Main menu

Background

Wednesday, 27 Jan 2010

   အခွန်ဆွဲဆောင်မှုအမြောက်အမြားထုတ်ပေးတာတွေကြောင့်ဖြစ်ပေါ်လာမဲ့ ဆုံးရှုံးမှုတွေကို နည်းပါးစေးဖို့အတွက် ဖိလစ်ပိုင်နိုင်ငံက ပြည်တွင်းအကောက်အခွန်ဗျူရို ကြီးကြပ်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။   အခွန်ကင်းလွတ်ခွင့်နဲ့ ဆွဲဆောင်မှုကော်မတီက အခွန်လျှော့ချမှုအစီအမံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မှုတွေကို အေဂျင်စီရဲ့ ''မဟာ ဗျူဟာလမ်းညွှန်'' မှုနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ ဗျူရိုရဲ့ကြေညာချက်မှာ ဖော်ပြထားပါ တယ်။  ဒုတိယကော်မရှင်နာလူစီတာဂျီ ရိုဒရစ်ဂွက်ဦးဆောင်တဲ့ ကော်မတီက အခွန်အကောက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းသစ်တွေ မူကြမ်း ရေးဆွဲပြီး ဒီဥပဒေတွေက တစ်ဆင့်ပေါ်ပေါက်လာမဲ့ အခွန်ဝင်ငွေဆုံးရှုံးမှုတွေကို လေ့လာသွားမှာဖြစ်ပါတယ်။ ထို့အတူ အခွန်ကောက်ခံ မှုရည်မှန်းချက်တွေသတ်မှတ်ပြီး အကောက်အခွန်ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုကို လေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။  Source: bworldonline.com

Wednesday, 27 Jan 2010

တိုယိုတာမော်တော်ကားတွေရဲ့ လီဗာပြဿနာများကို ဖြေရှင်းပေးဖို့အတွက် အမေရိကန်ပြည်ထောင်စုရှိ မော်တော်ယာဉ် ၂ ဒသမ ၃ သန်းကို တိုယိုတာမော်တာက ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြန်လည် သိမ်းယူခဲ့ပါတယ်။ ပြန်သိမ်းတဲ့ မိုဒယ်တွေထဲမှာ RAV4 (2009 ~ 2010), Corolla (2009~2010), Matrix (2009~2010), Avalon (2005~2010), Camry (2007~2010), Highlander (2010), Tundra(2007~2010) နဲ့ Sequoia(2008~2010) တွေပါဝင်ပါတယ်။Source: AFP

Wednesday, 27 Jan 2010

   အန္တရာယ်များတဲ့ စွန့်စားမှုတွေကို ထိန်းချုပ်ဖို့အတွက် အမေရိကန်ဘဏ်များနဲ့ ဘဏ္ဍာရေးလုပ်ငန်းများရဲ့ အရွယ်အစားနဲ့ နယ်ပယ်ကို ကန့်သတ်မဲ့အစီအစဉ်ကို အမေရိကန်သမ္မတအိုဘားမားက ဇန်နဝါရီ ၂၁ ရက်နေ့ကကြေညာပါတယ်။ ဝေါစထရိမှ ဆန့်ကျင်မှုများရှိနေ သည့်တိုင် လွှတ်တော်သို့ပြင်ဆင်မှုများကို တင်ပြရန်အိုဘားမားက စီစဉ်လျက်ရှိပါတယ်။ ဝေါစထရိက ဆုကြေးငွေများကို တနင့်တပိုး ထုတ်ယူပြီး ချေးငွေဈေးကွက်ကို ကျပ်တည်းအောင်လုပ်တဲ့အတွက် အများပြည်သူအတွင်းဖြစ်ပွားနေတဲ့ ငြိုငြင်မှုကို ထိန်းသိမ်းဖို့ အတွက် ယခုကြေညာချက်ဟာ အိမ်ဖြူတော်ရဲ့နောက်ဆုံးကြိုးပမ်းချက်ဖြစ်ပါတယ်။      Source: AFP

