Main menu

Background

Monday, 6 Feb 2012

    ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်အတွင်းသို့ မကွေးတိုင်းဒေသကြီးမှ ငရုတ်ခြောက်များ ပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့်နဲ့ အဝင်နည်းနေပါတယ်။ အဝင်နည်းတဲ့အတွက် ဈေးမြင့်မသွားဘဲ၊ ဈေးအနည်းငယ်ကျသွားပြီး ရောင်းဝယ်မှုလည်း လက်လီဝယ်ယူမှုများသာ တစ်နေ့ပိဿာ ၃၀၀ ခန့်နဲ့ အရောင်းအဝယ်အေးလျက်ရှိနေပါတယ်။

Monday, 6 Feb 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၂၂ ရက်မှ၂၈ ရက်တာ ကာလအတွင်း နနွင်း ၁၆ တန်ကို တင်ပို့ ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ခဲ့တဲ့တာက ကိုရီးယားနိုင်ငံကို ၁၁ တန်နဲ့ မလေးရှားကို ၅ တန်ဘဲဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က ၄ တန်ပဲ အပို့ရှိခဲ့လို့ ဒီတစ်ပတ် အပို့သာခဲ့တယ်လို့ ဆိုရပါမယ်။ FOB  ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၅၀၀-၁၅၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ် သောင်းလေးထောင်ကျော် ရရှိခဲ့ပါတယ်။MIRT (DOT)

Monday, 6 Feb 2012

    ကယားပြည်နယ်လွိုင်ကော်ဈေးကွက်အတွင်း ဒီမော့ဆိုမြို့နယ်၊ ကုန်းသာ ကျေးရွာမှ စိုက်ပျိုးထွက်ရှိတဲ့ မိုးစိုက်အာလူးများ ၂၀၁၁ ဒီဇင်ဘာလမှ စတင်ထွက်ရှိ ခဲ့ပြီး၊ ယခုအခါ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။

Monday, 6 Feb 2012

    ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း မန်ကျည်း ၃၉၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အင်ဒိုနီးရှားနိုင်ငံကို ၁၇၄ တန်၊ မလေးရှားနိုင်ငံကို ၄၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၁၄၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၂၅ တန်အသီးသီးတင်ပို့ခဲ့တာ တွေ့ရပါတယ်။

Monday, 6 Feb 2012

    အောင်ပန်းဈေးကွက်မှာ ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ ဈေးဖိတ်နေ့ဆိုရင် အဝင်ပိုများပြီး၊ ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့်အဝင်ရှိပါတယ်။ အောင်ပန်းဒေသ တစ်ဝိုက်ရယ်၊ ဟိုပုံးချင်းနဲ့ နမ့်စန်ချင်းတွေလည်း အနည်းအကျဉ်းဝင်နေတယ်လို့ လည်း သိရပါတယ်။ ချင်း(စို)က ဒီနှစ်မှာ မနှစ်ကလောက်အဝင်မများသလို ဖြုန်း အားလည်း မများသေးပါဘူး။

Monday, 6 Feb 2012

    ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်တွင် ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်နဲ့ အဝင်နည်းသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင် တစ်ပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်တို့ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 6 Feb 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ် မှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်ကို ပဲအဝင်မရှိသလို ဒေသတွင်း ခွဲစက်သမားများက လည်းလက်ကျန်ပဲများကိုသာ ခွဲခြမ်းပြုလုပ်ရောင်းချနေတဲ့အတွက် အရောင်း အဝယ် အေးပြီး၊ ပဲဈေး ဆက်ကျနေခြင်းဖြစ်ကြောင်း သိရပါတယ်။ တစ်နေ့ အိတ် ၁၀၀ ဝန်းကျင်ခန့်သာ အရောင်းအဝယ်ရှိပါတယ်။လွင်လွင်ဆန်း

Monday, 6 Feb 2012

    မုံရွာခရိုင် ၈ မြို့နယ်ရဲ့ ယခုနှစ် ကုလားပဲစိုက်ဧက ၂ သိန်းကျော်အနက် ယခုအခါ ၄ ပုံ ၁ ပုံရိတ်သိမ်းပြီး ဖြစ်သလို မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ထဲကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက တဖြည်းဖြည်းဝင်ရောက်လာခဲ့တာ တွေ့ရပါတယ်။

Monday, 6 Feb 2012

    အချို့ဈေးကွက်တွေကို ကုလားပဲအသစ်များ ဝင်ရောက်စပြုလာပြီဖြစ်လို့ ရန်ကုန် FOB  ဈေးကွက်မှာလည်း ကုလားပဲဖြူလုံးကြီး အသစ်များ အရောင်း အဝယ်စပြီးပြန်ဖြစ်လာပါပြီ။ ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ကုလားပဲဖြူလုံးကြီးတန် ၃၆၀ အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ပမာဏ တန် ၁၂၀ ထက် ပိုလာတာတွေ့ရပါတယ်။

Monday, 6 Feb 2012

    ယခင်သီတင်းပတ်များက ရန်ကုန်တိုင်းဒေသကြီး FOB  ဈေးကွက်မှာ ပဲစင်းငုံသာ အရောင်းအဝယ်သွက်ပြီး ပဲတီစိမ်း ပမာဏ အသင့်အတင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ် အကောင်းဆုံးပဲ ဖြစ်လာပါ တယ်။ ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ပဲတီရွှေဝါ တန်ချိန် ၁၅၀၀၀ ကျော်၊ ပဲတီစိမ်း တန် ၂၀၀၀ ခန့်နဲ့ စုစု ပေါင်းတန်ချိန် ၁၇၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Pages