Main menu

Background

Monday, 2 Jul 2012

    ကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ တန် ၄၅၀ ဝန်းကျင်ကို နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ မြိတ်တို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်တင်ပို့မှုမှာ တန် ၉၁၀ ကျော်ရှိခဲ့ရာ ယခုအပတ်မှာ ထက်ဝက်ကျော်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။

Monday, 2 Jul 2012

    တရုတ်နဲ့မလေးရှားနိုင်ငံများသို့ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ရော်ဘာ ၄၂၅ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်ကတင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၃ ဆကျော်ပိုမို ခဲ့ပါတယ်။ တရုတ်သို့ကန်ဒေါ်လာ ၁ ဒသမ ၂၃၈ သန်းတန်ဖိုးရှိတဲ့ MSR-50   ၄၀၆ တန်ခန့်နဲ့ မလေးရှားသို့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ RSS-5 တန် ၂၀ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခုအပတ်ရန်ကုန် FOB ပျမ်းမျှပေါက်ဈေး တွေကတော့ RSS-1 ဒေါ်လာ ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့MSR-20  ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-5 နဲ့ MSR-50    ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 2 Jul 2012

    စက်တင်ဘာ၊ အောက်တိုဘာလကစပြီးဈေးကွက်ကို အသစ်ဝင်လာတဲ့ ရှမ်း ပြောင်းက ရာသီအစမှာ တစ်ပိဿာ ၂၁၀ ကျပ် - ၂၁၅ ကျပ်နဲ့သာ ဈေးစခဲ့ပါတယ်။ လက်ကျန်ပြောင်းဟောင်းတွေကသာ ဈေးကွက်ဝင်ပြီး၊ ပြောင်းအသစ်တွေကတော့ အစိုဓါတ်ကြောင့် ဈေးကွက်သိပ်မဝင်သေးလို့ ပြောင်းဟောင်းကတော့ တစ်ပိဿာ ၃၀၀ကျပ် - ၃၁၅ ကျပ်ဈေးသာရှိ ပါတယ်။

Monday, 2 Jul 2012

    ဇွန်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုမှာ ၁၄ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်း ဖိုးသာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၆၀ ကျော် အပို့လျော့ ခဲ့ပါတယ်။ ယခုအပတ်မှာစင်္ကာပူသို့ ၁၂ တန်နဲ့မလေးရှားသို့ ၂ တန်သာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးမှာ ပြောင်းတစ်တန် ကို ဒေါ်လာ ၂၈၀ ဈေးပေါက် လျက်ရှိပါတယ်။ နယ်စပ်မှပြောင်းတင်ပို့မှု ကတော့ တန် ၅၈၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။                                             MIRT(DOBT)

Monday, 2 Jul 2012

    ပရဆေးကုန်ကြမ်းများ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အပို့ ရှိသလိုအသွင်းလည်းရှိရာ ယခုအပတ်မှာ မူဆယ်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ အပို့ရှိခဲ့ပြီး တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အသွင်းရှိခဲ့ပါတယ်။ ယခု အပတ်မှာ မူဆယ်မှကန်ဒေါ်လာ ၂ ဒသမ ၀၁၄ သန်းတန်ဖိုး ရှိ ပရဆေး ၁၅၁၄ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ စမုံနက် ၁၂ တန် မြဝတီမှ အပို့ရှိခဲ့ပါတယ်။

Sunday, 1 Jul 2012

    မန္တလေးဝယ်လက်တွေ အဝယ်ရှိနေတာကြောင့် ဟိုပုံးနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးကတစ်ဆင့် မူဆယ်ကို တင်ပို့နေပြီး၊ ဟိုပုံးနနွင်းက ဆင်တောင်နနွင်းထက်ဈေးချိုတာရယ်၊ ကျစ်တာရယ် ကြောင့် ဝယ်ယူမှုပိုများတယ်လို့ သိရပါတယ်။ ဟိုပုံးနနွင်းကို ၁ လပိုင်းကနေ ၆ လပိုင်းအထိ ၆ လအတွင်း ပိဿာချိန် ၆ သိန်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းပေါက်ဈေးက ၆၅၀ ကျပ်ဈေးရှိပါတယ်။

Sunday, 1 Jul 2012

    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့မြဝတီတို့မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၀ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၃၄၈ တန်ခန့်ကို ဇွန် ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၁၂ တန် အပို့ ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၃၃၄ တန်နဲ့ မြဝတီမှ ၁၄ တန်ခန့် ဖြစ်ပါတယ်။MIRT(DOBT)

Sunday, 1 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်းတန် ၃၀ ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက အာရပ်စော်ဘွား များပြည်ထောင်စုပဲဖြစ်ပါတယ်။ မေလကုန်အထိသာ အပို့ရှိခဲ့ပြီး နှစ်ပတ်ဆက်တိုက်အပို့ပျောက်နေခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်မေလတင်ပို့ခဲ့တဲ့ နနွင်းက FOB ဈေးကန်ဒေါ်လာ ခုနှစ်ရာနီးပါးရရှိခဲ့တဲ့ နနွင်းဈေးက ဒီတစ်ပတ်မှာ ကန်ဒေါ်လာ ငါးရာဝန်းကျင်သာ ရရှိခဲ့ပါတယ်။MIRT(DOT)

Sunday, 1 Jul 2012

    ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူ ဘက်မှ ကြက်သွန်နီများ၃၅ ပိဿာဝင်အိတ် ၅၀၀ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်မှာလည်း တစ်ရက်ကို အိတ် ၆၀ ခန့်သာ အရောင်း အဝယ်ဖြစ်ပြီး၊ ဈေးကွက် အတွင်း အရောင်းအဝယ်ပါးတာကြောင့် ဈေးအေးသွားခဲ့ကြောင်းသိရပါတယ်။ ပြည် ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာကို ၅၀ ကျပ်ခန့်ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၆၀၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။                        ဝင်းဝင်းခိုင်

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပြည်ပကိုမန်ကျည်း ၁၆၉ ဒသမ ၉၈ တန်ကို ဇွန် ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ် အတွင်း မလေးရှားနိုင်ငံကို ၁၄၄ ဒသမ ၉၈ တန်နဲ့ ထိုင်းနိုင်ငံကို ၂၅ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်တစ်ရာငါးဆယ် ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်းပတ်ထက် ဆယ်တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါ တယ်။ FOB ဈေးကတစ်တန်ကိုကန်ဒေါ်လာငါးရာနှစ်ဆယ်ကျော်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းနီးပါးရရှိခဲ့ပါတယ်။                                      MIRT (DOT)

Pages