Main menu

Background

Monday, 21 May 2012

    ယခုတစ်ပတ်မှာ ပြည်ပဲလွန်းဖြူ ဈေးကွက်ကို ပဲအဝင် နည်းလာခဲ့ပြီး၊ ပဲတစ်တင်းကို ၁၂၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ယခင်အပတ်များက ပဲတစ်တင်းကို ၁၂၅၀၀ ကျပ်နဲ့ ဈေးငြိမ် နေခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ဈေး လျော့ လာခဲ့ပါတယ်။ ရန်ကုန်ဝယ် လက်နည်းပြီး၊ လက်လီသမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ တစ်နေ့ ၁၀- ၁၅ အိတ်ခန့်  အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မိမိအေး

Monday, 21 May 2012

    ဈေးကွက်တွေမှာ ပဲလွန်းဖြူ အရောင်းအဝယ် လျော့ပေမဲ့ ပင်လယ် ရေကြောင်းတင်ပို့မှုက ယခုတစ်ပတ် လည်း ပုံမှန်ရှိနေပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ အိန္ဒိယနဲ့ ပြင်သစ်ကို တန် ၁၃၀၀ ခန့် တင်ပို့ခဲ့ပါတယ်။

Monday, 21 May 2012

    မုံရွာကုန်စည်ဒိုင် မေလ လဝက်ပဲဈေးကွက်မှာ ပဲစင်းငုံနီဟာ တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ ၁၃၇၀၀ ကျပ်ကြား ဈေးငြိမ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်အနည်းငယ်သာရှိလို့ ဈေးကွက်ဆက်လက်ရှင်သန်လျက်ရှိပါတယ်။

Monday, 21 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲစင်းငုံ ရောင်းဝယ်မှုပါးကြောင်း သိရပါတယ်။ အိန္ဒိယကုန်သည်တွေထံမှာ ပဲစင်းငုံလက် ကျန်နည်းပြီး ဝယ်လိုအားရှိပေမဲ့ ရူပီးတန်ဖိုး ဆက်လက်ကျဆင်းနေခြင်းနဲ့ ကွန်တိန်နာ ငှားရမ်းခမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုလာတာကြောင့် ယခုတစ်ပတ်မှာ အဝယ် တန့်လာခဲ့တယ်လို့ သိရပါတယ်။

Monday, 21 May 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် အနည်းငယ်ပို လာခဲ့ပါတယ်။ ယခင်တစ်ပတ် က တန် ၃၅၀၀ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ်  (မေ ၇-၁၂ရက်) အတွင်းမှာတော့ တန်ချိန် ၄၃၀၀ ကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခြား ပဲတင်ပို့မှုနဲ့ယှဉ်ရင် ပဲစင်းငုံမှာ ပမာဏနည်းနေတာ တွေ့ရပါ တယ်။

Monday, 21 May 2012

    ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ တစ်တင်းကို ၁၂၅၀၀ ကျပ်ဈေးနဲ့ ယခင် တစ်ပတ်ထက် ဈေးမြင့်လာပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုမှာလည်း  အဝင်ရှိ သလောက် အရောင်းလည်းရှိနေပါတယ်။ မြို့ခံပဲ လှောင်လက်သမားများနဲ့ ရန်ကုန် ဝယ်လက်များလည်း အဝယ်များပြီး တစ်ရက်ကို ရန်ကုန်ဈေးကွက်သို့ မတ်ပဲအိတ် ၄၀၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။အေးအေးခိုင်

Monday, 21 May 2012

    ပြည်ဈေးကွက်ကို ယခုရက်အတွင်း မကွေးတိုင်းဒေသကြီး၊ ကံမဘက်မှ မတ်ပဲ အဝင်နည်းလာခဲ့ တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိခဲ့ပေ မယ့် လှောင်သမားများ အဝယ်သိပ်မရှိတော့ဘဲ ရန်ကုန်ဝယ်လက်သာ အဝယ်ရှိနေတာကို တွေ့ရ ပါတယ်။

Monday, 21 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က မတ်ပဲတန် သုံးသောင်းကျော်ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၂ ရက်မှ ၁၇ ရက်အထိ) အတွင်းမှာတော့ မတ်ပဲ FAQ ၊ SQ စုစုပေါင်း တန် ချိန် ၂၃၀၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်တာကတော့ မတ်ပဲ FAQ  များသာ ဖြစ်ကြောင်းသိရပါတယ်။

Monday, 21 May 2012

    ယခင်သီတင်းပတ် ၃ ပတ်ဆက်တိုက် ပင်လယ်ရေကြောင်းက မတ်ပဲတန် ၁၅၀၀၀ ဝန်းကျင်တင်ပို့နေခဲ့ရာမှ ယခုတစ်ပတ် (မေ ၇ ရက်မှ ၁၁ ရက်အထိ) အတွင်းမှာတော့ တန်ချိန် ၂၃၀၀၀၀ နီးပါးအထိ သိသိသာသာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းသယ်ယူစရိတ်မြင့်ပေမဲ့ ယခုတစ်ပတ်မှာ တော့ပိုမိုတင်ပို့လာခဲ့ပါတယ်။

Thursday, 17 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၈၈၄ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၄၁ ဒသမ ၅၁၁ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3  ၉၈၃ တန်၊ MSR-20 တန် ၁၂၀ နဲ့MSR-50 ၃၇ ဒသမ ၈၉၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။

Pages