Wednesday, 27 Jan 2010

   အသိပညာအခြေပြုလုပ်ငန်းတွေနဲ့ နည်းပညာအခြေပြုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး အဆင့်တန်းမြင့်စီးပွားရေးကို မလေးရှားက ထူထောင်တဲ့ နေရာမှာ ပါဝင်နိုင်မဲ့အနေအထားကို အိန္ဒိယကရရှိထားပါတယ်လို့ မလေးရှားဝန်ကြီးချုပ် ဒါတိုရှရီမွတ်နာဂျစ် တွန်အဗ္ဗဒူ ရာဇတ်က အိန္ဒိယနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အတွင်းမှာပြောကြားခဲ့ပါတယ်။   ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးပါတယ်။ ယခုအခါအိန္ဒိယ-အာဆီ ယံလွတ်လပ်တဲ့ ကုန်သွယ်မှုစာချုပ်ကိုချုပ်ဆိုထားပြီးဖြစ်ပါတယ်။ ဒါကြောင့်ပညာရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ သုတေသနနဲ့ ဖွံ့ဖြိုးမှု အတွက် ဆွဲဆောင်မှုတွေပေးဖို့လည်း မစ္စတာရာဇတ်ကပြောပါတယ်။    အိန္ဒိယနိုင်ငံက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို အဓိကထားဆောင်ရွက်သလို ခရီးသွားလုပ်ငန်း၊ အသိပညာရှင် လုပ်သားများပြောင်း ရွှေ့မှု၊ လေ့ကျင့်ရေးပညာရေးနဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးအပါအဝင် ပြည်သူအချင်းချင်းဆက်ဆံမှုကိုဆောင်ရွက်သင့်တယ်လို့ ဝန်ကြီးချုပ် ကပြောပါတယ်။   နောက်တစ်ဆင့်ကတော့ ပိုမို ခေတ်မီတိုးတက်တဲ့လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးဟာ အသိပညာအသားပေးပြီး အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့အထိ တိုးတက်အောင်ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းပါတယ်။   ဒီရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် မလေရှားက မကြာမီဗီဇာစည်းမျဉ်းသစ်တွေ ထုတ်ပြန်ပေးသွားမယ်လို့ မစ္စတာရာဇတ်က ပြောပါတယ်။Source: cnn.com

Wednesday, 27 Jan 2010

   ထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံ အဆင့်မြင့်အစိုးရ အရာရှိကြီးများဟာ အာဆီယံနိုင်ငံများအတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှုအစီအစဉ်အရ ကုန်သွယ် ကြမဲ့ဆန်စပါးနဲ့ပတ်သက်ပြီး အငြင်းပွား မှုကို ဖြေရှင်းဖို့ ဇန်နဝါရီလ ၁၇ ရက် နေ့မှာစတင်ဆွေးနွေးကြမှာဖြစ်ပါတယ်။   ဇန်နဝါရီ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်း မြို့မှာကျင်းပမဲ့ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးမှာ ဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်တယ်လို့ ထိုင်းဒုတိယလယ်ယာစိုက်ပျိုးရေးဝန်ကြီး ဆက်ပရက်ဒိုဆာရာနိုကပြောကြားပါတယ်။ ဒါပေမယ့် ဆန်တန်ချိန် သုံးသိန်းကျော်ကို မနီလာသို့တင်ပို့ရန် ဖိလစ်ပိုင်က အတည်ပြုမပြုကို ဆာရာဒိုကအတည်ပြုပြောကြားခြင်းမရှိ သေးပါ။ အာဖတာအရ ဖိလစ်ပိုင်နိုင်ငံက ယခုနှစ်မှစပြီး ဆန်ကိုသွင်းကုန်ခွန် လျှော့ချပေးရမှာဖြစ်ပါတယ်။   ၂၀၀၉ ခုနှစ် အောက်တိုဘာ လအတွင်းက ဖိလစ်ပိုင်နိုင်ငံဟာ ဆန်တင်သွင်းမှုအခွန်ကို ၃၅ ရာခိုင်နှုန်း အောက်လျှော့ချမပေးနိုင် ဘူးလို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး အာသာယပ်ကပြောကြားခဲ့ပါတယ်။ လော လောဆယ်မှာ အာဆီယံအက်ဖ် တီအေအရ ဆန်တင် သွင်းမှုမှာ အခွန် ၄၀ ရာခိုင်နှုန်းပေးဆောင်ရမှာဖြစ်ပါ တယ်။   ဆန်စပါးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်က အခွန်လျှော့ပေးဖို့နှောင့်နှေးနေမယ်ဆိုရင် အာဆီယံကုန်ပစ္စည်း ကုန်သွယ်မှု (ATIGA) ကို အကောင်အထည်ဖော်ဖို့ရပ်ဆိုင်းထားမယ်လို့ ထိုင်းနိုင်ငံကခြိမ်းခြောက်ခဲ့ပါတယ်။   ဇန်နဝါရီလ ၁ ရက်နေ့ကစ ပြီး ဖိလစ်ပိုင်နဲ့ကျန် အာဆီယံငါးနိုင်ငံတို့က အကောက်အခွန်လိုင်း ၇၈၈၁ အပေါ်မှာ အခွန်လျှော့ချပေးခဲ့ ပါတယ်။ အလွန်အရေးကြီးစာရင်းထဲမှာပါတဲ့ ဆန်ကိုတော့ သတ်မှတ်ထားတဲ့နေ့ရောက်မှ လျှော့ချပေးမှာဖြစ်တယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။Source: businessmirror.com.ph

