Main menu

Background

Sunday, 17 Jul 2011

ပြည်မတ်ပဲဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်                     ပြည်မတ်ပဲဈေးကွက်မှာ ဇူလိုင် လဆန်းရက်က မတ်ပဲဈေးမြင့်ခဲ့သော် လည်း တဖြည်းဖြည်း ဈေးပြန်ကျလာ ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ပဲတစ်တင်းကို ၁၇၄ဝဝ-၁၇၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ် နေခဲ့တာကိုတွေ့ရပါတယ်။ ပြည်အနီး အနားတစ်ဝိုက်မှ တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့်သာ အဝင်ရှိပြီး အဝင် ပါးလာတာကိုတွေ့ရပါတယ်။ ရန်ကုန် ဝယ်လက်ကလည်း တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့် အဝယ်ရှိနေတယ်လို့သိရပါတယ်။ အခြားတိုင်းအဝင်မရှိဘဲ ပြည်မှ ဘုရင့်နောင်သို့ မတ်ပဲစီးဆင်းမှုကတော့ တစ်ရက်လျှင် အိတ် ၇ဝဝ ခန့် တင်ပို့မှုရှိ တယ်လို့သိရပါတယ်။ မိမိအေး

Sunday, 17 Jul 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ရှိ              ပြည်ပကို မတ်ပဲတင်ပို့မှုဟာ လွန်ခဲ့တဲ့သီတင်းပတ်က တန်ချိန် ၁၆ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့)အတွင်းမှာ တန် နှစ်သောင်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်း တင်ပို့မှု အားကောင်းခဲ့ သလို ယခုသီတင်းပတ်မှာလည်း တင်ပို့အားကောင်းနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် ရဲ့ ဇူလိုင်လ ၈ ရက်နေ့အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် နှစ်သိန်း တစ်သောင်းခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် တစ်သိန်းလေးသောင်း ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှု သိသိသာသာပိုလာတာ တွေ့ရပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်များမှာ ပြည်ပအဝယ်ပုံမှန်ရှိနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Sunday, 17 Jul 2011

ယခုတစ်ပတ် မတ်ပဲ FOB  အရောင်းအဝယ်လျော့                   ယခင်သီတင်းပတ်တွေက ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လက်တွေ အဝယ်သွက်လို့ FOB အရောင်းအဝယ် စာချုပ် တန်ချိန် သုံးသောင်းနီးပါးဖြစ်ခဲ့ပေမဲ့ ယခုဒုတိယပတ်မှာ လျော့ကျလာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းကုန်သည်များက ဈေးမြှင့်ရောင်းချမှု ကြောင့် FOB အဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။                     ဇူလိုင်လ လဝက်အထိ FOB အရောင်းအဝယ်စာခုျပ်ခုျပ်ဆိုမှုက SQ ၊ FAQ အပါအဝင် စုစုပေါင်း တန်ချိန် လေးသောင်းနီးပါးရှိတာတွေ့ရပါတယ်။ ပြည်ပ အဝယ်အနည်းငယ်လျော့တာကြောင့် ရန်ကုန် ၤဥြ ဈေးလည်းအနည်းငယ် လျော့ကျခဲ့ပါတယ်။                                                                ဒေါ်လာ/တန်                      မတ်ပဲ(FAQ)             မတ်ပဲ(SQ)၁၄-၇-၁၁          ၇၆ဝ-၇၈ဝ              ၈၄ဝ-၈၆ဝ၈-၇-၁၁            ၇၆ဝ-၇၈ဝ              ၈၅ဝ-၈၇ဝMIRT(MAPT)

