Main menu

Background

Friday, 3 Feb 2012

           ခရမ်းသုံးခွဘက်ကပဲတီစိမ်းအသစ်တွေထွက်ပေါ်လာပြီဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲတီစိမ်း တွေ အရောင်းအဝယ်တက်လာတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၈၅၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်တွေက အရည်အသွေးကောင်းတဲ့ ခရမ်းပဲတီစိမ်း ကို ပိုကြိုက်တာကြောင့် လာမယ့်ရက်တွေမှာလည်း အရောင်းအဝယ် သွက်ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ယခင်တစ်ပတ်နဲ့ယှဉ်ရင် အခြားပဲဈေးများအနည်းငယ်လျော့သွားပေမဲ့ ပဲတီစိမ်းဈေးက အနည်းငယ်ပိုလာပါတယ်။                     ပဲတီစိမ်း (အညာ)       ပခုက္ကူ       ရွှေဝါအကြီး၂၇-၁-၂၀၁၂        ၆၉၀-၇၁၀           ၆၇၀-၆၉၀    ၈၂၀-၈၄၀၂၀-၁-၂၀၁၂        ၆၇၀-၆၉၀           ၆၇၀-၆၉၀   ၇၇၀-၇၉၀MIRT - MAPT

Friday, 3 Feb 2012

             ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ တောင်ငူ ခရမ်းပဲတီစိမ်းအသစ်တွေ ထွက်ပေါ်လာတာနဲ့အတူ တင်ပို့မှုမှာလည်း တိုးတက်လာနေပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၄၀၀၀ ခန့်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၂၄၄၀၀၀ ကျော်ပြီဖြစ်ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၃၀ သန်းနီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၁၉၂၀၀၀ ခန့်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၁၉ သန်းကျော်ရှိလို့ ယခုနှစ်မှာ ပမာဏသိသိသာသာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ် အခြေ အနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

             ဇန်နဝါရီလ စတုတ္ထပတ်မှာ ပဲလွန်းဖြူတစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဟင်္သာတ ဈေးကွက်မှာ ယခင်တစ်ပတ်ထက် ပဲတစ်တင်း ၁၀၀၀ ကျပ်လျော့နည်းသွား တာတွေ့ရပါတယ်။ပဲလွန်းဖြူရောင်းဝယ် မှုဟာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်အေးပြီး၊ ဈေးအေးနေကြောင်း သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အေးသွားတာကြောင့် ရန်ကုန်ဘုရင့် နောင်ဈေးကွက်ကို နေ့စဉ်တစ်တင်းခွဲ ဝင် အိတ် ၃၀၀ ခန့်သာ တင်ပို့ နိုင်တယ် လို့ သိရပါတယ်။ အေးအေးခိုင်

Friday, 3 Feb 2012

            ပြည်ဈေးကွက်မှာ ပဲစင်းငုံအသစ်များ ဝင်ရောက်မှု သိသိသာသာများလာခဲ့ပြီ ဖြစ်ပါတယ်။ တစ်ရက်ကို အိတ် ၁၅၀၀ ကျော်မှ ၂၀၀၀ အထိဝင်ရောက်ခဲ့ပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ်များမှ ဝင်ရောက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်း၊ ကံမ ဖက်မှလည်း အဝင်ရှိခဲ့ပါတယ်။ ပဲစင်းငုံဈေးနှုန်းအနေနဲ့ အသစ်ဈေးမှာ တစ်တင်း ၁၅၇၀၀ ကျပ်၊အဟောင်းမှာတစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်များ အဝယ်ရှိတဲ့အတွက် ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Friday, 3 Feb 2012

             ဒီတစ်ပတ် တောင်ကြီးဈေးကွက်ကို ရှမ်းပဲစင်းငုံသစ်တွေစပြီးဝင်လာပါပြီ။ အများဆုံးစိုက်တဲ့ တောင်ကြီးခရိုင်၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ဟမ်းဆီးစတဲ့မြို့နယ်တွေက ဝင်လာတာဖြစ်ပါတယ်။ ဒီနှစ်ပဲစင်းငုံအထွက်က မနှစ်ကလိုပဲ အထွက် နှုန်းလျော့ ပါတယ်။ မိုးများတာရယ်၊ ဒီဇင်ဘာမှာ အအေးလွန်တာရယ်ကြောင့် အထွက်နှုန်း ထိခိုက်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ အဟောင်း လက်ကျန်တွေကလည်း အနည်းငယ်ကျန်နေပါသေးတယ်။ ဝယ်လိုအားကလည်းနည်းတာကြောင့် အရောင်း သိပ်မသွက်ဘူးလို့ဆိုကြပါတယ်။                 ပဲစင်းငုံအဟောင်းဈေးကတော့ တစ်ပိဿာကို (နီသေး) ၆၈၀ ကျပ်၊ (နီကြီး) ၄၅၀ ကျပ်၊ (ဖြူကြီး) ၄၀၀ ကျပ်ဈေးရှိပါတယ်။ ငုံသစ်ရဲ့ လက်ရှိပေါက်ဈေးက တစ်ပိဿာကို (နီသေး) ၆၅၀ ကျပ်၊ (နီကြီး) ၅၅၀ ကျပ်၊ (ဖြူကြီး) ၄၅၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ဧဧခိုင်

