Main menu

Background

Monday, 17 Oct 2011

                   ကျောက်ဆည်မြို့နယ်ရှိ ဗမာနနွင်းတက်မှာ ယခုတစ်ပတ်အရောင်းအေးနေဆဲဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် ဈေးဆက်လက် ကျဆင်းလာတယ်လို့ သိရပါတယ်။ မူဆယ်ဝယ်လက်သာ အဆွဲရှိပြီး၊ ယခုတစ်ပတ် ၆ ဘီးကား တစ်စီးနဲ့ ကုန်ချိန်ပိဿာ ၈၀၀၀ ဝန်းကျင်သာတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကားသယ်ခနှုန်းထားများလည်း ယခင်ကထက် မြင့်တက်လာသော်လည်း မူဆယ်ဝယ်လက် အဝယ်အေးတာကြောင့် ယခုတစ်ပတ် ကျောက်ဆည် နနွင်းတက်မှာ ဒေသဈေး ၁၅၀၀ ကျပ် ဝန်းကျင်နဲ့ ယခင်တစ်ပတ်ကထက် ဈေးကျလာတယ်လို့ နနွင်းတက် ဈေးကွက်က သိရပါတယ်။ သင်းသင်းမြတ်

Monday, 17 Oct 2011

              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ အောက်တိုဘာ ၂ ရက်မှ ၈ ရက် နေ့တာကာလအတွင်း နနွင်း ၁၇ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ၁၆ ဒသမ ၅ တန်သာအပို့ရှိခဲ့ လို့ ဒီတစ်ပတ်မှာလည်း ပုံမှန်အပို့ရှိခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အို ဘီဈေး ကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ၂၅၅၀၀ ရရှိခဲ့ပါတယ်။    MIRT (DOT)

Monday, 17 Oct 2011

                   တောင်ကြီးဈေးကွက်မှာ ဇူလိုင်လကနေ အောက်တိုဘာလဆန်းအထိ တစ်ပိဿာကို ၅၀၀ ကျပ်မှ ၁၁၀၀ ကျပ်ဈေးပတ်ချာလည် နဲ့ ဈေးငြိမ်နေတဲ့ ကြက်သွန်ဖြူက ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ တစ်ပိဿာကို ၁၀၀ ကျပ် -၁၅၀ ကျပ်ခန့် ဈေးတက်လာနေတာကြောင့် လှောင်လက်အချို့တွေက ထုတ်ရောင်းနေပါတယ်။ မုံရွာဝယ်လက်တွေက အိန္ဒိယကို ပို့ဖို့အတွက် ဝယ်ယူ နေတာရယ်၊ လက်ကျန်လည်းနည်းလာတာရယ်ကြောင့် ဈေးတက်လာတယ်လို့ သိရ ပါတယ်။ တောင်သူတွေကတော့ ဒီသီတင်းကျွတ်လဆန်းမှာပြန်ပြီး စိုက်နေကြပါတယ်။ စိုက်ဧကကလည်း မနှစ်ကလိုဘဲ ပုံမှန်ပြန်စိုက်ပါတယ်။ ဒီနှစ်က ဈေး မကောင်းဘူးဆိုပေမယ့် ပြည်တွင်းသုံးအတွက် ရန်ကုန်-နေပြည်တော်က ဝယ်ယူနေ တာကြောင့် တစိမ့်စိမ့်ရောင်းနေရတယ်လို့လည်း သိရပါတယ်။ တောင်ကြီး ပွဲရုံ တွေမှာတော့ လက်ကျန်ပိဿာချိန် ၂ သိန်းခန့်ကျန်နေသေးတယ်လို့ ဒေသခံပွဲရုံ တွေက သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူ(လတ်ခြား) တစ်ပိဿာ ၇၀၀ ကျပ် (ထူး-၁) ၈၀၀ ကျပ်၊ (ထူး -၂) ၁၀၀၀ ကျပ်၊ (ထူး-၃) ၁၁၀၀ ကျပ်၊ (ထူး -၄) ၁၃၀၀ ကျပ် ဈေးရှိပါတယ်။ လဲချားအပင်ပါကတော့ တစ်ပိဿာ ၆၅၀ ကျပ်-၇၀၀ ကျပ်ဈေးရှိပြီး၊ အောင်ပန်းဈေးကွက်မှာတော့ (လတ်ခြား) ၇၀၀ ကျပ်(ရှယ်) ၈၀၀ ကျပ် (ထူး-၁) ၉၀၀ ကျပ်၊ (ထူး -၂) ၁၀၀၀ ကျပ်၊ (ထူး -၃) ၁၁၀၀ ကျပ်၊ (ထူး -၄) ၁၃၀၀ ကျပ်မှ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။ (ထူး -၄)ကို ပြန်လည်ပြုပြင်ပြီးရောင်းရင် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်

