Main menu

Background

Tuesday, 12 Jul 2011

ပြည်ထောပတ်ပဲ လက်ကျန်များဖြင့် အရောင်းအဝယ်ဖြစ်နေ                    ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ထောပတ်ပဲဝင်ရောက်မှု မရှိတော့ဘဲ လက်ကျန်ပဲများသာ လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ လက်လီရောင်းဝယ်မှုအနေဖြင့် တစ်ရက် ၁ဝ အိတ်ကျော်ခန့် အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ ရက်မှသာ အရောင်းသွက်တယ်လို့ သိရပါတယ်။ ထောပတ်ပဲဈေးမှာ ယခင်နှစ်က ဇူလိုင်လဆန်းပိုင်းတွင် တစ်တင်း ၂၄ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ ကြသော်လည်း ယခုနှစ် ဇူလိုင်လဆန်းမှာတော့ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ဇွန်လကစပြီး ယခုအချိန်အထိ ဈေးငြိမ်ရောင်းဝယ်ခဲ့ကြတာကို တွေ့ရပါတယ်။ ခင်ဆွေဝင်း

Tuesday, 12 Jul 2011

လက်ကျန်နည်းလာလို့ ထောပတ်နဲ့ မြေထောက်ပြည်ပအရောင်းနည်း                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်ဇူလိုင်လပထမပတ် အတွင်း ပြည်ပအရောင်းအဝယ်စာချုပ်ပြီးစီးမှုဟာ ထော ပတ်ပဲ တန်ချိန် ၃ဝဝ ခန့် နဲ့ မြေထောက်ပဲ တန် ၃၅ဝ ခန့်ရှိလို့ ယခင်တစ်ပတ်ထက် လျော့နည်းတာတွေ့ရပါတယ်။ ပြည်ပဝယ်လက်ကြိုက်တဲ့ ပဲများဖြစ်ပေမဲ့ လက်ရှိ ပြည်တွင်းမှာ လက်ကျန်နည်းလာတာကြောင့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှု လျော့နည်းသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။                       ဇွန်လ ပထမပတ်အတွင်း ထောပတ်ပဲ တန် ၄ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၄၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုလ ကာလတူမှာ အရောင်းအဝယ်ဖြစ်မှု လျော့ကျခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလြဲခင်းမရှိဘဲ ဇူလိုင်လ ၈ ရက်တွင် ထောပတ်ပဲ FAQ တန်ချိန် ၇၅ဝ- ၇၈ဝ နဲ့ မြေထောက်ပဲ FAQ တန်ချိန် ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Tuesday, 12 Jul 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်ပမာဏအတိုင်း တင်ပို့နေ               ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှုကတော့ ပုံမှန် ပမာဏအတိုင်း တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခုသီတင်းပတ် (ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်)အတွင်း ထောပတ်ပဲတန်ချိန် ၈၆ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၄ဝဝ ခန့်တင်ပို့ခဲ့ပါတယ်။ ယခုနှစ် ဇွန်လ တစ်လလုံးအတွင်း တင်ပို့မှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၂၆ဝဝ ကျော်၊ မြေထောက်ပဲတန်ချိန် ၁၅ဝဝ ခန့် ရှိပြီး မေလ အတွင်းမှာ ထောပတ်ပဲ တန်ချိန် ၄ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲတန်ချိန် ၁၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။                  ၂ဝ၁ဝ ခုနှစ် ဇွန်လအတွင်းမှာ ထောပတ်ပဲ တန်ချိန် ၁၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၈ဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှု အနေနဲ့ ထောပတ်ပဲ တန် ၉ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲ တန် ၄ဝဝဝ ကျော်ရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု ထောပတ်ပဲတန်ချိန် ၇ဝဝဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၃ဝဝဝ ခန့်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။             MIRT- MAPT

