Background
ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တန် ၃ဝဝ ကျော် တင်ပို့နိုင် ဇူလိုင် ၁၇ မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၈၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လကုန်ပိုင်းမှစ၍ ရော်ဘာတင်ပို့မှု သိသိသာသာလျော့နည်းခဲ့ပြီး ယခုမှ တန် ၃ဝဝ ကျော်ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းတင်ပို့မှုကျခဲ့ပေမဲ့ နယ်စပ်မှ တန် ၅ဝဝကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ၄၅ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၄၄ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၅ဝဝ ဒေါ်လာအသီးသီးဖြစ်ကြောင်းသိရပါတယ်။ KZW
ဈေးကွက် ခဲျ့ထွင်လာတော့မယ့် ဘုတလင်ထန်းလျက် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ အုတ်ဖို၊ သခွတ္တနယ်၊ ကွမ်အုံ၊ မြို့သစ်ချောင်း၊ ဂွေးပင်ကျင်းနဲ့ ကြို့ကုန်း ကျေးရွာတွေမှာ ထန်းတောပေါများသလို ထန်းလျက်ချက် လုပ်ငန်း လုပ်ကိုင်သူလည်း ပေါများကြပါတယ်။ ယခုရာသီမှာ ထန်းမရာသီဖြစ်ပြီး ထန်းရည်ချိုအထွက်လျော့လို့ ထန်းလျက်ချက်လုပ်ငန်းအားနည်းခဲ့ပေမဲ့ ထန်းလျက် အညိုတစ်ပိဿာ ၄၅ဝ ကျပ်နဲ့ ထန်းလျက်ဖြူ တစ်ပိဿာ ၆၅ဝ ကျပ်ရဖို့ အသင့်အတင့် အကျိုးအမြတ်ရှိခဲ့ကြောင်း ဆိပ်သာကန်ကျေးရွာက ထန်းလျက်ဖိုပိုင်ရှင် ဦးဖိုးတာက ပြောပြပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး (OVOP) ဆောင်ရွက် နိုင်ရေး လုပ်ငန်းအတွက် စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးတို့ ကွင်းဆင်းစစ်ဆေးစဉ်က ထန်းလျက်တောင်သူ လုပ်ငန်းရှင်များ အစုအဖွဲ့ ဖွဲ့၍ အစုငွေ ထည့်ဝင်မှုအပေါ် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေအရင်းအနှီး ထုတ်ပေးမှာ ဖြစ်လို့ ထန်းတောင်သူတွေ တစ်ညီတစ်ညွတ်တည်းစုစည်း ဆောင်ရွက်ဖို့ လုံ့လစိုက်ထုတ်နေကြတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အထွက်နှုန်းတိုး၍ သိုလှောင်အားကောင်းသောကြောင့် နနွင်းဈေးဖိအားနှင့် ရင်ဆိုင်နေရ လာမယ့်ရာသီမှာ အထွက်နှုန်းတိုးနိုင်ဖွယ်ရှိပြီး သိုလှောင်မှုလည်းမြင့်မားတာကြောင့် နနွင်းဈေးနှုန်းအတွက် ဖိအားတွေ ရှိနေကြောင်း သိရပါတယ်။ ဝယ်သူတွေက ဈေးကျတာကို စောင့်နေတဲ့အတွက် ဝယ်လိုအားလည်း ကျဆင်းနေကြောင်း သိရပါတယ်။ အလားတူပို့ကုန်လည်း ကျဆင်းနေတာကြောင့် ဈေးကွက်အေးနေတယ်လို့ သိရပါတယ်။ လာမယ့်ကာလအထိ ဈေးကွက်အားနည်းနေနိုင်ပြီး ဝယ်လိုအားကလည်း ယခုအချိန်မှာ မကောင်းဘဲ သိုလှောင်ရုံတွေမှာရှိတဲ့ လှောင်ကုန်တွေကလည်း စိုးရိမ်နေရကြောင်း ကုန်ပစ္စည်းဝန်ဆောင်မှုလုပ်ငန်းများက ပြောကြားပါတယ်။ ယခုရာသီမှာ မနှစ်ကထက် စိုက်ပျိုးချိန် နောက်ကျပြီး မိုးကောင်းတာကြောင့် အထွက်နှုန်း တက်နိုင်ကြောင်း အချို့အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ အဓိကနနွင်း စိုက်တဲ့ အင်ဒရာပရာဒေ့ရှ်မှာ မကြာသေးခင်ကာလက မိုးကောင်းတဲ့အတွက် မနှစ်ကလိုပဲ အထွက်နှုန်းကောင်းမယ်လို့ လေ့လာ သူများက ပြောပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစိုက်ဧရိယာတဖြည်းဖြည်းများပြားလာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံတစ်ဝန်းမှာ ၂ဝ၁၁ ဇူလိုင်မှာ နနွင်းစိုက်ဧရိယာ ဟက်တာ ဝ ဒသမ ၂၃ သိန်းရှိပြီး ယခင်နှစ် အလားတူကာလက ဟက်တာ ဝ ဒသမ ၁၉ သိန်းရှိကြောင်း သိရပါတယ်။ နနွင်းသစ်တွေက ဇန်နဝါရီလလယ်မှာ စတင်ပေါ်ပြီး မတ်လမှ ဇွန်လ တိုင်အောင် အဆက်မပြတ်ထွက်ကြောင်း သိရပါတယ်။ တမီနာဒူးစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ခန့်မှန်းချက်အရ ၂ဝ၁ဝ-၂ဝ၁၁ မှာ ၅ဝ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းအထိ အထွက် တိုးခဲ့ပြီး အိတ်ပေါင်း ၇ဝ သိန်းထွက်ရှိခဲ့ကာ သာမန်နှစ်မှာ အိတ်ပေါင်း ၄၅ သိန်းထွက်ရှိကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ နနွင်းတင်ပို့မှုက ၂ဝ၁ဝ-၂ဝ၁၁ မှာတန်ချိန် ၄၉၂၅ဝ ရှိပြီး ၂ဝဝ၉-၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟင်းခတ်အမွှေးအကြိုင်အသင်းမှ ပြောကြားပါတယ်။ ရေတိုကာလမှာ ပြည်တွင်းပြည်ပ ဝယ်လက်တွေနဲ့ စိုက်ပျိုးတဲ့ ဒေသမှာ မိုးရွာသွန်းမှုပေါ်မူတည်ပြီး နနွင်းဈေးနှုန်းအတက်အကျဖြစ်နိုင်ကြောင်း အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ ရေရှည်မှာတော့ ပြည်တွင်းဈေးကွက်မှာ နနွင်းသိုလှောင်မှုနဲ့ နီဇမ်မာဘတ်နဲ့ အီရိုဒီတို့လို အဓိကစိုက်ပျိုးတဲ့ ဒေသတွေရဲ့ စိုက်ဧရိယာကိုကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဝယ်လိုအားအရတော့ ဆေးဝါးနဲ့ အလှကုန်တွေမှာ အသုံးများလာတဲ့အတွက် သုံးစွဲမှုတိုးတက်လာတာ တွေ့ရပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးမှာတော့ အိန္ဒိယက အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့ ဈေးကွက်မှာ အကြီးဆုံးရောင်းသူဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZ W ,Source: finencial express
အရည်အသွေးပေါ် မူတည်ပြီး အဝယ်ရှိတဲ့ ရှမ်းနနွင်း ရှမ်းနနွင်းက ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးသာရှိတယ်လို့ သိရပါတယ်။ နနွင်းခေါင်းက ဝယ်လက်ရှိပေမဲ့ ပစ္စည်း လက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။ လက်ကျန်ရှိတဲ့ နနွင်းတွေကတော့ အရည်အသွေးညံ့တာတွေ များနေတာကြောင့် ဝယ်လက်မကြိုက်တဲ့ ပစ္စည်းဖြစ်တယ်လို့လည်း သိရပါတယ်။ အရင်နှစ် နနွင်းဈေးကွက်က ရောင်းသူ၊ ဝယ်သူမျှနေပေမဲ့ ဒီနှစ် နနွင်းဈေးကွက်က ရောင်းလိုအားကောင်းပြီး ဝယ်လိုအားနည်းတာကြောင့် လွန်ခဲ့တဲ့ ၄ နှစ်ကလို လက်ကျန်များများမကျန်မဲ့ နှစ်လည်းဖြစ်ပါတယ်။ ပြည်တွင်းသုံးဝယ်သမားတွေကတော့ ဟိုပုံးနနွင်းအစား အရည်အသွေးအနည်းငယ်ကောင်းတဲ့ ပင်လောင်း နနွင်းအဝါစတွေကို ဝယ်ယူနေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်ရှိပြီး ပင်လောင်းနနွင်းအဝါစက ၇ဝဝ ကျပ်-၈ဝဝ ကျပ်သာရှိတာကြောင့် ဈေးကလည်း ခေါက်ခိုျးကွာလို့ ဈေးသက်သာတဲ့ ပစ္စည်းတို့သာ ဝယ်ယူတယ်လို့လည်း သိရပါတယ်။ ဆင်တောင်နနွင်းက တစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
