Main menu

Background

Sunday, 28 Aug 2011

မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို ပြည်ပအဝယ်ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်လိုပဲ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ) အတွင်းမှာလည်း ပြည်ပ အရောင်းအဝယ် တန်ချိန် ၁၄၁ဝဝ ကျော် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။                  ပြည်ပဝယ်လက်တွေ အဝယ်ရှိနေပြီး၊ ပြည်ပပို့ကုန်ခွန်များ လျှော့ချခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များ များများ တင်ပို့လိုပေမယ့် ပို့ကုန်ဝင်ငွေ တစ်ယူနစ်ဈေးနှုန်း အပြောင်းအလဲများပြီး၊ မတည်ငြိမ်မှုကြောင့် အရောင်းအဝယ်ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲဈေးတွေ အနည်းငယ်တက်လာပြီး၊ ပြည်ပအဝယ်ရှိပေမယ့် ပို့ကုန် ဝင်ငွေဈေးနှုန်းကြောင့် FOB ဈေးအနည်းငယ် လျော့ကျလာခဲ့ပါတယ်။ မတ်ပဲ FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။     ဒေါ်လာ/တန်                  မတ်ပဲ(FAQ)        မတ်ပဲ(SQ)၂၆-၈-၁၁     ၇၄ဝ-၇၆ဝ           ၈၃ဝ-၈၅ဝ၁၈-၈-၁၁     ၇၄ဝ-၇၆ဝ          ၈၃၅-၈၅၅                                                           MIRT(MAPT)   

Sunday, 28 Aug 2011

တင်ပို့ခွန်များ လျှော့ချပေးမှုကြောင့် မတ်ပဲတင်ပို့မှု ပိုလာ                 ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့နိုင်မှုဟာ ယခင်သီတင်းပတ်တွေက တန်ချိန် ၁၃ဝဝဝ ကျော် တင်ပို့ခဲ့ရာ မှ တင်ပို့ခွန်များ လျှော့ချပေးမှုကြောင့် ယခုတစ် ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်)အတွင်း တန်ချိန် ၁၄ဝဝဝ ကျော်ထိ တင်ပို့မှု ပိုလာခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လ နောက်ဆုံးပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၇၅ဝဝ ကျော်ထက်တော့ လျော့ကျနေသေးတာ တွေ့ရပါတယ်။               လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၁၂ အတွင်း သြဂုတ်လ ၁၉ ရက်နေ့အထိ တင်ပို့ ပြီးစီးမှုကို လေ့လာကြည့်ရင် တန်ချိန် ၃ သိန်းကျော်ပြီဖြစ်ပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂ သိန်းနီးပါးထက် တန် တစ်သိန်းကျော် ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပိုမိုတင်ပို့နိုင် မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT 

Wednesday, 24 Aug 2011

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုလျော့                 သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၃၆၃၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၅၄ သန်းကို တရုတ်၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတွေကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတပတ်မှာ တန် ၁ဝဝဝ ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ပြည်တွင်းပြောင်းလက်ကျန်နည်းနေပေမယ့်လည်း အဝယ်လိုက်နေတာကြောင့် အဆက်မပြတ်တင်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပြင် နယ်စပ် ကနေလည်း တန် ၁ဝဝဝဝ ကျော် အပတ်စဉ်တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းတွေကတော့ တစ်တန်ကို ၂၈ဝ-၃ဝဝ ဒေါ်လာကြားဈေးရလျက် ရှိပါတယ်။ KZW

Wednesday, 24 Aug 2011

ယခုအပတ် မူဆယ်နယ်စပ်မှသာ ပြောင်းအပို့ရှိ                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ဝ၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁ဝ၈၈၄ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂၅၃ သန်းတန်ဖိုးရှိ နံှစားပြောင်း ၈၄၂ တန်ကို သြဂုတ် လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၂၁၂၂ တန် အပို့ ရှိခဲ့တာမို့ ယခုအပတ်မှာ ၃၉၆ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်ပြောင်း မြေပြင်ပေါက်ဈေးပြောင်းလဲမှုမရှိသော်လည်းတစ်ဘက်နိုင်ငံမှာ နံှစားပြောင်း ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ပြောင်းဖူးစေ့က ၁ ရာခိုင်နှုန်းကျော် ကျဆင်းနေပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                      မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု         ယခင်    ပြောင်းလဲမှု    %     ယခု   ယခင်    ပြောင်းလဲမှု    %နံှစားပြောင်း     ၂၁ဝ၇၇ဝ     ၂၁ဝ၇၇ဝ          -          -     ၃၁၄    ၂၉၅          ၁၉          ၆ပြောင်းဖူးစေ့    ၂ဝ၈၇၆၉     ၂ဝ၈၇၆၉          -          -     ၂၈၈    ၂၉၂           ၄          ၁ .၄MIRT (DOBT)

