Main menu

Background

Sunday, 3 Jul 2011

မရည်ရွယ်ပါဘူး ပဲစင်းငုံနီ                   အိန္ဒိယသမုဒ္ဒရာထဲက ငွေကြေးဈေးကွက် စက်လှေပေါ်မှာ တင်မိတဲ့ ပဲစင်းငုံ တွေဟာ ဇွန်လအတွင်းမှာတော့ လှိုင်းအိကလေးတွေစီးပြီး တက်နဲနဲကျနဲနဲနဲ့လဆန်း မှာ အမြင့်ဆုံးတစ်တင်းကို ၁၄၂ဝဝ ကျပ်မှ လလယ်မှာ အနိမ့်ဆုံး ၁၁၃ဝဝ ကျပ်ထိ ဆင်းခဲ့ပေမဲ့ ယခုလကုန်မှာတော့ အိန္ဒိယအဝယ် လေကလေးထန်လာလို့ ၁၂၉ဝဝ ကျပ်မှ ၁၃ဝဝဝ ကျပ်ထိ ဈေးပြန်မြင့်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်က ပဲသမား တစ်ဦးကတော့ မနှစ်ကအတွေ့အကြုံအရ လှောင်ဖို့ စိတ်မကူးဘဲ၊ ဝယ်ပြီးရောင်းမယ်ဆိုပြီးဝယ်မိရာက ဈေးတွေတစ်ရက် တစ်ဈေးကျပြီး မရောင်းဖြစ်တော့ မရည် ရွယ်ဘဲ လှောင်မိသလိုဖြစ်သွားကြောင်းသူ့အဖြစ်ကိုပြောပြရှာပါတယ်။                     မောင်မောင်အေး

Sunday, 3 Jul 2011

ဒီတစ်ပတ် ပဲစင်းငုံ တန် ၃ဝဝဝ ကျော်သာ စာချုပ်အရောင်းရှိ            ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပဲစင်းငုံ FOB  အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှု တန် ၇ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်းမှာတော့ တန် ၃ဝဝဝ ကျော်သာ အရောင်းစာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်တစ်လလုံး ပြည်ပအရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။              ပြည်တွင်းလုပ်ငန်းရှင်တွေ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချရောင်းချခွင့်ရလို့ အရောင်းအဝယ် သွက်လက်ပေမဲ့ အိန္ဒိယဝယ်လက်တွေက ပဲစင်းငုံဈေးကို လျှော့ဝယ်မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇူလိုင်လ ၁ ရက်မှာလည်း ပဲစင်းငုံ (FAQ) တစ်တန် ကန် ဒေါ်လာ ၆၂ဝ-၆၄ဝ၊  ပဲစင်းငုံ ဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 3 Jul 2011

မတ်ပဲတင်ပို့မှု နှစ်ဆတက်              ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆ဝ၉ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၇ဝ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝ သာ တင်ပို့ခဲ့တာကြောင့် ယခု အပတ်မှာ တန် ၄ဝ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးဒေသထွက် မတ်ပဲများ တင်ပို့နေခြင်းဖြစ် ကြောင်းသိရပါတယ်။ ယခင်အပတ်က မိမိဖက်ရော တစ်ဘက်နိုင်ငံဈေးများပါ မြင့်တက်လျက်ရှိတာ တွေ့ရပါတယ်-            မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု         ယခင်       ပြောင်းလဲမှု     %         ယခု     ယခင်    ပြောင်းလဲမှု        %မတ်ပဲ     ၅၆၆ဝ၆၇    ၅၅၂၁၈၄         ၁၃၈၈၃     ၂ .၅      ၈ဝ၅     ၈ဝ၃             ၂          ဝ .၂MIRT (DOBT)

