Main menu

Background

Sunday, 17 Jul 2011

ပြည်ကုလားပဲဈေး အတက်အကျရှိ                      ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၇ဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိတယ်လို့သိရပါတယ်။ ယခုတစ်ပတ်အတွင်း အောင်လံဘက်မှ အိတ် ၅ဝဝ ခန့် ဝင်ရောက်မှုရှိပြီး ဒေသတွင်းမှ အဝင်ပါးလာခဲ့ပါတယ်။ အရောင်း အဝယ်ဖြစ်မှု အနေဖြင့် ဝယ်လိုအားများတဲ့ရက်များမှာ အိတ် ၇ဝဝ-၈ဝဝ ထိ အရောင်းအဝယ်ရှိပြီး ခွဲစက်သမား၊ အမှုန့်ကြိတ်စက်သမားများကတော့ နေ့စဉ် အဝယ်ရှိပြီး တစ်နေ့အိတ် ၂၅ဝ ကျော်အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။   လွင်လွင်ဆန်း

Sunday, 17 Jul 2011

ဈေးလှုပ်ပြီး အရောင်းအဝယ်သွက်တဲ့ မုံရွာ V2                     မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇူလိုင်လဆန်းမှာ ကုလားပဲဖြုလုံးကြီး V2 တစ်ပိဿာဈေး ၉၄၇ ကျပ်မှ ဇူလိုင်လ ဒုတိယပတ်မှာ ၁ဝဝဝ ကျပ်သို့ဈေးလှုပ် လာခဲ့ကြောင်း သိရပါတယ်။ ဈေးလှုပ်သလို ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက် အဆွဲများလို့ မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ် အကောင်းဆုံးသီးနံှမှာ ကုလားပဲဖြူလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို V2 တင်း ၁ဝဝဝ နှင့် ၂ဝဝဝ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ V2 မန္တလေးသို့ တင်း ၃ဝဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။                          သန်းးသန်းးတင် 

Sunday, 17 Jul 2011

ကုလား ပဲဈေးနှုန်း ခိုင်မာနေ                      အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ်မှာလည်း ဈေးနှုန်းခိုင်မာနေပါတယ်။ မိုးရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ဈေးတွေ မြင့်တက် နေခြင်းက ပြုပြင်ပြီး ကုလားပဲကို ဝယ်လိုအားပိုတက်စေပါတယ်။ အဓိကဈေးကွက်များမှာကုလားပဲရောင်းချမှု အကန့်အသတ်သာရှိတယ်လို့ သိရပါတယ်။ အမေရိကန် မှာ စိုက်ဧရိယာလျော့ကျခြင်းကလည်း နိုင်ငံတကာဈေးကို ခိုင်မာစေပါတယ်။ သြစတြေးလျက တင်သွင်းခြင်းနဲ့ မိုးပဲစိုက်ဧရိယာ တိုးတက်မှုရှိလာခြင်းတို့ကြောင့် လှောင်လက်များ ထုတ်ရောင်းလာနိုင်တဲ့အတွက် ဈေးကျဖို့ ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်း လက်ရှိဈေး ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန်                         ၁၃-၇-၁၁            ၁၂-၇-၁၁         ၁၁-၇-၁၁                ၉-၇-၁၁မွန်ဘိုင်း               ၅၆၁                 ၅၅၉ - ၅၅၂             -                          ၅၆၃ဒေလီ               ၆၂၂-၆၂၈             ၆၁၅-၆၂၁           ၆၁၄-၆၂ဝ           ၆ဝ၉-၆၁၄ကန်ပါ                   ၆၆၂                   ၆၅၁                     ၆၄၇                     ၆၄၅MIRT(MAPT)

