Main menu

Background

Monday, 28 May 2012

    မုံရွာမြို့နယ်ရဲ့ ပဲစင်းငုံနီစိုက်ချိန်ကာလဟာ နှစ်စဉ်ကဆုန်လပြည့်ဝန်းကျင်မှာ အများစု စိုက်ပျိူးနိုင်ပြီးဖြစ်ပေမယ့် ဒီနှစ်မှာတော့ တစ်နယ်လုံး မိုးခေါင်ခဲ့လို့ အခုထိ မြေပြုပြင်မှုတောင် မလုပ်နိုင်ကြသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။

Monday, 28 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် အစပိုင်းမှာ ရောင်းဝယ်မှုပါးခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာ အရောင်းအဝယ်ပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့တာကြောင့် ဝယ်လက်များအဝယ်ဆိုင်းခဲ့ပေမဲ့ ဒီရက်ပိုင်း ရူပီး တန်ဖိုးပြန်မာလာခဲ့တဲ့ အတွက်ဈေးကွက်မှာ အဝယ်ပြန်လိုက်လာကြောင်း သိရပါတယ်။

Monday, 28 May 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ဆက်လက်အားကောင်းနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၃၀၀၀ နီးပါးတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍနှစ် ၂၀၁၂-၂၀၁၃ မေလ ၁၈ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်သိန်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၅၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။

Thursday, 24 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ချင်းရွှေဟော်နယ်စပ်မှ ကန် ဒေါ်လာ ၁ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ သကြား ၂၂၆၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၆၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ရာ  သကြားပို့အားကောင်းနေ တယ်လို့ ဆိုရမှာပါ။            MIRT (DOBT)

Monday, 21 May 2012

    မေလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၇၃ တန်ကျော်၊ တန်ဖိုး ၃ ဒသမ ၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၇၆၀ ကျော်၊ မလေးရှားကို ၂၃၀ တန်၊ စင်ကာပူကို ၄၂ တန်နဲ့ ပါကစ္စတန်ကို တန် ၄၀ နီးပါး တင်ပို့ခဲ့တာတွေ့ရပါတယ်။

Monday, 21 May 2012

    ဟင်္သာတဈေးကွက်အတွင်း အစေ့ထုတ်ပြောင်းဈေးဟာ စပေါ်ခါစ ဧပြီ လဆန်းပိုင်းက ပိဿာ ၂၀ ဝင် တစ်တင်း ၅၂၀၀ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပါတယ်။ ဧပြီ လကုန်ပိုင်းမှာ ၅၄၀၀ ကျပ်၊ မေပထမပတ်မှာ ပြောင်း တစ်တင်း ၅၇၀၀ ကျပ်၊ ယခု မေဒုတိယပတ်မှာ ပြောင်းစေ့တစ်တင်း  ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်နေကြပြီး၊ ဈေးဆက်မြင့်ေ နကြောင်း တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်း သီးနှံများလည်း ဟင်္သာတဈေးကွက်အတွင်းသို့ အဝင်လှိုင်လာပြီး တစ်ရက် အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားအထိ အရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ ရန်ကုန်ဝယ်လက်အစာစပ်လုပ်ငန်းရှင် နဲ့ကုန်သည်ကြီးများရဲ့ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။အေးအေးခိုင်

Monday, 21 May 2012

    ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ တောင်သူများ အစေ့ထုတ်ပြောင်းစိုက်ဖို့ မြေဧက ၁၅၀၀၀ ကျော် မြေပြင်ပြီးဖြစ်သော်လည်း ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုနည်းပါးတာကြောင့် မိုးသီးနှံအစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံကို စိုက်ပျိုး နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Monday, 21 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၅၄၇ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၉ တန်ကိုမေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၂၃၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

Monday, 21 May 2012

    မေ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၇၈၄ တန်၊တန်ဖိုးဒေါ်လာ သုည ဒသမ ၄၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တင်ပို့မှုရှိသည်ဆိုရုံသာရှိခဲ့တဲ့အတွက် အဆပေါင်းများစွာ သာလွန်တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၇၄၀ နဲ့ စင်ကာပူကို ၁၀၄၀ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။

Monday, 21 May 2012

    ယခုရက်ပိုင်း ကျောက်ဆည်နယ်ထွက် နနွင်းတက်များ အရောင်းအေးပြီး ဈေးကျလာတယ်လို့ သိရပါတယ်။ ယမန်နှစ်က တစ်ပိဿာ ၂၈၀၀ ကျပ်- ၃၀၀၀ကျပ်ဈေးနဲ့ အဝယ်လိုက်ဈေးကောင်းရခဲ့သလောက် ဒီနှစ်မှာတော့ အနည်းငယ်သော တရုတ် ဝယ်လက်သာရှိခဲ့တဲ့အတွက် ဈေးအေးနေပါတယ်။

Pages