Sunday, 3 Jul 2011

ယခုတစ်ပတ် မတ်ပဲ FOB တန် ၂ သောင်း အရောင်းအဝယ်ဖြစ်                 ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ဇူလိုင်လ ၁ ရက်နေ့မှာ မတ်ပဲ အရောင်းအဝယ်သွက်လာတယ်လို့ သိရပါတယ်။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကုန်သွယ်လုပ်ငန်းခွန်ကို ၃ ရာခိုင်နှုန်းလျှော့ချပေးလိုက်ခြင်းနဲ့ ပတ်သက်လို့ ပို့ကုန်လုပ်ငန်းရှင်များ အရောင်းအဝယ်သွက်လာတဲ့ သဘောရှိတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။                   အိန္ဒိယဝယ်လက်များမှလည်း မတ်ပဲကို ပုံမှန်အဝယ်ရှိနေရာ ယခုတစ်ပတ် ဇွန်လ ၂၅ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ မတ်ပဲ SQ ၊ FAQ နဲ့ အခွံချွတ် စုစုပေါင်းတန်ချိန် ၂ဝဝဝဝခန့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးကွက်အရောင်းအဝယ်သွက်ခဲ့သလို FOB ဈေးလည်း အနည်း ငယ်တက် လာခဲ့ပါတယ်။                                                                     ဒေါ်လာ/တန်                       မတ်ပဲ(FAQ)                       မတ်ပဲ(SQ)၁-၇-၂ဝ၁၁        ၇၅ဝ-၇၇ဝ                       ၈၅ဝ-၈၇ဝMIRT(MAPT)  

Sunday, 3 Jul 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၈ဝဝဝ နီးပါးရှိနေဆဲ                     ပြည်ပမတ်ပဲသင်္ဘောတင်မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝ ကျော်ရှိသလို ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာလည်း တန်ချိန် ၁၈ဝဝဝ နီးပါးရှိတာတွေ့ရပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုး အပြောင်းအလဲ ရှိပေမဲ့ မတ်ပဲကတော့ တင်ပို့မှု သိသိသာသာကျဆင်းခြင်းမရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းတို့ဖြစ်ပါတယ်။                     လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၁၇၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်အတွင်းက တန်ချိန် ၁၂ဝဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ တန်ချိန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ကုန်သည် ကြီးများက ဆိုပါတယ်။              MIRT - MAPT 

Tuesday, 28 Jun 2011

ရှမ်းနနွင်းလည်းဈေးအေးနေ           ချင်းနနွင်းတွေပြန်စိုက်နေတဲ့အချိန်၊ ဈေးလည်းကျနေတဲ့အချိန်ကြောင့် ဈေးကွက်မှာလည်း နနွင်းတွေအဝင် ကဲျနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းကိုချင်းထက်အစိုက်နည်းပြီး နှစ်စဉ်ဧက ၃ဝဝဝ ခန့်စိုက်ပိုျးပါတယ်။ နနွင်းမှာအခြားသီးနံှတွေလို မျိုးအတွက် မပူပင်ရတဲ့သီးနံှဖြစ်ပါတယ်။ အရင်နှစ်တွေက စိုက်ပျိုးထွက်ရှိတဲ့ နနွင်းပင်မှ ခေါင်းကိုမျိုးအဖြစ် ပြန်လည် အသုံးပြုကြပါတယ်။ စိုက်ပျိုးသက်ရှည်ခြင်း၊ ပြည်တွင်းစားသုံးမှုပိုလံျှပြီး ပြည်ပဈေးကွက် အဝယ်မရှိပါက ဈေးနှုန်းကျခြင်း ကြောင့်အရင်းရှုံးတတ်လို့ တောင်သူများကတိုးခဲျ့မစိုက်ရဲကြောင်းသိရှိရပါတယ်။ ဒီနှစ်နနွင်းကလည်း ပြည်ပဝယ်လိုအား မရှိတာကြောင့် လက်ကျန်များနေပါတယ်။ တရုတ်နိုင်ငံကတိုင်းရင်းဆေး ဖော်ဘို့အတွက် နနွင်ခေါင်းကိုသာဝယ်ယူနေကြလို့ နနွင်းတက်ထက်နနွင်းခေါင်းကို ပိုအဝယ်လိုက်နေပါတယ်။ နနွင်း ခေါင်းအဝယ်သမားရှိပေမဲ့ ပစ္စည်းကမရှိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းတက်ဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာ ဆင်တောင်နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပင်းတယ (ရိုးရိုး)နနွင်းက ၁ဝဝဝ ကျပ်၊ ၁၂ဝဝ ကျပ် နဲ့ နနွင်းခေါင်းတစ်ပိဿာ ၁၅ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၁၂ဝဝ ကျပ်၊ ၁၃ဝဝ ကျပ် နဲ့တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ် ဈေးရှိပါတယ်။ ဧဧခိုင်

