Main menu

Background

Monday, 6 Dec 2010

 အိန္ဒိယမိုးသီးနံှရိတ်သိမ်းမှု နှောင့်နှေးလို့ ဆောင်းသီးနံှစိုက်ပျိုးမှုကျဆင်း             မိုးရာသီအကုန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှု တွေကြောင့် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် မှာရှိတဲ့ လယ်သမားများဟာ ဆောင်းသီးနံှစိုက်ပျိုးမှု ကျဆင်းခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှ စပါးစိုက်ပျိုးမှုဟက်တာ ဝ ဒသမ ၈၉ သိန်းသာရှိတာကြောင့် ပျမ်းမျှ စိုက်ပျိုးမှု ဟက်တာ ၁ ဒသမ ၁၆ သိန်းထက် ကျဆင်းနေသလို သီးနံှ စိုက်ပျိုးမှုဟာ ပျမ်းမျှစိုက်ဧရိယာ ဟက်တာ ၂ ဒသမ ၅၆ သိန်းထက် ၇၂ ရာခိုင်နှုန်း ကျဆင်းပြီး ဟက်တာ ၁ ဒသမ ၈၄ သိန်းသာရှိတယ်လို့ သိရပါတယ်။           စားသောက်ကုန် အခြေခံသီးနံှစိုက်ပျိုးမှုကလည်း လက်ရှိအချိန်ထိ ပျမ်းမျှစိုက်ပျိုးမှု ဟက်တာ ၉ ဒသမ ၉၁ သိန်းထက် ကျဆင်းပြီး ဟက်တာ ၉ ဒသမ ၃၉ သိန်းရှိပြီလို့ သိရပါတယ်။ ဆီထွက်သီးနံှနဲ့ ဆေးရွက်ကြီးတို့လို စီးပွားဖြစ်သီးနံှများ အပါအဝင် သီးနံှများရဲ့ ယခုရာသီပျမ်းမျှစိုက်ဧရိယာဟာ ဟက်တာ ၃၆ ဒသမ ၂၆ သိန်းရှိပြီး နိုဝင်ဘာလ ၂၄ ရက်မှာ ပျမ်းမျှ စိုက်ဧရိယာရဲ့ သုံးပုံတစ်ပုံ (ဟက်တာ ၁၃ သိန်း) စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။           နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးရွာသွန်းခြင်းနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးသီးနံှရိတ်သိမ်းမှု နှောင့်နှေးခဲ့တဲ့အတွက် ဆောင်းသီးနံှ စိုက်ပျိုးမှု ကျဆင်းနေခြင်းဖြစ်ပါတယ်လို့ စိုက်ပျိုးရေးဌာနမှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားပါတယ်။ မိုးသီးနံှဧရိယာများ ပျက်စီးမှုရှိ သလို အစောပိုင်းစိုက် ဆောင်းသီးနံှများလည်း ဆုံးရှုံးမှုရှိပေမဲ့ ယခုနှစ် ဆောင်းသီးနံှကတော့ အမြောက်အမြားထွက်ရှိမယ်လို့ မျှော်လင့်ထားကြောင်း လည်း၎င်းကဆက်လက် ပြောကြားပါတယ်။        ယမင်းခင်၊ှSources: business line

