Main menu

Background

Tuesday, 30 Aug 2011

ယခုအပတ်မှာ နယ်စပ်မှ ပြောင်းအပို့လျော့                   သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ မန္တလေးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ၂ဒသမ ၃၆၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၄၅၉ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၆၂ သန်း တန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထွက် နံှစားပြောင်း ၈၆၂ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် နံှစားပြောင်း တင်ပို့မှု တန် ၂ဝ ပိုမိုခဲ့သော်လည်း ပြောင်းဖူးစေ့ တင်ပို့မှုကတော့ တန် ၂၄၂ဝ ကျော်လျော့နည်းခဲ့ပါတယ်။ မြေပြင်ပေါက်ဈေးတွေကို ကြည့်မယ်ဆိုလျင် နံှစားပြောင်းဈေး မပြောင်းလဲ ပေမဲ့ ပြောင်းဖူးစေ့ဈေး ကတော့ မိမိဘက်မှာရော တစ်ဖက်နိုင်ငံမှာပါ ဈေးများ ကျလျက် ရှိနေပါတယ်-                                        မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု           ယခင်     ပြောင်းလဲမှု   %   ယခု     ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့     ၁၉၅၈၉၅     ၂ဝ၈၇၆၉     ၁၂၈၇၄     ၆    ၂၆၇     ၂၈၈       ၂၁            ၇နံှစားပြောင်း      ၂၁၁၇၇ဝ    ၂၁၁၇၇ဝ           -         -      ၃၁၄    ၃၁၄       -               -MIRT (DOBT) 

Tuesday, 30 Aug 2011

ပြောင်းတန် ၁ဝဝဝ ကျော်သာတင်ပို့နိုင်                   သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၂၉၁ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၃၇၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၃ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တန် ၂ဝဝဝ ကျော်ခန့်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူနဲ့ မလေးရှားတို့ ဖြစ်ပါတယ်။ ပြည်တွင်းသိုလှောင်မှု လျော့နည်း တာကြောင့် တင်ပို့မှုလျော့နည်းတာလို့ သိရပါတယ်။ ပင်လယ်ရေကြောင်းက အပို့ လျော့သလို နယ်စပ်ကလည်း ယခင်အပတ်ကထက် တန် ၂၄ဝဝ ကျော် လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နယ်စပ်က ပြောင်းတင်ပို့မှုဟာ တန်ချိန် ၉၃ဝဝ ကျော်ရှိပါတယ်။ FOB(ရန်ကုန်) ဈေးနှုန်းတွေကတော့ တစ်တန်ကို ၂၈ဝ- ၃ဝဝ ဒေါ်လာကြား ဈေးရလျက်ရှိပါတယ်။  KZW

Tuesday, 30 Aug 2011

ဧရာဝတီမှာ ရော်ဘာ တိုးစိုက်                ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန် ရော်ဘာကို နှစ်စဉ် တိုးခဲျ့စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ စက်မှု ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ရော်ဘာဈေးကွက်မှာ ကြီးမားကျယ် ပြန့်ပြီး ဈေးကွက်မှာလည်း ထိုက်တန်စွာရရှိနေခြင်း၊ ကမ္ဘာပေါ်တွင် နှစ်စဉ်ရော်ဘာလိုအပ်ချက် မြင့်တက်နေသည့် အတွက်လည်း ပြည်ပဈေးကွက်ခိုင် မာနေသော ရော်ဘာ ကို ရေရှည်ရင်းနှီး မြှုပ်နံှမှုတစ်ခုအဖြစ်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှ တိုးခဲျ့စိုက်ပျိုးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး နှစ်ရှည် သီးနံှ စိုက်ပျိုးရေးဌာနမှ သိရပါတယ်။                   ရော်ဘာကို အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ မွန်ပြည်နယ်နဲ့ ရေမြေသဘာဝ၊ ရာသီဥတု တူညီတာကြောင့် ဧရာဝတီတိုင်း ဒေသကြီးရဲ့ ရော်ဘာစိုက်ပျိုးမှုမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ တိုင်းဒေသကြီးအတွင်း ယခင် နှစ် ရော်ဘာ အစေးလှီးချိန်တွင် ရော်ဘာအထွက်ပေါင် ၁ဝ၂၁၂၆ ပေါင် ထွက်ရှိပြီး ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ရော်ဘာ စိုက်ဧက ၁၉ဝ၅ဝ ဧကသာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ရော်ဘာ စိုက်ဧက ၂ဝဝဝ ကျော်တိုးမြှင့်ပြီး ယခု ၂ဝ၁၁ သြဂုတ်လအထိ ရော်ဘာစိုက်ဧကမှာ ၂၁၁၅၈ တိုးမြှင့်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။               မင်းမင်းဦး 