Monday, 17 Oct 2011

                   ဒီတစ်ပတ်မှာလည်း အောင်ပန်းဈေးကွက်ကို ချင်း(စို)တွေက ပုံမှန်ပဲဝင်ပါတယ်။ သီတင်းကျွတ်ကာလ ဖြစ်တာကြောင့် တောင်သူတွေက အများကြီးမဖော် တော့ဘဲ၊ ငွေလိုသလောက်သာဖော်ပြီး ရောင်းနေတယ်လို့လည်း သိရပါတယ်။ သီတင်း ကျွတ်ပြီးရင်လည်း ပုံမှန်လောက်သာဝင်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အခုလက်ရှိ ပေါက်ဈေးကို သိပ်မကြိုက်သေးတာကြောင့် တောင်သူတွေက သိပ်ပြီး ဖော်ကြမယ်လို့ မထင်ပါဘူး။ အရင်နှစ်တွေကတော့ ကြိုက်ဈေးရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေတစ်နှစ်စာဖော်ကြတာကြောင့် လှောင်လက်တွေက ဝယ်ပြီးလှောင်ထား ကြလို့ရပေမယ့် ဒီနှစ်ကတော့ ဒီလိုအခြေအနေမရှိဘူးလို့ သုံးသပ်နေပါတယ်။ ချင်းက မြေကြီးထဲမှာသာဆိုရင် တစ်ရာသီလုံးထားနိုင်တဲ့ သီးနှံလည်းဖြစ်ပါတယ်။ ချင်း(စို)က ဒီတစ်ပတ်မှာ တစ်ပိဿာ ၃၀၀ ကျပ် ဈေးရှိပါတယ်။ ချင်း(ဥမ)ကတော့ လက်ကျန်နည်းနေပြီလို့ သိရပြီး တစ်ပိဿာကို ၄၀၀ ကျပ် -၄၅၀ ကျပ် ဈေးရှိပါ တယ်။ ချင်း(ခြောက်)ကိုတော့ ရန်ကုန်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် လှောင်လက်တွေ ကလည်း ထုတ်ရောင်းနေကြပါတယ်။ လက်ကျန်ကလည်း အတော်နည်း နေပြီ ဖြစ်တာကြောင့် ဈေးနည်းနည်း တက်လာပြီး တစ်ပိဿာကို ၂၂၀၀ ကျပ် - ၂၃၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Monday, 17 Oct 2011

                 ပြည်ပဲဈေးကွက်တွင် စားတော်ပဲမှာ ဈေးကောင်းရနေဆဲဖြစ်ပါတယ်။ ယခင် တစ်ပတ်ဈေးအတိုင်း တစ်တင်းကို ၂၄၀၀၀ ကျပ်ဖြင့် ဈေးငြိမ်ပြီး၊ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်သို့ ရန်ကုန်နဲ့ ပြည်ကြားရှိ မြို့နယ် များမှ ဝယ်လက်များ အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၁၀၀ ကျော်ပုံမှန် အဝယ်ရှိ ခဲ့ပါတယ်။ အခြားမြို့နယ်များမှဝယ်လက်များအပြင် ပြည်မြို့နယ်အတွင်းရှိ လက်လီ ဝယ်ယူသူများမှလည်း နေ့စဉ်အဝယ်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Monday, 17 Oct 2011

