Main menu

Background

Thursday, 7 Jun 2012

         အခြားလယ်ယာထွက်ကုန် ပစ္စည်း တစ်မျိုးဖြစ်သော  မန်ကျည်းသီးအား ပြည်ပသို့ တင်ပို့လျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်  ပင်လယ်ရေ ကြောင်းမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့သဖြင့် ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံး တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းဇယားများ အရ သိရှိရပါသည်။

Thursday, 7 Jun 2012

    တရုတ်နိုင်ငံရဲ့အဓိကသင်္ဘောတင်ကုန်ပစ္စည်းတွေထားရှိတဲ့ ကွမ်ကျိုးဆိပ်ကမ်းမှာ ရော်ဘာဝယ်လိုအားတွေ ကျဆင်း တယ်လို့ ကွမ်းကျိုး နိုင်ငံတကာရော်ဘာကုန်စည်ဒိုင်ကထုတ်ပြန်ထားပါတယ်။ တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားက လက်ရှိအချိန်မှာ အားနည်းနေတာကြောင့် ပြန်လည်သိုလှောင်မှုကိုလည်းအနည်းငယ်ပဲ ဆောင်ရွက်နေကြောင်း ကုန်စည်ဒိုင်ရဲ့ ဥက္ကဌကပြောကြား ခဲ့ပါတယ်။

Thursday, 7 Jun 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်တို့မှ မေလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၈၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၆ တန်ကို တင်ပို့ခဲ့ပါတယ်။

Thursday, 7 Jun 2012

    မေ ၂၀ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၄၇ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၇၀၀ နီးပါး တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို ၂၂၇ တန်နဲ့ မလေးရှားကို တန် ၂၂၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

Thursday, 7 Jun 2012

    ဟင်္သာတဈေးကွက်မှာ အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ယခင်အပတ်က ပိဿာ ၂၀ တစ်တင်းကို ၆၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၆၅၀၀ ကျပ်နဲ့ ဈေးဆက်မြင့်နေကြောင်း သိရပါတယ်။ ပြောင်းစိုက်တောင်သူ များ အတွက် တစ်တင်း ကုန်ကျစရိတ်မှာ ၃၆၀၀ ကျပ်ဖြစ်ပြီး၊ တစ်တင်းရောင်းဈေးမှာ ၆၅၀၀ ကျပ်ဖြစ်လို့ တောင်သူများအတွက် အကျိုးအမြတ်ရရှိပြီး၊ ရောင်းအားလည်း ပိုကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကို တစ်ရက် ပျမ်းမျှ အိတ် ၃၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။                                    အေးအေးခိုင်

Thursday, 7 Jun 2012

    မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၆၄၉ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တ င်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၄၈၃၄ တန်ကျော်၊ လွယ်ဂျယ်မှ ၁၂၅ တန်နဲ့ ချင်းရွှေဟော်မှ ၁၆၈၉ တန်ကျော်အသီးသီးဖြစ်ပါတယ်။

Thursday, 7 Jun 2012

    မေလ ၂၀ မှ ၂၆ ရက်ထိကာလအတွင်း ပြောင်း ၁၂၂၄ တန်၊ တန်ဖိုး ဒေါ်လာသုညဒသမ ၃၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြောင်း သိရ ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၄၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှု တွေကတော့ စင်ကာပူကို ၇၃၄ တန်နဲ့ ဗီယက်နမ်ကို တန် ၄၉၀ အသီးသီး တင်ပို့ ခဲ့ပါတယ်။

Thursday, 7 Jun 2012

ပင်လယ်ရေကြောင်းမှ  နို့ဆီအဝင်နည်းပြီး၊နို့စိမ်းအဝင်ပျောက်သီတင်းတစ်ပတ်ဖြစ်တဲ့ မေ ၂၀ ရက် မှ ၂၆ ရက်တာကာလအတွင်း နို့ဆီ  အဝင် တန်ချိန် ၁၇၇ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ခြောက်သောင်းကျော် ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန် ချိန် ၄၇၀ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ အဝင်အားနည်းခဲ့ပါတယ်။ နို့စိမ်း က ယခင်တစ်ပတ်တန်ချိန် ၃၀၀ နီးပါး တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ နို့စိမ်းအဝင် ပျောက်ခဲ့ပါတယ်။

Monday, 4 Jun 2012

    ဒီတစ်ပတ် နနွင်းဈေးကွက်ကလည်း ခပ်အေးအေးသာရှိပါတယ်။ ဟိုပုံးနနွင်းတွေက ဒေသတွင်းမှာ လှောင်လက်တွေသာ ဝယ်ယူမှုရှိပါတယ်။ နနွင်းအဝင်ကတော့ အဝယ်ရှိရင် အဝင်ရှိသလို၊ အဝယ်မရှိရင်တော့ အဝင်ကလည်းမရှိပါဘူး။ လှောင်လက် အချို့ကတော့ ဈေးကျနေတဲ့အချိန်မှာဝယ်ပြီးထပ်ထားကြပါတယ်။

Monday, 4 Jun 2012

           ပြည်ပကို မေ ၂၀ ရက်မှ ၂၆ ရက်တာ ကာလအတွင်း နနွင်း ၁၄ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင် သီတင်းပတ်တင်ပို့မှုပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။ တစ်တန်ကို FOB  ဈေး ကန်ဒေါ်လာ ခုနှစ်ရာဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းကျော် ရရှိခဲ့ပါတယ်။                                                                                                                                    MIRT (DOT)

Pages