Tuesday, 28 Jun 2011

နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ပို            မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၂သန်း တန်ဖိုးရှိ နနွင်းတက် ၂၆ တန် ကျော်နဲ့ နနွင်းခေါင်း ၃၂ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၃ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။MIRT(DOBT)

Tuesday, 28 Jun 2011

ယခုအပတ် မူဆယ်မှ မန်ကျည်းမှည့် အပို့ရှိ                ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၇၇ဝဝဝ တန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) တန် ၉ဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကစပြီး နယ်စပ်မှ မန်ကျည်းမှည့်အပို့နားနေရာကနေ ယခု အကြိမ်ဟာ ၂ဝ၁၁ အတွက် ပထမဆုံးအကြိမ် နယ်စပ်က အပို့ ရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ မန်ကျည်းမှည့်တင်ပို့မှုဟာ တန် ၂၂ဝ ကျော်ရှိခဲ့ပါတယ်။   MIRT (DOBT)

Tuesday, 28 Jun 2011

မန်ကျည်း စင်ကာပူကို အများဆုံးတင်ပို့              ယခုသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မန်ကျည်း ၄၆ ဒသမ ၃၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေက စင်ကာပူနိုင်ငံကို ၄ဝ တန်နဲ့ အိန္ဒိယနိုင်ငံကို ၆ ဒသမ ၃၅ တန်ဘဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်း ၄၇ တန်ကျော်တင် ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက အမှီလိုက်နိုင်တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၅၇ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ နှစ်သောင်းခုနှစ်ထောင်နီးပါးရရှိခဲ့ပါတယ်။           MIRT (DOT)

Tuesday, 28 Jun 2011

ချင်းပြန်စိုက်ချိန်နီးလို့ ရှမ်းချင်းဈေးကွက်ကို ချင်းဥမအဝင်များ                ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းသီးနံှကိုနှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပျိုးပါတယ်။ စိုက်ဧကရဲ့တတိယအများ ဆုံးစိုက်တဲ့မြို့နယ်ကနမ့်ဆန်မြို့နယ်ဖြစ်ပါတယ်။ နမ့်ဆန်ကလည်း ကလော၊ အောင်ပန်းဒေသတွေလိုပဲ ချင်း(ဥမ) ကိုပြန်ဖော်ကြပါတယ်။ အခုလည်းချင်းဥမတွေကိုပြန်ဖော်ပြီးတာကြောင့် ပြန်စိုက်နေကြပါပြီ။ တစ်ချိုု့တောင်သူတွေက မေလကုန်မှာစိုက်ပြီး၊ တစ်ချို့တောင်သူတွေကလည်း ဇွန်လမှသာ ပြန်စိုက်ကြပါတယ်။ ချင်းအထွက်များတဲ့ ဒေသတစ် ခုဖြစ်ပြီး ထွက်တဲ့ ချင်းတွေကိုတော့ တောင်ကြီး၊ အောင်ပန်းကိုအဓိကပို့ပါတယ်။ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့နယ်တွေကိုတော့အနည်းအကျင်းလောက်သာ စီးတယ်လို့ သိရပါတယ်။ မနှစ်က ဒေသထွက်ချင်း (စို) တန်ချိန်ပေါင်း ၃၃၁ ဒသမ ၉ တန်တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ နမ့်ဆန်ကုန်စည်ဒိုင်က သိရှိရပါတယ်။ ချင်းတက်(စို)က ကုန်သလောက် ဖြစ်သွားပြီး (ဥမ)တွေသာဈေးကွက်မှာရှိပါတော့တယ်။ ချင်း(ဥမ) ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုန်းဈေးကွက် ကတော့ချင်းစိုတွေမရှိတော့ဘဲ ချင်းခြောက် ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ အောင်ပန်း ဈေးကွက် မှာချင်း (ဥမ) တစ်ပိဿာ ၃ဝဝကျပ်၊ ၃၈ဝကျပ်၊ ချင်းခြောက်ကတစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။                                               ဧဧခိုင်

Pages