Wednesday, 27 Jan 2010

စီးပွားရေးနာလန်ထူမှုကြီးမားလာတဲ့တိုင်အောင် အလုပ်အကိုင်ဈေးကွက် မတည်မငြိမ်သေးတဲ့အတွက် ၂၀၁၀ ပြည့်နှစ်မှာ အလုပ် အကိုင်သစ် ၂၅၀၀၀၀ ဖန်တီးဖို့ရည်မှန်းထားတယ်လို့ တောင်ကိုရီးယားနိုင်ငံက ဇန်နဝါရီ ၂၁ ရက်နေ့ ကကြေညာပါတယ်။ စီးပွားရေး နဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနများရဲ့ အစည်းအဝေးကျင်းပပြီးနောက် အလုပ်အကိုင်သစ်အရေအတွက်ခန့်မှန်းချက်ကို တိုးမြှင့်ခဲ့ပါတယ်။ လူအင်အားစုစည်းမှုကို အထောက်အကူပေးနိုင်ဖို့အတွက် အသေးစားနဲ့အလတ်စား ကုမ္ပဏီတွေကို အခွန်နဲ့တခြားအကျိုးခံစား ခွင့်တွေကို အစိုးရကစီစဉ်ပေးမယ်လို့ တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး  ယွန်ယောင်ဟွန်ကပြောကြားပါတယ်။Source: AFP