               ပြည်ဈေးကွက်အတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ ပဲနီပြားသီးနှံဟာ လက်ကျန် လည်းနည်းလာခဲ့ပြီလို့ သိရပါတယ်။ ပဲနီပြားသီးနှံဟာ ပဲစပေါ်ချိန်ကစပြီး၊ ယခုလက်ကျန်နည်းလာချိန်အထိ လက်ကားရောင်းဝယ်မှုမှာ အနည်းငယ်သာရှိခဲ့ပြီး၊ ဒေသတွင်း မြို့နယ်များမှ လက်လီပြန်လည်ရောင်းချရန် ဝယ်ယူမှုများရှိခဲ့ပါတယ်။ ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်း လက်လီဈေး တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း

Monday, 17 Oct 2011

                   ယခင်တစ်ပတ်က ပြည်ဈေးကွက်တွင် မြို့နယ်အတွင်းရှိ ဘိုကိတ်လက်ကျန် ပဲများနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဘိုကိတ်လက်ကျန်ရှိတဲ့ ပွဲရုံများမှာ နေ့စဉ် လက်လီသမားများ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂၀ တစ်တင်းကို ၁၅၀၀၀ ကျပ်ဈေးရှိခဲ့ရာမှ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကျပ်ဈေးဖြင့် ဈေးပြတ်သွားတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်တွင် လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သော ဘိုကိတ်မှာ ယခုတစ်ပတ် မှာတော့ လက်ကျန်မရှိတော့တာကြောင့် ဈေးကွက်မှာ ဘိုကိတ် အရောင်းအဝယ် မဖြစ်တော့ဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ

Monday, 17 Oct 2011

                  ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုသီတင်းပတ် မြေထောက်ပဲတင်ပို့မှု ပိုမိုပြီး ထောပတ်ပဲတင်ပို့မှု လျော့ကျလာတာတွေ့ရပါတယ်။ အောက်တိုဘာလ ၂ ရက်မှ ၇ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၄၈၀ ကျော် တင်ပို့ခဲ့ပြီး ထောပတ်ပဲမှာ တန် ၁၀၀ ခန့်သာရှိလို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ မြေထောက်ပဲ တန် ၄၁၀ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၂၀၀ ခန့်နဲ့ ယှဉ်ရင် မြေထောက်ပဲပိုတင်ပြီး ထောပတ်ပဲ တင်ပို့မှု ကျဆင်းခဲ့ပါတယ်။                           FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အောက်တိုဘာလ ၇ ရက် မှ ၁၃ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၁၃၃ တန်သာ ဖြစ်ခဲ့ပြီး ထောပတ်ပဲ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်းသိရပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အောက်တိုဘာလ ၁၃ ရက်အထိပထမ ၂ ပတ်အတွင်း မြေထောက်ပဲ တန် ၅၁၅ နဲ့ ထောပတ်ပဲတန်ချိန် ၁၄၀ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ ရှိပြီး၊ ထောပတ်ပဲ FAQ တစ်တန်ကန် ဒေါ်လာ ၇၃၀-၇၅၀ ရှိကြောင်း သိရပါတယ်။     MIRT-MAPT

Monday, 17 Oct 2011

                 ယခု အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်သို့ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေးမြို့နယ်များမှ ပဲကြီးဝယ်လက်များ အဝယ်ရှိလာတဲ့အတွက် ပဲကြီးရွှေကျွန်း(ကမ်းနား) နှစ်မျိုးလုံး အရောင်းအဝယ်သွက်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများက ပုံမှန်အဝယ်ရှိခဲ့ပြီး၊ ပဲကြီးကမ်းနားသာ အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးမှ လက်ကားဝယ်ယူမှုများ ရှိလာတဲ့အတွက် ပဲကြီးရွှေ ကျွန်းမှာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဈေးနှုန်းမှာ ပဲကြီးရွှေကျွန်း တစ်တင်း ကျပ် ၁၈၀၀၀ ၊ ကမ်းနား တစ်တင်း ၁၅၀၀၀ကျပ်ဖြင့် တစ်ရက်အိတ် ၄၀၀-၅၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း