Tuesday, 30 Aug 2011

နယ်စပ်အပို့လည်း လျော့                  သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ တစ်ဖက် တရုတ်နိုင်ငံသို့ ရော်ဘာအဆင့်စုံ ၃၈၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၉၄သန်းဖိုး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၅၈၄ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာတော့ တန်၂ဝဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ် နယ်စပ် အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေကတော့ မူဆယ်နယ်စပ်မှ RSS-3 ၁၆၅ တန်၊RSS-5 ၁ဝ၅ တန်ကျော်၊MSR-50  ၁၂ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-3  တန် ၁ဝဝ ဖြစ်ပါတယ်။ ရော်ဘာမြေပြင်ဈေးများကတော့ မိမိဘက်မှာရော တစ်ဖက်နိုင်ငံမှာပါပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်၊၊ မိမိဘက် RSS-3  မြေပြင်ပေါက်ဈေးက ကျပ် ၃ ဒသမ ၄၁၄ သန်း ဖြစ်ပြီး တစ်ဖက် နိုင်ငံဈေးကတော့ ဒေါ်လာ ၄၃၁၂ ဖြစ်ပါတယ်။RSS-5 ရဲ့မိမိဘက် မြေပြင်ပေါက်ဈေးက ကျပ် ၃ ဒသမ ၃ဝ သန်းဖြစ်ပြီး တစ်ဘက်နိုင်ငံမြေပြင်ဈေးကတော့ ဒေါ်လာ ၄၁၅၅ ဖြစ်ပါတယ်။ MIRT(DOBT) 

Tuesday, 30 Aug 2011

အထွက်ကျတဲ့ရာသီဖြစ်လို့ အပို့လျော့                သြဂုတ် ၁၄ ရက်မှ ၂ဝရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂ဝ၁ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၈၈၇သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်ကထက် တန်ချိန် ၂၁ဝ နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူတစ်နိုင်ငံထဲကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ်ရော်ဘာတင်ပို့မှုတန် ၃၈ဝ ကျော်ရှိပြီး ယခင်အပတ်ကထက် တန် ၂ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့RSS-3  နဲ့MSR-20  တစ်တန်ကို ၄၄ဝဝ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာဈေးရလျက်ရှိပါတယ်။ ရော်ဘာအထွက် ကျတဲ့ရာသီဖြစ်တာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ KZW 

