Main menu

Background

Thursday, 11 Mar 2010

     ဟောင်ကောင်တွင်ပြုလုပ်မည့် ကျောက်မျက်ပြပွဲကို ကမ္ဘာ့စိန်ကုန်သည်များနှင့် ပြည်တွင်းစိန်ကုန်သည်များ တက် ရောက်၍ စိန်ဈေးကွက် လှုပ်ရှားမှုကိုစောင့်ကြည့်နေကြကြောင်း စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။

Thursday, 11 Mar 2010

     ကမ္ဘာ့ရေနံစိမ်းသိုလှောင်မှုပမာဏတိုးလာသလို ဒီတစ်ပတ်အတွင်း ရေနံစိမ်းဈေးကလည်း တစ်စည်ကို ၈၁ ဒေါ်လာ ဝန်းကျင်ကို ချဉ်းကပ်လာပါတယ်။

Thursday, 11 Mar 2010

     ဒီအပတ်အတွင်း  ပြည်တွင်းစက်သုံးဆီ  အရောင်းအဝယ်အနေနဲ့ ဈေး အပြောင်းအလဲသိပ်မများခဲ့တာကို တွေ့ရပါတယ်။

Wednesday, 10 Mar 2010

နယ်စပ်ဒေသအသီးသီးရဲ့   ဒီတစ်ပတ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေကို ဖော်ပြလိုက်ပါတယ်-

Monday, 8 Mar 2010

    မြန်မာ-ထိုင်း နယ်စပ်စခန်းဖြစ်တဲ့ တာချီလိတ်စခန်းကနေ ဒီဇယ်ဆီ ၁၃၆ဝဝ ဂါလန် ကန်ဒေါ်လာ သုညဒသမ ၂၅၈ သန်း ဖိုးနဲ့ ဓာတ်ဆီဂါလန် တစ်သိန်းခြောက်ထောင်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်းဖိုး ဝင်လာပါတယ်။ ယခင် အပတ်တွေက နယ်စပ်စခန်းများကနေ စက်သုံးဆီတင်သွင်းလာမှုမရှိဘဲ အဝင်ကဲျခဲ့ပေမယ့် အခုအပတ်မှာ ပြန်လည်ဝင်လာ ပါတယ်။ 

Monday, 8 Mar 2010

ယခင်လထက် တန်ချိန်နည်းနည်းလျော့ဝင်    ယခုအပတ်အတွင်း ဆိပ်ကမ်းအသီးသီးက ဒီဇယ်ဆီအဝင်ကတော့ တန်ချိန် သုံးသောင်းကျော် (ပီပါနှစ်သိန်း နှစ်သောင်းငါးထောင်) ကျော် တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းက တင်သွင်းမှုစုစုပေါင်း က တန်ချိန် ကိုးသောင်း ခုနစ်ထောင်ကျော်ကို လုပ်ငန်းရှင်အသီးသီးက တင်သွင်းခဲ့သလို ယခင်လ ဇန်နဝါရီလက တန်ချိန်တစ်သိန်း တစ်သောင်းကျော် တင်သွင်းခဲ့လို့ ယခု ဖေဖော်ဝါရီလမှာတော့ တန်ချိန်သုံးသောင်းခန့် လျော့နည်းပြီး ဆိပ်ကမ်းကနေ တင်သွင်းလာပါတယ်။

Wednesday, 3 Mar 2010

Energy NYMEX                                 25-2-2010                                                   Price    Change   Change %Brent Crude  Futr (USD/bbl)           77.770    -0.390    -0.50Gas  Oil  Fut (ICE) (USD/MT)      633.75      -2.000    -0.31Gasoline  Rbob Fut (Cent/gal)       208.910    -0.980    -0.47Heating Oil Futr (Cent/gal)           203.840    -0.370    -0.18Natural Gas Futr (USD/MMBtu)        4.856    -0.009    -0.19WTI Crude Future (USD/bbl.)         76.500    -0.500    -0.62

Wednesday, 3 Mar 2010

    ၂ဝ၁ဝ နှစ်ဆန်းကာလအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများက တစ်စည်လျှင် ၇ဝ နဲ့ ၈ဝ ဒေါ်လာအကြားမှာ ဈေးပေါက်နေပါတယ်။

Wednesday, 3 Mar 2010

    နွေဦးရာသီမှာ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်များကြောင့် ဒီလအတွင်း လက်လီဆိုင်များတွင် ဓာတ်ဆီဈေး ၃၁ဝဝ ကျပ်ဝန်းကျင်မှ ၃၃ဝဝ ကျပ်ဈေးအထိ အပြောင်းအလဲရှိလာ ကြောင်း သိရပါတယ်။

Wednesday, 3 Mar 2010

ယခင်အပတ်ထက် တန်နှစ်ထောင်ပိုဝင်    ယခုအပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ဒီဇယ်အဝင်ကတော့ တန်ချိန် ၂၄၅ဝဝ မက်တန် (ပီပါ ၁၈ဝဝဝဝ ကျော်) ကို တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း အပတ်စဉ် တန်ချိန် နှစ်သောင်းကနေ နှစ်သောင်းခွဲအကြားသွင်းနေတာ တွေ့ရပြီး ဒီအပတ်တော့ ပုဂ္ဂလိကများက ဒီဇယ်ဆီ တန်ချိန် ၂၄ဝဝဝ ကျော်ကျော်ကို တင်သွင်း ခဲ့ကြပါတယ်။ ဒါကြောင့် ယခင်အပတ်ထက် တန် ၂ဝဝဝ ကျော်ပိုဝင်လာပါတယ်။တစ်ပတ်အတွင်း နယ်စပ်ဆီဈေး    နယ်စပ်ဒေသအသီးသီးမှာတော့ ဓာတ်ဆီဈေး ပြီးခဲ့တဲ့လဆန်းကတည်းက ဈေးနည်းနည်းတက်ပြီး အောက်မှာဖော်ပြထားတဲ့ဈေးတွေနဲ့ အရောင်းအဝယ်ရှိပါတယ်-ဖေဖော်ဝါရီ     ဓာတ်ဆီ (ကျပ်)      ဒီဇယ်(ကျပ်)   ရက်         တရုတ်   ထိုင်း     တရုတ်    ထိုင်း    ၁၈          ၃၄ဝဝ    ၃ဝဝဝ     ၃၃ဝဝ     ၃ဝဝဝ     ၁၉          ၃၄ဝဝ    ၃ဝဝဝ     ၃၃ဝဝ     ၃ဝဝဝ    ၂၂          ၃၄ဝဝ    ၃ဝဝဝ     ၃၃ဝဝ     ၃ဝဝဝ    ၂၃          ၃၄ဝဝ    ၃ဝဝဝ     ၃၃ဝဝ     ၃ဝဝဝ    ၂၄          ၃၄ဝဝ    ၃ဝဝဝ     ၃၃ဝဝ     ၃ဝဝဝ

Pages