Background
အရောင်းအဝယ်အေးနေတဲ့ ကျောက်ဆည်နနွင်းဈေးကွက် ကျောက်ဆည်ခရိုင်၊ နနွင်းတက်များအနေဖြင့် ၁၃၇၄ ဧကစိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖော်ပါတယ်။ နနွင်းဈေးနှုန်းမှာ တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၃၅ဝဝ ကျပ်ဖြစ်ပြီး၊ နနွင်းဟောင်း တစ်ပိဿာ ၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် စခဲ့ပါတယ်။ ဇွန်လဆန်းပိုင်းမှစပြီး နနွင်းတက် ဈေးသိသိသာသာကျဆင်းခဲ့ပါတယ်။ ယခင်အပတ်မှာ နနွင်းတက်ဈေး တစ်ပိဿာ ၂ဝဝဝ ကျပ်အထိ ကျဆင်းခဲ့ပြီး ယခုတစ်ပတ်မှာ ၁၈ဝဝ ကျပ်ဈေးအထိ ကျဆင်းခဲ့ပါတယ်။ ယခုနှစ် စိုက်ပျိုးတဲ့ နနွင်းတက်မျိုးမှာ ရှမ်းနနွင်းတက်မျိုးဖြစ်ပြီး အထွက်နှုန်းကောင်းပြီးအရည်အသွေးညံ့ဖျင်းတာကြောင့် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် အေးကြောင်း သိရပါတယ်။ သန်းသန်းမိုး
ဝယ်လက်ရှိလို့ ရှမ်းနနွင်းဈေးရလာ ဟိုပုံးဈေးကွက်မှာ ရှမ်းနနွင်းတက်ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကတော့ နနွင်းတက် အရောင်းအဝယ်လုံးဝမရှိတော့ဘဲ ဈေးကလည်း ငြိမ်နေပါတယ်။ ယခုရက်ပိုင်းအတွင်းမှာတော့ ရန်ကုန်ဝယ်လက်တွေ ပြန်ဝယ် နေတာကြောင့် ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေမှာ ဆင်တောင်နနွင်းပြီး ရင် ဟိုပုံးနနွင်းက အရည်အသွေးကောင်းတာကြောင့် အခြားနနွင်းတွေထက် ဈေးကောင်းရပါတယ်။ ဝယ်လက်တွေကလည်း ပစ္စည်းပေါ်မူတည်ပြီး ကြိုက်ရင်ကြိုက်သလို ဝယ်ယူနေကြပါတယ်။ ဝယ်လက်တွေကတော့ လက်ငင်းရှင်းရင် တစ်ပိဿာ ၁၇၅ဝ ကျပ်-၁၇၇ဝ ကျပ်ဈေးပေးပြီး ခေတ္တဆိုင်းငံ့ရင် ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းတက်အရောင်းအဝယ်က ငြိမ်နေဆဲပဲလို့ သိရပါတယ်။ ဈေးပတ်သမား တွေလောက်သာ ဝယ်ယူနေတာကြောင့် ပစ္စည်းလက်ကျန်တွေ ရှိနေပါသေးတယ်။ နနွင်းတက်ပေါက်ဈေး တွေကတော့ ဆင်တောင်နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပင်းတယနနွင်းက ၁ဝဝဝ ကျပ်ပတ်ချာလည်လောက်သာ ရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာ နနွင်းခြောက် (ဟိုပုံး) တစ်ပိဿာ ၁၅၅ဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
နနွင်းတင်ပို့မှု ၄ ဆခန့်ရှိ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၂ဝ၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၄၂၁ သန်ဖိုးနဲ့ နနွင်းခေါင်း ဒေါ်လာ ဝ ဒသမ ဝ၄ဝ သန်းတန်ဖိုးရှိ ၂၂ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက်နဲ့ နနွင်းခေါင်း တန် ၆ဝ နီးပါး တင်ပို့ခဲ့တာကြောင့် ၄ဆနီးပါး တင်ပို့ခဲ့တယ် လို့ သိရပါတယ်။ MIRT(DOBT)
အောင်ပန်းချင်း အဝင်လှိုင် အောင်ပန်းဈေးကွက်ကို ချင်း (ဥမ) တွေအဝင်လှိုင်နေပါတယ်။ အောင်ပန်း ဒေသရဲ့ တောင်ဖက်ခြမ်းဖြစ်တဲ့ တီကျစ်၊ နောင်တရား၊ ဟဲဟိုးဒေသနဲ့ အောင်ပန်း နယ်တစ်ဝိုက်ကနေ ဝင်တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်ကို ပိဿာချိန် ငါးသောင်းခန့် ဝင်နေတယ်လို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။ လက်ကျန်ချင်း တက်ဟောင်းတွေကတော့ ပိဿာချိန် သောင်းဂဏန်းခန့်သာ ကျန်ပါတော့တယ်။ မနှစ်ကတော့ ရာသီဥတုကြောင့် အထွက်နှုန်းနည်းခဲ့ပေမဲ့ ဒီနှစ်ကတော့ မိုးကလည်း ပုံမှန်ရွာနေတာကြောင့် အထွက်ကလည်း မနှစ်ကထက် များနိုင်တယ်လို့ ဒေသခံ တွေကခန့်မှန်းကြပါတယ်။ ချင်းခြောက်လည်း ပစ္စည်းလက်ကျန်နည်းနေပြီလို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာ ချင်း (စို) တစ်ပိဿာ ၃ဝဝ ကျပ်မှ ၄ဝဝ ကျပ်၊ ချင်းခြောက် တစ်ပိဿာ ၁၂ဝဝ ကျပ်- ၂ဝဝဝ ကျပ်အထိရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူနေကြပြီး ချင်းက ဝင်သလောက် အထွက်ပြန်ရှိတာကြောင့် ဇွန်လအတွင်း ပိဿာချိန် ၃ သိန်း စီးဆင်းသွားတယ်လို့ သိရပါတယ်။ ဧဧခိုင်
