Background
သြဂုတ်လအတွင်း ဗီယက်နမ် ပို့ကုန်များကျဆင်း ဘရာဇီးပြီးပါက ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သူဖြစ်တဲ့ ဗီယက်နမ်ရဲ့ သင်္ဘောတင် ၄၉ ရာခိုင်နှုန်း ကျဆင်းပြီး သြဂုတ်လမှာ တန် ၄ သောင်းသာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ သိုလှောင်မှုလည်းလျော့နည်းကြောင်း သိရပါတယ်။ ယခုနှစ် ပထမ (၈) လမှာတော့ ကော်ဖီတင်ပို့မှု ၉၅၈ဝဝဝ တန်ရှိပြီး ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်ဆန်ဝယ်လိုအားကတော့ တိုးလာြင်္ပီး ယခုနှစ်မှာ ဈေးကွက် အသစ်တွေရှိခဲ့တယ်လို့ ဗီယက်နမ်အစားအစာ အသင်းက ပြောကြားပါတယ်။ ယခုနှစ်မှာ ဆန်တန်ချိန် ၆ ဒသမ ၄ သန်းတင်ပို့ဖို့ စာချုပ်ချုပ်ဆိုထားပြီး ယခင်နှစ်အလားတူကာလထက် ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ကုမ္ပဏီတွေအနေနဲ့ ယခုလက်ရှိမှာ ဆန်သိုလှောင်မှု ၁ ဒသမ ၃ သန်းရှိပြီး ပို့ကုန်စာချုပ် တွေအတွက် လုံလောက်မှုရှိကြောင်းသိရပါတယ်။ ဗီယက်နမ်က ယခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၄ သန်း တင်ပို့ဖို့ရည်ရွယ်ထားကြောင်း စိုက်ပျိုးရေးနဲ့ကျေးလက် ဖွံ့ဖြိုးရေးဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ယခု သြဂုတ်လမှာရော်ဘာတင်ပို့မှုက တန်ချိန် ၈၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရော်ဘာပို့ ကုန်တင်ပို့မှုက ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး ၄၅၄ဝဝဝ တန်ရှိကြောင်းသိရပါတယ်။ ဗီယက်နမ်ရဲ့ ရောင်းလိုအားက ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အရွက်ရောဂါတစ်မိုျးကြောင့် ရော်ဘာ အစေးထုတ်လည်း နှောင့်နှေးခဲ့ရကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC ) ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခုနှစ်မှာ ရော်ဘာတင်ပို့မှု တန်ချိန် ၈၃၄၅ဝဝ ရှိနိုင်ပြီး ယခင်နှစ်က ၇၈၂၂ဝဝ ရှိခဲ့ကြောင်းသတင်း ရရှိပါတယ်။ Source; Bloomberg .com,KZW
ရော်ဘာဈေးနှုန်း အနည်းငယ်ကျဆင်းနိုင် ကမ္ဘာ့ရော်ဘာဈေးနှုန်းက ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်ပြီး တရုတ်ရဲ့ ဝယ်လိုအားနည်းတာကြောင့် လာမယ့် လ အနည်းငယ်အတွင်း ကျဆင်းဖွယ်ရှိကြောင်း သုတေသီများက ပြောကြားပါတယ်။ ဒါပေမယ့် အဓိကထုတ်လုပ်သူ ဖြစ်တဲ့ မလေးရှားမှာတော့ ရောင်းလိုအား အကျပ်အတည်းတွေ့တာကြောင့် လာမယ့် ရက်သတ္တပတ်အတွင်းမှာ ဈေးငြိမ် နိုင်ကြောင်း သိရပါတယ်။ ရာသီဥတုအခြေအနေ ဆိုးရွားမှုကလည်း အထွက်နှုန်းကို ထိခိုက်စေပြီး တိုကိုျ ကုန်စည်ဒိုင်နဲ့ ရှန်ဟိုင်း ဈေးကွက် တွေကနေ ရော်ဘာဈေးနှုန်းကို အဓိက ဦးဆောင်ဆုံးဖြတ်လိမ့်မယ်လို့သိရပါတယ်။ KZW,Source; commodity online
နယ်စပ်စခန်းများမှ ရော်ဘာတန် ၉၈ဝ နီးပါးယခုအပတ်အပို့ရှိ သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၃၉၉ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၉၇၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၄၉၇ တန်၊ ချင်းရွှေဟော်မှ တန် ၃၈ဝနဲ့ မြိတ်မှတန် ၁ဝဝ ဖြစ်ပါတယ်။ ရော်ဘာ အဆင့််လိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၃၃၅ တန်ခန့်၊RSS-5 ၃၅ တန်၊ MSR-20 ၁၂၇ တန် ၊ ချင်းရွှေဟော်မှRSS-3 တန် ၂၈ဝ နဲ့ MSR-20 တန် ၁ဝဝ၊ မြိတ်မှ RSS-3 တန် ၁ဝဝ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်မှသာ အပို့ရှိခဲ့ပေမယ့် ယခုအပတ်မှာ မူဆယ်၊ ချင်းရွှေဟော်အပြင် မြိတ်နယ်စပ်ကပါ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်ကထက် မူဆယ်မှ ၂၁၅ တန်ကျော်နဲ့ ချင်းရွှေဟော်မှ တန် ၂၈ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံမြေပြင်ရော်ဘာဈေးများပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ နယ်စပ်မှ သြဂုတ်လအတွင်း ရော်ဘာတင်ပို့မှုဟာ တန် ၂၃ဝဝ ကျော်ရှိပြီ ဖြစ်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ွှRSS - 3 ၃၄၁၃၈ဝဝ ၃၄၁၃၈ဝဝ - - ၄၃ဝ၁ ၄၃၁၂ ၁၁ ဝ .၃RSS - 5 ၃၃ဝဝ၃၁၉ ၃၃ဝဝ၃၁၉ - - ၄၁၄၅ ၄၁၅၅ ၁ဝ ဝ .၂MIRT (DOBT)
ပင်လယ်ရေကြောင်းမှ ရော်ဘာ ပိုမိုတင်ပို့နိုင် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၁၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃၈၉ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ကထက်တန် ၁၀၀ ကျော်ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၂၀၁ တန်၊ မလေးရှားကို ၉၅တန်နဲ့ မက္ကဆီကို ကိုတန် ၂၀ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း အပို့တက်သလို နယ်စပ်ကလည်း တန် ၉၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခင်အပတ်ထက် တင်ပို့မှုမြင့်တက်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ပြောင်းလဲမှုမရှိပဲ RSS-3 နဲ့ MSR-20 တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၄၃၀၀ ဒေါ်လာအသီးသီး ဈေးပေါက်လျက်ရှိတာတွေ့ရပါတယ်။ KZW
ရှမ်းနနွင်း အရောင်းအဝယ်အေး နနွင်းကတော့ အခုထိ အရောင်းအဝယ်က ခပ်အေးအေးပါပဲ။ လက်ကျန်နနွင်းတွေမှာ ပင်လောင်းနနွင်းကတော့ အများကြီး ရှိနေပါသေးတယ်။ နနွင်းတက်ကြီးတွေနဲ့ နနွင်းခေါင်းတွေက အရောင်းအဝယ်ဖြစ်ခဲ့ကြလို့ လက်ကျန်တွေမှာတော့ နဝလီ တွေများနေပါတယ်။ နနွင်းခေါင်းတွေ အရောင်းနည်းနည်းလိုက်လာတော့ နနွင်းတက ်တွေကိုပါရောပြီး ရောင်းလိုက်ကြတာကြောင့် နနွင်းတက်ကောင်းတွေလည်း တစ်ပိဿာ ၂ဝဝဝ ကျပ် ဈေးနဲ့ အရောင်းအဝယ် ဖြစ်လိုက် ပါသေးတယ်။ ဒီတစ်လမှာတော့ ကားခတွေက ဈေးကျနေပေမယ့် မိုးရွာနေ တာကြောင့် အရာင်းအဝယ်မဖြစ်ဘူးလို့ နနွင်း ပွဲရုံတွေက သိရပါတယ်။ ဒီတစ်ပတ်နနွင်းဈေးက အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းစ (ဖြူ/ရော)တွေက တစ်ပိဿာ ၄ဝဝ ကျပ်-၅ဝဝ ကျပ် ဈေးသာရှိပြီး၊ ကောင်းရင်တော့ တစ်ပိဿာ ၁၂ဝဝ ကျပ်ဈေးရှိပါတယ်။ လက်ကျန်နည်းနေပြီဖြစ်တဲ့ ဆင်တောင်နနွင်း ကတော့ တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ၁၆ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဧဧခိုင်
နယ်စပ်မှ ပိုမိုတင်ပို့နိုင်တဲ့ နနွင်းတက်ရှမ်းစ သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်းတန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁၆၆ တန်ကျော် အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃ဝ ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ သြဂုတ်လ အတွင်းမှာ နယ်စပ်မှ နနွင်းတက် တင်ပို့မှု တန် ၄၂ဝ ကျော်ရှိပြီး ဖြစ်ပါတယ်။ ဧပြီလမှ သြဂုတ်လကုန်ထိ နယ်စပ်မှ နနွင်းတက် တင်ပို့မှုမှာတန်ချိန် ၂၂၇၆ တန်ခန့်ရှိပြီလို့ သိရပါတယ်။ MIRT (DOBT)
