Background
အရောင်းအဝယ်အသွက်ဆုံး စစ်ကိုင်းမိုးကြိုပဲတီစိမ်း ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်များမှ မိုးကြို ပဲတီစိမ်းများ မုံရွာကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပါတယ်။ တရုတ်ဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင် မှာ အရောင်းအဝယ်အသွက်ဆုံးသီးနံှမှာ ပဲတီစိမ်းကြီးသီးနံှ ဖြစ်ပြီး တစ်ရက်ကို ပဲတီစိမ်းကြီးအိတ် ၁ဝဝဝ ကျော် အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခုလအတွင်း ပဲတီစိမ်းကြီး တစ်ပိဿာအနိမ့်အမြင့် ပေါက်ဈေး ၁၃၁၆ ကျပ်-၁၅၂၆ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးသို့ ဇွန်လ ၁၅ ရက်အတွင်း ပဲတီစိမ်းကြီး တင်း ၁၅ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်
ယခုအပတ် ပဲတီစိမ်း တန် ၆၇ဝဝ ကျော်နယ်စပ်မှပို ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း ၆၇၅ဝ တန် ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၆၂ဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ဈေးမှာ ကျပ် တစ်သိန်းကျော် လျော့ကျလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈၇၈၄၇၃ ၉၉၂၁၉၇ ၁၁၃၇၂၄ ၁၃ ၁၂၇၂ ၁၂၇၃ ၁ ဝ .ဝ၈MIRT (DOBT)
ပဲတီစိမ်း ကို အိန္ဒိယဝယ်လက် အဝယ်လျော့ ရန်ကုန်တိုင်းဒေသကြီး(ဘုရင့်နောင်) ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အိန္ဒိယဝယ်လက် အဝယ်လျော့လို့ အရောင်း အဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ FOB ဈေးကွက်မှာ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တန်ချိန် ၂၇ဝဝ ခန့်သာရှိလို့ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၄ဝဝဝ ကျော်ထက် လျော့ကျတာ တွေ့ရပါတယ်။ တရုတ်ဈေးကွက်မှာလည်း အစိုးရက ပဲတီစိမ်းတင်ပို့မှု ပိတ်ပင်ထားတဲ့အတွက် လက်ကျန်သိုလှောင်မှု များနေတာကြောင့် မြန်မာ ပဲတီစိမ်းများ တရုတ်က ခပ်လေးလေးသာ ဝယ်ယူမှုရှိပြီး အိန္ဒိယဝယ်လက်တွေကလည်း မြန်မာ ပဲတီစိမ်းပေါက်ဈေးကို သိပ်မလိုက်နိုင်တဲ့အတွက် အဝယ်ပါးသွားတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေး လျော့ကျလာတာကို ယခင်သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲတီစိမ်း (အညာ) ပဲတီရွှေဝါ(အသေး) ပဲတီရွှေဝါအကြီး၁၇-၆-၁၁ ၁ဝ၂ဝ-၁ဝ၄ဝ ၁၁၈ဝ-၁၂ဝဝ ၁၂၈ဝ-၁၃ဝဝ၁၃-၆-၁၁ ၁ဝ၅ဝ-၁ဝ၇ဝ ၁၂ဝဝ-၁၂၂ဝ ၁၃ဝဝ-၁၃၂ဝMIRT (DOBT)
ပဲတီစိမ်းသင်္ဘောတင်ပို့မှု တန် ၂၆ဝဝ ကျော်သာရှိ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်သီတင်းပတ်မှာ တန် ၃ဝဝဝ အောက်လျော့သလို ယခုသီတင်းပတ် (ဇွန်လ ၉-၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၂၆ဝဝ ကျော်သာရှိလို့ တင်ပို့မှုကျဆင်းနေတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းတို့ဖြစ်ပြီး အိန္ဒိယကို ယခုတစ်ပတ်တင်ပို့မှုမရှိတာတွေ့ရပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့မှုဟာ တန်ချိန် ၇ သောင်းကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅ဝဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ပဲတီစိမ်း တင်ပို့မှု အားပျော့ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT- MAPT
ယခုအပတ် မူဆယ်မှ ပဲလွန်းဖြူ အပို့ရှိ ဇွန်လ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၆၃ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ တန် ၁၉ဝ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ပဲလွန်း ဖြူတင်ပို့မှု မရှိခဲ့သော်လည်း ယခု အပတ်မှာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ် မြင့်တက်သော်လည်း တစ်ဘက်နိုင်ငံ ဈေး ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရ ပါတယ် ဒေါ်လာ/တန် မိမိဘက် (ကျပ်/ တန်) တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ပဲလွန်းဖြူ ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၄၉၁၉၇၆ ၄၉ဝ၆၃၉ ၁၃၃၇ ဝ .၃ ၈၉၅ ၈၉၅ - -