Monday, 6 Dec 2010

 အများပြည်သူ ဖြန့်ဝေရေးစနစ်အတွက် အိန္ဒိယအစိုးရက ပဲပိုမိုတင်သွင်းရဖွယ်ရ               ယခုနှစ် မိုးသီးနံှအထွက်ကောင်းပြီး ဆောင်းပဲစိုက်ဧရိယာမြင့်တက်တာကြောင့် ၂ဝ၁ဝ-၂ဝ၁၁ သီးနံှ ဈေးကွက် ရာသီအတွင်း အိန္ဒိယပဲမျိုးစုံ ထွက်ရှိမှုမြင့်တက်မယ်လို့ မျှော်လင့်နေကြတဲ့တိုင် အိန္ဒိယအစိုးရက ပဲတင်သွင်းမှုကို အစောပိုင်း က တန်ချိန် ၆ သိန်းတင်သွင်းဖို့ ရည်မှန်းထားရာမှ တန်ချိန် ၃ သိန်းပိုမိုပြီး ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်တိုင်အောင် တန်ချိန် ၉ သိန်းဝန်းကျင် တင်သွင်းရလိမ့်မယ်လို့ ဆိုပါတယ်။ အပိုဆောင်းတင်သွင်းမှုဟာ ပြည်နယ်အစိုးရများနဲ့ လျှော့ဈေးနဲ့ ရောင်းချတဲ့ အစီအစဉ်အရ သက်သာတဲ့နှုန်းနဲ့ ဖြန့်ဝေပေးတဲ့ အစိုးရအတွက် အထောက်အပံ့ဖြစ်စေလိမ့် မယ်လို့ ဆိုပါတယ်။               ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှာ အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များက တင်သွင်လာတဲ့ ပဲများကို အများပြည်သူ ဖြန့်ဝေရေး စနစ် (PDS)နဲ့ ပဲတစ်ကီလိုကို ရူပီး ၁ဝ လျှော့ဈေးနဲ့ ဖြန့်ဖြူးတဲ့ ပြည်နယ်အစိုးရများကို ရောင်းချပေးဖို့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ၂ဝဝ၉ -၂ဝ၁ဝ အတွင်း အစိုးရအေဂျင်စီများဖြစ်တဲ့ PEC ၊ MMTC ၊ STC နဲ့ NCCF တို့ဟာ ပြည်နယ် ၉ ခုကို တင်သွင်းပဲများရောင်းချပေးခဲ့ပါတယ်။            အိန္ဒိယနိုင်ငံဟာ နှစ်စဉ်လိုအပ်ချက်ကို ပြည်ပမှ တင်သွင်းနေရတာကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ပဲမိုျးစုံထုတ်လုပ်မှု မြင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မိုးပုံမှန်မဟုတ်ခြင်းက ပဲအထွက်ကို သိသိသာသာ တိုးတက်မှု မဖြစ်စေခဲ့ပါဘူး ။ ဒါကြောင့် အစိုးရဟာ စိုက်ဧရိယာများတိုးမြင့်ခြင်းဖြင့် ပဲမိုျးစုံထုတ်လုပ်မှုမြင့်တင်ဖို့ နိုင်ငံတော် စားနပ် ရိက္ခာ ဖူလုံရေးအဖွဲ့ အပါအဝင် အစီအစဉ်များစွာဆောင်ရွက်ခဲ့ပါတယ်။             ၂ဝ၁ဝ-၂ဝ၁၁ မိုးရာသီအတွက်ရော ဆောင်းသီးနံှအတွက်ပါ ပဲမိုျးစုံအနိမ့်ဆုံး ဈေးနှုန်းများ တိုးမြင့်ပေးတဲ့ အပြင် ပြည်နယ်ဝယ်ယူရေး အေဂျင်စီများကို ပဲရောင်းချဖို့လည်း မက်လုံးများပေးပြီး ဆွဲဆောင်ခဲ့ပါတယ်။ မကြာသေးခင်က Nafed အပြင်NCCF  နဲ့ CWC  တို့ကိုလည်း အစိုးရရဲ့ ဈေးနှုန်းထောက်ပံ့မှုအစီအစဉ် ( PSS ) အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ ဝယ်ယူစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အစိုးရဟာ ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမယ့် ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခြင်းကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အပြင် ပဲမျိုးစုံတင်သွင်းခွန် ကင်းလွတ်ခြင်းကိုလည်း သတ်မှတ်ရက်ထက် ကျော်လွန်တဲ့အထိ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။                                                             ယမင်းးခင်၊Sources: Financial Express