Tuesday, 19 Jan 2010

ယခုသီတင်းပတ်စောစောပိုင်းက လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကိုခံစားခဲ့ရတဲ့ ဟေတီပြည်သူများအတွက် အကူအညီဒေါ်လာ ၅၆၂ သန်းထည့် ဝင်ကြပါရန် ကုလသမဂ္ဂက ဇန်နဝါရီလ ၁၅ ရက်နေ့ ကပန်ကြားခဲ့ပါတယ်။     ဇန်နဝါရီလ ၁၁ ရက်နေ့ကလှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူဦရေး ၉ သန်းရှိတဲ့ ဟေတီနိုင်ငံမှာ လူသုံးပုံတစ်ပုံခန့်ထိခိုက်မှုရှိခဲ့ပါ တယ်။ မြေငလျင်လှုပ်မှုကြောင့် မြို့တော်ပို့အာပရင့်တစ်ခုလုံးပျက်စီးပြီး အခြေခံဝန်ဆောင်မှုအားလုံးပြိုကွဲသလောက်ဖြစ်ခဲ့ရပါတယ်။ အဆောက်အဦ ၁၀ ရာခိုင်နှုန်းလောက် ပျက်စီးပြီး လူ ၃၀၀၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။ကုလသမဂ္ဂဗဟိုအရေးပေါ် လုပ်ငန်းဆောင်ရွက်ရေးရန်ပုံငွေအဖွဲ့ကတော့ ဒေါ်လာ ၂၅ သန်းထည့်ဝင်ထားပြီးဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဟေတီနိုင်ငံကိုသွားရောက်ဖို့စီစဉ်ထားပါတယ်။    ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးသူဦးရေဟာ နှစ်သိန်းခန့်ရှိတယ်လို့အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။ ဟေတီနိုင်ငံမှာ တာဝန် ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဝန်ထမ်း ၃၇ ဦးလည်း အသက်ဆုံးရှုံးတဲ့ထဲမှာပါဝင်တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂဝန်ထမ်း ၃၃၀ ကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘန်ကီမွန်းရဲ့ပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီကပြောကြားပါတယ်။Source: (1) Reuters, (2) Xinhua

Tuesday, 19 Jan 2010

 ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး အခွန်ကြေညာလွှာများကို ၂၀၁၀ပထမ သုံးလပတ်တွင် လုပ်ငန်း ၅၀၀အတွက်စတင်ဆောင်ရွက်ပြီး သုံးလပတ်အလိုက် ဦးရေတိုးမြှင့်ကာ စီးပွားရေးလုပ်ငန်း ၃၀၀၀ အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စနစ်သစ်ကိုအသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအတွက် အချိန်နှင့် ကုန်ကျစရိတ်သက်သာမှာဖြစ်သလို နိုင်ငံတကာအေဂျင်စီများရဲ့စီမံခန့်ခွဲမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်း ဝန်ထုပ်ဝန်ပိုးသက်သာမှာ ဖြစ်ပါတယ်။ Source: vounews.vn

Tuesday, 19 Jan 2010

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ တောင်ကိုရီးယားအစိုးရတို့က ဇူလိုင် ၁၂-၁၃ ရက်နေ့မှာ အာရှဒေသဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာကွန်ဖရင့်တစ်ခုကို ဆိုးမြို့မှာ ပူးပေါင်းကျင်းပမယ်လို့ အိုင်အမ်အက်ဖ်အဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့ကကြေညာပါတယ်။ အစည်းအဝေးကို ထင်ရှားတဲ့စီးပွားရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေးဈေးကွက် ကျွမ်းကျင်သူများ၊အတတ်ပညာရှင်များ၊ မြို့ပြအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်များနဲ့ သတင်းသမားတွေအပါအဝင် အဆင့်မြင့်ပုဂ္ဂိုလ် ၃၀၀ ကျော်ပါဝင်မှာဖြစ်သလို ဘဏ္ဍာရေး ဝန်ကြီးများနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများနဲ့ အဆင့်မြင့်မူဝါဒရေးဆွဲ သူတို့ပါဝင်မှာဖြစ်ပါတယ်။Source: Xinhua

Tuesday, 19 Jan 2010

ဘဏ္ဍာရေးအကျပ်အတည်းရဲ့ဂယက်ရိုက်ခတ်မှုကို ကမ္ဘာကြီးကနောင်နှစ်ပေါင်းများစွာခံစားနေရဦးမှာဖြစ်ကြောင်း၊ အကျပ်အတည်း ကြောင့် ၂၀၀၉ ခုနဲ့ ၂၀၁၀ပြည့်နှစ်အတွင်း နောက်ထပ် လူ ၆၄ သန်းဟာ ပြင်းထန်တဲ့ဆင်းရဲမှုနဲ့ ကြုံတွေ့နိုင်ကြောင်းဘာလင်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရောဘတ် ဂိုးလစ်က ဇန်နဝါရီလ ၁၅ရင်နေ့မှာပြောပါတယ်။Source: Reuters

Pages