Tuesday, 12 Jul 2011

ဝယ်လိုအားခိုင်မာတာကြောင့် ကုလားပဲဈေး အတက်ဘက်ဦးတည်နိုင်                 အိန္ဒိယဈေးကွက်များမှာ ဈေးအနိမ့်နဲ့ ဝယ်လိုအားကောင်းတာကြောင့် ကြိုပွိုင့် ဈေးရော လက်ငင်းဈေးပါ အတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ ပွဲတော်ရာသီနီးကပ်လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်များမှာ ကုလားပဲထုတ်ကုန် ဝယ်လို အားတက်လာဖွယ်ရှိလို့ ဈေးကျဆင်းဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ မိုးရွာသွန်းမှု တိုးတက်လာတာကြောင့် အခြားစိုက်ပျိုးရေး ထုတ်ကုန်များ လျော့ကျလာနေပေမဲ့ ကုလားပဲကတော့ ဝယ်လိုအားတက် လာနိုင်တာကြောင့် ဈေးကျဆင်းခြင်းမရှိဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျဆင်းခဲ့တဲ့ အခြားပဲဈေးများ ခိုင်မာလာနေခြင်းကလည်း ကုလားပဲဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။             ကာလတိုအတွင်းမှာ ဝယ်လိုအားမြင့်တက်နိုင်လို့ ဈေးနှုန်းဆက်လက် ခိုင်မာဖွယ်ရှိပေမဲ့ ပဲထုတ်လုပ်မှု မြင့်တက်မယ့် အလားအလာများအရတော့ ထူးထူး ခြားခြား ဈေးမတက်အောင် ထိန်းနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊Source: commodityonline 

Tuesday, 12 Jul 2011

ကုလားပဲကို FOB အဝယ်ရှိပေမဲ့ အရောင်းလျော့             ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်လို့ ပြည်ပအဝယ်ရှိပေမဲ့ ပြည်ပအရောင်း အဝယ်စာချုပ်ချုပ် ဆိုမှု လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ တန်ချိန် ၁၆ဝဝ ကျော်သာ အရောင်း အဝယ်စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း အရောင်းနည်းသွားနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ်ဈေးအတိုင်း တစ်တန် ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT- MAPT 

Tuesday, 12 Jul 2011

တစ်ပတ်အတွင်း ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ အတင်ရှိ                   ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်းမှာ တန် ၃ဝဝဝ ကျော်ထိ တင်ပို့မှု တက်လာခဲ့ပါတယ်။ ပြည်ပအဝယ်သွက်နေတဲ့ ပဲဖြစ်လို့ တင်ပို့မှု တက်လာခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ တစ်လလုံးတင်ပို့မှုမှာ တန်ချိန် ၇၃ဝဝ ကျော်ရှိပြီး မေလအတွင်း တန်ချိန် ၁၆ဝဝဝ ခန့်တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် ဇွန်လအတွင်း တင်ပို့မှု မရှိသလောက်နည်းတာတွေ့ရပါတယ်။                   လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂၈၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅ဝဝ ခန့်သာရှိလို့ ယခုနှစ်ဝက်အတွင်း ယခင်တစ်နှစ်လုံးတင်ပို့မှုထက်တန်ချိန် ၂ဝဝဝဝကျော် ပိုမို တင်ပို့ပြီးဖြစ်တာတွေ့ရပါတယ်။ ပြည်တွင်းမှာ လက်ကျန်နည်းလာပြီဖြစ်လို့လာမယ့် သီတင်းပတ်များမှာတော့ တင်ပို့မှုလျော့ကျ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                 MIRT- MAPT 

Tuesday, 12 Jul 2011

တောင်သူချစ်တဲ့ ပဲတီစိမ်း                     မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ကျေးရွာတိုင်းမှာ ပဲတီစိမ်းကို တောင်သူတိုင်းလိုလိုစိုက်လေ့ရှိပါတယ်။ ဒီနှစ် ၂ဝ၁၁ ခုနှစ်ထွက် ပဲတီစိမ်း မိုးစိုက်ဧက ခြောက်ထောင်ကျော်ကို ဧပြီ၊ မေလများတွင် စိုက်ပျိုးခဲ့ပါတယ်။ ယနေ့မှစ၍ ပဲတီစိမ်းတွေပေါ်နေပါပြီ။ မိုးလေဝသအခြေအနေကောင်းတာကြောင့် တစ်ဧက ၁ဝ တင်းမှ ၁၇ တင်းထွက်ရှိကြောင်း သိရပါတယ်။ ''ပဲတီစိမ်းဈေးကွက်ကတော့ ပေါ်ဦးပေါ်ဖျားမှာ တစ်တင်း ၂၉၅ဝဝ ကျပ် ဈေးထိရပြီး၊ ဒီနေ့ကြတော့ ၂၁၅ဝဝ ကျပ်ဈေးပဲရရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် ပဲတီစိမ်းစိုက်ရတာ ရာသီဥတု ဒဏ်ခံနိုင်တဲ့အတွက် တောင်သူများအတွက် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရတဲ့အတွက် တွက် ခြေကိုက်ပါတယ်''လို့ ရွာမုန်းကြီးကျေးရွာမှ တောင်သူ တစ်ဦးက ပြောကြားပါတယ်။ ကျော်ဦး 

