Background
SKT ကိုရီးယားစမတ်ဖုန်းလောကကို လွှမ်းမိုးဖို့ကြိုးစား ကိုရီးယားနိုင်ငံမှာ စမတ်ဖုန်းလုပ်ငန်းကို လွှမ်းမိုးဖို့ကြိုးပမ်းမှုမှာ ကုမ္ပဏီတစ်ခုက ဦးဆောင်လွှမ်းမိုးနိုင်မယ့် အနေအထားရှိနေပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး မိုဘိုင်းကုမ္ပဏီဖြစ်တဲ့ SK Telecom ရဲ့ စမတ်ဖုန်း ငွေကြေးပေးသွင်း ငှားရမ်းမှုက ၃ သန်းထိ ရောက်ရှိခဲ့ပြီး ဖေါက်သည် စုစုပေါင်းရဲ့ ၁၁ ဒသမ ၈ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းမှာ ငွေကြေးပေးသွင်းသုံးစွဲသူ ၃ ဒသမ ၆သန်း ထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ Source.joongang.co.kr
ကမ္ဘာ့ငွေကြေးစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာ နိုင်ငံခြားကုန်သွယ်မှု ငွေစာရင်းရှင်းတမ်းကို ထိန်းညှိနိုင်အောင် ခိုင်မာတဲ့ လက်နက်ကိရိယာကိုဖန်တီးဖေါ်ဆောင်ဖို့အတွက် အချိန်ဇယား ကို ဂျီ-၂ဝ ခေါင်းဆောင်တွေက သဘောတူညီပြီးဖြစ်တဲ့အတွက် ကမ္ဘာ့ ငွေကြေးစစ်ပွဲဟာ အနည်းဆုံးယာယီအားဖြင့် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတလီမြောင်ဘက်က နိုဝင်ဘာ ၁၂ ရက်နေ့ က ကြေညာပါတယ်။ Source.yonhap
အိုင်အမ်အက်ဖ်ကိုအပြတ်အသတ် ပြုပြင်ပြောင်းလဲဖို့ ဂျီ-၂ဝ ခေါင်းဆောင်တို့ထောက်ခံ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့မှာ တရုတ်နိုင်ငံကဲ့သို့သော ထွန်းသစ်စ နိုင်ငံများအား ပြောရေးဆိုခွင့်ပိုပေးဖို့ ချမှတ် ထားတဲ့ အပြတ်အသတ်ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေကို ထောက်ခံကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့က ဂျီ-၂ဝ ခေါင်းဆောင်များ ကကြေညာပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး တွေကြောင့် အဖွဲ့ရဲ့တရားဥပဒေရေး၊ အား ထားနိုင်မှုနဲ့ထိရောက်မှု တို့ကို ပိုမိုကောင်းလာ စေမှာဖြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှု နဲ့တိုးတက်မှုတိုးမြှင့်ရေးအတွက် ပိုမိုခိုင်မာ တဲ့အဖွဲ့ အစည်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ဂျီ-၂ဝ ခေါင်းဆောင်တွေရဲ့ ဆိုးလ်မြို့ကြေညာ ချက်မှာဖေါ်ပြထားပါတယ်။ ှSource.AFP
မစ်ဆူဘီရှီကုမ္ပဏီက ဂျပန်မှာ ကားနှစ်သိန်းခွဲခန့် ပြန်သိမ်း အင်ဂျင်ဝိုင်ယိုစိမ့်တဲ့ပြဿနာကြောင့်ဂျပန်နိုင်ငံမှာ စတုတ္ထမြောက် အကြီးမားဆုံး မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ မစ်ဆူဘီရှီမော်တာ ကုမ္ပဏီက ဂျပန်နိုင်ငံအတွင်းရှိ ကားစင်းရေ နှစ်သိန်းခွဲနီးပါးကို ပြန်သိမ်း မယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့က ပြောပါတယ်။ပြန်လည် သိမ်းယူတဲ့ထဲမှာ မိသားစုသုံး CK Wagon အပါအဝင် ကားအသေးစား မိုဒယ်ခုနှစ်မျိုး ပါဝင်ပါတယ်။ဒါ့အပြင် နီ ဆန်းအတွက် ထုတ်ပေးတဲ့အိုတီနဲ့ ကလစ်ပါ မိုဒယ်တွေလည်း ပါဝင်ပါတယ်။ Source.AFP
ငွေကြေးထိန်းချုပ်ဖို့ ဂျီ-၂ဝ အဖွဲ့ဝင်တို့သဘောတူ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ မှာနှစ်ရက်ကြာခက်ခက်ခဲခဲ ဆွေးနွေးပြီးနောက် ငွေကြေးများကို''အပြိုင်အဆိုင် တန်ဖိုးချ''တာကို ရှောင်ကြဉ်ကြဖို့ ဂျီ-၂ဝ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက သဘောတူညီ ခဲ့ကြပါတယ်။ကမ္ဘာ့ဖွံ့ဖြိုး မှုကိုထိခိုက်စေတဲ့ ကုန်သွယ်ရေးမညီမျှ မှုတွေကို ဖြေရှင်းဖို့အတွက် ''လမ်းညွှန်မှုတွေ'' ရေးဆွဲကြဖို့ ခေါင်းဆောင်တွေကသဘောတူခဲ့ကြပါတယ်။ Source.bbc.co.uk
အိန္ဒိယနိုင်ငံဟာ စီးပွားရေးလုပ်ငန်းဆောင်ရွက်ဖို့ အလွယ်ကူဆုံးနိုင်ငံဖြစ်လာ အိန္ဒိယနိုင်ငံဟာ အတိုးတက်ဆုံးနိုင်ငံ ၄ဝ ထဲမှာ ပါဝင်ပြီး လွန်ခဲ့တဲ့ နှစ်အတွင်းမှာ စီးပွားရေးဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုကို မှန်မှန် ဆောင်ရွက်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်လွယ်ကူမှုရှိတယ်လို့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ)နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည်အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ ၂ဝဝ၅ ခုနှစ်ကစပြီး အိန္ဒိယနိုင်ငံက နယ်မြေ ခုနစ်ခုမှာ စီးပွားရေးကြီးကြပ်မှုပြုပြင်ပြောင်းလဲရေး ၁၈ ခု ဆောင်ရွက်ခဲ့လို့ ပြည်တွင်းလုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ပေါ်ခဲ့တယ်လို့ ဆိုပါ တယ်။ Source :ians
ကမ္ဘာ့ငွေကြေးပြုပြင်ပြောင်းလဲမှုအတွက် တရုတ်နဲ့ ပြင်သစ်လက်တွဲမည် လာမယ့်ရက်သတ္တပတ်မှာ ဂျီ-၂ဝ စီးပွားရေး အုပ်စုတွေ ဖွဲ့ စည်းဖို့ ပြင်သစ်က ဦးဆောင်အကောင်အထည်ဖော်တဲ့ အချိန်မှာ ကမ္ဘာ့ ငွေကြေး ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်နဲ့ပြင်သစ်တို့ပူးပေါင်းပြီး တွန်း အားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြင်သစ်သမ္မတရဲ့ အဆင့် မြင့် အကြံပေးအရာရှိတစ်ဦးက ပြောပါတယ်။ ပြင်သစ်ရဲ့ ပြပြင် ပြောင်း လဲရေး စီမံချက်တွေအပေါ် ပြင်သစ်သမ္မတ နီကိုလပ်ဆာကိုဇီနဲ့ တရုတ် သမ္မတ ဟူကျင်တောင်တို့ အမြင်ချင်းတူညီကြတယ်လို့ ဆိုပါတယ်။ Source : AFP
မီးတောင်ပေါက်ကွဲပြီးနောက် ဂျာကာတာလေကြောင်းခရီးစဉ်များ ဖျက်သိမ်း မာရာပီမီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ မီးတောင် ချော်ပြာများကြောင့် ဂျာကာတာသို့ အလာနဲ့ ဂျာကာတာမှ အထွက် လေကြောင်းလိုင်း ၁၁ ခုရဲ့ လေကြောင်းခရီးစဉ် ၃၆ ခုကို နိုဝင်ဘာ ၆ ရက်က ဖျက်သိမ်းခဲ့ရတယ်။ ဖျက်သိမ်းတဲ့ထဲမှာ ဥရောပနဲ့ အာရှဆက်သွယ်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေပါ ပါဝင်တယ်လို့ လေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ Source : AFP
ဒဲလ်က ၂ဝ၂ဝ ပြည့်နှစ်တွင် တရုတ်ပြည်၌ ဒေါ်လာဘီလီယံ ၁ဝဝ ရင်းနှီးမြုပ်နံှမည် လျင်မြန်စွာတိုးတက်နေတဲ့ ဈေးကွက်ထဲမှာ လာမယ့်ဆယ်စုနှစ်အတွင်း ဒဲလ်ကုမ္ပဏီက ဒေါ်လာဘီလီယံ ၁ဝဝ ရင်းနှီးမြှုပ်နံှပြီး တရုတ်ပြည်ရဲ့ ဒုတိယမြောက်စင်တာတစ်ခုကို ဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ကွန်ပျူတာထုတ်လုပ်ရေးကုမ္ပဏီ ဒဲလ်ကစက်တင်ဘာ ၁၇ ရက်က ပြောပါတယ်။ တရုတ်နိုင်ငံအနောက် ပိုင်း ဇီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ ဖွင့်လှစ်မယ့် စင်တာသစ်က ထုတ်လုပ်မှု၊ ရောင်းချမှု နဲ့ ဝန်ဆောင်မှုတွေကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ Source. AFP
စီးပွားဖြစ်မထုတ်မီ ဟွန်ဒိုင်းက လျှပ်စစ်ဘတ်(စ်)ကားကို လမ်းပေါ်မှာ စမ်းသပ်မည် စီးပွားဖြစ်မထုတ်မီ ဟွန်ဒိုင်းက လျှပ်စစ်ဘတ်(စ်)ကားကိုလမ်းပေါ်မှာ စမ်းသပ်မည်ဟွန်ဒိုင်းမော်တာ ကုမ္ပဏီက လာမဲ့လမှာ လျှပ်စစ် ဘတ်(စ်)ကား အမျိုးအစားသစ်ဖြစ်တဲ့ Elec-City ကို စမ်းသပ်မောင်းနှင်မယ်လို့ ကုမ္ပဏီက စက်တင်ဘာ ၁၅ ရက်က ပြောပါတယ်။ လာမဲ့နှစ်မှာ ကားကိုစီးပွား ဖြစ်ထုတ်ဖို့ သင့်မသင့်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံ ဆူဝန်မှာရှိတဲ့လမ်းမှာ လျှပ်စစ်ဘတ်(စ်)ကားကို စမ်းသပ်မောင်းနှင်ဖို့အတွက် Gyeonggi ဒေသဆိုင်ရာ အစိုးရနဲ့မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီတို့က သဘောတူစာချုပ်ချုပ်ပြီးပြီလို့ဟွန်ဒိုင်းမော်တာကားက ပြောပါတယ်။Source:yonhap.com