Tuesday, 12 Jul 2011

သကြားစက်များ ဆုံးရှုံးမှုလျော့ကျစေဖို့ သကြားတန်ချိန် နောက်ထပ် ၁ သန်း တင်ပို့ဖို့ အိန္ဒိယ သကြားစက်အသင်းမှ တိုက်တွန်း               အိန္ဒိယနိုင်ငံ ပုဂ္ဂလိကနဲ့ အစိုးရဌာနသကြားစက်ကဏ္ဍကိုယ်စားပြုတဲ့ အိန္ဒိယ သကြားစက် လုပ်ငန်းရှင်များအသင်း (Isma) ဟာ ပြည်တွင်းလက်ကျန်ပမာဏ ပိုမိုနေခြင်းနဲ့ နောက်နှစ် သကြားရာသီမှာ အထွက်ကောင်းဖွယ် ရှိခြင်းတို့ကြောင့် နောက်ထပ်သကြားတန်ချိန် တစ်သန်းဝန်းကျင် တင်ပို့ခွင့်ပြုဖို့ အစိုးရကို တောင်းဆို ထားတယ်လို့ သိရပါတယ်။ အစောပိုင်းက အစိုးရဟာ ပြည်တွင်းဈေးကွက်အတွင်း ကုန်စည်ဈေးနှုန်းကျဆင်းခြင်းကို ထိန်းချုပ်ဖို့ သကြားတန်ချိန် ငါးသိန်းတင်ပို့ခွင့်ပြု ခဲ့ပါတယ်။                     ဒါပေမဲ့ ၂ဝ၁၁-၁၂ အတွက် အဖွင့်လက်ကျန်ဟာ ယခင်နှစ်ထက်တန်ချိန် တစ်သန်းပိုပြီး တန်ချိန် ၆ သန်းခန့် ရှိမယ်လို့ အသင်းကခန့်မှန်းထားပါတယ်။ နောက်သီးနံှရာသီအတွင်း သကြားထုတ်လုပ်မှု ပိုမိုဖွယ်ရှိတာ ကြောင့် သကြား လက်ကျန်လျှော့ချဖို့ အရေးပေါ်လိုအပ်နေတဲ့အတွက် သကြားစက်လုပ်ငန်းရှင် များကို နောက်ထပ် တန်ချိန် တစ်သန်း တင်ပို့ဖို့ ခွင့်ပြုသင့်တယ်လို့(Isma) ဥက္ကဌ Narendra Maurkumbi  က ဆိုပါတယ်။                    ဒါ့အပြင် ကုန်သည်များအတွက် သိုလှောင်မှုကန့်သတ်ထားခြင်းကိုလည်း ဈေး ပိုရရှိစေဖို့ ဖယ်ရှားသင့်တယ်လို့ ဆိုပါတယ်။ သကြားစက်လုပ်ငန်းရှင်တွေဟာ လက် ရှိဈေးနဲ့ ထုတ်လုပ်မှုစရိတ်ကို မရရှိကြဘူးလို့ ဆိုပါတယ်။                    နိုင်ငံအတွင်း သကြားပိုလံျှခြင်းနဲ့ ကုန်သည်များအတွက် သိုလှောင်မှု ကန့် သတ်ခြင်းတို့ကြောင့် သကြားစက်များရဲ့ သကြားဈေးဟာထုတ်လုပ်မှုစရိတ် အောက် ရောက်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သကြားစက်များအနေနဲ့လည်း တောင်သူတွေကို ဈေးမပေးနိုင်ကြဘူးလို့ ဆိုပါတယ်။ အစိုးရအနေနဲ့ သကြား လုပ်ငန်းမှာ လွတ်လွတ်လပ်လပ်ကုန်သွယ်မှု ပြုနိုင်ဖို့ သကြားစက်များကို စည်းကျပ် ထားတဲ့ အခွန်များဖယ်ရှားခြင်းဖြင့် ကူညီသင့်တယ်လို့ Isma  မှ တောင်းဆိုထား ကြောင်း သိရပါတယ်။                    အိန္ဒိယနိုင်ငံဟာ ယခင်နှစ်က သကြားတန်ချိန် ၁၉ သန်းထုတ်လုပ်ခဲ့ရာမှ ၂ဝ၁ဝ-၁၁ (အောက်တိုဘာမှ စက်တင်ဘာလ)အတွင်း သကြားတန်ချိန် ၂၄ သန်း- ၂၄ ဒသမ ၅ သန်းဝန်းကျင်ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်တွင်း စားသုံးမှုဟာ ယခုနှစ်မှာ တန်ချိန် ၂၂ သန်း-၂၂ ဒသမ ၅ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းခင် Source: businessline