Tuesday, 12 Jul 2011

နယ်စပ်မှ ပဲတီစိမ်းတန် ၄၉ဝဝ ကျော်အပို့ရှိ             မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ ၄ ဒသမ ၉၆၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၉၁၆ တန်ခန့်တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် တန်ချိန် ၁၃၅ဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဈေးများကျနေတဲ့အတွက် တင်ပို့မှု ပမာဏများလျော့နည်းလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                 မိမိဘက်(ကျပ်/တန်)            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)         ယခု           ယခင်       ပြောင်းလဲမှု    %     ယခု       ယခင်    ပြောင်းလဲမှု   %      ၇၄၂၆၈၇     ၈၂၈၉၆၅      ၈၆၂၇၈     ၁၂      ၁၁၁၂     ၁၁၆၁         ၄၉        ၄MIRT (DOBT)

Tuesday, 12 Jul 2011

ရန်ကုန် FOB မှာ ပဲတီစိမ်း တန် ၂ဝဝဝကျော်သာ အရောင်းအဝယ်ဖြစ်            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ ပြည်ပဝယ်လက်များ ပဲတီစိမ်းကို အဝယ်နှေးနေဆဲဖြစ် တာ တွေ့ရပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း FOB ဈေးကွက်မှာ ပဲတီစိမ်းတန်ချိန် ၂၂ဝဝ ခန့်သာ အရောင်းအဝယ် စာချုပ် ချုပ်နိုင်တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်မှုမှ တရုတ်ဘက်က အဆွဲရှိနေပေမဲ့ ပင်လယ်ရေကြောင်းဘက်က ဝယ်လို အားနည်းနေတယ်လို့ သိရပါတယ်။ ဇွန်လ ပထမပတ်အတွင်းမှာလည်း ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၂၃ဝဝ ခန့်သာ ရှိတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်များက အရည်အသွေးအရ ဈေးခွဲပြီး ဝယ်ယူမှုရှိတာကြောင့် ယခုတစ်ပတ်မှာ ရန်ကုန် FOB ဈေးအနည်းငယ်လျော့တယ်လို့ သိရပါတယ်။                            ဒေါ်လာ/တန်                        ပဲတီစိမ်း (အညာ)    ပဲတီရွှေဝါ(အသေး)           ပဲတီရွှေဝါအကြီး၈-၇-၁၁                ၉ဝဝ-၉၂ဝ              ၁၁၅ဝ-၁၁၇ဝ                ၁၂၅ဝ-၁၂၇ဝ၁-၇-၁၁              ၁ဝဝဝ-၁ဝ၂ဝ            ၁၁၈ဝ-၁၂ဝဝ                ၁၂၈ဝ-၁၃ဝဝMIRT (MAPT)

Tuesday, 12 Jul 2011

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၃ဝဝဝ ကျော်တင်              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အတွင်းမှာလည်း တန် ၃ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ အခြားမတ်ပဲ၊ ပဲစင်းငုံတို့ တင်ပို့မှု တက်လာပေမဲ့ ပဲတီစိမ်းကတော့ ပုံမှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ဇွန်လ တစ်လလုံး တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၁၁ဝဝဝ ကျော်ရှိပြီး၊ မေလမှာ တန်ချိန် ၂ဝဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်းမှာ တန်ချိန် ၁၁ဝဝဝ ခန့်ရှိလို့ ယခုနှစ် ဇွန်လတင်ပို့မှု ပမာဏခန့်သာ ရှိတာတွေ့ရပါတယ်။                လက်ရှိဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၉၆ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၆၄ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ တန် ၃ဝဝဝဝ ကျော် ပိုမိုတင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာလည်း ပုံမှန်အတိုင်း တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။                  MIRT- MAPT

Pages