Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှမေလ ၂ မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၇၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကမူဆယ်မှ ၆၇၆ တန်ကျော်တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာ ၉၆ တန်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ စစ်တွေနယ်စပ်မှလည်း ယခုအပတ်မှာ ပဲတီစိမ်း ၆ တန် အပို့ရှိခဲ့ပါတယ်။ မူဆယ်နဲ့ရွှေလီနှစ်ဖက်လုံးမှာ မြေပြင်ဈေးများပြောင်းလဲမှု မရှိဘဲ မိမိဘက်မှာ ၆၂၆၃၀၀ ကျပ်နဲ့ တစ်ဘက် နိုင်ငံမှာ ၈၂၆ ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။MIRT(DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်းရောင်းဝယ်မှုမှာ အခြားပဲများ ထက် အားနည်းတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း၊ ရွှေဝါ တန် တစ်သောင်းကျော် စာချုပ်နိုင်ခဲ့ပေမဲ့ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန် ၉၄၀၀ ခန့်သာ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ် ပတ်ထက် အနည်းငယ်ပိုမိုလာတာတွေ့ရပါတယ်။ ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ ပဲတီစိမ်းတန်ချိန် ၆၅၀၀ ခန့်တင်ပို့ မှုရှိခဲ့ပါတယ်။ ၂၀၁၂ ဧပြီလ တစ်လလုံးမှာ ပင်လယ်ရေ ကြောင်းက ပဲတီစိမ်းတန်ချိန် ၂၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး မတ်လမှာ တန်ချိန် ၅၄၀၀၀ ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်းသိရပါ တယ်။
ယခု တစ်ပတ်အတွင်း ပြည်ပွဲရုံ များကို ပဲလွန်းဖြူ အဝင်ပါးလာခဲ့ပြီး၊ အရောင်းအဝယ်လည်း အေးခဲ့တာကို တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အနည်းငယ်သာရှိပြီး၊ လက်လီသမား များသာ အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်နေ့အိတ် ၁၀-၁၅ ခန့်သာ အဝယ်ရှိ တယ်လို့ သိရပါတယ်။ ပဲတစ်တင်းကို ၁၂၅၀၀ ကျပ်ခန့်ရှိတယ်လို့ သိရပါ တယ်။မိမိအေး
ယခု တစ်ပတ်မှာ ပင်လယ်ရေ ကြောင်းက ပဲလွန်းဖြူ တန် ၁၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့လို့ ယခင်တစ်ပတ် တင်ပို့ခဲ့တဲ့ ပမာဏထက်လျော့ကျခဲ့ပါ တယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံ များကတော့ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အီဂျစ် ကိုဖြစ်ကြောင်း သိရပါတယ်။ ဧပြီလ တစ်လလုံးမှာ ပဲလွန်းဖြူတန်ချိန် ၅၀၀၀ နီးပါးတင်ပို့ခဲ့ပြီး မတ်လမှာ တန် ချိန် ၈၀၀၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။ ၂၀၁၁ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅၀၀ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ပြည်ပဲစင်းငုံမှာ ယခင်တစ်ပတ်က ပိဿာ ၂၀ တစ်တင်းကို ၁၂၅၀၀ ကျပ် - ၁၂၇၀၀ ကျပ်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၃၃၀၀ ကျပ်ရှိနေပါတယ်။ မကွေးတိုင်းဒေသကြီးဘက်မှ အဝင်ရှိလာတဲ့ ပဲများမှာ လက်ကျန် ပဲများထက် အနည်းငယ် အရည်အသွေးသာလွန်နေတာကြောင့် ဈေးကောင်းရခြင်း ဖြစ်တယ်လို့ သိရပြီး တစ်ရက် အိတ် ၂၀၀ ခန့် အဝင်ရှိပါတယ်။ ရန်ကုန်ဝယ်လက် သမားများ အဝယ်ရှိတဲ့ ရက်များမှာ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်ပဲစင်းငုံအရောင်းအဝယ်ဖြစ်မှုက ယခင်တစ်ပတ်ထက် ၁ဆပိုလာတာ တွေ့ ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၀၀၀ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ မေ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၄၀၀၀ ထိ အရောင်းအဝယ် စာချုပ် ချုပ်ခဲ့ကြောင်း သိရပါတယ်။
ပဲစင်းငုံ ပင်လယ်ရေကြောင်းက တင်ပို့ရာမှာ တိုးတက်လာခြင်းမရှိသေးဘဲ ယခင်သီတင်းပတ်အတွင်း တင်ပို့တဲ့ ပမာဏအတိုင်းသာ တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ ပဲစင်းငုံတန် ၃၅၀၀ သာ တင်ပု့ိနိုင်ခဲ့ပါ တယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏထက် အပတ်စဉ် တင်ပို့မှုမှာ နည်းနေသေး တာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု ကောင်းနေတာတွေ့ရပါတယ်။ မတ်ပဲ FAQ နဲ့ SQ ဈေးနှုန်းကွာဟမှုကြောင့် FAQ မတ်ပဲကို ဝယ်ယူမှုများတာ တွေ့ရပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ FAQ နဲ့ အခွံချွတ် FAQ စုစု ပေါင်း တန်ချိန် ၃၂၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မောင်တောဒေသဟာ ရေမြေသဘာဝအရ ပို့ကုန်ပိုင်းမှာ ရေထွက်ပစ္စည်းများ တင်ပို့မှုကို အားထားရလျက်ရှိပြီး အထူးသဖြင့် ရေငန်ပုစွန်တင်ပို့မှုမှာ များစွာ အရေးပါနေပါတယ်။