Tuesday, 12 Jul 2011

ယခင်အပတ်ထက် ပိုမိုတင်ပို့တဲ့ မူဆယ်ပြောင်း              မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၂၈၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၁၉၈ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်က မူဆယ်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၆၇ တန်ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ မူဆယ်မှ ပြောင်းဖူးစေ့ တန် ၂၃ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်အပြင် ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်များက တင်ပို့ခဲ့တာမို့ နယ်စပ်ပေါက် ၃ ပေါက် လုံးမှ တင်ပို့မှုမရှိတဲ့အတွက် ယခုအပတ်မှာ နယ်စပ်မှ ပြောင်းတင်ပို့မှု ၆၄၅ တန် လျော့နည်းခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံပြောင်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                       မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု            ယခင်     ပြောင်းလဲမှု    %        ယခု    ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့     ၂၁၇၁၄၇     ၂၂၉ဝ၂၅     ၁၁၈၇၈     ၅ .၅      ၂၉၄     ၂၉၄     -     -နံှစားပြောင်း     ၂၂၁၄၂၉     ၂၂ဝ၁၃၈      ၁၂၉၁       ဝ .၆     ၂၉၄     ၂၉၄      -     -MIRT (DOBT)

Tuesday, 12 Jul 2011

ယခင်အပတ်ထက် ပြောင်းအပို့ ပိုမို                 ဇူလိုင်လ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၈၄ဝ၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၂၃၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၄ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု နှစ်ဆတက် တယ်လို့ ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်နဲ့စင်ကာပူတို့ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှုနည်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၈ဝဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေး ပေါက်လျက်ရှိပါတယ်။ KZW

Tuesday, 12 Jul 2011

ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆားအပေါ်တွင် သွင်းကုန်ခွန်ကင်းလွတ်ခွင့် တောင်းခံလိုက်သည့် ဗီယက်နမ်                ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဘဏ္ဍာ/ အခွန်ဝန်ကြီးဌာနကို ပြည်တွင်းဆေးဝါး ထုတ်လုပ်သူတွေကို ဆေးထုတ်လုပ်ဖို့အတွက်အသုံးပြုတဲ့ ဆားတင်သွင်းမှုအပေါ် မှာ အခွန်ကင်းလွတ်ခွင့်ပေးသွားဖို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိတယ်။               ယခုလောလောဆယ်မှာ ဆေးဝါးထုတ်လုပ်ခြင်းအတွက် အသုံးပြုတဲ့ ဆားအပေါ် သွင်းကုန်ခွန်မှာ ၅ဝ ရာခိုင်နှုန်းဖြစ် ကြောင်းနဲ့ ဆားက စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန Ministry of Industry and Trade (MoIT) မှ ခွင့်ပြုထားတဲ့ သွင်းကုန်ကိုတာသတ်မှတ်ချက်မှာ မပါဝင်ကြောင်း သိရှိရတယ်။                ဗီယက်နမ်ပြည်တွင်းထုတ်လုပ်သူတွေက ဆေးဝါးထုတ် လုပ်ရာမှာ သုံးတဲ့ ဆား (natri chloride)  ကို ထုတ်လုပ်မှုမရှိတာကြောင့် ၎င်းဆားကိုတင်သွင်းနေရကြောင်း သတင်း  ရရှိတယ်။ ပြည်တွင်းဆေးဝါးဈေးကွက် ဈေးနှုန်းတည်ငြိမ်မှုရှိ ရေးအတွက် အစိုးရအနေနဲ့ အခွန်ဖြေလျော့ပေးသင့်ကြောင်း ကျန်းမာရေးဝန်ကြီး Cao Minh Quang ကပြောကြားလိုက်ပါတယ်။ ဒါ့ပြင် မကြာသေးခင်က လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကို မကြာသေးခင်က ဓာတုစက်ရုံ တွေမှာ အသုံးပြုတဲ့ ဆားတန်ချိန် ၅ဝဝဝဝ တင်သွင်းဖိုအတွက် သွင်းကုန်ကိုတာကို ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုလိုက် ပါတယ်။ ဒီလိုတောင်းဆိုရခြင်းမှာ ပြည်တွင်းထုတ်လုပ်မှုက ပြည်တွင်းဝယ်လိုအားကို ပြည့်မီနိုင်သောကြောင့် ဖြစ်ပါတယ်။ Source:english.vietnamnet.vn အေးမွန်မွန်လှိုင်