Wednesday, 24 Aug 2011

၂ဝ၁၆ ၌ရော်ဘာပြတ်လတ်မှု ရင်ဆိုင်ရဖွယ်ရှိ                  ဇူလိုင်လရဲ့ စာရင်းများအရ သဘာဝရော်ဘာဈေးနှုန်းဟာ ရောင်းလိုအားနည်းခြင်း၊ ဒေါ်လာဈေးကျခြင်းနဲ့ ရေနံဈေး တက်ခြင်းတို့ကြောင့် ဈေးမငြိမ်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ ၂ဝ၁၆ မှစပြီးတော့ ကမ္ဘာ့ရော်ဘာ ရောင်းလိုအားကျဆင်းနိုင်ဖွယ်ရှိကြောင်း (ANRPC) ကခန့်မှန်းခဲ့ပါတယ်။ ယခုအတိုင်းသာ ရော်ဘာရောင်းလိုအား အကျပ်အတည်းဆက်ဖြစ်နေပြီး ဝယ်လိုအားလည်း အတန်အသင့်မြင့်တက်လာမယ်ဆိုရင် ၂ဝ၁၈ မှာ ကုန်ပစ္စည်းလိုအပ်ချက်ဖြစ်နိုင်ကြောင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ (ANRPC) အသင်းဝင်နိုင်ငံတွေကတော့ ယခုနှစ်တတိယလေးလပတ်မှာထုတ်လုပ်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး ပထမနဲ့ဒုတိယလေးလပတ်တွေမှာ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ပါတယ်။ ယခင်နှစ် တတိယလေးလပတ်မှာ ရောင်းလိုအား ၁၂ ဒသမ ၁ ရာခိုင်နှုန်းတက်ခဲ့ပြီး၊ ယခုနှစ်ကုန်ပိုင်းအထိတော့ တရုတ်ရဲ့ ဝယ်လိုအားက ကာလရှည်ကြာကျဆင်းနိုင်ကြောင်း (ANRPC) က ခန့်မှန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ Source:Pire Business,KZW 

Wednesday, 24 Aug 2011

ရော်ဘာဈေးနှုန်း ပြန်လည်မြင့်တက်နိုင်                ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေမြင့်တက်စဉ်က အသုံးစရိတ်တွေမျှတဖို့အတွက် အိန္ဒိယအစိုးရက တာယာ ထုတ်လုပ်ရေး လုပ်ငန်းများကို ရော်ဘာသွင်းကုန် ခွန်လျော့ပေါ့ပေးခဲ့ပါတယ်။ ယခုအခါ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တဲ့အပြင် ပြည်တွင်း ဝယ်လိုအား မရှိတာကြောင့် ရော်ဘာဈေးတွေ ပြည်တွင်းမှာ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ စက်မှုလုပ်ငန်းတွေအနေနဲ့ ရော်ဘာတန်ချိန်(၄)သောင်းကိုအခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တင်သွင်းခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ကျရိပ်ပြပြီး ရေနံ ဈေးနှုန်းတွေလဲ ကျဆင်းကာ တရုတ်ရဲ့ဝယ်လိုအားနည်းသွားတဲ့အတွက် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေကျဆင်းခဲ့ပါတယ်။ အိန္ဒိယ စက်မှုလုပ်ငန်းတွေက ပထမပိုင်းမှာ ရော်ဘာတန်ချိန် ၁ သိန်းအခွန်လွတ်တင်သွင်းခွင့်ပြုဖို့တောင်းဆိုခဲ့ပြီး အစိုးရက ၇ ဒသမ ၅ ရာခိုင်နှုန်း အထိသာ အခွန်လျော့ပေးခဲ့ပေ မယ့် ပြေလည်မှုမရှိကြောင်း အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းရှင်များအသင်း AIRIA ရဲ့ ဥက္ကဌကပြောကြားခဲ့ပါ တယ်။ မော်တော်ကားရောင်းအား ကျပြီး ပြည်တွင်းအတိုးနှုန်းမြင့်တက်တာကြောင့် ပြည်တွင်း ဝယ်လိုအား လည်းကျဆင်းခဲ့ပါတယ်။ ပြည်တွင်းကစက်ရုံ (၁ဝဝဝ) လောက်ရဲ့ ဝယ်လိုအားတွေလဲကျဆင်းခဲ့တယ်လို့ ကိုချင် ရော်ဘာ ကုန်သည်အသင်းရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နေတာက ယာယီသာဖြစ်ပြီး စက်တင်ဘာမှာ မော်တော်ကားဝယ်လိုအား လည်း ပြန်လည်မြင့်တက်ပြီး ရော်ဘာ အဝယ်လိုက်လာမှာဖြစ်ကြောင်းနဲ့ စက်တင်ဘာ မှာ ရော်ဘာ ပြန်လည်ထွက် ရှိပြီး ပြည်တွင်းဈေးကိုလည်း ဖိအားပေးနိုင်ကြောင်းနဲ့ တောင်သူတွေက ပစ္စည်းကို သိုလှောင်ထားခဲ့ရင်ဈေးကျ ဖို့လည်း မဖြစ်နိုင်ကြောင်း ရော်ဘာကုန်သည်အသင်းရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ Source: economic time,KZW 

