Main menu

Background

Friday, 29 Jun 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ထိုင်းနိုင်ငံကို မန်ကျည်း၂၅တန်နဲ့ စင်ကာပူနိုင်ငံကို မန်ကျည်း ၁၃၂ တန် ကိုသီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန် ၁၀ ရက်မှ ၁၆ ရက်အတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် နှစ်ရာ့ခြောက် ဆယ် ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာကျော်အပို့လျော့ခဲ့ပါ တယ်။ FOB ဈေးကတော့ ယခင်တစ်ပတ်ကတစ်တန်ကို ကန်ဒေါ်လာ ငါးရာကျော် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ကန်ဒေါ်လာ လေးရာ့လေးဆယ်ေ ကျာ်သာ ရှိတာ ကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သောင်းကိုးထောင် ကျော် ရရှိခဲ့ ပါတယ်။                                                  MIRT (DOT)

Friday, 29 Jun 2012

    ကလောမြို့နယ်၊ ပင်းတယမြို့နယ်တွေက ချင်း(ဥမ)တွေဖော်နေတာကြောင့် ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ မိုးကလည်း အတော်ရွာလာပြီဖြစ်တာကြောင့် အရင် တစ်ပတ်ကလောက်တော့အဝင်မများပါဘူး။ ချင်း(ဥမ)က မြေကြီးထဲမှာ အကြာကြီး အထားမခံပါဘူး။ ၄-၅ လလောက်ကြာရင်တော့ ပုပ်ပြီးခြောက်သွားတာကြောင့် မဖော် မဖြစ်ဖော်ကြရပါတယ်။

Friday, 29 Jun 2012

    မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ကုလားပဲဈေးကွက်အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ ဒေသတွင်းလုပ်ငန်းသုံး သမားတွေ အဝယ်ဆုံလို့ ကုလားပဲမျိုးစုံတက်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲရိုးရိုးကတော့ ပစ္စည်းလက်ကျန်နည်းလို့ ဈေးမတက်နိုင်တဲ့ရက်တွေရှိခဲ့ပေမဲ့ တစ်တင်း ၁၇၉၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပါတယ်။

Friday, 29 Jun 2012

    ယခုတစ်ပတ်မှာလည်း ကုလားပဲရောင်းဝယ်မှုရော တင်ပို့မှုပါ ဆက်လက်ကျဆင်းနေပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန် ၂၁၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၆ ရက်)  အတွင်းမှာလည်း တန်ချိန် ၁၅၀၀ ကိုသာ ထပ်မံလျော့ကျတင်ပို့ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၁၅ ရက်အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၃၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂၅ သန်းခန့်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၈ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏရော တန်ဖိုးပါ ပိုမိုကြောင်း သိရပါတယ်။

Friday, 29 Jun 2012

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဆောင်းသီးနှံပဲမျိုးစုံများမှာ လက် ကျန်နည်းလာခဲ့ပြီဖြစ်သလို ပဲတီစိမ်းသီးနှံဟာလည်း တိုင်းအတွင်းရှိ မြို့နယ် အားလုံးမှာ စိုက်ပျိုးမှု မရှိဘဲ ပြည်ခရိုင်အတွင်း မြို့နယ်အချို့မှာသာ စိုက်ပျိုးမှု ရှိခဲ့တာကြောင့် ဒေသတွင်း ထွက်ရှိမှုနည်းခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း ပွဲရုံများမှာ လက်ကျန် အသင့်အတင့်သာရှိခဲ့ပြီး၊ တစ်ခါတစ်ရံမှသာ ရန်ကုန် ဝယ် လက်အပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။  ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်က ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လ အတွင်း မိုးပဲတီစိမ်းသစ် များ ဈေးကွက်ကိုဝင်ေ ရာက်နိုင်ကြောင်း ပွဲရုံများမှ သိရှိရပါတယ်။ခင်ဆွေဝင်း

Friday, 29 Jun 2012

      မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၅၆၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၉၁၅ တန်ကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ တစ်ဖက်အိမ်နီးချင်းတရုတ်နိုင်ငံသို့အပို့ရှိခဲ့ပါတယ်။  ယခင် အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ် လျှင် ၆၁၅ တန်ခန့်လျော့နည်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်ဈေးမြင့်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံဈေးကျလျက်ရှိတာ တွေ့ရပါ တယ်။

Sunday, 24 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းအရောင်းအဝယ် နည်းပါးလျက်ရှိပါတယ်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်းမှာ အချို့ ရက်များသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ စုစုပေါင်း တန် ၁၁၀၀ ကျော်သာ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်အချို့သာရှိပြီး ပြည်တွင်း မှာလည်း လက်ကျန်မများတော့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခုတစ်ပတ်လည်း ဆက်လက် ကျဆင်းလာပါတယ်။ ဇွန် ၁၁ ရက်မှ ၁၅ ရက်အထိတစ်ပတ်အတွင်းတန်ချိန် ၂၃၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်ဘက်ကို တင်ပို့ဖို့ ဝယ်လိုအားနည်းလာပြိး အိန္ဒိယကို တင်ပို့မှုအချို့သာရှိတယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန်လ ၁၅ ရက်အထိ ပဲတီစိမ်း စုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၉၁၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာကန်ဒေါ်လာ ၆၇ သန်းကျော်ရရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာ နှစ် ကာလတူမှာ တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈၅ သန်းခန့် ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏ ပိုမိုပေမဲ့ ဝင်ငွေလျော့ကျကြောင်း သိရပါ တယ်။MIRT - MAPT

Sunday, 24 Jun 2012

    ပြည်ပဲဈေးကွက်အတွင်း ပဲလွန်းဖြူ ဈေးမှာ ပဲလက်ကျန်နည်းလာခဲ့ပေမယ့် ဈေးနှုန်းအနေနဲ့ ဈေးပြန်မြင့်လာပြီး၊ ပဲတစ်တင်းကို ၁၆၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။အရောင်းအဝယ်ကတော့ နေ့ တိုင်းမဖြစ်ဘဲလက်လီသမားများ အဝယ် ရှိမှသာ ၁၄ အိတ် - ၁၅ အိတ်ခန့် ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။မိမိအေး

Sunday, 24 Jun 2012

    မူဆယ် ၁၀၅ မိုင်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၄၂ တန်ခွဲကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ  အပို့ရှိခဲ့ပါတယ်။ မိမိဘက် မြေပြင်ဈေးမှာ တစ်တန်ကို ၆၂၅၀၃၃ ကျပ် ရှိနေပြီး ဈေးမြင့်နေပါ တယ်။ တစ်ဖက်နိုင်ငံဈေး သိသိသာ သာ ပြောင်းလဲမှုမရှိဘဲ တစ်တန် ကန် ဒေါ်လာ ၇၄၄ ဒေါ်လာ ရှိနေပါတယ်။                              MIRT - DOBT

Pages