တင်ပို့မှု အားကောင်းနေတဲ့ နနွင်းတက် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင် ကန်ဒေါ်လာ ဝ ဒသမ ၅၇၃ တန်ဖိုးရှိ နနွင်းတက် (ရှမ်းမ) ၂၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၆ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၅၉ တန်ကျော်အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် ၁၇၅ တန်နဲ့ နနွင်းခေါင်း ၃၈ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း နနွင်းတက် တန် ၅၅ဝ ခန့် မူဆယ် နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်တယ်လို့သိရပါတယ်။ MIRT(DOBT)
ဝယ်လိုအားကောင်းမွန်မှုကြောင့် ငရုတ်ကောင်းဈေးတက် အိန္ဒိယနိုင်ငံ NCDEX ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဝယ်လိုအားကောင်းမွန်မှု ကြောင့် ငရုတ်ကောင်း ဈေးနှုန်းတွေ တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ငရုတ်ကောင်းတစ်ကွင်တယ်ကို ရူပီး ၁၉၅ တက်သွားကာ ရူပီး ၂၈၇၅ဝ (တစ်တန်ကို ကန်ဒေါ်လာ ၆၄၆၇ ဒသမ ၉၄) နဲ့ ခုျပ်ဆိုခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်မှာ ရောင်းလိုအားတင်းကျပ်နေချိန်မှာ ဝယ်လိုအား ကောင်းမွန်မှုက ရေရှည်မှာ ပြည်တွင်းဈေးကွက်ကို ခြိမ်းခြောက်လျက်ရှိတယ်။ နိုင်ငံ များစွာမှာ ရာသီဥတုအခြေအနေဆိုးရွားမှုနဲ့ ပိုးမွှားကျ ရောက်မှုတို့ကြောင့် ကမ္ဘာ့ငရုတ်ကောင်းထုတ်လုပ်မှုက ယခင်နှစ်က တန်ချိန် ၃၁ဝဝဝဝ မှ ယခုနှစ်မှာ တန်ချိန် ၆၅ဝဝ နီးပါး ကျဆင်းသွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငရုတ်ကောင်း အဖွဲ့အစည်းက ခန့်မှန်းလိုက်တယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် အိန္ဒိယရဲ့ ငရုတ်ကောင်းထုတ်လုပ်မှုက လည်း တန်ချိန် ၄၈ဝဝဝ ကျော်ထွက်ရှိနိုင်ကြောင်းနဲ့ ယခင်နှစ်က တန်ချိန် ၅ဝဝဝဝ ထွက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ ငရုတ်ကောင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းမှုနဲ့ ပိုးမွှားကျရောက်မှုကြောင့် မျှော်မှန်းထားတာထက် လျော့နည်းထွက်ရှိနိုင်ကြောင်း သုံးသပ်ထားတယ်။ အိန္ဒိယရဲ့ နှစ်စဉ် ပြည်တွင်း စားသုံးမှုလိုအပ်ချက်မှာ တန်ချိန် ၅ဝဝဝဝ နီးပါးရှိကြောင်း ဈေးကွက်ရင်းမြစ်များအရ သိရှိရတယ်။ ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်က ငရုတ်ကောင်း တန်ချိန် ၇၈ဝဝဝ ကိုတင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၄၂ဝ သန်းရရှိခဲ့တယ်။ ယခုနှစ်အတွက် ဗီယက်နမ်က ယခင်နှစ်အလားတူ ငရုတ်ကောင်းတန်ချိန် ၁ဝဝဝဝဝ မှ ၁၁ဝဝဝဝ ကြားထွက်ရှိမယ်လို့ ဗီယက်နမ်ငရုတ်ကောင်းအသင်းက ခန့်မှန်းလိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com