Monday, 6 Dec 2010

 အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အစိုးရက လယ်ယာအုပ်စုများ ဖွဲ့စည်းပြီး ပဲမျိုးစုံအထွက်မြှင့်တင်ဖို့ ကြိုးပမ်း               အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အစိုးရဟာ ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ရေး ဗဟိုအစီအစဉ်အရ ယခုနှစ်မှာ တောင်သူအငယ်စားနဲ့ အလတ်တန်း စားများလုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရေးအတွက် အုပ်စု ၃ဝ ဖွဲ့စည်းခဲ့ တယ် လို့ သိရပါတယ်။ တမီလ်နာဒူးပြည်နယ်အနေနဲ့ ပဲမျိုးစုံနဲ့ ပတ်သက်လို့ အခြားပြည်နယ်များကို မှီခိုနေရမှုလျော့ကျစေရေးအတွက် အုပ်စုများ ဖွဲ့စည်းခြင်း ဖြစ်တယ်လို့ ပြည်နယ်စိုက်ပျိုးထုတ်လုပ်မှုကော်မရှင် အတွင်းရေးမှူး P Rama Mohana Roo  က ပြောကြားခဲ့ပါတယ်။                ယခုလမ်းညွှန်စီမံကိန်း(Pilot project ) အနေနဲ့ လွန်ခဲ့တဲ့ နှစ်က Vellore  ခရိုင်အတွင်း လယ်သမား အငယ်စားနဲ့ အလတ်စားများကို အကူအညီများ ပေးခဲ့တယ်လို့ ဆိုပါတယ်။ တမီလ်နာဒူး ပဲလိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းဟာ အခြားပြည်နယ်များက ဝယ်ယူနေရတာဖြစ်လို့ ပြည်နယ် ပဲထုတ်လုပ်မှု မြှင့်တင်ဖို့ အဲဒီစီမံကိန်းက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။၏             ယင်းစီမံကိန်းမှာပါဝင်တဲ့တောင်သူများကို အစိုးရထောက်ပံ့မှု အနေနဲ့ လယ်မြေ တစ်ဟက်တာကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅ ဒသမ ၃၂) ပေးသွားမယ်လို့ သိရပါတယ်။               အုပ်စုတစ်ခုကို လယ်မြေဟက်တာ ၁ဝဝဝ ခန့် ဆောင်ရွက်ရမှာဖြစ်ပြီး ကုလားပဲနဲ့ မတ်ပဲတို့လို ပဲမိုျးစုံစိုက်ပိုျးရမယ်လို့ ဆိုပါတယ်။ ကုလားပဲစိုက်ပျိုးတဲ့ တောင်သူများထံက တာတာအုပ်စုမှ ဆွဲဆောင်နိုင်တဲ့ဈေးနှုန်းများနဲ့ ဝယ်ယူ ခဲ့တဲ့ Pudukottai မှ ပဲမျိုးစုံထုတ်လုပ်မှု အုပ်စုရဲ့ အောင်မြင်မှုကို စံပြအဖြစ် ကနဦး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။                                                                                     ယမင်းခင်၊် ှSources: business standard

Monday, 6 Dec 2010

ဈေးအမြင့်မှာ ဝယ်ယူမှုနည်းလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ                    အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ လက်လီဆိုင်များနဲ့ ပဲခွဲစက်များက ဈေးအမြင့်နဲ့ ဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းတာကြောင့် နိုဝင်ဘာလ ၃ဝ ရက်မှာ လက်ငင်းရော၊ ကြိုပွိုင့်ဈေးပါ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲ လက်ငင်းဈေးမှာ တစ်တန်ကို ရူပီး ၂၄ဝဝဝ- ၂၄၁ဝဝ (ကန်ဒေါ်လာ ၅၂၄- ၅၂၆) ကို ကျဆင်းခဲ့သလို ဒီဇင်ဘာလ စာချုပ်ဈေးကလည်း ရူပီး ၄ဝဝ ကျဆင်းပြီး တစ်တန်ကို ရူပီး ၂၅၁၁ဝ (ကန်ဒေါ်လာ၅၄၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုဈေးကျခြင်းဟာ ယာယီမျှသာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် မဒ္ဒရာပရာဒေ့ရှ်မှာ ကုလားပဲလက်ကျန်က ၇၅ ရာခိုင်နှုန်းနီးပါး ထုတ်ရောင်းပြီးပြီဖြစ်တဲ့အပြင် မဒ္ဒရာပရာဒေ့ရှ်နဲ့ ဆက်စပ်ဒေသ များမှာ ရာသီမဟုတ်တဲ့ မိုးရွာသွန်းခြင်းက ပဲအသစ်ဝင်ရောက်မှုကို တစ်လခန့် နောက်ကျမယ်ဆိုတဲ့ အချက်တွေက ကုလားပဲဈေးနှုန်းမြင့်တက်စေမယ့် အကြောင်းရင်းတွေပါလို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်သည်များက လာမယ့် ၅ ရက်- ၆ ရက်မှာ သိုလှောင်ဖို့ ဝယ်ယူနိုင်ခြင်းကလည်း ဈေးကို မြင့်တက်စေနိုင်ပါတယ်လို့ ဆိုပါတယ်။     ယမင်းခင်၊်Sources: P T I 