Tuesday, 12 Jul 2011

လာမယ့် ၁ဝ နှစ်အတွင်း ကမ္ဘာ့ရော်ဘာဝယ်လိုအား ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်နိုင်                  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြီးမားလာတဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ ရော်ဘာဝယ်လိုအား ပိုမိုတိုးတက်လာပြီး ၂ဝ၂ဝ မှာ တန်ချိန် ၁၅ ဒသမ ၄ သန်းကို ရောက်ရှိနိုင်ကြောင်း စင်ကာပူအခြေစိုက် DBS  သုတေသနအုပ်စုမှ ပြောကြားပါတယ်။ ကမ္ဘာ့ရော်ဘာဝယ်လိုအားက နှစ်စဉ် ၃ ဒသမ ၇ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်ပြီးလာမယ့် ၁ဝ နှစ်မှာ တန်ချိန် ၁ဝ ဒသမ ၇ သန်း ကနေ ၁၅ ဒသမ ၄ သန်းကို ရောက်ရှိနိုင်ကြောင်း DBS  ကပြောကြားပါတယ်။ တချို့ကတော့ ၂ဝ၁၃ မှာ ၂ဝဝ၅ - ၂ဝဝ၈ ခုနှစ်အတွင်း စိုက်ခဲ့တဲ့အပင်တွေကနေ ဈေးကွက်ထဲကို ရောင်းလိုအား အသစ်တွေ ရရှိနိုင်မယ်လို့ မှန်းဆကြပါတယ်။ ဒါ့အပြင် ရော်ဘာဈေးနှုန်းကိုလည်း လာမယ့်နှစ်မှာ TSR-20 အမျိုးအစားကို တစ်တန် (၄၂၅ဝ) ဒေါ်လာအထိ ရောက်နိုင်ပြီး ၂ဝ၁၃ မှာ တစ်တန်ကို (၄၁၅၇) ဒေါ်လာကို ရောက်နိုင်မယ်လို့ တွက်ထားပါတယ်။ ကမ္ဘာ့ရော်ဘာစိုက်ဧရိယာလည်း တိုးတက်လာပြီး ယခုဟက်တာ ၁၁ ဒသမ ၃ သန်းရှိရာကနေ ၂ဝ၂ဝ မှာ ဟက်တာ ၁၄ ဒသမ ၉ သန်းအထိရှိလာနိုင်မယ်လို့ DBS  အုပ်စုက ပြောပါတယ်။ လာမယ့် ၁ဝ နှစ်ကျော်ရင် မိရိုးဖလာရော်ဘာစိုက်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့အပြင် အခြားနေရာတွေကနေ အဓိကရော်ဘာရောင်းလိုအား တွေထွက်ပေါ်လာနိုင်တယ်လို့လဲ ခန့်မှန်းထားပါတယ်။ ၂ဝ၁ဝ နဲ့ ၂ဝ၂ဝ ကြားမှာရော်ဘာရောင်းလိုအားတန်ချိန် ၅ ဒသမ ၃သန်းအထိ တိုးတက်လာနိုင်ပြီး ၎င်းတို့ထဲက တန်ချိန် ၃ ဒသမ ၁ သန်းက မြန်မာနဲ့ ဗီယက်နမ်ကဖြစ်နိုင်ကြောင်း သိရပါတယ်။ အကြီးဆုံးဖြန့်ဖြူးသူဖြစ်တဲ့ထိုင်းနိုင်ငံကတော့ ၂၅ ဒသမ ၁ ရာခိုင်နှုန်းရောင်းအားရှိပြီး ဆက်လက်ဦးဆောင်နိုင်တယ်လို့ သိရပါတယ်။         Source: commodity online ,KZW 