ဝယ်လက်ရှိလို့ ရှမ်းချင်းဈေးကောင်းလာ ဒီတစ်ပတ်မှာလည်း ရှမ်းချင်းစိုဈေးက ထပ်ထက်လာပါတယ်။ စစ်တွေဝယ် လက်တွေက ရန်ကုန်မှာ အထိုင်ချပြီးဝယ်ယူနေတယ်လို့ သိရပါတယ်။ ရှမ်းချင်း တွေကို ပြည်ပတင်ပို့ဖို့အတွက် ဝယ်ယူလာတာကြောင့် ဝယ်လိုအားကောင်းနေတယ် လို့လည်း သိရပါတယ်။ သယ်ယူခတွေကတော့ ရန်ကုန် - စစ်တွေ သယ်ခက တစ်ပိဿာ ၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းကနေ တောင်ကုတ်ကိုလည်း သယ်ယူနေကြပြီး သယ်ခကတော့ တစ်ပိဿာ ၉၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိလာတာကြောင့် ဈေးကလည်း တဖြေးဖြေးတက်လာ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက ဒီတစ်ပတ်မှာ တစ်ပိဿာ ၃၅ဝ ကျပ်မှ ၄ဝဝ ကျပ်အထိ ဈေးရှိလာပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီနှစ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြားသီးနံှတွေ အရောင်းအဝယ်မကောင်းပေမဲ့ ချင်းသီးနံှက ရာသီအစမှာတင် ရောင်းတန်းဝင်နေ တဲ့ သီးနံှဖြစ်နေတယ်လို့ အောင်ပန်းဒေသခံတွေထံမှ သိရပါတယ်။ ဟိုပုံးဈေးကွက် မှာတော့ ချင်းစို တစ်ပိဿာ ၄ဝဝ ကျပ်နဲ့ ချင်းခြောက် တစ်ပိဿာ ၁၈၅ဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
အရောင်းအဝယ်သွက်သလို အရောင်းအဝယ်လည်းအေးတဲ့ ပြည်ချင်းဈေး တောင်ကြီး အောင်ပန်းဈေးကွက်မှ ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ချင်း (ဥမ) များသာ ဝင်ရောက်၍ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့်နှင့် ယခင်အပတ်အတိုင်း အဝင်ရှိနေပါတယ်။ ဈေးနှုန်းမှာငြိမ်လျက် တစ်ပိဿာကို ချင်း (ဥမ) ၅၅ဝ ကျပ်- ၆၅ဝ ကျပ်၊ ချင်းတက် (ဂျွန်) ၁၁ဝဝ ကျပ်၊ (ရှယ်) ၁၂ဝဝ ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိပြီး ချင်း(ဥမ) များတစ်ပတ်ချင်းအဝင်ကို ဧရာဝတီဒေသကြီးနှင့် ရခိုင်ပြည် နယ်သို့ တင်ပို့မှုအပါအဝင် အိတ် ၂၂ဝ ခန့်နှင့် အရောင်းအဝယ် သွက်လျက် ရှိနေပါတယ်။ ချင်းတက်မှာ အဝင်မရှိသလို လက်ကျန်ချင်းတက်များကို လက်လီပြန် ရောင်းချမယ့်သူတွေပါ ဝယ်လိုအားနည်းနေလို့ အရောင်းအဝယ်မှာလည်း အေးနေ ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ချင်း ပြန်လည်တင်ပို့ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ချင်း ၂၆ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှာသာ ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းခုနှစ် ထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
လက်လီသမားများ အဝယ်သွက်တဲ့ ပြည်ပဲနီပြားဈေးကွက် ယခုတစ်ပတ် ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနံှသည် လက်လီသမားများဖြင့် အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်သို့ ပဲနီပြားဝင်ရောက်မှုမှာ ဇွန်လ ကုန်မှစ၍ အဝင်ပါးလာပြီး ဇူလိုင်လအတွင်း ပဲအဝင်လုံးဝ မရှိတော့ဘဲ ပွဲရုံများမှ လက်ကျန်ပဲများဖြင့်သာ တစ်တင်း ၁၆၅ဝဝ ကျပ်ဈေးဖြင့် ယခုဇူလိုင်လ နောက်ဆုံးပတ်အထိ ဈေးအပြောင်းအလဲမရှိ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ အရောင်းအဝယ် ဖြစ်မှု ပမာဏအနေဖြင့် တစ်ရက်ကို အိတ်၅ဝ ခန့် လက်လီသမားများ အဝယ်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း