယ်။ Nafed  ဟာ ၁၉၇၆-၁၉၇၇ ခုနှစ်ကထဲကစပြီး PSS စနစ်အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများကို ဝယ်ယူတဲ့ တစ်ခုထဲသော အစိုးရအေဂျင်စီဖြစ် တယ်လို့ သိရပါတယ်။        အိန္ဒိယအစိုးရဟာ စိုက်ပိုျးရေးမစတင်မီမှာ တောင်သူများအနိမ့်ဆုံးဈေးကို အာမခံသတ်မှတ်ပေးခြင်းဖြင့် ထုတ်လုပ်မြှင့်တင်ခဲ့ရာ ဆောင်းရာသီနဲ့ မိုးရာသီ ၂ ခုလုံးအတွင်း သီးနံှ ၂၅ မျိုးနီးပါးအတွက် အနိမ့်ဆုံးထောက်ပံ့ ဈေးနှုန်းများ ကြေညာခဲ့ပါတယ်။ လတ်တလောမှာလည်း နိုင်ငံတော်စားနပ်ရိက္ခာ ဖူလုံမှု အဖွဲ့ဟာ ပဲမျိုးစုံ အရှိန်အဟုန်မြင့် ထုတ်လုပ်ဖို့၊ ဆီထွက်သီးနံှ၊ ပဲမျိုးစုံ၊ စားအုန်းဆီနဲ့ ပြောင်းတို့ပေါင်းစည်းအစီအစဉ် ဆောင်ရွက်ခြင်းကဲ့သို့သော အစီအစဉ် များစွာနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင်ဆန်ထုတ်လုပ်မှု နည်းတဲ့ ကုန်းမြေတွေမှာလည်း ပဲမျိုးစုံကို အခြားကြားညှပ်သီးနံှတွေဖြစ်တဲ့ ကြံ၊ ဝါတို့လို သီးနံှများ အစားထိုးစိုက်ပျိုးဖို့ အစီအမံများလည်း ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် နိုင်ခြင်းမရှိလို့ နှစ်စဉ်စားဆီတန်ချိန် ၉ သန်းကျော်နဲ့ ပဲမျိုးစုံတန်ချိန် ၂ သန်း- ၃ သန်းတင်သွင်းနေရပါတယ်။ ယမင်းခင်၊ှSources: business standard  

Tuesday, 23 Nov 2010

 ပါကစ္စတန်နိုင်ငံ ပဲထွက်ရှိမှု တန့်နေပြီး ဈေးနှုန်းမြင့်တက်      လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပါကစ္စတန်နိုင်ငံရဲ့ ပဲမျိုးစုံဈေးနှုန်းဟာ ၄ဝဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းက အစိုးရအတွက် ဦးစားပေးဆောင်ရွက်ရမယ့်အချက်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ ပဲမျိုးစုံ ထုတ်လုပ်မှုက တက်မလာဘဲ တန့်နေရ တဲ့အတွက် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်းမှာ ပဲထုတ်လုပ်မှုက တန်ချိန် ၇ သိန်းနဲ့ ၁ဝ သိန်း အတွင်းမှာသာ ရှိနေပြီး လူဦးရေက တစ်နှစ်တခြားတိုးပွားလာတာကြောင့် ဈေးကွက်တွေမှာ ပဲပြတ် လပ်ပြီး ဈေးနှုန်းမြင့်တက်မှု ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ပဲမျိုးစုံဖြန့်ဖြူးမှု လုံလောက်စေဖို့နဲ့ ထုတ်လုပ်မှု မြင့်တင်ဖို့ကို နည်းဗျူဟာတစ်ရပ်နဲ့ ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။     မိုးရေခံမြေများမှ ပဲစိုက်ပျိုးမှုကို ဆည်ရေသောက်ဧရိယာကို ပြောင်းရွှေ့စိုက်ပျိုးဖို့ဟာလည်း ဗျူဟာတစ်ရပ် ဖြစ်ပါ တယ်။ ရေအလုံအလောက်မရရှိခြင်းဟာလည်း အထွက်နှုန်းကျဆင်းစေဖို့ အကြောင်းရင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၃နှစ် အတွင်း ပဲမျိုးစုံတစ်ဧကက ၂၄၂ ကီလိုမှ ၂ဝ၅ ကီလိုကိုလျော့ကျခဲ့ခြင်းဟာ အဓိကအားဖြင့် ရေမလုံလောက် ခြင်းကြောင့် လို့ ဆိုပါတယ်။      နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ မျိုးစေ့အရည်အသွေးညံ့ဖျင်းခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် ပဲမျိုးစေ့များ တိုးတက်ဖို့အတွက် အစီအမံများဆောင်ရွက်မယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်မှာ ဈေးကွက် ဈေးနှုန်းတည်ငြိမ်မယ်လို့ ခန့်မှန်းထားပါတယ်။ ပဲတီစိမ်းမိုျးစေ့အစားထိုး စိုက်ပိုျးမှုအစီအစဉ်တစ်ရပ်စတင်ခဲ့စဉ်က ရလဒ်ကောင်းထွက်လာခဲ့ပေမဲ့ အခြားပဲများကို တိုးခဲျ့စိုက်လာကြတဲ့အတွက် ပဲတီစိမ်းအစီအစဉ် ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ စိုက်ပျိုးရေးဆိုရင် လိုအပ်ချက်များကို ရေရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ှSources: dawn.com

Tuesday, 23 Nov 2010

 အိန္ဒိယ ဆောင်းပဲမျိုးစုံ ဟက်တာ ၃ ဒသမ ၆၂ သန်းစိုက်ပြီး    အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးစာရင်းအရ ယခုနှစ် ဆောင်းရာသီအတွင်း ဂံျုစိုက်ပျိုးမှုဟက်တာ ၃ ဒသမ ၃ သန်း၊ ပဲမျိုးစုံမှာ ဟက်တာ ၃ ဒသမ ၆၂ သန်းဝန်းကျင်နဲ့ စပါး ဟက်တာ ၄၇ဝဝဝ စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ဆီထွက်သီးနံှ စုစုပေါင်း စိုက်ပိုျးမှုဟက်တာ ၄၉ ဒသမ ၆ သိန်းနဲ့ ပြောင်းစိုက်ပျိုးမှု ဟက်တာ ၁ ဒသမ ၅၆ သိန်း ရှိပြီလို့ သိရပါတယ်။ ယမင်းခင်၊ှSources: commodityonline

Pages