Monday, 6 Dec 2010

နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလဆန်းမှာ အိန္ဒိယပဲတီစိမ်းဈေးပိုလာ           အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေဝင်လာပေမဲ့ နိုဝင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနဲ့ ဒီဇင်ဘာလဆန်း ပေါက်ဈေးနှိုင်းယှဉ်ရာမှာတော့ ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ပဲအထွက်ပိုမယ်လို့ ခန့်မှန်းပေမဲ့ ပြည်ပက ပဲတီစိမ်းဝယ်ယူမှုကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယပဲအသစ်များမှာ ရိတ်သိမ်းစဉ် မိုးရာသွန်းမှုကြောင့် အရည်အသွေးပျက်စီးမှုများတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းနဲ့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးများမှာ ရူပီး အနေဖြင့် သိသိသာသာကွာခြားပေမဲ့ ရူပီး တန်ဖိုးကျဆင်းတာကြောင့် ကန်ဒေါ်လာ တန်ဖိုးမှာတော့ ပြောင်းလဲမှုမရှိတာ  တွေ့ရပါတယ်။                         ချန်နိုင်းဈေးကွက်                             ဒေလီ                     ရူပီး      ကန်ဒေါ်လာ               ရူပီး                    ကန်ဒေါ်လာ၁-၁၂-၁ဝ   ၄၅၅ဝဝ     ၉၉၆                 ၄၄ဝဝဝ-၄၇ဝဝဝ             ၉၆၃-၁ဝ၂၈၁-၁၁-၁ဝ   ၄၄၅ဝဝ     ၁ဝဝ၂                  ၄၄ဝဝဝ                            ၉၉၁                                                                                                                                                  MIRT (MAPT)

Monday, 6 Dec 2010

နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလဆန်းမှာ အိန္ဒိယပဲစင်းငုံဈေးပို             အိန္ဒိယပြည်တွင်းဈေးကွက်အချို့ကို ပဲစင်းငုံအသစ် အနည်းအကျဉ်း ဝင်ရောက်လာပြီဖြစ်ပေမဲ့ နိုဝင်ဘာလဆန်း ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရာမှာတော့ ဒီဇင်ဘာလဆန်းမှာ ဈေးအနည်းငယ်ပိုနေသေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ လလယ်မှာတော့ ဈေးကွက်တော်တော်များများက ပဲအသစ်တွေ ဝင်လာ တော့မှာ ဖြစ်လို့ ပဲစင်းငုံဈေးလျော့ကျနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာ လဆန်းနဲ့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့မွန်ဘိုင်းဈေးနဲ့(C&F)ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                                                                                                                            ဒေါ်လာ/တန်                         မွန်ဘိုင်းဈေးကွက်          မွန်ဘိုင်း(C&F)၁-၁၂-၁ဝ              ၆၇၈                               ၆၉၅၁-၁၁-၁ဝ             ၆၄၇                                ၇၆ဝ                                                                                                                                                  MIRT(MAPT)

Monday, 6 Dec 2010

 နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလမှာ အိန္ဒိယမတ်ပဲဈေး ကန် ဒေါ်လာ ၆ဝ ခန့် ကျဆင်း                အိန္ဒိယပြည်တွင်းဈေးကွက်များမှာ နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလ ဆန်းမှာ မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၆ဝ ကျော်ခန့် လျော့ကျလာခဲ့ပါတယ်။ အိန္ဒိယ ပြည်တွင်းထွက် မတ်ပဲတော်တော်များများမှာ အရည်အသွေးနိမ့်ကျတဲ့ အတွက် ဝယ်လက်များဈေးလျှော့ ဝယ်ယူခဲ့ကြတာကြောင့် ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်အချို့မှာ အရည်အသွေးကောင်း မတ်ပဲမရနိုင်တာကြောင့် မြန်မာနိုင်ငံက ပဲတင်သွင်းခဲ့ရတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့  C & Fဈေးများ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                              ဒေါ်လာ/တန်                      မတ်ပဲ             မတ်ပဲ(C & F)၁-၁၂-၁ဝ        ၈၉၇                     ၉၉ဝ၁-၁၁-၁ဝ        ၉၅၁                 ၉၈ဝ-၁ဝဝဝ                                                                                                                                       MIRT(MAPT)