အဝင်များလို့ ပြည်ချင်းဈေးကျ ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(အတက်)နဲ့ ချင်း (ဥမ)များ ပြည်ဈေးကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၆၅ဝ ခန့်အဝင်ရှိပြီး ယခင် အပတ်ထက် အဝင်ပိုများလာကာ ဈေးနှုန်းမှာလည်း တစ်ပိဿာကို ချင်းတက် (ရှယ်)၁၂ဝဝကျပ်၊ (ဂျွန်) ၁၁ဝဝ ကျပ်၊ ချင်း (ဥမ) ၆ဝဝ-၇ဝဝ ကျပ်တို့နှင့် ရောင်းဝယ်လျက်ရှိ၍ ယခင်ပတ်ထက် တစ်ပိဿာကို ၂ဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်းဝယ်သူများ ချင်း (ဓါးလှီး) သမားများအပြင် ဧရာဝတီနဲ့ ရခိုင်ဘက်သို့ တင်ပို့မှု အပါအဝင် တစ်ရက်ကို ပိဿာချိန် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဝင်းလဲ့ဝါ
ပြောင်းတင်ပို့မှု ပုံမှန် ဇွန်လ ၂၂ ရက်မှ၂၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်နဲ့ ချင်းရွှေဟော် စခန်းများက ပြောင်းတန်ချိန် ၈၆၁၂ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၃၉၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကလည်း တန် ၈ဝဝဝ ကျော် တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါမယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံ ပြောင်းဈေး များပါမြင့်တက်လျက်ရှိတာကိုတွေ့ရပါတယ် ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နံှစားပြောင်း ၂၂၁၁၄၉ ၂၁၅၉၆၈ ၅၁၈၁ ၂ .၃ ၂၉၄ ၂၉၃ ၁ ဝ .၃ပြောင်းဖူးစေ့ ၂၂ဝ၅၅၄ ၂၁၉ဝ၂၁ ၁၅၁၁ ဝ .၇ ၂၉၄ ၂၉၃ ၁ ဝ .၃MIRT (DOBT)
ပင်လယ်ရေကြောင်း တန် ၄ဝဝ ကျော်သာ ပို့နိုင ဇွန် ၂၄ မှ ၃ဝ ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄ဝ၈ တန်၊ တန်ဖိုးဒေါ်လာ ဝ.၁၁၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၉၂၇ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၁၅ဝဝ လျော့နည်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကနေ တင်ပို့မှု နည်းပေမယ့် နယ်စပ်ကနေ တန် ၈ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ယခုအပတ်ပင်လယ် ရေကြောင်း ကနေ တင်ပို့တဲ့ နိုင်ငံကတော့ စင်ကာပူတစ်နိုင်ငံတည်းကိုဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ၂၉ဝ ဒေါ်လာ နဲ့ ၃၁ဝ ဒေါ်လာကြား ဈေးရလျက်ရှိပါတယ်။ KZW
ရော်ဘာဈေးတက်၍ တာယာဈေးတက် ရော်ဘာဈေးနှုန်းတွေ တက်တာကြောင့် တာယာရဲ့ဈေးနှုန်း ၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်ကြောင်း ကားတာယာရောင်း ဝယ်သူများက ပြောကြားတယ်လို့ သိရပါတယ်။ ကုန်သည်တစ်ယောက်ကတော့ ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေ နှစ်လအတွင်းမှာ ပင် ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တာယာစက်ရုံတွေက ၎င်းတို့ရဲ့ထုတ်ကုန်ဈေးနှုန်းကို မတ်လမှာ ၁ဝ ရာခိုင်နှုန်း ဈေးမြင့်ပြီး ဇွန်လမှာလည်း အလားတူ တိုးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုဖြစ်ရတာက ဖေဖော်ဝါရီမှာ ရော်ဘာဈေးနှုန်းတွေ အမြင့်ဆုံးကိုရောက်ခဲ့ရာကစကြောင်း သိရပါတယ်။ တာယာထုတ် လုပ်ရာမှာ ရော်ဘာ ၈ဝရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ပါဝင်တဲ့အတွက် တာယာဈေးက ရော်ဘာဈေးနဲ့ ဆက်စပ်နေပါတယ်။ အခြေအနေက ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် တာယာဈေးတွေ ၅ဝရာခိုင်နှုန်းကနေ ၆ဝရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်။ ရော်ဘာဈေးနှုန်းက တစ်တန်ကို ဒေါ်လာ ၁၆ဝဝမှ ဒေါ်လာ ၃၂ဝဝထိတက်သွားတဲ့အတွက် တာယာဈေးနှုန်းတွေလည်း လိုက်တက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ မကြာသေးမီက ရော်ဘာဈေးနှုန်းတက်တာဟာ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအား ကျတာကြောင့်ဖြစ်ကြောင်း သတင်းရရှိပါတယ်။Source: okaz/ saudi Gazette,KZW
ရော်ဘာအလားအလာ ကောင်းလာနိုင် တိုကျိူနဲ့ ရှန်ဟိုင်းရဲ့ ရော်ဘာအလားအလာက ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားနည်းရာကနေ ရောင်းအား တိုးလာခြင်းနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ နိုဝင်ဘာလရဲ့ တိုကျိူ ကုန်စည်ဒိုင်ရော်ဘာ စာချုပ် ဈေးနှုန်း ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒီဇင်ဘာလဈေးနှုန်းလည်း အလားအလာကောင်းကြောင်းသိရပါတယ်။ ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလစာချုပ်ဈေးနှုန်းက ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၃၂၁၅ဝ ယွမ်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးရော်ဘာ ထုတ်လုပ်သူနဲ့တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဧပြီလကုန်ကစပြီး ပြန်လည် အားကောင်းလာကြောင်း သိရပါတယ်။ ဟောင်ကောင်ရဲ့ မော်တော်ကားကဏ္ဍကလည်း ယခုနှစ်အစောပိုင်းမှာ အားနည်းနေရာကနေ အခြေအနေ တဖြည်းဖြည်းကောင်းလာပြီဖြစ်ကြောင်းသိရပါတယ်။ ငလျင်လှုပ်ခတ်မှု၊ စွမ်းအင် ပြတ်လတ်မှုနဲ့ ဖောက်သည် ပျက်ခြင်းတွေကြောင့် ဂျပန်နိုင်ငံကားထုတ်လုပ်မှုပိုမိုထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သတင်းရ ရှိပါတယ်။Source: business option ,KZW
၂ဝ၁၁ တွင် ရော်ဘာတန်ချိန် ၉ ဒသမ ၉၆၃ သန်းထွက်ရှိနိုင်ဟု အတည်ပြု ၂ဝ၁၁ မှာ သဘာဝရော်ဘာရောင်းလိုအား စုစုပေါင်း တန်ချိန် ၉ ဒသမ ၉၆၃ သန်းရှိနိုင်မယ်လို့ ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကအတည်ပြုပြောကြားခဲ့ပြီး ၂ဝ၁ဝ ထက် ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း သိရပါတယ်။ ပထမခန့်မှန်းချက်ဖြစ်တဲ့ တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရဲ့အထွက်နှုန်း လျော့တာ ကြောင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း (ANRPC) က ပြောကြား ခဲ့ပါတယ်။ (ANRPC) အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ နယူးဂီနိ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာနဲ့ ဗီယက်နမ်တို့ကနေ ကမ္ဘာ့အထွက်နှုန်းရဲ့ ၉၂ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရပါတယ်။ (ANRPC) အဖွဲ့က ကမ္ဘာ့ပို့ကုန်တင်ပို့မှုရဲ့ ၉၂ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့သုံးစွဲမှု ၄၈ ရာခိုင်နှုန်း ကို သုံးစွဲကြောင်းသိရပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ လက်ရှိဈေးနှုန်းကတော့ ဖေဖော်ဝါရီလက ဖြစ်ခဲ့တဲ့အမြင့်ဆုံး ဈေးနှုန်းအောက် ၂ဝ ရာခိုင်နှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။ Source: commodity online,KZW