ပဲလွန်းဖြူနီ တင်ပို့မှု ယခင် သီတင်းပတ်ထက်အနည်းငယ်လျော့ ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနီတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၈ဝဝ ကျော်ရှိခဲ့ရာက ယခု သီတင်းပတ် (ဇွန်လ ၉-၁၄ ရက်) အတွင်းမှာတော့ ပဲလွန်းဖြူ ၄၆၅ တန်နဲ့ ပဲလွန်းနီ တန် ၂၅ ခန့်သာ ရှိတာတွေ့ရ ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ စင်ကာပူတို့ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ပြည်ပကို တင်ပို့ပြီး စီးမှုဟာ ပဲလွန်းဖြူ တန်ချိန် ၉၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၇၄ဝဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။ လာမယ့်သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပဲလွန်းဖြူကို ပြည်ပအဝယ်ပုံမှန်ရှိ ယခင်သီတင်းပတ်က ရန်ကုန် FOB ဈေးကွက်မှာ ပဲလွန်းဖြူ တန် ၄ဝဝ ကျော် ပြည်ပအရောင်းအဝယ် စာချုပ် ချုပ်ခဲ့သလို ယခုသီတင်းပတ် (ဇွန်လ ၁ဝ-၁၇ ရက်) အတွင်းမှာလည်း တန်ချိန် ၅ဝဝ နီးပါးနဲ့ ပုံမှန်အဝယ်ရှိနေ ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတဲ့ ပဲလွန်းဖြူ ရန်ကုန် FOB ဈေးဟာ ယခင်သီတင်းဈေးအတိုင်း ဇွန်လ ၁၇ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ် လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန်ကန် ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေတယ် လို့ သိရပါတယ်။ MIRT- MAPT
ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၅၆ဝဝ ကျော်တင်ပို့ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၆ဝဝဝ ကျော်တင်ပို့မှု ရှိခဲ့ပြီး ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၅၆ဝဝ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ ပဲစင်းငုံမှာ အိန္ဒိယကိုတင်ပို့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၁၂ ဇွန်လ ၁ဝ ရက်နေ့ အထိ ပဲစင်းငုံပြည်ပတင်ပို့မှု တန်ချိန် ၃၆ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူအတွင်း တန်ချိန် ၂၂ဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ တန် တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ဆက်လက် ကောင်းနေအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။MIRT- MAPT
နယ်စပ်မှ မတ်ပဲအပို့ရှိ ဇွန်လ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်းမူဆယ် (၁ဝ၅)မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၈၆ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၂ဝ တင်ပို့မှု ရှိခဲ့ပါတယ်။ ဇွန်လ ပထမပတ်မှာတော့ မတ်ပဲတန် ၅ဝတင်ပို့နိုင်ခဲ့တာမို့ယခု အပတ် မတ်ပဲတင်ပို့မှု တန် ၃ဝ လျော့နည်းခဲ့ပါတယ်။ ပြည်တွင်း ပဲဈေးကျလျက်ရှိတဲ့အပြင် တစ်ဖက်နိုင်ငံ ယွမ်ဈေးပေါ်မူတည်ပြီး တွက်ခြေကိုက်မှု နည်းတာကြောင့် တင်ပို့မှု လျော့နည်းလျက် ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၅၄၉၉၆ ၅၈၈၃၄၉ ၃၃၃၅၃ ၆ ၈၃၃ ၈၃၃ - -MIRT (DOBT)
မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ သောင်းနား ကပ်နေ ပင်လယ်ရေကြောင်းက မတ်ပဲသင်္ဘောတင်ပို့မှုဟာ ယခင်သီတင်းပတ်များက အပတ်စဉ်တန်ချိန် ၂ သောင်းကျော်ရှိနေသလို ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၂ သောင်းနီးပါးတင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယကို အများဆုံးဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ ယူအေအီး၊ ဗီယက်နမ်တို့ကိုလည်း တင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇွန်လ ၁ဝ ရက်နေ့အထိ မတ်ပဲတန်ချိန် ၁၄၄ဝဝဝ ကျော်တင်ပို့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် ၉၁ဝဝဝ ကျော်နဲ့ ယှဉ်ရင် ယခုနှစ်မှာ တန်ချိန် ၅ဝဝဝဝ ကျော် ပိုမိုတင်ပို့တာတွေ့ရပါတယ်။ အိန္ဒိယပုံမှန်အဝယ်ရှိလို့ လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု ဆက်လက် အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
