Main menu

Background

Monday, 24 Oct 2011

                 အောက်တိုဘာ တတိယပတ်အတွင်း ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ အောင်လံနဲ့ဒေသတွင်း မြို့နယ်များက ဝင်ရောက်လာပြီဖြစ်တယ်လို့သိရပါတယ်။ တစ်ရက် အိတ် ၄၀၊ ၅၀ ခန့်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါတယ်။ လက်ကျန်ပဲအဟောင်းများမှာ ယခင် အပတ်ကအထိ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် ရောင်း ဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲသစ်များဝင်ရောက်လာတဲ့အတွက် ပဲဟောင်းများ အရောင်းအဝယ်အေးသွားခဲ့တယ် လို့သိရပါတယ်။ ယခင်နှစ်က ပဲတီစိမ်းဈေးမှာ အဖွင့်ဈေး အနေဖြင့် တစ်တင်း ၂၅၀၀၀ ကျပ်ရှိခဲ့တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း

Monday, 24 Oct 2011

               အိန္ဒိယနိုင်ငံ PEC  အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၁၈၀၀၀ တင်သွင်းဖို့ တင်ဒါခေါ်ထားပါတယ်။ တင်သွင်း မယ့် ပဲများကတော့ မြန်မာ့မတ်ပဲ SQ တန် ၂၀၀၀၊ မတ်ပဲ FAQ တန် ၄၀၀၀၊ ကနေဒါ ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ အမေရိကန် ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ သြစတြေးလျ ဒေစီကုလားပဲ တန် ၂၀၀၀ နဲ့၊ တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂၀၀၀ တို့ဖြစ်ပါတယ်။               တင်သွင်းမယ့် ပဲများကို မွန် ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများသို့ နိုဝင် ဘာလအရောက် ပေးပို့ရမယ်လို့ သိရပါတယ်။ ဝယ်ယူရေး တင်ဒါကို အောက်တိုဘာလ ၂၁ ရက်မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင် Source: nnscommodityonline

Monday, 24 Oct 2011

            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က ပဲစင်းငုံနီအရောင်းအဝယ်မရှိသလောက်ပါးခဲ့ရာမှ ယခုတစ်ပတ် အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ ပဲစင်းငုံ ဖြူနီနဲ့ အဖြူ တန်ချိန် ၃၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယပဲအသစ်မထွက်မီ စပ်ကူးမတ်ကူးကာလ လိုအပ်တဲ့ ပဲအချို့အတွက် ကြိုက်ဈေးရတဲ့ ပဲစင်းငုံကို အရောင်း အဝယ်ပိုဖြစ်တာ တွေ့ရပါတယ်။              အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းလာတာ ကြောင့် FOB ဈေးလည်း လျော့ကျခဲ့ပါတယ်။                                           ဒေါ်လာ/တန်                          ပဲစင်းငုံနီ              ဖြူနီ                        ငုံနီ(အဟောင်း)၂၁-၁၀-၁၁         ၅၆၀-၅၈၀         ၄၆၀-၄၈၀                      ၅၅၀-၅၇၀၁၄-၁၀-၁၁          ၅၈၀-၆၀၀        ၄၈၀-၅၀၀                       ၅၇၀-၅၉၀MIRT(DOBT)

Monday, 24 Oct 2011

            ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးအနေဖြင့် ယခင်တစ်ပတ်ထက် ဈေးလျော့နေပြီး၊ ပဲတစ်တင်းကို ၁၇၇၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်မြို့အနီး ဝက်ထီးကန်ဘက်မှ တောင်သူများလက်ဝယ်ရှိပဲများကို လာရောက်ရောင်းချ ကြ တယ်လို့သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိနေပြီး တစ်နေ့ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ကာ ပြည်မှ ရန်ကုန်-ဘုရင့်နောင်သို့ ပဲစီးဆင်းမှု ကတော့တစ်နေ့ကိုအိတ် ၆၀၀ ခန့်တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး

