Background
ပြည်မြို့မှ ပဲကုန်သည်တွေရဲ့ လက်ဝယ် ပဲလွန်းဖြူသီးနှံမှာ လက်ကျန် အနည်းငယ်ကျန်ရှိခဲ့ပြီး၊ လက်လီသမား များ အဝယ်ရှိတာကြောင့် အရောင်းအဝယ် ဖြစ်လျက်ရှိနေခဲ့ပါတယ်။ ပဲတစ် တင်းကို ၁၈၅၀၀ ကျပ်ဈေးဖြင့် အိတ် အနည်းငယ်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ် ယခု အချိန်က ပဲလွန်းတစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်ရှိတာကြောင့် ယခု ပဲလွန်းဈေးအနည်းငယ် အေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မိမိအေး
ပင်လယ်ရေကြောင်းက အခြား ပဲအုပ်စုတွေထဲမှာ တင်ပို့မှုအားကောင်း တဲ့ပဲလွန်းဖြူကို စက်တင်ဘာလ နောက် ဆုံးပတ်မှာလည်း တန်ချိန် ၁၈၀ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာ ပဲလွန်းဖြူ တန် ချိန် ၆၆၀ ခန့် တင်ပို့မှုရှိပြီး သြဂုတ်လ အတွင်း တန်ချိန် ၁၀၀၀ ခန့် တင်ပို့နိုင် တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ရဲ့ စက်တင်ဘာလကုန်အထိ ပဲလွန်းဖြူ ပြည်ပ တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၅၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၄၀၀ ခန့်ရှိလို့ ယခုနှစ်မှာ အနည်းငယ်လျော့ကျ တင်ပို့ နိုင်တယ်လို့ သိရပါတယ်။ ယခုအောက်တိုဘာလ ပထမပတ် အတွင်း FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုအနေနဲ့ ပဲလွန်းဖြူ တန်ချိန် ၄၀၀ ခန့် ရှိခဲ့ပြီး စက်တင်ဘာလ တစ်လလုံးမှာ တန်ချိန် ၄၅၀ ကျော်သာ ပြည်ပအရောင်းအဝယ်ရှိခဲ့ တယ်လို့ သိရပါတယ်။ လက်ကျန်နည်း လာပြီ ဖြစ်တဲ့ ပဲလွန်းဖြူကို အရောင်းအဝယ် ပုံမှန်ရှိနေလို့ FOB ဈေးလည်း ငြိမ်နေ တာ တွေ့ရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ FOB ဈေးမှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)
ပြည်ပဲစင်းငုံမှာ ပိဿာ ၂၀ တစ်တင်းကို ၁၄၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။ စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးများနဲ့ နှိုင်းယှဉ် ကြည့်ရင်တော့ ယခုအောက်တိုဘာလမှာ ပဲစင်းငုံဈေးအနည်းငယ် ပြန်ကောင်း လာခဲ့ပါတယ်။ ဈေးကောင်းရနေသော်လည်း ရန်ကုန်ဝယ်လက်များမှာ အမြဲတမ်း အဝယ်မရှိဘဲ တစ်ခါတစ်ရံမှသာ အဝယ်ရှိတာကြောင့် ဈေးကွက်တွင်း အရောင်း အဝယ်အေးနေပါတယ်။ ရန်ကုန်ဝယ်လက်ရှိတဲ့ရက်များမှာ အိတ် ၇၀၀-၈၀၀ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပဲစင်းငုံအိတ် ၁၂၀၀ ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က တန်ချိန် ၇၀၀၀ ခန့် ပြည်ပအရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ယခု အောက်တိုဘာလ ပထမပတ်မှာတော့ တန်ချိန် ၁၄၀၀ ခန့်သာ အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ တစ်လလုံးမှာပဲစင်းငုံဖြူနီ တန် ၃၅၀၀ ကျော်၊ အနီ တန် ၂၂၅၀၀ ခန့်နဲ့ ခွဲခြမ်းတန် ၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၂၇၀၀၀ ခန့် ပြည်ပအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ အိန္ဒိယဈေးကွက်တွေမှာ ပဲဈေးတွေကျဆင်း နေခြင်းနဲ့အတူ ဝယ်လိုအားလည်း နည်းလာတယ်လို့ သိရပါတယ်။ ဘုရင့်နောင် FOB ဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းပြီး လှောင်လက်ကြီးသမားတွေ ရောင်း လို အားများတာကြောင့် ဈေးအနည်းငယ်ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၇-၁၀-၁၁ ၅၉၅-၆၁၅ ၄၇၀-၄၉၀ ၅၈၀-၆၀၀၃၀-၉-၁၁ ၆၀၀-၆၂၀ ၄၈၀-၅၀၀ ၅၉၀-၆၁၀MIRT(MAPT)
