Background
ယခုအပတ် ပဲတီစိမ်း FOB ဈေးအေးပြီး အရောင်းအဝယ်ပိုဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၁၃၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက် ပဲတီစိမ်းရွှေဝါ တန်ချိန် ၉၈ဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၆၆ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုအပတ်မှာ ပိုမိုအရောင်းအဝယ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အရောင်းအဝယ်ပိုဖြစ်ပေမဲ့ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ကျ လာတာကို တွေ့ရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၁၈-၈-၁၁ ၇၁ဝ-၇၃ဝ ၉၄ဝ-၉၆ဝ ၁ဝ၁ဝ-၁ဝ၃ဝ၁၁-၈-၁၁ ၇၃ဝ-၇၅ဝ ၉၈ဝ-၁ဝဝဝ ၁ဝ၅ဝ-၁ဝ၇ဝMIRT(MAPT)
ယခုအပတ် ပဲတီစိမ်း ပြည်ပသင်္ဘောတင်မှု ပုံမှန်ရှိနေ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့နိုင်မှုဟာ ဇူလိုင်နောက်ဆုံးပတ်က တန် ၄ဝဝဝ ကျော်၊ သြဂုတ်လ ပထမပတ်မှာ တန် ၃၂ဝဝ ကျော်တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အတွင်း တန်ချိန် ၃၃ဝဝ ခန့် တင်ပို့ခဲ့တဲ့အတွက် သြဂုတ်လအတွင်း ပုံမှန်တင်ပို့နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၂ဝ၁၂ သြဂုတ်လ ၁၂ ရက်ထိ တင်ပို့မှုတန်ချိန် ၁ ဒသမ ၅၄ သိန်းကျော် ရှိပြီး ယခင်နှစ် ကာလတူက တင်ပို့ခဲ့တဲ့တန်ချိန် ၁ ဒသမ ဝ၃သိန်းကျော်ဖြစ်လို့ ယခုနှစ်မှာပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းစာချုပ် ချုပ်ဆိုရောင်းဝယ်မှုဟာ အပတ်စဉ် မြင့်တက်နေတာကြောင့်လာမဲ့ ရက်သတ္တပတ်များမှာ ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
ပြည်ပဲလွန်းဖြူ လက်ကျန်နည်းလာသလိုဈေးလဲငြိမ် ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲအဝင်ပြတ်သလောက်ရှိနေပြီး လက်ကျန်နည်းလာခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။ ပဲဈေးကတော့ ငြိမ်နေပြီး ယခင် တစ်ပတ်က ဈေးအတိုင်း ပဲတစ်တင်းကို ၁၈၅ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ကလည်း မြို့တွင်း အဝယ်သာရှိပြီး တစ်နေ့ကို ၁ အိတ်၊ ၂ အိတ်လောက်သာ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး
ပစ္စည်းလက်ကျန်နည်းလာပြီဖြစ်လို့ အရောင်းအေး ဈေးအေးလာတဲ့ ပဲလွန်းဖြူ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ် ၁၂ ရက်မှ ၁၈ ရက် ပဲလွန်းဖြူ ရောင်းဝယ်မှုမှာ တန် ၁၃ဝ ဖြစ်ပြီး၊ ယခင်တစ်ပတ်က တန် ၃ဝဝ ဝန်းကျင် ဖြစ်တာကြောင့် အရောင်းလျော့လာ ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ သြဂုတ်လ ၁၈ ရက်က ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ SQ တစ်တန် ကန်ဒေါ်လာ ၉၄ဝ-၉၆ဝ ဖြစ်ပြီး ယခင်တစ်ပတ် သြဂုတ်လ ၁၁ ရက်ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ် လာ ၈၆ဝ-၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်တာ ကြောင့် ယခုတစ်ပတ်မှာ အရောင်း အေးသလို ဈေးလည်း အေးလာတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန် ပြတ် သလောက်ရှိတာကြောင့် အရောင်း အေးပြီး အခြားပဲများ ဈေးလျော့ကျ ခြင်းကြောင့် ဈေးအေးရတယ်လို့ ဈေး ကွက်က ဆိုပါတယ်။ MIRT-MAPT
ပဲလွန်းဖြူယခင်အပတ်အတိုင်း ပုံမှန်တင် ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူတင်ပို့မှုဟာ ဇူလိုင်တစ်လလုံးအတွင်း တန် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ပထမပတ်က တန် ၃ဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အထိ တင်ပို့မှုမှာလည်း တန်ချိန် ၃ဝဝ ခန့် ဖြစ်လို့ ပုံမှန်တင်ပို့နေတယ်လို့ ဆိုရမှာပါ။ တင်ပို့ခဲ့တဲ့ နိုင်ငံ တွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နိုင်ငံများဖြစ်ပြီး ကိုရီးယားနဲ့ စင်ကာပူ နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ ပဲလွန်းဖြူ တင်ပို့ပြီးစီးမှုမှာ ၁၃၆ဝဝ ကျော်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူက တင်ပို့ခဲ့မှုမှာ တန်ချိန် ၁၃ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT-MAPT