Friday, 3 Feb 2012

              ပြည်ပဲပွဲရုံများကို မတ်ပဲအသစ်များ မကွေးတိုင်းဒေသကြီး ကံမဘက်မှ တစ်နေ့အိတ် ၁၀၀ ခန့်ဝင်ရောက် ခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့ သိရပါတယ်။ ပြည်ပဲဈေးကွက်မှာ မတ်ပဲ အဟောင်းအသစ်တစ်တင်း ကို ၁၃၇၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်ပဲကုန်သည်တွေရဲ့ လက်ဝယ်ကျန်နေတဲ့ ပဲဟောင်းနဲ့ ပဲသစ်နှစ်မျိုးစလုံး ရန်ကုန် ဝယ်လက်အရောင်းအဝယ်ရှိပြီး၊ တစ်နေ့ကို အိတ် ၇၀၀- ၈၀၀ ခန့်အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန် ဘုရင့်နောင်ကို တစ်နေ့အိတ် ၂၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Friday, 3 Feb 2012

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲမျိုးစုံ အနက် ပဲစင်းငုံ အဟောင်းအသစ်က အရောင်းအဝယ်အသွက်ဆုံးဖြစ်နေပါတယ်။ ပို့ကုန်ဝင်ငွေတစ်ဒေါ်လာ တန်ဖိုးမာလာတဲ့အပြင် အိန္ဒိယဝယ်လက်ကလည်း အဝယ် သွက်တဲ့ကာလမို့ ပဲအသစ်ပေါ်ချိန် အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဝယ်လက်တွေက ဈေးနိမ့်တဲ့ ပဲစင်းငုံအဟောင်းကို ဝယ်ယူမှုပိုများတယ်လို့ ကုန်သည်ကြီး တစ်ဦးကဆိုပါတယ်။ယခုတစ်ပတ် ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပဲစင်း ငုံဖြူနီ၊ အနီ၊ ခွဲခြမ်းစုစုပေါင်း တန်ချိန် ၁၅၀၀၀ ခန့်အရောင်းအဝယ် စာချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့နည်း တာ တွေ့ရပါတယ်။                  ဒေါ်လာ/တန်                     ပဲစင်းငုံနီ      ဖြူနီ၊ အဖြူ       အနီ(အဟောင်း)၂၇-၁-၂၀၁၂    ၆၄၀-၆၆၀      ၅၁၀-၅၃၀        ၅၉၀-၆၁၀၂၀-၁-၂၀၁၂    ၆၅၀-၆၇၀      ၅၂၀-၅၄၀        ၆၀၀-၆၂၀MIRT(MAPT)

Friday, 3 Feb 2012

            ပဲလွန်းဖြူကို ယခုတစ်ပတ်မှာ ပြည်ပ တင်ပို့မှုရော အရောင်းအဝယ်ပါ ပိုဖြစ်လာကာ တွေ့ရပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုအနေနဲ့ ဇန်နဝါရီလ ၁၆-၂၀ ရက်အတွင်း တန်ချိန် ၄၁၀ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိ လစ်ပိုင်နဲ့ အိန္ဒိယဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲလွန်းဖြူ တန်ချိန် ၂ သောင်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း ကျော်ရရှိခဲ့လို့ ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ ပမာဏ တန်ချိန် ၁၈၀၀၀ ကျော်၊ ဝင်ငွေအား ဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်နဲ့ ယှဉ်ရင် ပမာဏရော ဝင်ငွေပါပိုမိုခဲ့ ကြောင်း သိရပါတယ်။                       ရန်ကုန် FOB ဈေးကွက်မှာတော့ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ တန်ချိန် ၄၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒေသ အသီးသီးက ပဲလွန်းဖြူအသစ်များ ဝင် လာပြီဖြစ်ပြီး ပြည်ပနိုင်ငံ တော်တော် များများက ဝယ်လိုအားရှိတဲ့ ပဲဖြစ်လို့ အရောင်းအဝယ်ပိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။                    ရန်ကုန် FOB ဈေးအနေနဲ့ ဇန်န ဝါရီလ ၂၀ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀၊ SQ တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိရာမှ ဇန်နဝါရီလ ၂၇ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀၊ SQ တစ်တန် ကန် ဒေါ်လာ ၈၄၀-၈၆၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

                   ပဲမျုးိစုံပြည်ပတင်ပို့မှုမှာ ပဲစင်းငုံကတော့ တန် တစ်သောင်းအထက်နဲ့ အပတ်စဉ် တင်ပို့မှု များနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီ ၁၆-၂၀) အတွင်းမှာလည်း တန်ချိန် ၁၁၀၀၀ ခန့်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယမှာ ပဲအသစ်ထွက်ပေမဲ့ အထွက်လျော့ကျတဲ့ သတင်းတွေ အရ အဝယ်ရှိနေတဲ့အတွက် ပြည်ပတင်ပို့မှုကလည်း အားကောင်းနေခြင်းဖြစ်ပါတယ်။                  လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲစင်းငုံပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၃၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၉ သန်းခန့်ရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၀၀၀၀ နီးပါး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၂၂ သန်းနီးပါးထက် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်ကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT

Friday, 3 Feb 2012

         ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခုသီတင်းပတ်တွေမှာ အရှိန်ရလာနေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန် ၇၂၀၀ ခန့်ထိတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ် လက်တွေ ဝယ်လိုအားရှိလာနေပြီဖြစ်လို့ တင်ပို့မှုမှာလည်း ယခင်လပိုင်းက နည်းခဲ့ရာမှ ပြန်လည်တင်ပို့မှု တိုးတက်လာခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုကိုကြည့်ရင် မတ်ပဲတန်ချိန် ၅၁၀၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၄၂၀ သန်းခန့်ရရှိပြီလို့ သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၄၆၀၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၄၅၈ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်လက်ရှိအချိန်ထိ တင်ပို့မှုနဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၅ သောင်းခန့်ပိုတင်ပို့နိုင်ပေမဲ့ ဝင်ငွေအားဖြင့် လျော့ကျကြောင်းသိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု အား ကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT

Pages