Monday, 17 Oct 2011

                    ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုလျော့ကျပြီး ပြည်ပ တင်ပို့မှုပါ ကျဆင်းဖွယ်ရှိတာကြောင့် ပဲဈေးခိုင်မာနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ အထူးသဖြင့် ပဲလုံးတင်ပို့မှု ကျဆင်းတာကြောင့် စုစုပေါင်း ပဲတင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၇ သန်းကို ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်း ပြည်တွင်းပဲသုံးစွဲမှုမှာ ၂၀၁၀- ၂၀၁၁ အလားတူ တန်ချိန် သုည ဒသမ ၈ သန်းရှိနိုင်ပြီး လက်ကျန်ပမာဏမှာ တန်ချိန် ၁ ဒသမ ၃သန်းကို ကျ ဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအလားအလာ အနေနဲ့ ရိတ်သိမ်းမှု အခြေအနေ၊ အပူချိန်၊ ငွေကြေးလဲ လှယ်နှုန်းနဲ့ ကမ္ဘာ့သီးနှံထွက်ရှိမှု အခြေအနေများကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။                                                  ပဲနီလေး                      ပဲနီလေးအနေနဲ့ အထွက်နှုန်းမှာ ယခင်နှစ် အတိုင်း ဖြစ်နိုင်ပေမဲ့ စိုက်ဧရိယာလျော့ကျတာကြောင့် ထွက်ရှိမှုမှာ ၂၀၁၀-၂၀၁၁ ကထက် ၁၈ ရာခိုင်နှုန်းကျ ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ပဲစိမ်းလုံးထုတ်လုပ်မှုဟာ တန်ချိန် သုည ဒသမ ၆ သန်းကို အနည်းငယ်ကျဆင်း နိုင်ပြီး ပဲနီလေးမှာ တန်ချိန် သုည ဒသမ ၈ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ကျန်များတာကြောင့် ရောင်းချမှုမှာ ၁၇ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၂ ဒသမ ၄ သန်းရှိမယ်လို့ဆိုပါတယ်။ အထူး သဖြင့် တူရကီနဲ့ တောင်အမေရိကားက ဝယ်လိုအား တိုးတက်တာကြောင့် တင်ပို့မှု တိုးတက်နိုင်တယ်လို့ ခန့်မှန်းခြင်းဖြစ်ပါတယ်။                                         ကုလားပဲဖြူလုံးကြီး                    ကုလားပဲဖြူလုံးကြီးအနေနဲ့ ၅ နှစ်အတွင်း ပျမ်းမျှ အထွက်နှုန်းနီးပါး ထွက်ရှိပေမဲ့ ရိတ်သိမ်းဧရိယာလျော့ ကျတာကြောင့် ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅၄၀၀၀ ခန့် သာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကာဘူလီ ကုလားပဲနဲ့ ဒေစီကုလားပဲ နှစ်မျိုးလုံး ၂၀၁၀- ၂၀၁၁ ကထက် အထွက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။                  ၂၀၁၀-၂၀၁၁ အတွင်း ဈေးကွက်ပေါက်ဈေး စံချိန်တင် မြင့်တက်ပေမဲ့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း၊ ကုလားပဲစိုက်ပျိုးမှု ကရိကထများခြင်းတို့ကြောင့် ၂၀၁၀-၁၁ အတွင်းမှာ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြ ပါတယ်။ စုစုပေါင်းရောင်းချမှု သိသိသာသာ ကျဆင်း နိုင်ပြီး လက်ကျန်လည်း ကျဆင်းတာကြောင့် ပြည်ပတင် ပို့မှုလည်း ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျနဲ့ တူရကီတို့မှာ ရောင်းချမှုလျော့ကျတာကြောင့် ပျမ်မျှဈေးနှုန်းအနေနဲ့ ပြောင်းလဲမှုမရှိနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။ အမေရိကန် ကုလားပဲဖြူလုံးကြီး ထုတ်လုပ် မှုမှာလည်း ရိတ်သိမ်းဧရိယာကျဆင်းတာကြောင့် တန်ချိန် ၈၀၀၀၀ ကို ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်းရွှေစင် Source: Agriculture and Agri- Food

Pages