နနွင်း ၁၆ တန်ကျော်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း နနွင်း ၁၆ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ဆယ်နီးပါး တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တစ်တန်ကို ကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင်ပဲရရှိခဲ့ပေမဲ့ ဒီသီတင်း ပတ်မှာတော့ ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ထိ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ သုံးသောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ဈေးကွက်ကို စောစောဝင်လာမယ့် မြစ်သားကြက်သွန်နီ ကြက်သွန်နီဟာ ဆောင်းသီးနံှ ဖြစ်တဲ့အတွက် နှစ်စဉ်သြဂုတ်လ လယ်မှာ ပျိုး ထောင်ပြီးအောက်တို ဘာလ၊ နိုဝင်ဘာလမှာ တောင်သူ တွေစတင်စိုက်ပိုျးလို့ ဈေး ကွက်ကို ဇန်နဝါရီလထဲမှ ဖြိုင်ဖြိုင်ဝင် ရောက်ပါတယ်။ မိုးလွန် ကာလမှာ စိုက်ပျိုးတဲ့အတွက် စိုက်ခင်းပြုပြင် စရိတ်တွေ သက်သာပြီး၊ တစ်ဧက အထွက်နှုန်းကောင်းလို့ အကျိုး အမြတ်များတဲ့ သီးနံှလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကြက်သွန်နီစိုက်ပျိုး မှုက တစ်မူထူးပြီး တောင်သူတွေ ဇွန်လလယ်မှာ ပျိုးထောင်ပြီး၊ သြဂုတ်လအတွင်းမှာ တစ်ပြိုင်တည်းစိုက်ပျိုးနေကြပါပြီ။ ကုန်သည်လက်ကျန်နည်းလာပြီး တောင်သူ လက်ဝယ်မှာလည်း ကြက်သွန်နီမရှိတော့တာကြောင့် အခုနှစ် ဇွန်လကစလို့ ပွဲရုံ လက်ကားဈေး(ဂျွန်)တစ်ပိဿာ ၅၅ဝ ကျပ်၊ လက်လီဈေးကွက်မှာ(ကြီး)တစ်ပိဿာ ၇ဝဝ ကျပ်(လတ်)တစ်ပိဿာ ၆ဝဝ ကျပ်ဈေးဖြစ်နေပါတယ်။ ဈေးကွက် ဖြစ်ပေါ်မှု ကြောင့် ဈေးကွက်ကို မျှော်ပြီးအစောစိုက်ပျိုးရခြင်းဖြစ်တယ်လို့ ကသဲကုန်းကျေးရွာ က တောင်သူများက ပြောပြပါတယ်။ မြစ်သားမြို့နယ်မှာ ကြက်သွန်နီ(ဆောင်း)ဧက ၇၅ဝဝ ကျော်နှစ်စဉ်စိုက်ပျိုးပြီး၊ ဒီနှစ်ကတော့ ကျေးရွာ အုပ်စုတိုင်းမှာ စောပြီးတစ်ပြိုင်နက်စိုက်ပျိုးနေကြပါတယ်။ နိုဝင်ဘာလထဲမှာ တူးဖော်နိုင်မှာဖြစ်တာကြောင့် ဈေးကွက်အတွင်းကို စောစော ဝင်ရောက်လာမှာဖြစ်ပါတယ်လို့ ပွဲရုံပိုင်ရှင်များက ခန့်မှန်းနေကြပါတယ်။ သန်းနိုင်
မန်ကျည်း ပုံမှန်တင်ပို့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း မန်ကျည်း ၄၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ် ပါတယ်။ မန်ကျည်းကို မန်ကျည်းစေ့၊ မန်ကျည်းအစေ့လွတ်၊ မန်ကျည်းအစေ့ပါ စသဖြင့် တင်ပို့လျက်ရှိပါတယ်။ အက်ဖ်အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၇ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းချင်းဈေးကွက် ရှမ်းချင်းတွေကတော့ နေ့စဉ်ပုံမှန်ရောင်းနေရတာကြောင့် အောင်ပန်းဈေးကွက် မှာလည်း လက်ကျန်သိပ် မများတော့ပါဘူး။ တောင်သူတွေလက်ထဲမှာတော့ ကုန်သလောက်ရှိနေပြီး လှောင်လက်တွေမှာတော့ အနည်းငယ် သာ ကျန်တော့တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိနေတာကြောင့် ချင်းဈေးက တစ် ပတ်နဲ့ တစ်ပတ်သိပ်မကွာခြားလှပါဘူး။ အသစ်တွေကတော့ ဈေးကွက်ကို သီတင်း ကျွတ်လောက်မှသာ စဝင်မှာဖြစ်ပါတယ်။ ဒီနှစ်က မိုးကောင်းလွန်းအားကြီးတာ ကြောင့် တောင်သူတွေက ချင်းတွေ ပုပ်သွားမှာစိုးရိမ်နေကြပါတယ်။ ချင်းခြောက်တွေ ကိုလည်း သိမ်းဈေးနဲ့ဆိုရင် တစ်ပိဿာ ၁၅ဝဝ ကျပ်-၁၇ဝဝ ကျပ်ဈေးရှိပေမယ့် အနည်းအကျဉ်းလောက်ဝယ်ယူရင်တော့ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း အောင်ပန်းပွဲရုံတွေက သိရပါတယ်။ လက်ကြီးသမား တွေကတော့ ချင်းကိုအလုံးသိမ်းဈေးတွေနဲ့ ဝယ်ယူ နေတယ်လို့လည်း သိရပါတယ်။ ချင်းခြောက်ကလည်း လက်ကျန်သိပ် မရှိတော့ပါ ဘူး။ ဒီတစ်ပတ်ချင်းဈေးကတော့ အရွယ်အစားနဲ့ အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာကို ၃ဝဝ ကျပ်၊ ၃၃ဝ ကျပ်၊ ၃၅ဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်