Main menu

Background

Thursday, 17 May 2012

    ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၄၁ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅၃၈ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်ကာလတင်ပို့မှုရဲ့ သုံးပုံတစ်ပုံမျှသာ ရှိပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို တန် ၄၀၀ နဲ့ မလေးရှားကို ၃၄၁ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

Thursday, 17 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၂၀၀ တန်ကျော်နဲ့ ပြောင်းကြိတ်ဖတ် ၁၁ ဒသမ ၃ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၉၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။

Wednesday, 16 May 2012

    ယခင် သီတင်းပတ်အတွင်း အိန္ဒိယ ဗဟိုအစိုးရက ကြက်သွန်နီ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP) ကို ဖယ်ရှား လိုက်ပြီးနောက် ကုန်သည်များအတွက် ကြက်သွန်နီတင်ပို့ဖို့ လှုပ်ရှားလာကြပြီး သိုလှောင်မှုတွေ  စတင်လာနေပြီဖြစ်ပါ တယ်။ ဒါကြောင့် လက်ကားဈေးကွက်တွေကို ကြက်သွန်နီ ပမာဏများစွာ ဝင်ရောက်လာခဲ့ရာ လွန်ခဲ့တဲ့ ၂ ရက် အတွင်း သိသိသာသာတိုးတက်ဝင်ရောက်လာတယ်လို့သိရပါတယ်။

Wednesday, 16 May 2012

    ကန်ဒေါ်လာ သုညဒသမ ၄၆၇ သန်းတန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၃၀၁ တန်ကျော်ကို မေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း မူဆယ်မှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၉၀ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ နနွင်းတက်အပြင် နနွင်းခေါင်း ၉ ဒသမ ၅ တန် ကန်ဒေါ်လာ သုည ဒသမ ၁၁၂၄ သန်း ဖိုးလည်းတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)                                                                                                                                                                                                                                                                                   

Wednesday, 16 May 2012

    ဒီတစ်ပတ်နဲ့ဆိုရင် နနွင်းက နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့ပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလအတွင်း နနွင်းတင်ပို့မှုတန်ချိန်က ၅၅တန် ရှိခဲ့ပြီးမတ်လအတွင်းနနွင်းတင်ပို့မှုကတန်ချိန် ၁၁၈ ဒသမ ၉၈ တန်ရှိခဲ့တာကြောင့် ဧပြီလ မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။                                                                    MIRT (DOT)

Wednesday, 16 May 2012

    မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ မန်ကျည်းသီး (အစေ့ပါ) ၉ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ တန် ၃၀ နီးပါးကို စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဘက်ဘင်္ဂလားသို့အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက်မန်ကျည်းမှည့် (အစေ့ပါ) ၃ တန်ကျော် အပို့ပိုသော်လည်း မန်ကျည်းစေ့ ၇၂ တန် အပို့လျော့ခဲ့ပါတယ်။MIRT(DOBT)

Wednesday, 16 May 2012

    ဒီသီတင်းပတ်ဖြစ်တဲ့ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်တာ ကာလအတွင်း မန်ကျည်း ၅၃၅ ဒသမ ၉ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၁၆၈ တန်၊ မလေးရှားနိုင်ငံကို တန် ၅၀ နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၃၁၇ ဒသမ ၉ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့ မှုက တန်ချိန် တစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှု လျော့ခဲ့ပါတယ်။ ၤဥြ  ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၄၆၅ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်ရရှိခဲ့ ပါတယ်။                                         MIRT (DOT)

Wednesday, 16 May 2012

    ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးမှ ငရုတ်ခြောက် များ ပိဿာ ၂၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိပြီး ဈေးနှုန်းမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်ကာ ဟင်္သာတမြို့နဲ့ ရခိုင်ပြည်နယ်တို့ကို ပိဿာချိန် ၇၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းရှင်များနဲ့ လက်လီလက်ကား ရောင်းဝယ်သူများနဲ့သာ အရောင်းသွက်လျက်ရှိပြီး၊ တစ်ပိဿာကို ငရုတ်(ခြောက် အရှည်) ၁၉၀၀ ကျပ်၊ (မိုးထောင်) ၂၇၀၀ ကျပ် -၂၈၀၀ ကျပ်ရှိကြောင်း သိရပါ တယ်။                                                      ဝင်းဝင်းခိုင်

Wednesday, 16 May 2012

    ချင်း(စို)တွေ ဈေးကွက်မှာ အဝင်နည်းနေပြီလို့ သိရပါတယ်။ အဝင်နည်းပေ မယ့် အရောင်းကလည်း မသွက်ပါဘူး။ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်း(စို)ကတော့ အဝင်လုံးဝမရှိတော့ပါဘူး။ ဒီနှစ်က ချင်းအထွက်လည်းနည်းပြီး၊ အခက်ကြီး၊ အခက် လှတွေလည်း နည်းပါတယ်။

Wednesday, 16 May 2012

    ဧပြီ ၂၉ ရက်မှ မေ ၅ ရက်တာကာလအတွင်း ချင်းတင်ပို့မှုပျောက်ခဲ့ပါ တယ်။ ဧပြီပထမပတ်အတွင်းသာ တင်ပို့မှုရှိခဲ့တဲ့ ချင်းက ဒီတစ်ပတ်နဲ့ ဆိုရင် သုံးပတ် ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လအတွင်း ချင်းတင်ပို့မှုက ၁၅ ဒသမ ၅ တန်ရှိခဲ့ပြီး ဧပြီလအတွင်း ချင်းတင်ပို့မှုက ၁၈ တန် ရှိခဲ့တာကြောင့် ဧပြီလမှာ အပို့နည်းနည်းသာခဲ့တာ တွေ့ရပါတယ်။MIRT (DOT)

Pages