Main menu

Background

Wednesday, 4 May 2011

နယ်စပ်အပို့လည်း ပုံမှန်              ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များမှ ပြောင်းဖူးစေ့ ၇၇၆၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ဝ၁၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နှစ်သစ်ကူးကာလအတွင်းမှာတော့ တန် ၈ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ဆိုရပါတယ်။ ယခုအပတ်မှာတော့ နံှစားပြောင်း တင်ပို့နိုင်မှုမရှိပါဘူး။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပြောင်းဈေးတွေ ပြောင်း လဲခြင်းမရှိတာလဲ တွေ့ရှိရပါတယ်                                          မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု            ယခင်    ပြောင်းလဲမှု    %        ယခု     ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့     ၂၅၃၂ဝ၈      ၂၅၃၂ဝ၈         -            -        ၂၈၂       ၂၈၂           -              -MIRT (DOBT)

Wednesday, 4 May 2011

ပင်လယ်ရေကြောင်း အပို့ပုံမှန်ရှိ               ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်းပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၂၁၉ဝ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၅၅၇ သန်းကို တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာတော့ တန် ၅ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုမှန်မှန်လေးသွားနေတယ်လို့ ဆိုရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဖိလစ်ပိုင်ကို တန် ၇၅ဝ၊ ဗီယက်နမ်ကို တန် ၂၃ဝ နဲ့စင်ကာပူကို ၁၂၁ဝ တန် အသီးသီးဖြစ်ပါတယ်။ FOB  ရန်ကုန်ဈေးကတော့တစ်တန်ကို ဒေါ်လာ ၂၇ဝ နဲ့ ၂၉ဝ ကြားဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW

Wednesday, 4 May 2011

နယ်စပ်အပို့နည်း                  ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၁၂ တန်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်နှစ်ကူး ရက်သတ္တပတ်များမှာ တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုအနည်းငယ် လျော့ကျခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ အမျိုးအစားတွေကတော့ မူဆယ်မှRSS-3 ၂၇၆ တန်၊RSS-5  ၆၉ တန်၊MSR (20) ၂ဝ၆ တန် နဲ့ MSR (50) တန် ၆ဝ နဲ့ ချင်းရွှေဟော်မှRSS-3  တန် ၁ဝဝ တင်ပို့ခဲ့ တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -်                                     မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု            ယခင်          ပြောင်းလဲမှု        %            ယခု      ယခင်      ပြောင်းလဲမှု        %RSS - 3      ၄၁၃၅၄၂ဝ      ၄၁ဝ၂၆၈ဝ      ၃၂၇၄ဝ         ဝ .၇၉         ၅ဝ၆၄     ၄၅၉၃        ၄၇၁            ၉ .၃RSS - 5       ၄၁ဝဝ၂၁ဝ      ၃၉၆၄၈၅ဝ     ၁၃၅၃၆ဝ        ၃ .၃           ၄၉၈၈    ၄၄၄ဝ         ၅၄၈           ၁ဝ .၉MIRT (DOBT)

Wednesday, 4 May 2011

ပင်လယ်ရေကြောင်းကတန် ၁ဝဝဝ ကျော်အထိ တင်ပို့မှုတက်                 ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၂၉ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ၅ ဒသမ ၉၅၂ သန်းကို တင်ပို့ခဲ့ပါတယ်။ သြင်္ကန်နှစ်ကူးကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာတော့ တန် ၄ဝဝ ကျော်သာတင်ပို့ခဲ့တာကြေင့် တင်ပို့မှု တိုးတက်မှုရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-5  တန် ၂ဝဝ၊ MSR-20 တန် ၅ဝဝ၊ စင်ကာပူကို MSR-20 ၂ဝ၁ တန်၊ မလေးရှားကို MSR-50 တန် ၈ဝ၊RSS-5 ၈၅ တန်နဲ့RSS-3  ၂၂၃ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတောRSS-3 တစ်တန်ကို ၄၈ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၄၇ဝဝ ဒေါ်လာနဲ့ MSR-20တစ်တန်ကို ၄၈ဝဝ ဒေါ်လာတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။                              KZW

Wednesday, 4 May 2011

အောင်ပန်းဈေးကွက်သို့ ရှမ်းနနွင်းအဝင်နည်း               ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းကလည်း အဝင်နည်းနေပါသေးတယ်။ ဈေးကွက်ကိုတော့ ပင်လောင်းစတွေသာ အနည်းအကျဉ်းဝင်နေပေမဲ့ လူကြိုက်နည်းတာကြောင့် ရောင်းပန်းကလည်း သိပ်မလှပါဘူး၊တီကျစ် နဲ့ ပင်းတယကဝင်တဲ့ နနွင်းတွေကသာ ဈေးကွက်မှာအရောင်းအဝယ်ဖြစ်နေပါတယ်။ အဲဒီ နနွင်းကတော့ ၆ ရက်တစ်ဈေးကို တစ်ပိဿာချိန် ၁၅၀၀၀ ခန့်ဝင်တယ်လို့လည်း သိရပါတယ်။ပင်းတယနယ်က နနွင်းခွဲခြမ်းစတွေလည်း ဈေးကွက်ကိုဝင်လာပါတယ်။ခွဲခြမ်းစဆိုတာက အခြောက်မြန်အောင် နနွင်းကိုထက်ခြမ်းခွဲထားတဲ့နနွင်းဖြစ်ပါတယ်။ ဒီတစ်ပတ်နနွင်းတက်ဈေးက ပင်းတယ၊တီကျစ်ကဝင်တဲ့ နနွင်းကတစ်ပိဿာ ၂၂၀၀ ကျပ်၊၂၃၀၀ ကျပ်ဈေးရှိပြီး ပင်လောင်းနနွင်းက တစ်ပိဿာ ၁၂၀၀ ကျပ်၊၁၃၀၀ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုန်းစ နနွင်းသစ်ခြောက် တစ်ပိဿာ ၂၃၀၀ ကျပ်၊၂၄၀၀ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။         ဧဧခိုင်

Wednesday, 4 May 2011

လက်ကျန်နည်းပြီး အဝယ်တက်လာလို့ အိန္ဒိယနနွင်းကြိုပွိုင့်ဈေးမြင့်တက်                အိန္ဒိယနိုင်ငံ နနွင်းဈေးကွက်တွေဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့ လက်ငင်းဈေးကွက်များအတွင်း ပြည်တွင်းဝယ်လက်များ အဝယ်လျော့လို့ ၁ဒသမ ၆၄ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကတော့ ဝင်ရောက်မှုနည်းလို့ ဈေးအနည်းငယ်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းဝင်ရောက်မှုအနေနဲ့ အီရော့နဲ့ နီဇမ်မာဘတ်ကို ဧပြီလ ၂၆ ရက်က အိတ် ၁၆၀၀၀ နဲ့၈၀၀၀ စီ အသီးသီးဝင်ရောက်တာကြောင့် ယခုလအစပိုင်းက ဝင်ရောက်ခဲ့တဲ့ အိတ် ၁၅၀၀၀ နဲ့ ၁၀၀၀၀ ထက် အနည်းငယ် လျော့ကျခဲ့တယ်လို့ သိရပါတယ်။        နနွင်းထုတ်လုပ်မှုအနေနဲ့ ယခင်နှစ်က ၇၀ ကီလိုပါအိတ် ၄၈သိန်း ထွက်ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၉ သိန်းခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်များအတွင်းလက်ကျန် နည်းလာပြီဖြစ်ပြီး ပြည်တွင်း၊ပြည်ပဝယ်လိုအားတက်လာနိုင်တဲ့အတွက် ကြိုပွိုင့်ဈေးကွက်မှာ ဈေးအမြင့်ဘက် ဦးတည်လာနေခြင်းက ကာလတိုအတွင်း လက်ငင်းဈေးကိုလည်း ပိုမိုလာစေနိုင်ကြောင်း ဈေးကွက်က ခန့်မှန်းထားါတယ်။     ယခင်းခင်၊Source: P T I

Wednesday, 4 May 2011

နနွင်း ၁၆ တန် ကျော်သာ အပို့ရှိခဲ့           ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ယခုသီတင်းပတ်နနွင်း တင်ပို့မှုမှာ တန်ချိန် ၁၆ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်က သုံးနိုင်ငံလောက်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ နိုင်ငံတစ်နိုင်ငံသာ တင်ပို့နိုင်ခဲ့ပါတယ်။ အက်ဖ်အိုဘီဈေးတစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၁၉၀၀ ကျော်နဲ့ တင်ပို့နိုင်ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အပို့လျော့ခဲ့ပါတယ်။ MIRT(DOT)