Monday, 24 Oct 2011

                  အောက်တိုဘာ ၁၀ မှ ၁၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ မတ်ပဲ ၁၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ်မှာ အပို့ရှိတာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနေနဲ့ တစ်တန် ကျပ် ၇၆၀၀၀ ကျော် လျော့ကျလျက်ရှိပြီး တစ်ဘက်နိုင်ငံဈေး သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ယခင်နှစ် အောက်တိုဘာမှာ နယ်စပ်မှမတ်ပဲတင်ပို့နိုင်မှုမှာ ၃၁၅ တန်ရှိပြီး၊ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာ ၁၈ ရက်ထိ နယ်စပ်မှ မတ်ပဲတင်ပို့မှုမှာ ၅၁၁ တန်ရှိပြီ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်-                                မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု          ယခင်        ပြောင်းလဲမှု    %    ယခု    ယခင်     ပြောင်းလဲမှု    %မတ်ပဲ  ၅၁၇၃၃၈    ၅၉၃၅၂၃         ၇၆၁၈၅     ၁၅    ၉၄၁     ၉၄၂            ၁          ၀ .၁MIRT(DOT)

Monday, 24 Oct 2011

              အိန္ဒိယပြည်တွင်းဈေးကွက်များကို မတ်ပဲအသစ်များ ဝင်ရောက်လာခြင်းနဲ့ ဝယ်လိုအားနည်းလာတဲ့ အတွက် ဈေးကျဆင်းလာပါတယ်။ ရှိဗာဗူရီနဲ့ ကာတ်နီတို့မှ ဒေစီ မတ်ပဲများ ဝင်ရောက်မှု မြင့်တက်လျက်ရှိပြီး ဒေလီမှာ မတ်ပဲအိတ် ၂ သိန်းဝန်း ကျင်ရှိတယ်လို့ သိရပါတယ်။ ပဲထွက်ရှိရာဒေသများက ပုံမှန်ဝင်ရောက်မှုရှိဦး မှာဖြစ်လို့ နောက် ၄ ရက်အတွင်းမှာ မတ်ပဲဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                      ဒေါ် လာ/တန်              ၂၁-၁၀-၁၁      ၁၉-၁၀-၁၁       ၁၈-၁၀-၁၁           ၁၇-၁၀-၁၁မွန်ဘိုင်း         ၇၄၂            ၇၅၃               ၇၅၃                 ၇၆၃ဒေလီ        ၅၂၅-၆၄၆       ၅၂၉-၆၅၁         ၅၅၀-၆၅၂          ၅၅၃-၆၅၆ချန်နိုင်း          ၇၉၈            ၈၁၄               ၈၁၄                  ၈၃၀MIRT(DOBT)

Monday, 24 Oct 2011

                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်လိုပဲ ယခုတစ်ပတ် မှာလည်း အရောင်းအဝယ်ဖြစ်မှု နည်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့အထိ မတ်ပဲ SQ၊ FAQ နဲ့အခွံချွတ်စုစုပေါင်းအရောင်းအဝယ်ဖြစ်မှု တန်ချိန် ၅၄၀၀ ခန့်သာရှိခဲ့ပါတယ်။                      အိန္ဒိယဝယ်လက်အနည်းငယ်သာ အဝယ်ရှိနေခြင်းနဲ့ ယခုသီတင်းပတ်အတွင်း ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် အရောင်းအဝယ်နည်းပြီး ဈေးလည်းအေးနေပါတယ်။ ကုန်သည်ကြီးတွေရဲ့ ခန့်မှန်း ချက်အရ အိန္ဒိယမတ်ပဲ အသစ် ဈေးကွက်ထဲ ဝင်ရောက်မှုနည်းမယ့် နိုဝင်ဘာလကုန် ဒီဇင်ဘာလမှာတော့ အဝယ်ပြန်လိုက်လာနိုင်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းအပြောင်းအလဲများ ဖော်ပြလိုက်ပါတယ်-                           ဒေါ်လာ/တန်                       မတ်ပဲ(FAQ)            မတ်ပဲ(SQ)၂၁-၁၀-၁၁         ၇၅၀-၇၇၀             ၈၁၀-၈၃၀၁၄-၁၀-၁၁          ၇၄၀-၇၆၀            ၈၁၅-၈၃၅MIRT(MAPT)