Sunday, 28 Aug 2011

နယ်အဝင်သွက်သလို မန်းအဆွဲသွက်တဲ့ မုံရွာကြက်သွန်နီ                     မုံရွာနယ်မှာ ဝါခေါင်မိုးက ရက်ခြားရွာနေသလို မိုးဓာတ်ကြောင့် ကြက်သွန်တွေ အညှောင့်ပေါက်လာမှာ စိုးတဲ့အတွက် တောင်သူတွေ ပွဲရုံကို အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ တစ်နေ့လျှင် အချိန်တစ်သောင်း ဝန်းကျင် ပွဲရုံမှာ အဝင်ရှိခဲ့သလို ဒီလထဲမှာ မန်းအဆွဲကလည်း တစ်နေ့ပိဿာတစ် သောင်းကျော် စီးထွက်ခဲ့တာ တွေ့ရပါတယ်။ ဈေးကွက်အနေ နဲ့ ဒိုင်သိမ်းဈေး အသေး ၄ဝဝ ကျပ် - အလတ် ၄၅ဝ ကျပ်၊ အကြီး ၅ဝဝ ကျပ်နဲ့ ရှယ် ၅၅ဝ ကျပ် အသီးသီး တစ်ပိဿာ ဈေးပေါက်ခဲ့ပြီး၊ လက်ကားရောင်းဈေးကတော့ ရှယ် ၆ဝဝ ကျပ်၊ အကြီး ၅၂၅ ကျပ်၊ အလတ် ၄၇၅ ကျပ်နဲ့ အသေး ၄၅ဝ ကျပ် အသီးသီးအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ကျန် အားဖြင့် မုံရွာခရိုင်ထဲက တောင်သူတွေထံမှာ ပိဿာသိန်း၂ဝ ခန့်နဲ့ ကုန်သည်တွေထံမှာ ၅ သိန်းခန့် ကျန်ရှိနိုင်တယ်လို့ ကြက်သွန်ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ သြဂုတ်လ ၁ ရက်ကနေ ၂၅ ရက်နေ့ထိ မန္တလေးကို ပိဿာ ၂ ဒသမ ၅ သိန်းခန့်နဲ့ ရန်ကုန်ကို ပိဿာ ၅ သောင်း ခန့် စီးထွက်ခဲ့ကြောင်း ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Sunday, 28 Aug 2011

ရှမ်းနနွင်းဈေးငြိမ်သော်လည်း ပစ္စည်းကောင်းရင် ဈေးကောင်းပေးဝယ်               နနွင်းဈေးကတော့ ငြိမ်နေပါတယ်။ မန္တလေးဝယ်လက်တွေကလည်း ပစ္စည်းကောင်းကို ရွေးဝယ်လိုပြီး၊ ကောင်းရင် တစ်ပိဿာ ၁၆ဝဝ ကျပ်နဲ့၊ နည်းနည်းညံ့ရင် ၁၅ဝဝ ကျပ်ဈေးပေးဝယ်နေတယ်လို့ ဟိုပုံးချင်းဈေးကွက်က သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကစပြီး ဝယ်နေကြပေမယ့် ဒီတစ်ပတ်ကတော့ ရေကြီးနေတာကြောင့် အဝယ် နည်းနည်း ရပ်နေတယ်လို့ လည်း သိရပါတယ်။ ဟိုပုံးနနွင်းကတော့ ခြံရှင်တွေဆီမှာ နည်းနည်း၊ လှောင်လက်တွေဆီမှာလည်း အနည်းငယ်လောက်သာ ကျန်ပါတော့တယ်။ ဒီနှစ်နနွင်းက ချင်းတက်ရောင်းအားနည်းပါတယ်။ မနှစ်ကတော့ တစ်နှစ်ပတ်လုံးရောင်းအားကောင်းပြီး ဒီနှစ်မှာတော့ တစ်လကို နည်းနည်း၊ နည်းနည်းသာ အရောင်းအဝယ် ဖြစ်ပါတယ်။ ဒီနှစ်နနွင်းရောင်းအားကတော့ ဇန်နဝါရီလမှာ ဈေးကွက်ကို စဝင်တာကြောင့် ရောင်းအားကောင်းပြီး တစ်လအတွင်း ပိဿာချိန် ၅၇ဝဝဝ အရောင်းအဝယ်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ၂၁ဝဝဝ ပိဿာအရောင်းအဝယ်ဖြစ်ပြီး၊ မတ်လ၊ ဧပြီလ၊ မေလတွေမှာတော့ ပိဿာချိန် ထောင်ဂဏန်း သာအရောင်းအဝယ်ဖြစ်ပါတယ်။ ဇွန်လမှာတော့ ပိဿာချိန် ၅ဝဝဝဝ အရောင်းအဝယ်ဖြစ်ပြီး၊ ဇူလိုင်လမှာ ပိဿာချိန် ၆၅ဝဝဝ သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေက အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၅ဝဝ ကျပ်မှ ၁၂ဝဝ ကျပ်ရှိပြီး၊ ဆင်တောင်နနွင်းက ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ဟိုပုံးနနွင်းတစ်ပိဿာ ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ် ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 28 Aug 2011

