Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲစင်းငုံ ရောင်းဝယ်မှုပါးကြောင်း သိရပါတယ်။ အိန္ဒိယကုန်သည်တွေထံမှာ ပဲစင်းငုံလက် ကျန်နည်းပြီး ဝယ်လိုအားရှိပေမဲ့ ရူပီးတန်ဖိုး ဆက်လက်ကျဆင်းနေခြင်းနဲ့ ကွန်တိန်နာ ငှားရမ်းခမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုလာတာကြောင့် ယခုတစ်ပတ်မှာ အဝယ် တန့်လာခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် အနည်းငယ်ပို လာခဲ့ပါတယ်။ ယခင်တစ်ပတ် က တန် ၃၅၀၀ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေ ၇-၁၂ရက်) အတွင်းမှာတော့ တန်ချိန် ၄၃၀၀ ကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခြား ပဲတင်ပို့မှုနဲ့ယှဉ်ရင် ပဲစင်းငုံမှာ ပမာဏနည်းနေတာ တွေ့ရပါ တယ်။
ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ တစ်တင်းကို ၁၂၅၀၀ ကျပ်ဈေးနဲ့ ယခင် တစ်ပတ်ထက် ဈေးမြင့်လာပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုမှာလည်း အဝင်ရှိ သလောက် အရောင်းလည်းရှိနေပါတယ်။ မြို့ခံပဲ လှောင်လက်သမားများနဲ့ ရန်ကုန် ဝယ်လက်များလည်း အဝယ်များပြီး တစ်ရက်ကို ရန်ကုန်ဈေးကွက်သို့ မတ်ပဲအိတ် ၄၀၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။အေးအေးခိုင်
ပြည်ဈေးကွက်ကို ယခုရက်အတွင်း မကွေးတိုင်းဒေသကြီး၊ ကံမဘက်မှ မတ်ပဲ အဝင်နည်းလာခဲ့ တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိခဲ့ပေ မယ့် လှောင်သမားများ အဝယ်သိပ်မရှိတော့ဘဲ ရန်ကုန်ဝယ်လက်သာ အဝယ်ရှိနေတာကို တွေ့ရ ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က မတ်ပဲတန် သုံးသောင်းကျော်ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၂ ရက်မှ ၁၇ ရက်အထိ) အတွင်းမှာတော့ မတ်ပဲ FAQ ၊ SQ စုစုပေါင်း တန် ချိန် ၂၃၀၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်တာကတော့ မတ်ပဲ FAQ များသာ ဖြစ်ကြောင်းသိရပါတယ်။
ယခင်သီတင်းပတ် ၃ ပတ်ဆက်တိုက် ပင်လယ်ရေကြောင်းက မတ်ပဲတန် ၁၅၀၀၀ ဝန်းကျင်တင်ပို့နေခဲ့ရာမှ ယခုတစ်ပတ် (မေ ၇ ရက်မှ ၁၁ ရက်အထိ) အတွင်းမှာတော့ တန်ချိန် ၂၃၀၀၀၀ နီးပါးအထိ သိသိသာသာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းသယ်ယူစရိတ်မြင့်ပေမဲ့ ယခုတစ်ပတ်မှာ တော့ပိုမိုတင်ပို့လာခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၈၈၄ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၄၁ ဒသမ ၅၁၁ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3 ၉၈၃ တန်၊ MSR-20 တန် ၁၂၀ နဲ့MSR-50 ၃၇ ဒသမ ၈၉၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၄၁ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅၃၈ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်ကာလတင်ပို့မှုရဲ့ သုံးပုံတစ်ပုံမျှသာ ရှိပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို တန် ၄၀၀ နဲ့ မလေးရှားကို ၃၄၁ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၂၀၀ တန်ကျော်နဲ့ ပြောင်းကြိတ်ဖတ် ၁၁ ဒသမ ၃ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၉၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။
ယခင် သီတင်းပတ်အတွင်း အိန္ဒိယ ဗဟိုအစိုးရက ကြက်သွန်နီ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP) ကို ဖယ်ရှား လိုက်ပြီးနောက် ကုန်သည်များအတွက် ကြက်သွန်နီတင်ပို့ဖို့ လှုပ်ရှားလာကြပြီး သိုလှောင်မှုတွေ စတင်လာနေပြီဖြစ်ပါ တယ်။ ဒါကြောင့် လက်ကားဈေးကွက်တွေကို ကြက်သွန်နီ ပမာဏများစွာ ဝင်ရောက်လာခဲ့ရာ လွန်ခဲ့တဲ့ ၂ ရက် အတွင်း သိသိသာသာတိုးတက်ဝင်ရောက်လာတယ်လို့သိရပါတယ်။