Sunday, 17 Jul 2011

လက်ကျန်နည်းပေမဲ့ FOB အရောင်းမှာ တိုးတက်နေ                  ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းပြီဖြစ်ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာတော့ ယခုဇူလိုင်လ ဒုတိယပတ်မှာ တန် ၅ဝဝဝ နီးပါး အရောင်း အဝယ်စာချုပ် ချုပ်ခဲ့တယ်လို့သိရပါတယ်။ ဇူလိုင်လ ပထမလဝက်အတွင်းမှာ စုစုပေါင်း တန် ၆ဝဝဝ ကျော်ကို ပြည်ပအရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားကောင်းနေတာကြောင့် အခြားပဲဈေးတွေ လျော့ပေမဲ့ ကုလား ပဲဖြူလုံးကြီး FOB ဈေးအနည်းငယ်တိုးလာခဲ့ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ ကုလား ပဲဖြူလုံးကြီး FOB တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ ရှိရာမှ ဇူလိုင်လ ၁၄ ရက်နေ့မှာ ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ကို အနည်းငယ်တိုးလာခဲ့ပါတယ်။ MIRT- MAPT 

Sunday, 17 Jul 2011

ကုလားပဲဖြူလုံးကြီး ပုံမှန်ပမာဏနဲ့ အတင်ရှိဆဲ                       ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ ယခင်သီတင်းပတ် တွေလိုပဲ တန်ချိန် ၂ဝဝဝ ကျော်နဲ့ ပုံမှန်အတင်ရှိနေဆဲဖြစ်ပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းပြီဖြစ်ပေမဲ့ ပါကစ္စတန်ဘက်က ဝယ်လိုအားကောင်းနေဆဲဖြစ်တယ် လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ တင်ပို့ပြီးစီးမှုဟာ တန်ချိန် သုံးသောင်းကျော်ရှိပြီး ဖြစ်ပါတယ်။ ဈေးကွက်တွေမှာ ပြည်တွင်းသုံးရော ပြည်ပတင်ပို့ဖို့ပါ ဝယ်လိုအားကောင်းတာကြောင့် လက်ကျန်နည်းသွားပြီလို့ ဆိုပါတယ်။MIRT- MAPT 

Sunday, 17 Jul 2011

တက်ဈေးမျှော်နေတဲ့ မုံရွာပဲတီစိမ်းကြီး                     မုံရွာကုန်စည်ဒိုင်မှာ ယခုလ ဇူလိုင်လ ဒုတိယပတ်အတွင်း ပဲတီစိမ်းကြီး တစ်ပိဿာ အမြင့်ဆုံးဈေး ၁ဝ၅၃ ကျပ်မှ ၉၂၅ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။ ဈေးအေးလာလို့ တောင်သူနဲ့ ကုန်သည်များက တက်ဈေးမျှော်ပြီး ထုတ် ရောင်းမှုနည်းကြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းကြီး အရောင်း အဝယ်အေးကာ တစ်ရက်ကို ပျမ်းမျှတင်း ၅ဝဝ နဲ့ ၁ဝဝဝ ကြား အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဇူလိုင်လ ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲတီစိမ်းကြီး မန္တလေးသို့ တင်း ၃ဝဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။                         သန်းးသန်းးတင် 

Sunday, 17 Jul 2011

မုံရွာပဲတီ မန်းအဝယ်နှေးလို့ ဈေးအေး                  ဇူလိုင် ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်မှာ မန္တလေးဝယ်လက်လေးလို့ ဈေးအေး အရောင်းအဝယ် အေးလာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲက ပဲတီစိမ်းကြီး တစ်တင်း ၂၉ဝဝဝ ကျပ် ထိဈေးအမြင့်ဆုံးရခဲ့ပြီး ယခုအခါ မုံရွာကုန်စည်ဒိုင်မှာ ဝင်လာတဲ့ ပဲတီစိမ်းတွေ အရည်အသွေးအနည်းငယ်နိမ့်ပြီး မန်းဝယ်လက်နှေးခဲ့လို့ တစ်တင်း ၁၈၅ဝဝ ကျပ်ထိ အနိမ့်ဆုံးကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ် အားဖြင့် တစ်ရက် အိတ် ၁ဝဝဝ ဝန်းကျင်နေ့စဉ်ရှိခဲ့ပြီး ယခု အပတ်ထဲမှာ အရောင်း ဆက်လက်ငြိမ်နေအုံးမယ်လို့ ဈေးကွက်က ဆိုပါတယ်။                       ထွန်းလှိုင် 

