Main menu

Background

Tuesday, 12 Jul 2011

နယ်စပ်မှ ပဲတီစိမ်းတန် ၄၉ဝဝ ကျော်အပို့ရှိ             မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ ၄ ဒသမ ၉၆၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၉၁၆ တန်ခန့်တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် တန်ချိန် ၁၃၅ဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဈေးများကျနေတဲ့အတွက် တင်ပို့မှု ပမာဏများလျော့နည်းလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                 မိမိဘက်(ကျပ်/တန်)            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)         ယခု           ယခင်       ပြောင်းလဲမှု    %     ယခု       ယခင်    ပြောင်းလဲမှု   %      ၇၄၂၆၈၇     ၈၂၈၉၆၅      ၈၆၂၇၈     ၁၂      ၁၁၁၂     ၁၁၆၁         ၄၉        ၄MIRT (DOBT)

Tuesday, 12 Jul 2011

ရန်ကုန် FOB မှာ ပဲတီစိမ်း တန် ၂ဝဝဝကျော်သာ အရောင်းအဝယ်ဖြစ်            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ ပြည်ပဝယ်လက်များ ပဲတီစိမ်းကို အဝယ်နှေးနေဆဲဖြစ် တာ တွေ့ရပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း FOB ဈေးကွက်မှာ ပဲတီစိမ်းတန်ချိန် ၂၂ဝဝ ခန့်သာ အရောင်းအဝယ် စာချုပ် ချုပ်နိုင်တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်မှုမှ တရုတ်ဘက်က အဆွဲရှိနေပေမဲ့ ပင်လယ်ရေကြောင်းဘက်က ဝယ်လို အားနည်းနေတယ်လို့ သိရပါတယ်။ ဇွန်လ ပထမပတ်အတွင်းမှာလည်း ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၂၃ဝဝ ခန့်သာ ရှိတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်များက အရည်အသွေးအရ ဈေးခွဲပြီး ဝယ်ယူမှုရှိတာကြောင့် ယခုတစ်ပတ်မှာ ရန်ကုန် FOB ဈေးအနည်းငယ်လျော့တယ်လို့ သိရပါတယ်။                            ဒေါ်လာ/တန်                        ပဲတီစိမ်း (အညာ)    ပဲတီရွှေဝါ(အသေး)           ပဲတီရွှေဝါအကြီး၈-၇-၁၁                ၉ဝဝ-၉၂ဝ              ၁၁၅ဝ-၁၁၇ဝ                ၁၂၅ဝ-၁၂၇ဝ၁-၇-၁၁              ၁ဝဝဝ-၁ဝ၂ဝ            ၁၁၈ဝ-၁၂ဝဝ                ၁၂၈ဝ-၁၃ဝဝMIRT (MAPT)

Tuesday, 12 Jul 2011

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၃ဝဝဝ ကျော်တင်              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အတွင်းမှာလည်း တန် ၃ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ အခြားမတ်ပဲ၊ ပဲစင်းငုံတို့ တင်ပို့မှု တက်လာပေမဲ့ ပဲတီစိမ်းကတော့ ပုံမှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ဇွန်လ တစ်လလုံး တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၁၁ဝဝဝ ကျော်ရှိပြီး၊ မေလမှာ တန်ချိန် ၂ဝဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်းမှာ တန်ချိန် ၁၁ဝဝဝ ခန့်ရှိလို့ ယခုနှစ် ဇွန်လတင်ပို့မှု ပမာဏခန့်သာ ရှိတာတွေ့ရပါတယ်။                လက်ရှိဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၉၆ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၆၄ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ တန် ၃ဝဝဝဝ ကျော် ပိုမိုတင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာလည်း ပုံမှန်အတိုင်း တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။                  MIRT- MAPT

Tuesday, 12 Jul 2011

 ပဲလွန်း ဖြူတန်၂ဝဝကျော်မူဆယ်မှပို့               ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ သို့ ကန်ဒေါ်လာ ၁၇၅ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၂ဝဝ ဒသမ ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင် ပို့မှုအောက် ၂၇ တန်ခန့် လျော့နည်း ခဲ့ပါ တယ်။ မိမိဘက် မြေပြင်ဈေး သိသိသာသာ လျော့ကျနေသော်လည်း တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမှာ မသိ သာလှပေ၊ နှစ်ဘက်မြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                      မိမိဘက် (ကျပ်/ တန်)                    တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)          ယခု         ယခင်      ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    %     ၅၄၂၇၈၉     ၅၇၈၄၅၂     ၃၅၆၆၃        ၆      ၉၂၇     ၉၂၈           ၁         ဝ .၁၁

Tuesday, 12 Jul 2011

ပြည်ပဝယ်လက်ကို ပဲလွန်းဖြူတန် ၃၆ဝ ကျော်အရောင်းရှိ                ရန်ကုန်တိုင်း ဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက် မှာ ပြည်ပဝယ်လိုအားကောင်းနေတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် ဇူလိုင်လ ၁ ရက်မှ ၇ ရက်အထိ ၃၆၅ တန် အရောင်းစာချုပ် ချုပ်ခဲ့တယ်လို့ သိရပါ တယ်။ ဇွန်လ ပထမပတ်အတွင်းမှာတော့ တန်ချိန် ၃ဝဝ သာ အရောင်းရှိ ခဲ့လို့ ယခုလပထမပတ်အတွင်း ပြည်ပ အရောင်းပိုလာတာ တွေ့ရပါတယ်။ ပြည်ပ နိုင်ငံတွေက အဝယ်ပုံမှန်ရှိနေလို့ ပြည်တွင်းလက်ကျန်နည်းလာပြီလို့ သိရပါတယ်။                  ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်အတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဇူလိုင်လ ၈ ရက်မှာ FAQ တစ် တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ ှSQ တစ်တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT- MAPT

