Background
ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၄၀ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၁၂၉ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် ၃ ဆမျှ ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ နိုင်ငံ အလိုက် တင်ပို့မှုတွေကတော့ စင်ကာပူကို တန် ၁၀၀ ကျော်၊ ဗီယက်နမ်ကို ၁၀၅ တန်၊ တရုတ်ကို တန် ၆၀၀ ကျော်နဲ့ မလေးရှားကို ၇၃၅ တန်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၇၀၀ ကျော် မှန်တန်းလေး ပို့ နေတာ တွေ့ရပါတယ်။FOB(ရန်ကုန်) ဈေးကတော့RSS-3 တစ်တန်ကို (၃၄၀၀ - ၃၅၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၃၀၀ - ၃၄၀၀) ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
ကယားပြည်နယ်လွိုင်ကော်မြို့ရှိ သီးနှံပွဲရုံများမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ပြောင်းစတင်ထွက်ပေါ်ချိန်ကစပြီး၊ အစေ့ထုတ်ပြောင်းတစ်ပိဿာကို ၂၁၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။အောက်တိုဘာလမှာတစ်ပိဿာ၁၈၀ ကျပ်ဝန်းကျင်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ရာမှ တဖြည်းဖြည်းပြန်လည်ဈေးမာလာခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်မှာတော့ တစ်ပိဿာကို ၂၇၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ပြောင်းတင်ပို့နိုင်မှုမှာလည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ၄၀၇၈၁ အိတ်၊နိုဝင်ဘာလ မှာ ၉၁၆၀၅ အိတ်၊ ဒီဇင်ဘာလမှာ ၉၇၂၉၅ အိတ်ကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ မြို့များကို အသီးသီးတိုးတက်တင်ပို့ခဲ့တာကြောင့် ပြောင်းဈေးမြင့် လာသလို တင်ပို့မှုလည်း ပိုလာတာတွေ့ရပါတယ်။ မင်းအောင်
ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်စခန်းများကနေ ပြောင်းဖူးစေ့ ၅၆၆၂ တန်နီးပါး၊ တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၈၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် ထက်ဝက်နီးပါး တင်ပို့မှု ကျဆင်းတာ တွေ့ရပါတယ်။ မန္တလေး - မူဆယ် သယ်ယူခနှုန်းထားကတော့ ၁၀ ကျပ် ကျဆင်းခဲ့တာတွေ့ရပါတယ်။ မိမိဖက်ဈေး မြင့်တက်ပေမယ့် တစ်ဖက်နိုင်ငံဈေး ကျဆင်းတာတွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၆၅၈၃၆ ၂၅၄၄၉၆ ၁၁၃၄၀ ၄ .၂ ၃၀၀ ၃၀၇ ၇ ၂ .၃MIRT (DOBT)
ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၁၆၆ တန်၊တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၆၀၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တင်ပို့မှု ထက်ဝက် ကျဆင်းခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ မလေးရှားကို တန် ၁၂၀၊ စင်ကာပူကို ၁၀၀၈ တန်နဲ့ ဖိလစ်ပိုင် ကို ၁၀၃၈ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကလည်း နှစ်ကူး ရာသီအလုပ်ပိတ်ရက်များရှိတာကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ တင်ပို့နိုင် ခဲ့ပါ တယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ကြက်သွန်နီဈေးကွက် ကို ယခုတစ်ပတ်အတွင်း မကွေးတိုင်းမှ ကြက်သွန်နီ အသစ် များအဝင်များလာတဲ့အတွက် ဈေးပြန်ကျသွားခဲ့ပါတယ်။ ဇန်နဝါရီလဒုတိယပတ်မှာ ကြက်သွန်နီ (ကြီး) တစ်ပိဿာကို ၆၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး၊ ယခုဇန်နဝါရီလ စတုတ္ထပတ်မှာ (ကြီး) တစ်ပိဿာ ၄၀၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်၊ (သေး) ၂၀၀ ကျပ်တို့နဲ့ တစ်နေ့ ၃၅ ပိဿာဝင်အိတ် ၃၀၀ ခန့်နဲ့ အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ဈေးကွက်ကို