Background
အက်ဖ်အီးစီများကို ရုပ်သိမ်းပြီး Exchange Rate ကို တစ်ပြေးညီ သတ်မှတ်ပေးမည် သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံး စုဝေးခန်းမတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တစ်ပြေးညီသတ်မှတ်ပေးပြီး အက်ဖ်အီးစီများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးသန်းငြိမ်းက ''Exchange Rate က ကျွန်တော်တို့နိုင်ငံရဲ့ Monetary Policy မှာ အရေးကြီးတဲ့ ကိရိယာတစ်ခုဖြစ်တော့ ဒီကိစ္စကို ကျွန်တော်တို့ အထူးအလေးထားဆောင်ရွက်ဖို့ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားနဲ့နေ့စဉ်လူမှုစီးပွားဘဝတွေမှာ ထိခိုက်မှုမရှိစေဖို့ ဦးစားပေးပြီး အိုင်အမ်အက်ဖ်နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ Exchange Rate Unification ကိစ္စ ဆောင်ရွက်ရင် အက်ဖ်အီးစီရုပ်သိမ်းရေးကိစ္စကလည်း အလိုအလျောက်ပါသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုရုပ်သိမ်းတဲ့အခါမှာ အက်ဖ်အီးစီလက်ဝယ် ရှိတဲ့ နိုင်ငံသားများအနေနဲ့ နစ်နာမှုမရှိစေဖို့ အက်ဖ်အီးစီ အစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေအမေရိကန်ဒေါ်လာဖြစ်စေ(ဒါမှမဟုတ်) အဲဒီအချိန်မှာ ရှိတဲ့ သတ်မှတ်ထား တဲ့ပေါက်ဈေး နဲ့ညီမျှတဲ့ ကျပ်ငွေဖြစ်စေ ရရှိမှာဖြစ်ပါတယ်။ နစ်နာမှုမရှိစေဖို့အတွက် တာဝန်ယူဆောင်ရွက်ပေး မှာဖြစ်ပါတယ်'' ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ မယ်သီတာ
ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည် ယခုလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိရာ ယင်းကဲ့သို့ရေလွှမ်းမိုးမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ ရသည့်လယ်ယာမြေများအတွက် လယ်ယာစိုက်ပိုျးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူလယ်သမားများအား ပံ့ပိုးကူညီမှု များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၂ရက်က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် လယ်ယာစိုက်ပိုျးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရှင်းလင်းပြောကြားသွားခဲ့သည်။ ဒုတိယဝန်ကြီးဦးအုန်းသန်းက ''ရေကြီးနစ်မြုပ်မှုတွေနဲ့ပတ်သက်ပြီး ရေကျသွားတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ နဲ့ တောင်သူလယ်သမားများ စပါးပြန်လည်စိုက်ပျိုးနိုင်အောင် လိုအပ်ချက်တွေဖြစ်တဲ့ မျိုးများကို ကြိုတင်ရှာဖွေစုဆောင်းထားပြီး မျိုးအပါအဝင် အခြားပံ့ပိုးမှုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူပဲ နောင်နှစ်တွေ မှာ ရေလွှမ်းမိုးမှုမရှိအောင် နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်နဲ့အညီ ဆည်မြောင်းဦးစီးဌာနက မိုးကုန်သွားတဲ့အခါ သက်ဆိုင်ရာကွင်းတွေကို တိုင်းတာပြီး လုပ်သင့်လုပ်ထိုက် တဲ့ ရေမြောင်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒုတိယသမ္မတကြီးဦးစီးတဲ့ ကရင်ပြည်နယ်ခရီးစဉ်မှာလည်း အလားတူစီမံဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ မယ်သီတာ
ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှုလျော့ ပယ်လယ်ရေကြောင်းမှ ပြည်ပသင်္ဘောတင်ပို့နိုင်မှုဟာ ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိ မြေထောက်ပဲ တန် ၁၇ဝ နဲ့၊ ထောပတ်ပဲတန် ၁၇ဝ ရှိကြောင်း သိရပါတယ်။ မြေထောက်ပဲကို စင်္ကာပူ၊ ရုရှား၊ အိန္ဒိယနိုင်ငံများကို တင်ပို့ပြီး၊ ထောပတ်ပဲကို ဂျပန်နဲ့၊ စင်္ကာပူနိုင်ငံများကို တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ် မြေထောက်ပဲတင်ပို့မှု တန်ချိန် ၃၃ဝ၊ ထောပတ်ပဲတင်ပို့မှုတန်ချိန် ၂၇ဝ ကျော်ရှိခဲ့တာကြောင့် ယခုအပတ် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၅ ရက်အထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၅၇ဝဝ ကျော်၊ ထောပတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁ဝဝဝဝ ဝန်းကျင်ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူ တင်ပို့မှုမှာ မြေထောက်ပဲတန်ချိန် ၄ဝဝဝ ကျော်၊ ထောပတ်ပဲတန်ချိန် ၈ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင် ယခုဘဏ္ဍာနှစ်က ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT - MAPT
ယခုတစ်ပတ် လက်ကျန်နည်းလာလို့ဈေးငြိမ်ပြီး မြေထောက်ပဲနဲ့ ထောပတ်ပဲ ရောင်းချနိုင်မှုလျော့ ရန်ကုန်တိုင်းဒေသကြီး၊ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မြေထောက်ပဲနဲ့ ထောပတ်ပဲ အရောင်းအဝယ်စာချုပ်နိုင်မှုဟာ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း မြေထောက်ပဲ FAQ ၈၅ တန်၊ ထောပတ်ပဲ ၁၁ဝ တန်ကျော်၊ စာခုျပ်ရောင်းချနိုင်ခဲ့ပါတယ်။ ဈေးကွက်မှာ လက်ကျန်နည်းလာတာကြောင့် ယခင်အပတ်က မြေထောက်ပဲ တန် ၃ဝဝ ကျော်၊ ထောပတ်ပဲ တန် ၁၃ဝ ကျော် ထက် လျော့နည်းခဲ့ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ- ၆၅ဝ၊ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဖြစ်တာကြောင့် ယခင် အပတ်ဈေးအတိုင်း ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ရန်ကုန်ဝယ်လက်အေးပေမဲ့ ဒေသတွင်း လက်လီသမားများ ဝယ်ယူမှုရှိတဲ့ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်မှာ ပဲမျိုးစုံသီးနံှများ အဝင်အေးလာခဲ့ပြီး ဆီထွက်သီးနံှများသာ ဝင်ရောက်မှုများလာခဲ့ပါတယ်။ ဒါကြောင့် ထောပတ်ပဲသီးနံှမှာလည်း အဝင်မရှိ သလောက်ဖြစ်လာခဲ့ပါတယ်။ ပွဲရုံများမှ လက်ကျန်ပဲများသာ လက်လီသမားများဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက်များလည်း အဝယ် အေးသွားခဲ့ပြီး ယခုသြဂုတ်လ ဒုတိယပတ်အတွင်း တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးအပြောင်းအလဲမရှိဘဲ တစ်ရက်ကို ၁၅ အိတ်ခန့်သာ လက်လီသမားများ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မုံရွာပဲတီစိမ်း သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီး ဈေးကွက်မှာ နယ်စုံက ပဲသစ်တွေ ဝင်လာသလို အရောင်းလည်းသွက်ခဲ့ပါတယ်။ အဟောင်းသမားတွေလည်း ငွေလိုလို့ ထုတ်ရောင်းခဲ့ကြတဲ့အတွက် ယခုတစ်ပတ်အတွင်း ပဲတီအဟောင်း၊ အသစ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်လျှင် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားရှိခဲ့တယ်လို့သိရပါတယ်။ ပုံမှန်ဆွဲလက် မန္တလေးအပြင် ဈေးအချို ကြိုက်တဲ့ ရန်ကုန်ဝယ်လက်ပါဝယ်လို့ အခုလို အရောင်းအဝယ်သွက်ခြင်း ဖြစ်တယ် လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။ ယခုအပတ်အတွင်း စိမ်းကြီး တစ်တင်း အမြင့်ဆုံး ၁၈၅ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၆၅ဝဝ ကျပ်ထိ ပေါက်ခဲ့ပြီး စီးထွက်မှုအနေနဲ့ မန္တလေးကိုတင်း ၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဈေးကွက် က ဆိုပါတယ်။ ထွန်းလှိုင်