ယခုတစ်ပတ် (စက်တင်ဘာလ ၂၅ ရက်မှ ၃၀ ရက်) အတွင်း ပြည်ပကို ပင် လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် ၆၃၀၀ ကျော်တင်ပို့မှုရှိပြီး ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ တစ်လလုံး ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၃၃၀၀၀ ခန့်ရှိပြီး သြဂုတ်လ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၇၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ပဲစင်းငုံတန်ချိန် ၁၆၀၀၀ ခန့် စက်တင်ဘာလမှာ ပိုမိုတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ၂၀၁၀ စက်တင်ဘာ တစ်လလုံးအတွင်း ပဲစင်းငုံတန်ချိန်၉၀၀၀ ခန့်သာတင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ရဲ့စက်တင်ဘာလကုန်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ ပြီးစီးမှုဟာ တန်ချိန် ၁၂၀၀၀၀ ခန့်ရှိပြီ ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်းတန်ချိန် ၅၈၀၀၀ ခန့်တင်ပို့မှုနဲ့ယှဉ်ရင် ယခုဘဏ္ဍာနှစ် မှာ ထက်ဝက် ကျော် ပိုတင်လာနိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ ပဲစင်းငုံ တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT
ပြည်မြို့ရဲ့ ပဲပွဲရုံတွေမှာ မတ်ပဲအဝင်မရှိတော့ဘဲ လှောင်လက်သမားများ လက်ဝယ်ရှိ ပဲများကိုသာ ထုတ်ရောင်းကြတာကို တွေ့ရပါတယ်။ မတ်ပဲတစ်တင်းကို ယခင်အပတ်က ၁၉၅၀၀ ကျပ်ရှိရာမှ ယခုအပတ် ၁၈၅၀၀ ကျပ်ဈေးသို့အေးပြီး တစ်နေ့ကို အိတ် ၆၀၀-၇၀၀ ခန့် ရန်ကုန်ဝယ်လက် အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲစိုက်ချိန်နီးလာပြီဖြစ်၍ လှောင်လက်သမားများမှ ထုတ်ရောင်းချမှုများရှိလာတာ ကြောင့် ပဲဈေးမှာ ယခင်တစ်ပတ် ထက်ဈေးလျှော့ခဲ့တယ်လို့ သိရပါတယ်။ ပြည်မှ ပဲ စီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၆၀၀ ခန့် ရန်ကုန်ဘုရင့်နောင်သို့ တင်ပို့ တယ်လို့ သိရပါတယ်။ မိမိအေး
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ယခုသီတင်းပတ် (စက်တင်ဘာနောက်ဆုံးပတ်)မှာလည်း တန်နှစ်သောင်းကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ စက်တင်ဘာလတစ်လလုံးမှာ ပြည်ပ ကို မတ်ပဲတင်ပို့မှု တန်ချိန် ၈၇၀၀၀ ကျော်ထိရှိပြီး သြဂုတ်လ တစ်လလုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၆၀၀၀၀ ခန့်ထက် တန် နှစ်သောင်းကျော်ပိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က မတ်ပဲတန်ချိန် ၈၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုသီတင်း ပတ် (စက်တင်ဘာလ ၃၀ မှ အောက်တိုဘာလ ၆ ရက်နေ့) အတွင်းမှာ မတ်ပဲ SQ ၊ FAQ နဲ့အခွံချွတ်စုစုပေါင်းတန်ချိန် တစ်သောင်းကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လ လုံးမှာ မတ်ပဲ SQ တန်ချိန် ၂၈၀၀၀ ကျော်၊ FAQ တန်ချိန် ၆၄၀၀၀ ကျော်နဲ့ မတ်ပဲ အခွံချွတ် တန်ချိန် ၂၇၀၀ ကျော် စုစုပေါင်းတန်ချိန် ၉၅၀၀၀ ခန့် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောဈေးကွက်မှာတော့ ပြည်ပဝယ်လက်အဝယ်နှေးနေလို့ အရောင်း အဝယ်ဖြစ်မှုနည်းနေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း အိန္ဒိယဈေးကွက် တွေကို လည်း ပြည်တွင်းမတ်ပဲအသစ်တွေ ဝင်ရောက်မှုများတဲ့ ကာလဖြစ်လို့ ပြည်ပက အဝယ်နှေးသလို ရန်ကုန်ရှိ ပြည်တွင်းကုန်သည်ကြီးများအနေနဲ့လည်း ကွန်တိန်နာ ငှားရမ်းခ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပုံမှန်ထက် အတင်လျော့တယ်လို့ ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးဈေး တည်ငြိမ် နေပေမဲ့ ပဲအရောင်းအဝယ်နည်းလို့ FOB ဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၇-၁၀-၁၁ ၇၅၅-၇၇၅ ၈၃၀-၈၅၀၃၀-၉-၁၁ ၇၆၀-၇၈၀ ၈၄၅-၈၆၅MIRT(MAPT)
