Main menu

Background

Friday, 23 Sep 2011

နနွင်းတက်(ရှမ်းစ) အပို့ ပိုနေ            မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံ ရွှေလီသို့ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၂၂၂ သန်းတန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁၄၆ တန်ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၃ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) 

Friday, 23 Sep 2011

မန်ကျည်းတင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက် တာကာလအတွင်း မန်ကျည်းတန် ၄၀ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၈၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၃၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Friday, 23 Sep 2011

ပြည်ချင်း ဈေးကွက်ဈေးငြိမ်                 ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ချင်း(ဥမ)များ ကျန်ရှိနေသေးတဲ့အတွက် အောင်ပန်းနဲ့ တောင်ကြီးဘက်တွင် ချင်း(တက်)များပေါ်ထွက်ပြီဖြစ်သော်လည်း မှာယူတင်သွင်း ရောင်းဝယ်မှု မရှိသေးကြောင်း သိရပါတယ်။ အဝင်မရှိဘဲ လက်ကျန်ချင်းများသာ ရောင်းဝယ်လျက်ရှိနေပြီး ချင်း(ဥမ)ရှယ်တစ်ပိဿာကို ၈၀၀ ကျပ်၊ (ဂျွန်) ၅၅၀--၆၅၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ အရောင်း အဝယ်မှာ ပုံမှန်ရောင်းဝယ်မှုရှိလျက် ချင်းဓါးလှီးသမားများ လက်လီ-လက်ကား ရောင်းဝယ်သူများနဲ့ အခြားတိုင်းဒေသကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ် တင်ပို့မှု အပါအဝင် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Friday, 23 Sep 2011

လှပတဲ့ အနာဂတ်များနဲ့ ကုလားပဲ                   ငွေဈေး၊ ရွှေဈေးတွေဘယ်လိုဖြစ်နေပါစေ သီးနှံမှာတော့ ကုန်လက်ကျန်ရှားပြီး ရောင်းလိုအားနည်းနေတဲ့ အချိန်မှာ ဝယ်လိုအားက တောင်းဆိုလာပြီဆိုရင် ဈေး တက်ကြောင်း၊ ယခုနှစ် ကုလားပဲဖြူကြီးက သက်သေပြနေ ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီ ပထမ ဆယ်ရက်တစ်ပတ်မှာ တစ်တင်းကို ၁၉၁၀၀ ကျပ်နဲ့ စပေါ်ခဲ့ပြီး၊ ဇွန်လလယ်မှာ အများနည်းတူ ၁၅၈၀၀ ကျပ် ဆင်းခဲ့ကာ ယခုနှစ် စက်တင်ဘာ ဆယ်ရက်တစ်ပတ်မှာ ပစ္စည်းရှားလာလို့ တစ်တင်းကို ၂၅၄၀၀ ကျပ်ထိ ရောက်နေ တာ တွေ့ရပါတယ်။ သူ့ကြောင့်ပဲ ကုလားပဲဝါကြီးလည်း အထိုက်အလျောက် တက်လာခဲ့တာတွေ့ရကြောင်းပါ။ မောင်မောင်အေး 

Friday, 23 Sep 2011

ကုလားပဲဖြူလုံးကြီး ရောင်းလိုအားရှိသလောက် ပြည်ပအဝယ်ရှိ                      ပြည်တွင်းဈေးကွက်များအတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် FOB ဈေးကွက်မှာ ရောင်းလိုအားရှိသလောက် ပြည်ပအဝယ်ရှိနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း FOB အရောင်း အဝယ်တန်ချိန် ၁၈၀၀ ကျော်ရှိပြီး စက်တင်ဘာလ ပထမလဝက်အတွင်း တန်ချိန် ၃၄၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။                                  နိုင်ငံတကာမှာ ရောင်းအားလျော့နည်းတဲ့ ကုလားပဲဖြူလုံးကြီးကို ပြည်ပ အဝယ်တက်လာလို့ ယခုတစ်ပတ်လည်းကုလားပဲ FOB ဈေးအနည်းငယ်ပိုလာပါတယ်။ ယခင်တစ်ပတ် စက်တင်ဘာလ ၉ ရက်နေ့က FAQ တစ်တန် ကန်ဒေါ်လာ ၁၀၈၀-၁၁၀၀ ရှိရာမှ စက်တင်ဘာ ၁၆ ရက်နေ့မှာ ကန်ဒေါ်လာ ၁၁၃၀-၁၁၅၀ ကို မြင့်တက်လာခဲ့ပါတယ်။MIRT- MAPT  