ပဲယင်း (ချင်းပဲ) သြဂုတ်လ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၄၃၄ သန်းတန်ဖိုးရှိ ပဲယင်း ၈၃၃ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၄၆၇ တန် ပိုမို တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများမှ ထွက်ရှိ သော ပဲယင်းများကို တင်ပို့နေခြင်းဖြစ်ပါတယ်။ မိမိဘက်မှာရော တဘက်နိုင်ငံများ မှာပါ ပဲယင်းဈေးများ ကျလျက်ရှိတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲယင်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၂၄၃၃၂ ၃၂၉၃၃၂ ၅ဝဝဝ ၁ .၅ ၄၈၁ ၄၉၇ ၁၆ ၃ .၃MIRT (DOBT)
နနွင်းအပို့လျော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ သြဂုတ်လ ပထမပတ်အတွင်း နနွင်းတန်ချိန် ၃ဝ ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၇၅ တန်တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ် အိုဘီဈေးကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
နယ်စပ်မှ နနွင်းတက် အပို့ တန် ၄ဝ ကျော်ရှိ ယခုအပတ် မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းတန်ဖိုးရှိ နနွင်းတက် ၄၃ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၄ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဇူလိုင်လမှာ ၆၃၇ တန်၊ ဇွန်လမှာ ၃၁၅ တန်၊ မေလမှာ ၂၅၅ တန်နဲ့ ဧပြီလမှာ တန် ၉ဝဝ ကျော်အသီးသီးနယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
ရှမ်းနနွင်းဈေးကွက်အေးသော်လည်း ပစ္စည်းကောင်းကို အဝယ်ရှိ ရှမ်းနနွင်းဈေးကတော့ မိုးနဲ့ အပြိုင်အးနေပါတယ်။ ဒီနှစ်က နနွင်းပေါ်ကာစမှာတော့ အရင်နှစ်က အရှိန်နဲ့ အရောင်း သွက်နေခဲ့ပါသေးတယ်။ ဇန်နဝါရီလမှာ ဈေးကွက်ထဲမှာ တစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးနဲ့စပြီး ဝင်လာပါတယ်။ မနှစ်က နနွင်းခြောက်ဈေးကောင်းခဲ့တာကြောင့် ဒီနှစ်လည်း ဈေးပိုကောင်းနိုင်တယ်လို့ မျှော်လင့်ပြီး နနွင်းစိုတွေကို တစ်ပိဿာ ၂ဝဝ ကျပ်-၃ဝဝ ကျပ်နဲ့ ဝယ်အားကောင်းခဲ့ပါတယ်။ လှောင်လက်တွေကတော့ ဈေးပိုကောင်းနိုးနဲ့ ပစ္စည်းကောင်း ရင် ကောင်းသ လို ဈေးဖြတ်ပြီး ဝယ်ယူခဲ့တာကြောင့် တစ်ပိဿာ ၂၅ဝဝ ကျပ်အထိ ရခဲ့ပါတယ်။ ဖေဖော်ဝါရီလ မှာတော့ ပြည်ပဝယ်လို အားမရှိပဲ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေတာကြောင့် အရောင်းသိပ်မသွက်ခဲ့ပါဘူး။ ဈေးကလည်း ကျလာပြီး တစ်ပိဿာ ၁၇ဝဝ ကျပ်-၂ဝဝဝ ကျပ်သာရှိပါတယ်။ မတ်လမှာတော့ မူဆယ်ကို တင်ပို့ဖို့အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူလာတာကြောင့် ဈေးနဲနဲပြန်တက်လာပြီး တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ဈေးရှိလာ ပါတယ်။ ရောင်းအားကောင်းခဲ့ တာကတော့ ဟိုပုံးနနွင်းပဲဖြစ်ပါတယ်။ ဧပြီလမှာတော့ နနွင်းကို အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးဝယ်တာကြောင့် အကောင်းစက ၂၅ဝဝ ကျပ်ဈေးရှိပြီး ရိုးရိုးစတွေကတော့ ၂၂ဝဝ ကျပ်ဈေး နဲ့ ဈေးငြိမ်နေပါတယ်။ မေလ မှာ ပြည်ပဝယ်လို အားမရှိဘဲ ပြည်တွင်း ဈေးကွက်တွေသာ ဝယ်ယူနေပြီး ပင်လောင်းနနွင်းတွေကလည်း လိန်းလီကတစ်ဆင့် အောက်ဘက် ဆင်းသွားတာကြောင့် ဈေးကလည်း ထပ်ကျလာပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးသာ ရှိပါတော့တယ်။ ဇွန်လမှ အနိမ့်ဆုံးဈေး ၁၅ဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝဝဝ ကျပ် ဈေးသာရှိပါတယ်။ ဇူလိုင်မှာတော့ ရန်ကုန်ဝယ်လက်တွေ အနည်းငယ်ပြန်ဝယ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ်နဲ့အနိမ့်ဆုံး ၁၅ဝဝကျပ်မှ အမြင့်ဆုံး ၁၈၅ဝ ကျပ်ဈေးရှိပါ တယ်။ သြဂုတ်လ ဆန်းမှာတော့ နနွင်း တစ်ပိဿာ အနိမ့်ဆုံး ၁၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၅ဝဝ ဈေးရှိပါတယ်။ ဧဧခိုင်