Tuesday, 12 Jul 2011

တောင်သာက ကြက်သွန်နီ                       ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အာလူးဈေးနှုန်းများက ယခုတစ်ပတ်အတွင်း တောင်သာမြို့နယ်မှာ ဈေးနှုန်း မပြောင်းလဲပါဘူး တည်ငြိမ်ပါတယ်။ တောင်သာက ကြက်သွန်နီထွက်တဲ့ဒေသကြီးတစ်ခုဖြစ်တာရယ်၊ ကြက်သွန်နီစိုက် တဲ့ ဆင်တဲဝချောင်းကြီးရှိတဲ့အတွက်ရယ်၊ ကြက်သွန်နီအခြေခံ ရှိတဲ့ ကြက်သွန်နီမြို့လို့ ပြောနိုင်ပါတယ်။ မြို့နယ်ရဲ့ လူနေမှု အဆင့်၊ စီးပွားရေးချောင်လည်မှု အားလုံးဟာလည်း ကြက်သွန်နီပေါ် မှီခိုနေတယ်လို့တောင် ပြောလို့ရပါတယ်။ ယခုနှစ် စိုက်ချိန်မှာ မိုးရှိတာရယ်။ ချောင်းရေရှိတာရယ်ကြောင့် ကြက်သွန်နီစိုက်ရတာ အခက်အခဲရှိခဲ့ပါတယ်။ အထွက်အခြေ အနေကိုကြည့်ရင် ဥကြီးပါတာနည်းပြီး အလတ်၊ အသေးတွေသာ ထွက်ခဲ့ပါတယ်။ အထွက်နှုန်းလည်း နည်းနည်းလျော့ပါ တယ်။ ဒါပေမဲ့ ယခုနှစ်မှာ လှောင်လက်တစ်ချို့ ဝယ်တာကြောင့် ကြက်သွန်နီဈေးသင့်တင့်တဲ့ အနေအထားမှာ ရှိပါ တယ်။ ပေါ်ခါစတုန်းကတော့ ဈေးနိမ့်လို့ တောင်သူတွေ မျက် လုံးပြူးနေကြပါတယ်။ ဒါပေမဲ့ အခုကတော့ ပုံမှန်ရောင်းဝယ် နေကြတာတွေ့ရပါတယ်။ လက်နည်းနည်းကြီးတဲ့ ပွဲစား တောင်သူက ရန်ကုန်၊ မန္တလေးတင်တာရှိသလို မြင်းခြံဈေး ကိုလည်း ပို့ရောင်းကြပါတယ်။ ဒါကြောင့် တောင်သာမြို့မှာရော မြင်းခြံမှာ ပိုအရောင်းအဝယ်ဖြစ်နေပါတယ်။ တောင်သာ မှာနေ့စဉ် ပိဿာ ၂ဝဝဝဝ မှ ၃ဝဝဝဝ ရောင်းဝယ်နေပြီး၊ မြင်းခြံမှာတော့ နေ့စဉ်ပိဿာ ၂ဝဝဝဝ မှ ၅ဝဝဝဝ ထိရောင်း ဝယ်နေတယ်လို့ သိရပါတယ်။ တောင်သာကြက်သွန်နီဈေးကတော့ လုံးကြီး ၅ဝဝ ကျပ်- ၅၂၅ ကျပ်၊ လတ်ဈေး ၄၇၅ ကျပ်၊ လတ်သန့် ၄၅ဝ ကျပ်၊ ဂျွန်ကို ၄၇၅ ကျပ်ရောင်းဝယ်လျက် ရှိပါတယ်။                      မျိုးသူ

Tuesday, 12 Jul 2011

ဈေးမျှော်နေတဲ့ မြစ်သားနနွင်း              မြစ်သားနနွင်းစိုက်တောင်သူများ လက်ရှိနနွင်းဟောင်းဈေးအေးလို့ တက်ဈေးမျှော်နေကြောင်းသိရပါတယ်။ နနွင်းဟောင်း လက်ရှိဈေးတစ်ပိဿာ ကျပ် ၂ဝဝဝ ရှိပြီး ယခင်နှစ်ကာလတူဈေးနဲ့နှိုင်းယှဉ်လျှင် ဈေးနည်းနေတာကြောင့် တောင်သူကြီးများ၊ ကုန်သည်များလက်ဝယ်တွင် နနွင်းလက်ကျန်များရှိနေသေးကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ သန်းနိုင် 

Pages