Sunday, 17 Jul 2011

ပဲတီစိမ်း တင်ပို့မှုမြင့်တက်                    မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ အပို့များနေတဲ့ လယ်ယာ ထွက်ကုန်ကတော့ ပဲတီစိမ်းပဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၆ ဒသမ ၄၃၅ သန်း တန်ဖိုးရှိတဲ့ ပဲတီစိမ်း ၆၈၉၉ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲတီစိမ်း ၁၉၈၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်ထိ ပဲတီစိမ်း တန်ချိန် ၄၂၁ဝဝ ကျော်နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ကြည့်တဲ့အခါ မိမိဘက်ဈေးမြင့်တက်နေသော်လည်း တစ်ဘက်နိုင်ငံဈေးမှာ လျော့နည်းလျက် ရှိတာ တွေ့ရပါတယ်                                မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)       ယခု             ယခင်        ပြောင်းလဲမှု    %         ယခု         ယခင်    ပြောင်းလဲမှု    %   ၆၇၆၇၃၆      ၆၃၃၄၇၄      ၄၃၂၆၂           ၆      ၁ဝဝ၅      ၁ဝ၈၂          ၇၇            ၈MIRT (DOBT)

Sunday, 17 Jul 2011

ရန်ကုန် FOB ဈေးကွက်မှာ ပဲတီစိမ်း တန် ၅ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်                   ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) ၊ FOB ဈေးကွက်မှာ ယခင်သီတင်းပတ်တွေက တန် ၂ဝဝ ခန့်သာ လက်ကျန်နည်းပေမဲ့ FOB အရောင်းမှာ တိုးတက်နေ ပြည်ပ အရောင်းစာချုပ်ရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၅ဝဝဝ ခန့် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အညာပဲတီစိမ်းကို အိန္ဒိယဝယ်လက်တွေ လက်ရှိဈေးမှာ စိတ်ဝင်စားမှုရှိလာလို့ အရောင်းသွက်တယ်လို့ သိရပါတယ်။ ဝင်ရောက်လာတဲ့ ပဲများမှာ မိုးမိပဲတချို့ပါလို့ ဝယ်လက်တွေက အရည်အသွေးအရ ဈေးခွဲခြားပြီး ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။အိန္ဒိယဝယ်လက်အများစုကတော့ ဈေးသက်သာတဲ့ အရည်အသွေးနိမ့်ပဲတွေကို အဝယ်ပိုများပြီး အရည်အသွေး ကောင်း တွေကိုတော့ တရုတ်ဝယ်လက်က ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ အရည်အသွေးနိမ့်တွေ ပါဝင်လို့ ရန်ကုန် FOB ဈေးများ လည်း ပြောင်းလဲလာခဲ့ပါတယ်-      ဒေါ်လာ/တန်                  ပဲတီစိမ်း (အညာ)        ပဲတီရွှေဝါ(အသေး)               ပဲတီရွှေဝါအကြီး၁၄-၇-၁၁        ၈ဝဝ-၈၂ဝ                ၁ဝ၅ဝ-၁ဝ၇ဝ                    ၁၁၅ဝ-၁၁၇ဝ၈-၇-၁၁          ၉ဝဝ-၉၂ဝ                ၁၁၅ဝ-၁၁၇ဝ                    ၁၂၅ဝ-၁၂၇ဝMIRT (MAPT)

Sunday, 17 Jul 2011

ပဲတီစိမ်းသင်္ဘောတင် ပြန်လျော့လာ             ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန် ၃ဝဝဝ ကျော်ထိ တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်)အတွင်းမှာ တန်ချိန် ၁၅ဝဝ ခန့်ကို ပြန်လည်လျော့ကျတင်ပို့ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ စုစုပေါင်း တန်ချိန် တစ်သိန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၇ဝဝဝဝ ကျော်သာရှိလို့ လက်ရှိဘဏ္ဍာနှစ်ကာလတူမှာ တန် ၃သောင်းကျော် ပိုတင်ထားတာတွေ့ရပါတယ်။ လတ် တလောအရောင်းအဝယ်ပြန်လိုက်လာလို့ လာမယ့် သီတင်းပတ်များမှာ တင်ပို့မှု တိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                                   MIRT- MAPT

Pages