Tuesday, 12 Jul 2011

FOB အဝယ် ပဲစင်းငုံ တန် တစ်သောင်းထိတက်လာ                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပြည်ပအရောင်းအဝယ် တက်လာခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ် အတွင်းမှာ ပဲစင်းငုံ တန်ချိန် ၁ဝဝဝဝ ခန့် FOB အရောင်းစာချုပ် ချုပ်ခဲ့လို့ ယခင် သီတင်းပတ်များထက် သိသိသာသာပိုလာတာတွေ့ရပါတယ်။ ဇွန်လ ပထမပတ် အတွင်း ပဲစင်းငုံတန် ၅ဝဝဝ ခန့်သာ ပြည်ပအရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုလ ပထမပတ်မှာ တစ်ဆပိုလာတာတွေ့ရပါတယ်။  လက်ရှိဈေးမှာ အိန္ဒိယဝယ်လက်တွေ အကြိုက်တွေ့နေလို့ အဝယ်သွက်လာ တာ ဖြစ်ပေမဲ့ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၈ ရက်မှာလည်း ပဲစင်းငုံ (FAQ) တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ ) တစ်တန်ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။                          MIRT- MAPT

Tuesday, 12 Jul 2011

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၄ဝဝဝ တင်           ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်အထိ တန်ချိန် ၄ဝဝဝ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၂၂ဝဝဝ ခန့်ရှိပြီး မေလမှာ တန်ချိန် ၂ဝဝဝဝ ခန့်ရှိတာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်းမှာတော့ တန်ချိန် ၁၉ဝဝဝ ခန့်ရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန်၄၉ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၁ဝဝဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ လက်ရှိဈေးကွက်မှာ ပဲစင်းငုံအနီစကို အဝယ်လိုက်နေလို့ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Tuesday, 12 Jul 2011

မတ်ပဲအနည်းငယ်သာ နယ်စပ်ကပို့                   မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၈၇ဝဝ တန်ဖိုးရှိ မတ်ပဲ ၁ဝ တန်သာ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုအောက်တန် ၅ဝ လျော့ နည်းခဲ့ပါတယ်။ ပဲဈေးများလျော့ကျနေတာကြောင့် ယခုအပတ် မတ်ပဲတင်ပို့မှု လျော့ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                 မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု          ယခင်       ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု     %မတ်ပဲ    ၅၄၆၇၂၉   ၅၇၉၆၉၄     ၃၂၉၆၅          ၆     ၈ဝ၃     ၈ဝ၅          ၂           ဝ .၂MIRT (DOBT)

Tuesday, 12 Jul 2011

ဇူလိုင်လ ပထမပတ်အတွင်း မတ်ပဲ FOB တန် သုံးသောင်းနီးပါး အရောင်းအဝယ်ဖြစ်                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ အဝယ်သွက်နေတာကြောင့် ဇူလိုင်လ ပထမပတ်အတွင်းမှာ တန် သုံးသောင်းနီးပါးအရောင်းအဝယ်စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ပထမ ပတ်အတွင်းမှာ တန်ချိန် နှစ်သောင်းနီးပါးသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လက်ရှိဈေးမှာ ဝယ်ယူဖို့ စိတ်ဝင်စားလာခြင်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချခြင်းကြောင့် ပဲဈေးကွက်မှာ ပြည်ပအရောင်း အဝယ်နဲ့ ပြည်တွင်းအရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပအဝယ် သွက်ပြီး ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်းအလဲမများတာကြောင့် ယခုရက်ပိုင်း မတ်ပဲ FOB ဈေးအနည်းငယ်တိုးလာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                    ဒေါ်လာ/တန်                   မတ်ပဲ(FAQ)      မတ်ပဲ(SQ)၈-၇-၁၁        ၇၆ဝ-၇၈ဝ          ၈၅ဝ-၈၇ဝ၁-၇-၁၁        ၇၅ဝ-၇၇ဝ         ၈၅ဝ-၈၇ဝMIRT(MAPT)

Tuesday, 12 Jul 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၆ဝဝဝ ကျော်                       ပြည်ပမတ်ပဲသင်္ဘောတင်ပို့မှုမှာ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန် ၁၆ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝခန့် တင်ပို့မှုရှိလို့ယခုတစ်ပတ်မှာ တင်ပို့မှုအနည်းငယ် လျော့ကျတာ တွေ့ရပါတယ်။ ဇွန်လတစ်လလုံး တင်ပို့မှု အနေနဲ့ တန်ချိန် ၇၆ဝဝဝ ကျော်ရှိပြီး မေလအတွင်းမှာ တန်ချိန် ၈၅ဝဝဝ ခန့်ထိ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇွန်လအတွင်းမှာတော့ တန်ချိန် ၅၃ဝဝဝ ကျော်ရှိလို့ ယခုနှစ် ဇွန်လမှာ တန်ချိန် ၂ သောင်းကျော်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကို လေ့လာ ကြည့်ရာမှာ တန်ချိန် ၁၉ဝဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၃ဝဝဝဝခန့်သာရှိလို့ ယခုနှစ်မှာတန်ချိန်၆ သောင်းခန့် ပိုမိုတင်ပို့ပြီး ဖြစ်တာ တွေ့ရပါတယ်။လက်ရှိပြည်ပဝယ်လက်များအဝယ်ရှိနေတာကြောင့် လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။              MIRT- MAPT 

Pages