မကွေးတိုင်း၊ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခု တစ်ပတ်မှာ ပိဿာ ၂၀ ဝင်အိတ်၊ ၃၅၀ ခန့်နဲ့ အဝင်သွက်လာတယ်လို့ သိရပါတယ်။ အဝင်သွက်သလို ငရုတ်သီးမှုန့်လုပ်ငန်းများမှာ အဆွဲများလို့ အရောင်းအဝယ်မှာ သွက်လျက်ရှိနေပါတယ်။ ပြည်ငရုတ်ခြောက်ဈေးကွက်မှာ တစ်ပိဿာ (ရှည်) ၃၄၀၀ ကျပ်၊ (မိုးထောင်) ၂၈၀၀ ကျပ်၊ (အပွ) ၄၂၀၀ ကျပ်တို့ရှိပြီး၊ ပုံမှန်ဈေးနဲ့ ရောင်းဝယ် နေတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်း ၂၇၃ ဒသမ ၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်း တင်ပို့မှုတွေက ပါကစ္စတန်နိုင်ငံကို ၉၈ ဒသမ ၂ တန်၊ အင်ဒိုနီးရှားကို ၁၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန်နှစ်ရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စပိုင်းမှစပြီး အပတ်စဉ်မန်ကျည်းတင်ပို့မှုရှိနေခဲ့ပါတယ်။ FOB ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ၇၄၀ နဲ့တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းစိုက်ဒေသတစ်ခုဖြစ်တဲ့ နမ့်စန်ကထွက်တဲ့ချင်း တွေလည်းဈေးကွက်ကိုစပြီး ဝင်လာပါပြီ။ လောလောဆယ်တော့ အဝင်အနည်းငယ် သာရှိနေပြီး ၂ လပိုင်းလောက်မှသာ လှိုင်လှိုင်ဝင်လာနိုင်တယ်လို့သိရပါတယ်။ နမ့်စန် ချင်းသစ်က တစ်ပိဿာ ၂၅၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းတွေလည်း အဝင်နည်း နေပါသေးတယ်။ ခြံရှင်တွေက ကြိုက်ဈေးမရလို့မဖော်သေးဘဲစောင့်နေပါတယ်။ အစိုဈေးကိုလည်း ကြိုက်ဈေးမရခဲ့ရင် ပြုတ်ခြောက်သာလုပ်တော့မယ်လို့ လည်းသိရ ပါတယ်။ ဟိုပုံးချင်း (နီ)ကလည်း တစ်ပိဿာ ၂၅၀ ကျပ်ဈေးသာရှိပြီး၊ ချင်းခြောက် က တစ်ပိဿာ ၁၄၀၀-၁၅၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ကလော၊ ပင်လောင်း၊ ပင်းတယစတဲ့မြို့နယ် တွေကထွက်တဲ့ ချင်းတွေက လှိုင်လှိုင် ဝင်နေတယ်လို့သိရပါတယ်။ အဝင်များပေမဲ့ ချင်း ထိုးသမားတွေနဲ့ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိနေတဲ့ အတွက် ရောင်း အားလည်းလျော့နေတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ၂၅၀ ကျပ်မှ ၃၅၀ ကျပ် ဈေးရှိပြီး၊ ချင်းခြောက် (အသစ်)ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ အဟောင်းက တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ဟိုပုံးနနွင်းခြောက်တွေလည်း ဈေးကွက်ကိုဝင်လာစပြုနေပါပြီ။ အစိုဓာတ်တွေအနည်းငယ်လျော့လာတဲ့အတွက် ခြောက် ပိဿာပြုတ်ရင် တစ်ပိဿာတင်ပါတယ်။ ဟိုပုံးအနီးပတ်ဝန်းကျင်က ဝင်လာတာဖြစ်ပြီး၊ အဝင်ကတော့ နည်းနေပါသေးတယ်။ ယခု လောလောဆယ် ပေါက်ဈေးကလည်း တစ်ပိဿာ ၆၀၀ ကျပ်ခန့်သာ ရှိတာကြောင့် ပြုတ်ခြောက်တွေလည်း မလုပ်ကြ သေးပါဘူး။လုပ်အားခပေးရတာနဲ့မကာမိတာကြောင့် အနည်းငယ်လောက်သာပြုလုပ်နေသေးတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာတော့ ဈေးပတ်သမားတွေကသာ လက်လီဝယ်ယူနေလို့ တစ်ပတ်ကို ပိဿာချိန် ၁၀၀ ခန့်သာ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်းဈေးက ရိုးရိုးတစ်ပိဿာ ၅၀၀ ကျပ်ခန့်သာရှိပြီး၊ ဆင်တောင် နနွင်းဟောင်း ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်း ၄ တန်ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာ တတိယပတ်မှစပြီး အပို့ပျောက်ခဲ့တဲ့နနွင်းက ဒီ တစ်ပတ်မှသာ ပြန်လည် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ FOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၁၅၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ခြောက်ထောင့် နှစ်ရာရရှိခဲ့ပါတယ်။ MIRT (DOT)