မူဆယ်နဲ့ စစ်တွေနယ်စပ်မှ နနွင်းတက်အပို့ရှိ               ယခုအပတ်မှာ စစ်တွေနဲ့ မူဆယ်နယ်စပ်တို့မှ ၎င်းတို့နဲ့ ထိစပ်နေတဲ့ တစ်ဘက်အိမ်နီးချင်းနိုင်ငံ အသီးသီးသို့ ကန်ဒေါ်လာ သုည ဒသမ ၂၁၂ သန်းတန်ဖိုးရှိ နနွင်းတက် ၁၃၇ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ၇၅ တန် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၆၂ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် နနွင်းတက် တင်ပို့မှုကတော့ မူဆယ်မှာ ၁၃၄ တန်ခန့်နဲ့ စစ်တွေမှ ၃ တန် ဖြစ်ပါတယ်။ MIRT (DOBT) 

Sunday, 28 Aug 2011

နနွင်းတန် ငါးဆယ်ကျော်တင်ပို့              သြဂုတ်လ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း နနွင်း ၅၉ ဒသမ ၄၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၄၇ တန် မလေးရှားကို ၁၃ တန်၊ ပါကစ္စတန် ကို တန် ၃ဝ နဲ့ ရီမင်နိုင်ငံကို ၁၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ နနွင်းတစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင် ပဲရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းကျော်ရရှိခဲ့ပါတယ်။ ယခင် သီတင်းပတ် တန် ၃ဝသာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် သုံးဆယ်နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ MIRT (DOT) 

Sunday, 28 Aug 2011

ဈေးငြိမ်နေတဲ့ မန်ကျည်း                    မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်တွင် ယခု ရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ)တစ်ပိဿာကို ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်း စေ့ တစ်တင်း ၃ဝဝဝ၊ မန်ကျည်းအလုံး(အကြောဆွဲ) တစ်ပိဿာ ၁၄ဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်လျက်ရှိပြီး၊ ကျောက်ပန်းတောင်းမှ ရန်ကုန်(ဘုရင့်နောင်)သို့ နေ့စဉ်မန်ကျည်းပိဿာ ၇ဝဝဝ- ၈ဝဝဝ ခန့် တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်း မြို့နယ် အတွင်းသို့ ပခုက္ကူ၊ ဆိတ်ဖြုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မှ မန်ကျည်း အဝင်မရှိသလောက်နည်းသွားပြီး၊ သိုလှောင်မှုအနေနဲ့ မန်ကျည်းအသားပိဿာ လေးသိန်းခန့်နဲ့ မန်ကျည်းအလုံး ပိဿာရှစ်သောင်းခန့် လက်ကျန်ရှိကြောင်း သိရပါတယ်။ နှစ်စဉ် သြဂုတ်လ နောက်ပိုင်းတွင် မန်ကျည်းမှာယူမှု၊ တင်ပို့မှုများပြား တတ်သဖြင့် အရောင်းသွက်လာမယ်လို့ ခန့်မှန်းကြောင်းပွဲရုံများမှ သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ)တစ်ပိဿာ လက်ကားဈေး ၂၉ဝဝ ကျပ်၊ လက်လီဈေး ၃၆ဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းးသင်းးအိ 

Pages