Tuesday, 30 Nov 2010

 အိန္ဒိယသွားလိုသူများ မန္တလေးမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် ဗီဇာများအလွယ်တကူ လျှောက်ထားရယူနိုင်             အိန္ဒိယနိုင်ငံသို့ အလည်သွားလိုသူများ၊ ဘုရားဖူးသွားလိုသူများ၊ ပညာ သင်သွားလိုသူများအတွက် ဗီဇာများကို မန္တလေးမြို့ပေါ်ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် အလွယ်တကူ လျှောက်ထားရယူနိုင်ကြောင်း သိရပါတယ်။ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ထူထောင်စေချင်၍ မြန်မာနိုင်ငံသားများကို သွားရောက်လေ့လာစေလို၊ သိစေလို၍ မန္တလေးမြို့တွင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗီဇာကို အနည်းဆုံး ၁၅ ရက်မှ အများဆုံး ၅နှစ်အထိ ခွင့်ပြုပေးလျက်ရှိတယ်လို့ မန္တလေးမြို့ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ သိရပါတယ်။ ထို့အပြင် မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသား များအား ပတ်စ်ပို့ပျောက်ဆုံးပါက ပြန်လည်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။            ဗီဇာနှုန်းထားများမှာ ၁၅ ရက်ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 20 ၊ ၆ လဗီဇာအတွက် (အလည်အပတ်ဗီဇာ) ကန်ဒေါ်လာ (သို့မဟုတ်) FEC 40 ၊ တစ်နှစ်ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 65၊ ၅ နှစ် ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 130 ၊ ကျောင်းသားဗီဇာအတွက် (တစ်နှစ်အတွက်) ကန်ဒေါ်လာ (သို့မဟုတ်) FEC 75၊ (ခရီးသွားခေတ္တနေ၊ ကျောင်းသားဗီဇာများမှအပ) အခြားဗီဇာများမှာ ခြောက်လအထိ ကန်ဒေါ်လာ (သို့မဟုတ်) FEC 80 ၊ တစ်နှစ်စာ ကန်ဒေါ်လာ (သို့မဟုတ်) FEC 120 ၊ ငါးနှစ်အတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 200  တို့ဖြစ်ကြပြီး ဖက်စ်ပို့ခ ၂၅ ဒေါ်လာပေးဆောင်ရမယ်လို့ သိရပါတယ်။  ဗီဇာလျှောက်လွှာများကို ရုံးဖွင့်ရက်နေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း လက်ခံပြီး ညနေ ၄ နာရီမှ ၅ နာရီအတွင်း ပြန်ထုတ်ပေးလျက် ရှိကြောင်း သိရပါတယ်။                                                   ဇူးဇူး