Wednesday, 24 Aug 2011

နယ်စပ်မှ ရော်ဘာတင်ပို့မှု ပိုမို                  သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၁၅သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၄ တန်ကျော် အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂၄ တန်ကျော် ပိုမိုတင် ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့မှုများမှာ မူဆယ်မှ RSS-3  ၂၂၉ တန်၊ RSS-5 ၁၉၉ တန်ကျော်၊ MSR-20 ၅၆ တန်နဲ့ မြိတ်နယ်စပ်မှ RSS-5 တန် ၁ဝဝ ဖြစ်ပါတယ်။RSS-3 ဈေးဟာ မိမိဘက်မြေပြင်ပေါက်ဈေး ပြောင်းလဲမှုမရှိသော်လည်း တရုတ်ဘက် ဈေးကျနေပြီး၊ RSS-5  ဈေးတော့ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ဈေးများကျနေတယ်လို့ သိရပါတယ်                                    မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု           ယခင်          ပြောင်းလဲမှု   %    ယခု      ယခင်    ပြောင်းလဲမှု    %RSS-3    ၃၄၁၃၈ဝဝ     ၃၄၁၃၈ဝဝ            -         -     ၄၃၁၂     ၄၅၇၉      ၂၆၇          ၆RSS-5    ၃၃ဝဝ၃၁၉     ၃၄၁၃၈ဝဝ     ၁၁၃၄၈၁     ၃    ၄၁၅၅     ၄၄၂၅      ၂၇ဝ           ၆MIRT (DOBT)

Wednesday, 24 Aug 2011

ရော်ဘာတင်ပို့မှု ပုံမှန်                  သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄ဝ၇ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၇၈၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူနဲ့ မလေးရှားတို့ဖြစ်ပါတယ်။ ကမ္ဘာ့ရော်ဘာ ဈေးများကျဆင်းတဲ့အပြင် ရော်ဘာ အထွက်ကျတဲ့ရာသီဖြစ်တာကြောင့် တင်ပို့မှုပမာဏ နည်းနေသေးတာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၈ဝဝ ကျော်သာတင်ပို့နိုင်ခဲ့ ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ RSS-3  နဲ့MSR-20  တစ်တန်ကို ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5  တစ်တန်ကို ဒေါ်လာ ၄၃ဝဝ ဈေးရလျက်ရှိပါတယ်။ ုKZW 

Tuesday, 23 Aug 2011

ပစ္စည်းပြတ်သလောက်ဖြစ်လာတဲ့ ပြည်ပဲလွန်းဖြူ                ပြည်ရဲ့ ပဲလွန်းဖြူဈေးကွက်မှာ ကုန်သည်တွေရဲ့လက်ဝယ် ပဲလက်ကျန် မရှိတော့ဘဲ ပစ္စည်းပြတ်သလောက် ရှိနေပြီလို့ သိရပါတယ်။ ပဲ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဈေးနဲ့ လက်ကျန်ပဲများကို သာ ထုတ်ရောင်းနေကြတယ်လို့ သိရပါ တယ်။ မြို့တွင်း ဝယ်လက်သာ ပုံမှန်  အရောင်းအဝယ်ရှိပြီး တစ်နေ့ကို (၄/၅) အိတ်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး

Tuesday, 23 Aug 2011

ပဲလွန်းဖြူလက်ကျန်နည်းလာပြီ ဖြစ်လို့ ဈေးငြိမ်ပြီး အရောင်းလျော့လာ                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲလွန်းဖြူရောင်းဝယ်မှုမှာ တန် ၃ဝဝ ကျော်ရှိခဲ့ပါတယ်။ အဝယ်ရှိ သော်လည်း လက်ကျန်နည်းပြီး၊ ပစ္စည်း ပြတ်သလောက်ရှိနေပြီလို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးကွက် မှာ သြဂုတ်လ ၁၁ ရက်က ပဲလွန်းဖြူ FAQတစ်တန် ကန်ဒေါ်လာ ၈၆ဝ- ၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင်အပတ်အ တိုင်း ဈေးငြိမ်နေကြောင်းသိရပါတယ်။ MIRT - MAPT

Pages