Main menu

Background

Sunday, 24 Jun 2012

    ပြည်တွင်းဈေးကွက်တွေမှာ လက် ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူကို တင်ပို့မှုရော ရောင်းဝယ်မှုပါ လျော့လာ တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ချိန် ၇၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန် ၆၀၀ ကျော်ကို ထပ်မံလျော့ကျ တင်ပို့ ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်အထိ ၂၀၁၂-၁၂ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ တင်ပို့မှုမှာ တန်ချိန် ၁၂၈၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၉ သန်း ကျော်ရရှိ ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလ တူမှာ တန်ချိန် ၉၆၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းကျော်ရရှိ ခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    မြင်းခြံခရိုင်မှာ ပဲစင်းငုံကို အဓိကထား စိုက်ပျိုးခဲ့ရာမှ စိုက်ဧကပေါင်း ၂၈၀၀၀၀ ဧက စိုက်ပျိုးဖို့ လျာထားတဲ့အနက် ၁၁၅၆၀၀ ဧက စိုက်ပြီးခဲ့ပါပြီ။ ဒီလအကုန်မှာ အားလုံးစိုက်ပြီးမယ်လို့ တောင်သူများက ဆိုပါတယ်။ ပဲစင်းငုံဈေး မှာလည်း ယခင်လ ထက် ဈေးအနည်းငယ်မြင့်လာပါတယ်။

Sunday, 24 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံကို ပြည်ပဝယ်လက်အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လက်အဝယ်သွက်လျက်ရှိလာတဲ့အတွက် တချို့ကုန်သည်များက လက်ကျန် နည်းလာပြီဖြစ် သလို ဈေးပိုမိုလာ မယ့် ခန့်မှန်းချက်အရ ရောင်းချမှုနည်းလာတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲစင်းငုံလက်ကျန်နည်းနေပြီး တင်ဒါခေါ်ယူမှုများ လည်းရှိလို့ ပြည်ပဝယ်လက် အဝယ်သွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၂၀၀ ကျပ်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြတာကြောင့် ဈေးအနည်းငယ်မြင့်လာ ပါတယ်။ မတ်ပဲဈေးမြင့်တက်လာသော်လည်း ကုန်စည်ဒိုင်မှာ ပဲအရောင်းအဝယ်ဖြစ်မှုမှာ နည်းပါးသွားပြီး၊ တင်ပို့မှု လည်းယခင်တစ်ပတ်ထက် လျော့နည်းသွားကြောင်း တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် ပဲစီးဆင်းမှုမှာ တစ်နေ့ကို ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။            အေးအေးခိုင်

Sunday, 24 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု အားပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယဝယ်လက် အဝယ်ပြန်လိုက်လာတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ်သွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယ ရူပီးဈေးက ဆက်လက်နိမ့်ကျနေတာကြောင့် မတ်ပဲဈေးက တက် သင့်သလောက် များများမတက်ဘူးလို့ သိရပါတယ်။

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်း တန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန်ချိန် ၉၁၀၀ ကျော်သာ တင်ပို့ခဲ့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

        အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင်က ပုံမှန်ရှိနေပါတယ်။ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၃၀ဝ ခန့် အဝင်ရှိနေ တယ်လို့လည်း အောင်ပန်းဈေးကွက်က သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ အသုံးပြုဖို့ (အမှုန့်ကြိတ်ပြီး ရောင်းဖို့) အတွက်၊ ဖြူး၊ တောင်တွင်းကြီး၊ ပြည်ဘက်က အဝယ်ရှိလာတယ်လို့လည်း သိရပါတယ်။

Sunday, 24 Jun 2012

        ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်နယ်စပ်မှ ၁၆၇ တန်နဲ့ မြဝတီနယ်စပ်မှ ၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နနွင်းတက် တင်ပို့မှုထက် တန် ၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၁၉၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၅ တန်ကျော် အပို့ရှိခဲ့ပါသေးတယ်။ MIRT(DOBT)

Sunday, 24 Jun 2012

        ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူဖက်မှ ကြက်သွန်နီများ ၃၅ ပိဿာ ဝင်အိတ် ၈၀ဝ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်လည်း တစ်ရက် အိတ် ၁၀ဝ ခန့်သာ အရောင်းအဝယ် ဖြစ်လို့ ဈေးလည်း အေးကြောင်း သိရပါတယ်။ ပြည်ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာ ၅၀ ကျပ်ခန့် ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး)တစ်ပိဿာ ၆၀ဝ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိကြောင်း သိရပါ တယ်။                        ဝင်းဝင်းခိုင်

Sunday, 24 Jun 2012

        ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၁၁၀၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၁၃၈ တန်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်များမှ တင်ပို့မှု ရှိခဲ့ပေမယ့် ယခုအပတ်မှာ မူဆယ်နယ်စပ်ကသာအပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင် အပတ်ကထက် တန် ၂၀ ကျော် မူဆယ်မှ အပို့ပိုခဲ့တာဖြစ်ပြီး နယ်စပ်တစ်ခုလုံး တင်ပို့မှုထက်တော့ ၁၀ တန် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)

Pages