Wednesday, 4 May 2011

သြင်္ကန်အလွန်ဈေးမာလာတဲ့ ရှမ်းချင်းဈေးကွက်        သြင်္ကန်ပြီးကာလ အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေဈေးတက်လာပါတယ်။ ချင်းကလည်းအဝင်နည်းသလောက်ဖြစ်နေပါပြီ။ အခုလောလောဆယ်ဈေးကွက်ကို ပင်းတယ၊ပင်မှီ၊လဲချား၊ငုံးသုံးနဲ့ နန်းတိုင်းစတဲ့ နယ်တွေကသာ ဝင်တော့တယ်လို့ သိရပါတယ်။ အဝင်နည်းနေတာကြောင့် ဝယ်လက်နဲ့ရောင်းလက်မှာ ဝယ်လက်ကပိုများ နေပါတယ်။ ပဲခူး၊တောင်ငူ၊ရန်ကုန် စတဲ့ဝယ်လက်တွေက ပြည်တွင်သုံးအတွက် ဝယ်နေကြတာဖြစ်ပြီး ဝယ်လက်တစ်ဦးကို နေ့စဉ် ပိဿာချိန် ၁၈၀၀ ခန့်ဝယ်ယူနေတယ်လို့ သိရပါတယ်။အရင်နှစ်တွေက ဒီလိုအချိန်မှာ လှောင်လက် တွေလက်မှာ ပိဿာချိန် သိန်းဂဏန်းခန့်ကျန်နေပေမဲ့ ဒီနှစ်မှာတော့ သောင်းဂဏန်းခန့်သာကျန်တော့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။          ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးထိပ်စတစ်ပိဿာ ၁၄၀၀ ကျပ်၊ လတ်စ ၁၀၀၀ ကျပ်၊ ၁၂၀၀ ကျပ် နဲ့ အောက်စက ၆၀၀ ကျပ်၊၆၅၀ ကျပ်ရှိပါတယ်။ရန်ကုန်ဝယ်လက်တွေကတော့ ထိပ်စချင်းတွေကို ပြည်တွင်းသုံးအတွက် ဝယ်ယူနေတယ်လို့ သိရပါတယ်။ ချင်းခြောက်ဈေးကလည်း ပစ္စည်းသိပ်မကောင်းရင်တော့ ၂၂၀၀ ကျပ် ရှိပါတယ်။ မိုးရွာနေပြီဖြစ်တာကြောင့် အခြောက်ခံဖို့ အခက်အခဲ ရှိတာကြောင့် အစိုအတိုင်းရောင်းချတာများလို့ အခြောက်ကလည်းအဝင်နည်းပါတယ်။တောင်ကြီးဈေးကွက် မှာချင်းခြောက်တစ်ပိဿာ ၂၃၅၀ ကျပ်ရှိပါတယ်။        ဧဧခိုင်

Wednesday, 4 May 2011

အမြင့်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ပြည်ချင်းဈေးကွက်         ယခုတစ်ပတ် ပြည်ချင်းဈေးမှာ တစ်ပိဿာကို (ရှယ်) လက်ကား ၂၂၀၀ ကျပ်နဲ့ (ဂျွန်) လက်ကား ၁၈၀၀ ကျပ်၊လက်လီ ၂၀၀၀ ကျပ်တို့ဖြစ်ပြီး ယခင်တစ်ပတ်ထက် ဈေးမြင့်လာပါတယ်။ဈေးကွက်သို့အောင်ပန်း ဘက်မှ ချင်းများပိဿာ ၃၀ ဝင် ချင်းအဟောင်းအိတ် ၁၅၀ ခန့်နဲ့ ချင်းအသစ် အိတ် ၃၀ ခန့် အဝင်ရှိပြီး ဈေးကွက်အတွင်း ချင်းအဟောင်းရှား၍ အသစ်ပေါ်ခါစ ဖြစ်လို့ ပစ္စည်းရှားချိန် ဈေးတက်ခြင်းဖြစ်ကြောင်း သိရပါတယ်။အရောင်းအဝယ်မှာတော့ ဈေးမြင့်ပေမဲ့ တစ်နေ့ကို ပိဿာချိန် ၄၀၀ ခန့်နဲ့ ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဧရာဝတီနဲ့ရခိုင်ဘက်ကိုလည်း စားသုံးမှု အဖြစ်တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့် တင်ပို့မှု ရှိကြောင်းသိ ရပါတယ်။     ဝင်းလဲ့ဝါ

Sunday, 1 May 2011

ပဲယင်းလဲမပြတ် တင်ပို့            ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ ဝ ဒသမ ၂၁၅ သန်းတန်ဖိုးရှိ ပဲယင်း ၂၉၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဧပြီလဆန်းကစပြီး ပဲယင်းတင်ပို့မှု ပုံမှန်ရှိနေတာ တွေ့ရပါ တယ်။ မိမိဘက် မြေပြင် ပေါက်ဈေး ၅ဝ၂၇၁၉ ကျပ်နဲ့ တစ်ဖက် နိုင်ငံဈေး ၆၁၈ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT) 

Pages