Main menu

Background

Wednesday, 10 Feb 2010

ပင်လယ်ရေကြောင်းမှ တင်သွင်းမှု    ယခုအပတ်အတွင်း ပင်လယ်ရေကြောင်းမှ ဒီဇယ်ဆီတင်သွင်းမှုမှာ ၂၆၁၆ဝ၈ ဘာရယ် (၃၄၈၈၁.ဝ၇ မတန်) တင်သွင်းခဲ့ပါတယ်။

Saturday, 6 Feb 2010

    သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ကို ဦးစားပေးဆောင်ရွက် နေတဲ့ မလေးရှား တိုင်းအင်ဂျင်နီယာရင်းကုမ္ပဏီက

Saturday, 6 Feb 2010

    အာရှဒေသတွင်းရှိ စီးပွားရေးဝန်ကြီးများရဲ့ အစည်းအဝေးကျင်းပမဲ့အချိန် နီးကပ်လာပြီ ဖြစ်ပါ တယ်။

Saturday, 6 Feb 2010

    ဗီယက်နမ်အမျိုးသား ချည်မျှင်နဲ့အထည် လုပ်ငန်းအုပ်စု (Vinatex) က မဲခေါင်မြစ်ဝကျွန်း ပေါ် ဒေသ ထရာဗင်းပြည်နယ်နဲ့ မြောက်ပိုင်းဒေသရှိ

Saturday, 6 Feb 2010

    အိန္ဒိယနိုင်ငံရဲ့ အရေးကြီးကုန်ပစ္စည်းအမယ်တွေတင်သွင်းမှုဟာ ၂ဝဝ၉ ခုနှစ် ဧပြီ-အောက်တို ဘာလအတွင်းက ၂ဝဝ၈ ခုနှစ်အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ၃၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် ပြီး

Wednesday, 3 Feb 2010

    ကမ္ဘာ့လေကြောင်းလိုင်းတွေဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ ဆုံးရှုံးမှုဒေါ်လာ ၁၁ ဘီလီယံခန့် ရှိနိုင် တယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအသင်းက ခန့်မှန်းထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် မှာ လေကြောင်းသွားခရီးသည် တိုးတက်လာနိုင်သလို လေကြောင်းသယ်ကုန်ပစ္စည်း ပမာဏ လည်း တိုးတက်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအသင်းမှ အမှုဆောင် အရာရှိချုပ် ဂီယိုဗန်နီဘီဆစ်နာနီက ပြောကြားပါတယ်။    လာမဲ့နှစ်မှာ ဥရောပလေကြောင်းလိုင်းတွေဟာ ပိုပြီးဆုံးရှုံးမှုများ နိုင်ပြီး ၂ ဒသမ ၅ ဘီလီယံ ဖိုးရှိမယ်၊ မြောက်အမေရိကလေကြောင်းလိုင်းတွေကတော့ ဒေါ်လာ ၂ ဘီလီယံဖိုးဆုံးရှုံး နိုင်တယ် လို့ဆိုပါတယ်။ အကြီးမားဆုံးတိုးတက်မှုရှိနိုင်တာက အာရှ-ပစိဖိတ်ကုန်သယ်လေယာဉ်တွေဖြစ်ပြီး လက်တင်အမေရိကလေကြောင်းလိုင်းတွေကတော့ ဒေသတွင်းမှာ အကျိုးအမြတ်အများဆုံး ရနိုင် ပါတယ်။bbc.co.UK

Wednesday, 3 Feb 2010

    တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်နဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ဟာ ဇန်နဝါရီ ၂၅ ရက်နေ့က နယူးဒေလီမှာတွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန်မဟာဗျူဟာမြောက် ဆက်ဆံ ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