Monday, 17 Oct 2011

                 မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာသုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးမှုန့် ၁၃၇ တန်ကျော် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်အထိအပို့ရှိခဲ့ပါတယ်။ ကန်ဒေါ်လာ ၃ ဒသမ ၆၅၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၀၉၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ နှံစားပြောင်း ၂၆၈တန်အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ယခင်အပတ်က ပြောင်း ၁၄၂၅၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်တင်ပို့မှုကတော့ ၈၈၉ တန်လျော့နည်း ခဲ့ပါတယ်။မိမိဘက်မှာရောတစ်ဘက်နိုင်ငံမှာပါပြောင်းဈေးမြင့်တက်နေပြီး တစ်ဘက် နိုင်ငံမှာတော့ နှံစားပြောင်းဈေး ကျလျက်ရှိပါတယ်။ နှစ်နိုင်ငံ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                     မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု           ယခင်     ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့    ၂၆၂၅၅၉     ၂၂၈၃၆၅       ၃၄၁၉၄     ၁၃     ၂၉၂     ၂၈၂           ၁၀           ၄နှံစားပြောင်း      ၂၅၉၀၀၀    ၂၅၃၀၀၀        ၆၀၀၀       ၂       ၃၆၁     ၃၆၇            ၆           ၂MIRT(DOT)

Monday, 17 Oct 2011

                        အောက်တိုဘာ ၂ ရက်မှ ၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၇၃၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၉၆ သန်းကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံ ၄ နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နှစ်ဆနီးပါးပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း ပြောင်းဖူးစေ့ တန် ၁၃၀၀၀ ကျော် အပြင် ပြောင်းဖူးမှုန့် ၁၃၇ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြောင်းဖူးစေ့ကို FOB  စနစ်နဲ့ ပုံမှန်တင်ပို့ရာကနေ ဃှုၤ စနစ်နဲ့ တင်ပို့ ရန်ရှိကြောင်းလည်းသိရပါတယ်။လက်ရှိ FOB(ရန်ကုန်)ရဲ့ ဈေးနှုန်းကတော့ပြောင်းလဲမှုမရှိဘဲ၊ ဒေါ်လာ (၂၉၀-၃၀၅) ကြားဈေးပေါက်လျက်ရှိပါတယ်။ KZW

Monday, 17 Oct 2011

              အောက်တိုဘာ ၁၀ ရက် အာရှရော်ဘာဈေးနှုန်းတွေက အောက်တိုဘာလဆန်းပိုင်းက နှုန်းထား ထက် ပိုမိုအားကောင်း လာတယ်။ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများ လျော့ကျသွားခြင်း ၊ ရေနံစိမ်းဈေးနှုန်း ပြန်လည်အားကောင်းလာခြင်းနဲ့ ရော်ဘာထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံမှာ ရေကြီးမှုဒဏ်ခံစားနေရခြင်းတို့ကြောင့် ရော်ဘာဈေးနှုန်း ဦးမော့လာတယ်လို့ သိရတယ်။               ဒါကြောင့် ယခင်အပတ် အောက်တိုဘာ ၃ ရက်က တစ်တန်ကို ၄၁၃၆ ဒေါ်လာရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 အမျိုးအစားက အောက်တိုဘာ ၁၀ ရက်မှာ တစ်တန်ကို ၄၁၇၀ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ ဒါ့အပြင် မလေးရှား ရော်ဘာ ( Standard Malaysia Rubber-SMR 20)  အမျိုးအစားကလည်း တစ်တန်ကို ၄၀၈၉ ဒေါ်လာမှ ၄၁၉၇ ဒသမ ၅၀ ဒေါ်လာအထိ ဈေးမြင့်လာတယ်။ ဒါ့အပြင် ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံး တရုတ်နိုင်ငံက ရော်ဘာဈေးနှုန်းကျဆင်းနေချိန်မှာ ရော်ဘာ ဝယ်ယူသိုလှောင် ထားဖို့ စီစဉ်နေခြင်း ၊ ပြည်တွင်းကားအရောင်းနှုန်း မြင့်မားနေခြင်းကလည်း ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးနေတယ်လို့ သိရပါတယ်။ ပပ၊ Source:rubberboard.org.in, bernama.com

Pages