တက်ရိပ်ပြတဲ့ ပြောင်းဈေးကွက် မှန်းရခက်တဲ့ ပြောင်းဈေးကွက် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်ယခုနှစ်သြဂုတ်လ(အလယ်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်နဲ့ ဆီဆိုင်မြို့နယ်များတွင် ရေခြံမှပြောင်းဖူးစေ့ အသစ်များအနည်း ငယ် စတင်ပေါ်ခဲ့ပါတယ်။ ယခုနောက်ပိုင်းတွင် ပိုမိုထွက်ရှိခဲ့ပြီး မိုးများသဖြင့် အစို ဓာတ်များတာကြောင့် အခြောက်ခံစက်ပိုင်ရှင်များနဲ့ ကုန်သည်များက တစ်ပိဿာ ၁၃၀ ကျပ်မှ ၁၆၀ ကျပ်အထိ ဈေးပေးဝယ်ခဲ့ပါတယ်။ အစိုဓါတ် ၃၀ နဲ့အထက် ဝယ်ယူထားတဲ့ ပြောင်းဖူးစေ့များကို နေလှန်းခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံပြီးပါက အစိုဓာတ် ၁၄ မှ ၁၆ အထိရှိသော ပြောင်းဖူးစေ့ကို တစ်ပိဿာ ၂၇၀ ကျပ်အထိ ဈေးပေးပြီး ဝယ်ယူကြပါတယ်။ ယခုအချိန်မှာ ပြောင်းဖူးစေ့လက်ကျန်(အဟောင်း)အနည်းငယ်သာ ကြက်စာ အတွက် ကျန်ရှိနေခြင်း၊ ရန်ကုန် တွင်ပုံမှန်လမ်းကြောင်းမှလိုအပ်မှုနဲ့ ရှမ်းပြည် နယ်(မြောက်ပိုင်း)မူဆယ်ဒေသမှ နယ်စပ်ကုန်သွယ်မှုအရ လိုအပ်ချက် များရှိခြင်းကြောင့် ပြောင်းဖူးစေ့ ဈေးအနည်းငယ် ဆက်တက်နိုင်တယ်လို့ ကုန်သည်တို့က မျှော်မှန်းကြပါတယ်။ တောင်ကြီးမှ ရန်ကုန်သို့ သယ်ခမှာ တစ်ပိဿာ ၆၅ ကျပ်ရှိပြီး၊ တောင်ကြီးမှ မန္တလေးသို့ သယ်ခမှာ ၃၂ ကျပ်သာရှိပါတယ်။ တောင်ကြီးမှ မန္တလေးသို့ ပြောင်းဖူးစေ့အသစ် တန်ချိန် ၂၅၀၀ ခန့် ယခုလအတွင်း တင်ပို့မှု ရှိခဲ့ပြီး မန္တလေး တွင် တစ်ပိဿာ ၃၄၀ ကျပ်၊ ရန်ကုန်တွင် တစ်ပိဿာ ၃၅၀ ကျပ်ပေါက်ဈေး ရှိခြင်းကြောင့် တောင်ကြီးမှ ပြောင်းဖူးစေ့ဟာ ကားခသက်သာတဲ့ မန္တလေးဝယ် လက်သို့သာ အဓိကတင်ပို့နေတာကို တွေ့ရပါတယ်။ သောင်းဒန်
ယခုအပတ် နယ်စပ်မှ ပြောင်းတန် ၁၁၆၀၀ ကျော် အပို့ရှိ စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၇၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၁၀၈၆ ခန့်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန် အပို့ ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၃၈၄၀တန် အပို့ပိုခဲ့ပြီး နှံစားပြောင်း ၁၈၉ တန် အပို့လျော့ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခု အပတ် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၂၇၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၇၃၈ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၅၇ သန်းတန်ဖိုးရှိ နှံစားပြောင်း ၅၁၅ တန်၊ ချင်းရွှေဟော်မှကန်ဒေါ်လာသုညဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်အတွင်း ပြောင်းကား တွေ တရုတ်နယ်စပ်ကို အတက်များလျက်ရှိပါတယ်။ ကုန်သယ်ယူစရိတ်ကတော့ မန္တလေးမှ မူဆယ်ကို ပြောင်း ၁ ပိသာကို ၄၅ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၆ ကျပ်ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၇၁၇၅ ၂၁၆၂၆၇ ၁၀၉၀၈ ၅ ၂၉၀ ၂၉၀ - -နှံစားပြောင်း ၂၄၆၀၉၀ ၂၂၂၂၆၉ ၂၃၈၂၁ ၁၁ ၃၄၅ ၃၂၉ ၁၆ ၅MIRT (DOBT)