Wednesday, 3 Feb 2010

    ချိုင်းနားဖေါဂရုကော်ပိုရေးရှင်းက ၂ဝ၁ဝ ပြည့်နှစ်အတွက် မော်တော်ကားရောင်းအား စီးရေ ၂ ဒသမ ၃ သန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့တဲ့အတွက် ၂ဝဝ၉ ခုနှစ်ကထက် ၁၈ ဒသမ ၃ ရာခိုင် နှုန်းပိုမိုမြင့်တက်ခဲ့တယ်လို့ လေ့လာမှုတစ်ခုမှာ ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ ချိုင်းနားဖေါဂရုရဲ့ မော်တော်ကားရောင်းအားကို ၂ဝဝ၉ ခုနှစ်ကထက် ၁၁ ဒသမ ၂ ရာခိုင်နှုန်းတိုးပြီး ယွမ် ဘီလီယံ ၂၉ဝ (ဒေါ်လာ ၄၂ ဒသမ ၅ ဘီလီယံ) ရှိမယ်လို့ ခန့်မှန်းထား ကြောင်း ဖေါဂရုရဲ့ ဒုတိယအထွေထွေမန်နေဂျာ ချင်းယီက ပြောပါတယ်။    ၂ဝဝ၉ ခုနှစ်က မော်တော်ကားရောင်းအား ခိုင်မာလာရတာဟာ ဝယ်ခွန်တွေလျှော့ချတာနဲ့ အသေးစားကားဝယ်ယူသူတွေကို ထောက်ပံ့ကြေးတွေပေးတဲ့ ကျေးဇူးကြောင့်ဖြစ်တယ်လို့ ဆိုပါ တယ်။ ၂ဝဝ၉ ခုနှစ်က ရောင်းချရတဲ့ မော်တော်ကားစင်းရေက ၁ ဒသမ ၉၅ သန်းရှိပြီး ရရှိငွေက ယွမ် ၂၆ဝ ဒသမ ၈ ဘီလီယံရှိပါတယ်။Xinhua

Wednesday, 3 Feb 2010

    ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ ရေနံစိမ်းဈေးတွေ ခပ်ပျော့ပျော့နဲ့ အကျဘက်ကိုရောက်နေပါ တယ်။ စီးပွားရေးအညွှန်းကိန်းများအရ ရေနံစိမ်းဈေးမကျလောက်ပေမဲ့ ဆီဈေးတွေက ကျနေပါ တယ်။ အမေရိကန်မှာ တစ်ချို့လက်လီ အရောင်းအဝယ်သမားများက သူတို့ရဲ့ ဝယ်လိုအားကို ဆက်မတိုးခဲျ့ပဲစောင့်ကြည့်နေကြပါတယ်။ ကယ်လီဖိုးနီးယားဒေသမှာ ပန့်ဈေးအဖြစ် ဓါတ်ဆီ တစ်ဂါလံကို ပျမ်းမျှ ၂ ဆင့်ခန့်ဈေးကျခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က တစ်ဂါလံ ၃ ဒသမ ဝ၂၆ ဒေါ်လာခန့်ရှိခဲ့တာပါ။ စွမ်းအင်ဌာနရဲ့ အပတ်စဉ် လေ့လာချက်အစီရင်ခံစာအရ ဓါတ်ဆီ တစ်ဂါလံ ပျမ်းမျှဈေးက ပုံမှန်ထက် ၁ ဒသမ ၂ ဆင့်လျော့ပြီး တစ်ဂါလံ ၂ ဒသမ ၇၃၉ ဒေါ်လာ ရှိကြောင်း၊ တစ်နိုင်ငံလုံးရဲ့ ဝယ်ယူမှုအင်အားအပေါ်အခြေခံကာ တွက်ချက်ပြီး ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း တိုးခဲျ့တင်သွင်းခဲ့မှုကြောင့်  ရေနံစိမ်း လက်ကျန် ရော ဓါတ်ဆီလက်ကျန်ပါ မြင့်မားနေပါတယ်။ ''ရေနံစိမ်းတွေကို သန့်စင်ဖို့ရာ အဝယ်နည်းသွား တဲ့အတွက် နည်းနည်းတုံ့ဆိုင်းသွားနိုင်တယ်။ ရေနံစိမ်းကနေရရှိတဲ့ ဓါတုပစ္စည်းတွေရဲ့ဈေးလည်း ရေနံစိမ်းဈေးနဲ့အတူ တစ်တန်းတည်း ဝယ်အားနည်းနေတယ်'' လို့ သုတေသီ Fadel Gheit  က ပြောပါတယ်။ ရေနံစိမ်းဈေးက ၅၅ ဒေါ်လာအောက် မရောက်သင့်ဘူး၊ သန့်စင်တဲ့အခါမှာ ကုန်ကျ စရိတ်တွေကို လျှော့ချဖို့နဲ့ စီမံခန့်ခွဲမှု ကောင်းဖို့လိုကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။ WWN

Wednesday, 3 Feb 2010

    ၂ဝ၁ဝ ခုနှစ် နှစ်စက မြင့်တက်ခဲ့တဲ့ ဒီဇယ်ဈေးနှုန်းများမှာ ယခုအခါတွင် ပြန်လည်ကျဆင်း လာတယ်လို့ ဒီဇယ်ရောင်းဝယ်သူများထံက စုံစမ်းသိရပါတယ်။

Pages