Tuesday, 30 Nov 2010

 မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေး နည်းစနစ်ကောင်းနှင့် ပိုးမွှားကင်းစင်ကြောင်း လက်မှတ်များထုတ်ပေးနိုင်ရန် သင်တန်းများပို့ချလျက်ရှိ                  မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများတွင် ပိုးမွှားကင်းစင်ကြောင်းနဲ့ စိုက်ပျိုးရေး နည်းစနစ်ကောင်း (Good Agricultural Practices) G.A.P လက်မှတ်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ထုတ်ပေးနိုင်ရန် စီမံကိန်းရေးဆွဲလျက် ရှိကြောင်း သိရပါတယ်။G.A.P နဲ့ပတ်သက်၍ ကြိုတင်သိရှိ နိုင်ရန် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းချုပ်နဲ့ မန္တလေးတိုင်း သရက်သီးအစုအဖွဲ့တို့ ပံ့ပိုးကူညီမှုဖြင့် တောင်သူများနဲ့ စိုက်ပျိုးရေး စိတ်ဝင် စားသူများအား သင်တန်းပို့ချပေးလျက် ရှိပါတယ်။                      အဆိုပါသင်တန်းကို ယခုလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပေါ်တော်မူဘုရားအနီး စကားအင်းကျေးရွာမှာ အခမဲ့သင်ကြားမယ်လို့ သိရ ပါတယ်။ သရက်သီးအစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက 'နောက်ပိုင်းမှာ သစ်သီးဝလံ အရောင်းအဝယ်လုပ်မယ် ဆိုရင်G.A.P  လက်မှတ်က လိုလာပြီ။ တရုတ်ကုန်စည်ပြပွဲသွားတုန်းက သူတို့ ဘက်ကG.A.P လက်မှတ်တောင်း တော့ မပြနိုင်ဘူး။ ဒါကြောင့် G.A.P လက်မှတ်က လိုလာပြီမို့ တောင်သူတွေ ရော၊ ကုန်သည်ရော စိတ်ပါဝင်စားသူ မည်သူမဆို သင်တန်းတက်ရောက်နိုင် အောင်လို့ သင်တန်းပေးနေတယ်။ သင် တန်းမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ပညာရှင်တွေကိုယ်တိုင် လာရောက်သင် ကြားပေးတယ်။ စကားအင်းကျေးရွာ မှာ သင်တန်းတက်ဖို့ စာရင်းပေးတာ ၅ဝ ကျော်ရှိပြီ။ သင်တန်းပြီးရင် သင်တန်း ဆင်းလက်မှတ် ထုတ်ပေးမယ်' လို့ ပြော ပါတယ်။                     သင်တန်းမှာ ပိုးမွှားကင်းစင် ကြောင်းနဲ့ စိုက်ပျိုးရေးနည်းစနစ်ကောင်း များကို သင်ကြားမည်ဖြစ်ရာ စိတ်ပါဝင် စားသူမည်သူမဆို တက်ရောက်နိုင် ကြောင်း သိရပါတယ်။ ဇူူးဇူူး

Tuesday, 30 Nov 2010

 ပဲခူးတိုင်းဒေသကြီးအရှေကောက်ဦးပေါ်ချိန် ဈေးကောင်းရ                ပဲးခူးတိုင်းဒေသကြီး အရှေ့ကျောက်တံခါးမြို့နယ်မှာ ၂ဝ၁ဝ-၂ဝ၁၁ မိုးစပါး ဧက ၁ ဒသမ ၅၆ သိန်း စိုက် ပျိုးခဲ့ပြီး၊ အထွက်တိုး ဧည့်မထမျိုးဖြစ်တဲ့ ရတနာတိုး၊ မနောသုခနဲ့ ရွှေဝါထွန်း စပါးမျိုးများ အဓိကထား စိုက်ပျိုးကြပါ  ယခုအခါ မိုးစပါးများရိတ်သိမ်းပြီး ေြွခလှေ့စက်နဲ့ စနစ်တကျ ေြွခလှေ့နေ လှန်းရောင်းချကြလို့ စပါးဈေးမှာ ၄၆ ပေါင် တစ်တင်း ၃၂ဝဝ ကျပ်ရရှိခဲ့ပြီး ယခင်နှစ် ကောက်ဦးပေါ်ချိန်မှာ ၂၈ဝဝ ကျပ်ရရှိခဲ့လို့ ယခုနှစ် ဈေးပိုရတယ်လို့ တောင်သူများက ပြောပါတယ်။ စိုက်ပျိုးချိန်ကစလို့ ပေါင်းမြက်ရှင်း၊ သမန်းနိုး၊ ဓာတ်မြေသြဇာစနစ်တကျ ထည့်ပြီး ပိုးမွှားရောဂါ နှိမ်နင်းခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ် ဆောင်ခဲ့ကြလို့ အထွက်နှုန်း ၆၅ တင်းနဲ့ ၇၅ တင်းကြား ထွက်ကြောင်း သိရပါ တယ်။ သိန်းဝင်း   

Pages