Main menu

Background

Sunday, 25 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၈၆ သန်းတန်ဖိုးရှိ နနွင်းတက် (ရှမ်း) ၁၈၄ တန်ကျော်နဲ့ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ဒေသ ထွက်နနွင်းတက် ၁၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ၁၈၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၇ တန်မျှ ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                MIRT (DOBT)

Sunday, 25 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မတ်လ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နနွင်း ၅ တန်ကို တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုမရှိဘဲ ဒီတစ်ပတ်မှသာ တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ တစ်တန်ကို FOB ဈေး ပျမ်းမျှကန်ဒေါ်လာ ၇၀၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးထောင့်ငါးရာ ရရှိခဲ့ပါ တယ်။                                             MIRT (DOT) 

Sunday, 25 Mar 2012

    ပြည်ကြက်သွန်နီဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမှ ကြက်သွန်နီ ၃၅ ပိဿာဝင်အိတ် ၄၀၀၀ ခန့် အဝင်ရှိပြီး တစ်နေ့အိတ် ၅၀၀ ခန့်နဲ့ အရောင်းသွက်နေပါတယ်။ အဝင်များတဲ့အတွက် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းနေပါတယ်။ ပွဲရုံများမှာ ကြက်သွန်နီတစ်ပိဿာ (ကြီး) ၃၅၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်၊ (အသေး) ၂၀၀ ကျပ်တို့နဲ့ အရောင်းအဝယ် သွက်လျက်ရှိပါတယ်။                                         ဝင်းဝင်းခိုင်

Sunday, 25 Mar 2012

    ပြည်ပကို မတ်လ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း မန်ကျည်း ၂၆၈၀ ဒသမ ၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ်တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၆၁၈ တန်၊ မလေးရှားနိုင်ငံကို ၈၅၀ တန်၊ ပါကစ္စတန်ကို ၆၇၃ တန်၊ စင်ကာပူနိုင်ငံကို ၄၈၉ ဒသမ ၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုကို ကြည့်ရင်

Sunday, 25 Mar 2012

    ဟိုပုံးချင်းခြောက် (စို) က အဝင်နည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်များ လာပါတယ်။ အစိုဈေးတွေ မကောင်းတာကြောင့် အခြောက်သာပြုလုပ်ပြီး ဈေး ကွက်ကိုဝင်လာပါတယ်။ ၅ ရက်တစ်ဈေးကို ချင်းခြောက် ပိဿာချိန် ၃ ထောင်- ၄ ထောင် ခန့်အဝင်ရှိနေ ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက တရုတ် ဝယ်လက်တွေဝယ် ပေမဲ့ အခုတော့အဝယ်ရပ်သွားတယ် လို့လည်းသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အများ

Sunday, 25 Mar 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း (ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိပါတယ်။ ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ပိဿာချိန် ၄၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ် နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၄၅၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 25 Mar 2012

    ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပန်းတောင်းနဲ့ ကံမဘက်မှ အဝင်ရှိသလို အောင်လံဘက်မှ လည်း ကုလားပဲများအဝင်ရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာပေမယ့် ကုလားပဲ ဈေးမှာ အနည်းငယ်သာ အတက်အကျရှိနေခဲ့ပါတယ်။

Sunday, 25 Mar 2012

    ကုလားပဲဖြူလုံးကြီးကိုအိန္ဒိယနဲ့ပါကစ္စတန်ဝယ်လက်အဝယ်သွက်နေလို့ တင်ပို့မှု လည်း ပုံမှန်ရှိနေပါတယ်။ မတ်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပင်လယ်ရေကြောင်း က ကုလားပဲစုစုပေါင်း တန် ၂၆၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၁၆ ရက်အထိ စုစုပေါင်း ကုလားပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၇၂၈၀၀ ကျော်ရှိပြီ ဖြစ်ပြီး ယခင်ဘဏ္ဏာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်သာရှိတာတွေ့ရပါတယ်။

Sunday, 25 Mar 2012

    မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၂၄၁ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် တန် ၃၄၀ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း တန် ၂၀ ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်လုံးပြည့် ၈၂ တန်ခန့်နဲ့ လုံးခြမ်း ၄ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။

Sunday, 25 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း၊ ပဲတီရွှေဝါကို ထူးထူးခြားခြား အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီရွှေဝါ ခရမ်းစမှာ ဘုရင့်နောင်ဈေးကွက်မှာ တစ်ရက် တစ်သောင်းကျပ်နှုန်းနဲ့ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ငါးသောင်းခန့်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Pages