Friday, 23 Sep 2011

လက်ကျန်နည်းလာတဲ့ ကုလားပဲ တင်ပို့မှုလျော့လာ                  လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၄-၁၀ ရက်) ပင်လယ်ရေကြောင်း က တင်ပို့မှုမှာ တန်ချိန် ၂၀၀၀ ကျော်သာရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွေက တန်ချိန် ၃၀၀၀ ထိတင်ပို့မှုရှိလို့ တင်ပို့မှု တဖြည်းဖြည်း လျော့လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက်အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၇၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျလာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။MIRT- MAPT 

Friday, 23 Sep 2011

ပြည်ပဲတီစိမ်းဈေးကွက် မျိုးပဲများအရောင်းအဝယ်ဖြစ်                    ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊ အလတ်စမှာ တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စ အမျိုးအစားမှာတစ်တင်း ၁၈၀၀၀ကျပ်ဖြင့်မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှု အနေနဲ့ အဝင်ပါးလာပြီဖြစ်သလို လိုင်းသမား များမှလည်း နေ့စဉ် အဝင်မရှိဘဲ အရောင်းအဝယ်ဖြစ်တဲ့ ရက်မှာ တစ်ရက် အိတ် ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း 

Friday, 23 Sep 2011

ဈေးကွက်သာခိုက် ရောင်းအားလိုအပ်တဲ့ စိမ်းကြီး                    အရည်အသွေးမညီလို့ ဈေးအနိမ့်အမြင့် ကွဲပြားလွန်းတဲ့ မုံရွာစိမ်းကြီး ဈေးကွက်မှာ စက်တင်ဘာ ၁၅ ရက်ပတ်အတွင်း တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်ထိ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်လာခဲ့တာ တွေ့ရပါ တယ်။ မုံရွာစိမ်းကြီး ဈေးကွက်ထဲကို ဒေသတွင်း ချောင်းဦး၊ ယင်းမာပင်နယ်တွေက အလှည့်ကျပေါ်နေ ဝင်နေသလို ယော၊ ကျောနဲ့ ဂန့်ဂေါနယ် ဘက်ကလည်း ၁၂ ရာသီမပြတ်ဝင်လျက်ရှိလို့ ဈေးကွက်ပုံမှန် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။                 ဝယ်လက်အားဖြင့် တရုတ်အတွက် မန်းဝယ်လက်ကများခဲ့ပြီး ရန်ကုန်ဘက် အနည်းငယ်အဆွဲရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်ပတ်အတွင်း အရောင်းအဝယ်အားဖြင့် တစ်ရက်တင်း ၅၀၀ မှ ၁၀၀၀ အတွင်း ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုလ ၁၅ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေးကို တင်း ၈၅၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၁၀၀၀ ခန့်စီး ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Friday, 23 Sep 2011

ယခုအပတ် နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုလျော့                      စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၇၆ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၆၄၆ တန်ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်တင်ပို့ မှု ထက် ၁၂၃၆ တန်ခန့် လျော့နည်းခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံ မြေပြင်ဈေးများ ယခုအပတ် မြင့်နေတာ တွေ့ရပါတယ် ။                           မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု       ယခင်      ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း ၆၀၉၃၁၄   ၅၇၅၂၈၀        ၃၄၀၃၄    ၆      ၉၀၉      ၈၄၆          ၆၃         ၇MIRT (DOBT)  

Friday, 23 Sep 2011

ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၃၀၀၀ ရှိ            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းတန်ချိန် ၄၀၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ရာမှ ယခုစက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ တန်ချိန် ၃၀၀၀ ခန့် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲတီရွှေဝါတန် ၆၀၀၀ နီးပါး၊ ပဲတီစိမ်းတန် ၁၅၀၀ ကျော်နဲ့ စုစုပေါင်း တန်ချိန် ၇၆၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။             ယခုတစ်ပတ်အတွင်း ပြည်ပအဝယ်ပိုလိုက်လာသလို ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုးလည်း မြင့်တက်လာ တာကြောင့် ပြည်တွင်း ဈေးလည်းမြင့်တက်လာပြီး ရန်ကုန် FOB ဈေး သိသိသာသာ မြင့်တက် လာတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                           ဒေါ်လာတန်                  ပဲတီစိမ်းအညာ         ပဲတီရွှေဝါအသေး             ပဲတီရွှေဝါအကြီး၁၆-၉-၁၁         ၈၂၀-၈၄၀             ၉၉၀-၁၀၁၀                    ၁၀၆၀-၁၀၈၀၉-၉-၁၁           ၇၈၀-၈၀၀             ၉၆၀-၉၈၀                      ၁၀၂၀-၁၀၄၀MIRT(MAPT)

Pages