Main menu

Background

Wednesday, 16 May 2012

    မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ မန်ကျည်းသီး (အစေ့ပါ) ၉ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ တန် ၃၀ နီးပါးကို စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဘက်ဘင်္ဂလားသို့အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက်မန်ကျည်းမှည့် (အစေ့ပါ) ၃ တန်ကျော် အပို့ပိုသော်လည်း မန်ကျည်းစေ့ ၇၂ တန် အပို့လျော့ခဲ့ပါတယ်။MIRT(DOBT)

Wednesday, 16 May 2012

    ဒီသီတင်းပတ်ဖြစ်တဲ့ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်တာ ကာလအတွင်း မန်ကျည်း ၅၃၅ ဒသမ ၉ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၁၆၈ တန်၊ မလေးရှားနိုင်ငံကို တန် ၅၀ နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၃၁၇ ဒသမ ၉ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့ မှုက တန်ချိန် တစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှု လျော့ခဲ့ပါတယ်။ ၤဥြ  ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၄၆၅ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်ရရှိခဲ့ ပါတယ်။                                         MIRT (DOT)

Wednesday, 16 May 2012

    ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးမှ ငရုတ်ခြောက် များ ပိဿာ ၂၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိပြီး ဈေးနှုန်းမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်ကာ ဟင်္သာတမြို့နဲ့ ရခိုင်ပြည်နယ်တို့ကို ပိဿာချိန် ၇၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းရှင်များနဲ့ လက်လီလက်ကား ရောင်းဝယ်သူများနဲ့သာ အရောင်းသွက်လျက်ရှိပြီး၊ တစ်ပိဿာကို ငရုတ်(ခြောက် အရှည်) ၁၉၀၀ ကျပ်၊ (မိုးထောင်) ၂၇၀၀ ကျပ် -၂၈၀၀ ကျပ်ရှိကြောင်း သိရပါ တယ်။                                                      ဝင်းဝင်းခိုင်

Wednesday, 16 May 2012

    ချင်း(စို)တွေ ဈေးကွက်မှာ အဝင်နည်းနေပြီလို့ သိရပါတယ်။ အဝင်နည်းပေ မယ့် အရောင်းကလည်း မသွက်ပါဘူး။ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်း(စို)ကတော့ အဝင်လုံးဝမရှိတော့ပါဘူး။ ဒီနှစ်က ချင်းအထွက်လည်းနည်းပြီး၊ အခက်ကြီး၊ အခက် လှတွေလည်း နည်းပါတယ်။

Wednesday, 16 May 2012

    ဧပြီ ၂၉ ရက်မှ မေ ၅ ရက်တာကာလအတွင်း ချင်းတင်ပို့မှုပျောက်ခဲ့ပါ တယ်။ ဧပြီပထမပတ်အတွင်းသာ တင်ပို့မှုရှိခဲ့တဲ့ ချင်းက ဒီတစ်ပတ်နဲ့ ဆိုရင် သုံးပတ် ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လအတွင်း ချင်းတင်ပို့မှုက ၁၅ ဒသမ ၅ တန်ရှိခဲ့ပြီး ဧပြီလအတွင်း ချင်းတင်ပို့မှုက ၁၈ တန် ရှိခဲ့တာကြောင့် ဧပြီလမှာ အပို့နည်းနည်းသာခဲ့တာ တွေ့ရပါတယ်။MIRT (DOT)

Wednesday, 16 May 2012

    ပြည်ဈေးကွက် ကုလားပဲဈေးမှာ ယခင်တစ်ပတ်ဈေးတက်ပြီး သိသိသာသာ ဈေးကောင်း ရနေတာကိုတွေ့ရ ပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၁၇၃၀၀ ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်တင်း ၁၉၆၀၀ ကျပ်ထိ ဈေးကောင်း ရနေပါ တယ်။ ဈေးကောင်းရနေခြင်းမှာ တိုင်းအတွင်းရှိ  ခွဲစက်သမားများမှ အဝယ်သွက် နေသလို ရခိုင်ပြည်နယ်ဘက်မှလည်း အဝယ်လိုက်နေတာကြောင့် ဈေးကောင်းရနေ ခြင်း ဖြစ်ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှလည်း အဝင်မပြတ်ကြောင်းသိရပါတယ်။ လွင်လွင်ဆန်း

Wednesday, 16 May 2012

    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲဟော်လန် ပြည်ပတင်ပို့မှုရော အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှုပါ ယခင်တစ်ပတ်ထက် လျော့ကျတာ တွေ့ရပါတယ်။ ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ ပြည်ပကို တန်ချိန် ၂၄၀၀ ကျော်သာ တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်တင်ပို့ခဲ့တဲ့တန် ၄၃၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဧပြီလ တစ်လလုံးမှာ ကုလားပဲတန်ချိန်၉၀၀၀ နီးပါးရှိခဲ့ပြီး မတ်လမှာ တန် ၁၂၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ဧပြီလအတွင်းမှာတော့တန်ချိန် ၅၀၀၀ နီးပါးသာ တင်ပို့မှု ရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။

Wednesday, 16 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က ပဲတီစိမ်းဈေး တိုးလာပေမဲ့ ယခုတစ်ပတ်မှာတော့ ပြောင်းလဲမှုမရှိ ငြိမ်နေကြောင်း သိရပါတယ်။ ဈေးကွက်တချို့ကိုသာ ပြည်တွင်းပဲတီစိမ်းဝင်ရောက်မှုရှိပြီး ပြည်ပမှ ပဲတီစိမ်းများ တင်သွင်းလျက် ရှိကြောင်း သိရပါတယ်။ ြ

Wednesday, 16 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှမေလ ၂ မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၇၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကမူဆယ်မှ ၆၇၆ တန်ကျော်တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာ ၉၆ တန်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ စစ်တွေနယ်စပ်မှလည်း ယခုအပတ်မှာ ပဲတီစိမ်း ၆ တန် အပို့ရှိခဲ့ပါတယ်။ မူဆယ်နဲ့ရွှေလီနှစ်ဖက်လုံးမှာ မြေပြင်ဈေးများပြောင်းလဲမှု မရှိဘဲ မိမိဘက်မှာ ၆၂၆၃၀၀ ကျပ်နဲ့ တစ်ဘက် နိုင်ငံမှာ ၈၂၆ ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။MIRT(DOBT)

Wednesday, 16 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်းရောင်းဝယ်မှုမှာ အခြားပဲများ ထက် အားနည်းတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း၊ ရွှေဝါ တန် တစ်သောင်းကျော် စာချုပ်နိုင်ခဲ့ပေမဲ့ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန် ၉၄၀၀ ခန့်သာ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Pages