ပြည်ပဲစင်းငုံ အရောင်းအဝယ်အေးနေ ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၇ဝဝ ကျပ်လျော့နည်းခဲ့ပြီး၊ တစ်တင်းကို ၁၂ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ဈေးကွက်တွင်း လက်ကျန် များရှိနေသော်လည်း အခြားတိုင်းမှ ဝယ်လက်များမှာ ယခုတစ်ပတ်တွင် အဝယ်မရှိ တာကြောင့် ဈေးအနည်းငယ် လျော့နည်းရခြင်းဖြစ်ကြောင်း သိရပါတယ်။ တိုင်း အတွင်းမှာလည်းလက်လီ/လက်ကားဝယ်ယူသူများ သိပ်မရှိဘဲဈေးကွက် တွင်း အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ
ယခုအပတ် ပဲစင်းငုံ ပြည်ပအဝယ်အေးသလို ဈေးလည်းအေး ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပဲစင်းငုံ FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၃၂ဝဝ ကျော် ရှိခဲ့တဲ့အနက် ပဲစင်းငုံနီ FAQ တန် ၂၆ဝဝ ခန့် ပါဝင်ပါတယ်။ ယခင်အပတ် က ပဲစင်းငုံတန်ချိန် ၄၅ဝဝ စာချုပ်ချုပ်နိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ဝယ်လိုအားနည်းတဲ့အတွက် ပြည်ပဝယ်လက်များလည်း အဝယ်အေးခြင်းဖြစ်တယ် လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၁၈-၈-၁၁ ၅၅ဝ-၅၇ဝ ၅၄ဝ-၅၆ဝ၁၁-၈-၁၁ ၅၇ဝ-၅၉ဝ ၅၆ဝ-၅၈ဝ MIRT(MAPT)
ပဲစင်းငုံ ပြည်ပသင်္ဘောတင်နိုင်မှု ယခင်အပတ်ထက်လျော့ ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပသင်္ဘောတင်နိုင်မှုဟာ ဇူလိုင်နောက်ဆုံး ပတ်က တန်ချိန် ၅၆ဝဝ ခန့်၊ သြဂုတ်လ ပထမပတ်က တန်ချိန် ၅ဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပြီး၊ သြဂုတ်လဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အတွင်း တန်ချိန် ၃၅ဝဝ ကျော်၊တင်ပို့ခဲ့တာကြောင့် ပဲစင်းငုံတင်ပို့မှု တဖြည်းဖြည်း လျော့နည်းလာတာ တွေ့ ရပါတယ်။ လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်အထိ ပဲစင်းငုံ တင်ပို့ပြီး စီးမှုမှာ တန်ချိန် ၇၈ဝဝဝ ကျော် ဖြစ်တာကြောင့် ယခင်နှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၁ဝဝဝ ကျော် ထက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT - MAPT
ယခုအပတ် နယ်စပ်မှ မတ်ပဲပိုမို တင်ပို့နိုင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်း တန်ဖိုးရှိ မတ်ပဲ ၉၇ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်သာ အကျရှိပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ ၅၅ ဒေါ်လာခန့် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၄၉၉၂၇၃ ၅ဝဝ၂၇၃ ၁ဝဝဝ ၂ ၈၆၂ ၈ဝ၇ ၅၅ ၆MIRT (DOBT)
ယခုအပတ် မတ်ပဲ FOB ဈေးပြန်အေး ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၁၄၄ဝဝ ကျော်ဖြစ်လို့ ယခင်အပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း FOB စာချုပ်နိုင်မှု တန် ၁၇၂ဝဝ ကျော်ထက် လျော့ကျခဲ့ပါတယ်။ အိန္ဒိယဈေးကွက်များမှာ ဈေးအေးနေ ပြီး ဝယ်လက်များက ဈေးလျှော့အဝယ်ရှိခဲ့လို့ ပြည်တွင်းဈေးကွက်မှာလည်း ဈေး အေးရတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးလျော့ကျမှုကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၈-၈-၁၁ ၇၄ဝ-၇၆ဝ ၈၃၅-၈၅၅၁၁-၈-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝMIRT(MAPT)