Background
ပဲလွန်းဖြူ၊ နီ သင်္ဘောတင် တန် ၂ဝဝဝ နီးပါးရှိ အပတ်စဉ် သင်္ဘောတင်ပို့မှု ရှိနေတဲ့ ပဲလွန်းဖြူ၊ နီဟာ ယခု သီတင်းပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ နီးပါး အထိ တင်ပို့မှု တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှားတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် မေလ ၆ ရက် အထိ ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ကျော်ရှိပြီး ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၅ဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ပိုတင်လာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ MIRT - MAPT
ပြည်ပအရောင်းအဝယ် တိုးတက်လာ ယခုတစ်ပတ် မေလ ၆ရက်မှ ၁၁ ရက်ထိရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံ တန်ချိန် ၉ဝဝဝ ကျော်ကို ပြည်ပဝယ်လက်များနဲ့ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်အနည်းငယ် တိုးလာလို့ ယခင်သီတင်းပတ်က တန်ချိန် ၆၅ဝဝ ကျော်ရောင်းချခဲ့ရာမှ ယခုတစ်ပတ်မှာ ပိုရောင်းလာနိုင်ခဲ့ပါတယ်။ မေလဆန်း ၂ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် ၁၂ဝဝဝ ခန့် ရောင်းချနိုင်ခဲ့ပြီး ဧပြီလ တစ်လလုံး ပဲစင်းငုံတန်ချိန် ၁၇ဝဝဝ ခန့် အရောင်းစာချုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ ယခုတစ်ပတ် ဈေးကွက်အတွင်းမှာ အိန္ဒိယအဝယ် အနည်းငယ်လိုက်လာလို့ အရောင်းအဝယ် အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ FOB ဈေးက တော့ အနည်းငယ် လျော့ကျလာခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ(FAQ) ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၁၃-၅-၁၁ ၆၇ဝ-၆၉ဝ ၅၃ဝ-၅၅ဝ၉-၅-၁၁ ၆၈ဝ-၇ဝဝ ၅၃ဝ-၅၅ဝMIRT(MAPT)
်ပြည်ပတင်ပို့မှု အားနည်းနေသေးတဲ့ ပဲစင်းငုံ သြင်္ကန်ပြီးနောက်ပိုင်း သီတင်းပတ်တိုင်းမှာ ပဲစင်းငုံက တန် ၃ဝဝဝ အောက် သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် မေလ ၅ ရက်မှ ၁၁ ရက်အတွင်း မှာလည်း တန်ချိန် ၂၅ဝဝ နဲ့ တင်ပို့မှု နည်းနေသေးတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယနဲ့ စင်ကာပူဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းကို နယူးဇီလန်ကိုလည်း တင်ပို့မှုရှိကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၆ ရက်အထိ ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၉ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅ဝဝဝ ကျော် သာ တင်ပို့နိုင်ပါတယ်။ ယခုနှစ်အပတ်စဉ်တင်ပို့မှုပမာဏမများပေမဲ့ လက်ရှိဘဏ္ဍာနှစ်မှာ တန် ၄ဝဝဝ ကျော် ပိုတင်လာနိုင်တာတွေ့ရပါတယ်။ MIRT - MAPT
ဒီတစ်ပတ်နယ်စပ် မတ်ပဲအပို့ မရှိ မေလ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း နယ်စပ်မှ မတ်ပဲ တင်ပို့ နိုင်ခြင်း မရှိပါဘူး။ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်းမှာတော့ မတ်ပဲ ၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ဧပြီလတစ်လလုံးမှာလည်း ၁၈ တန်ပဲ မူဆယ် နယ်စပ်မှ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယမန်နှစ် ဧပြီလမှာ မူဆယ်နယ်စပ်မှ တန်ချိန် ၂၃၄ဝ ကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်မှာတော့ နယ်စပ်မှမတ်ပဲ တင်ပို့မှု သိသိသာသာ လျော့နည်းခဲ့ပါတယ်။ မတ်ပဲမြေပြင်ပေါက်ဈေးဟာ ယခင်အပတ်နဲ့ နှိုင်း ယှဉ်လျှင် မိမိဘက်ဈေး အနည်းငယ်ကျဆင်းနေသော်လည်း တစ်ဘက်နိုင်ငံ ဈေး သိသိသာသာပြောင်းလဲမှု မရှိဘူးလို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက် ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၇၃၉၅ဝဝ ၇၃၅၂၄ဝ ၄၂၆ဝ ဝ .၆ ၁ဝဝ၁ ၉၉၉ ၂ ဝ .၂MIRT (DOBT)
FOB အရောင်းအဝယ်မှာ မတ်ပဲပမာဏများ ရန်ကုန် FOB ရောင်းဝယ်မှုမှာ ပဲအားလုံးအနက် မတ်ပဲ ပမာဏအများဆုံးဖြစ် တာ တွေ့ရပါတယ်။ မေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာ မတ်ပဲ SQ နဲ့ FAQ စုစုပေါင်း တန်ချိန် ၄၂ဝဝဝ ခန့် ပြည်ပကုမ္ပဏီများနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ ၆ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်းမှာတော့ SQ နဲ့ FAQ တန်ချိန် ၂၅ဝဝဝ ခန့် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလ တစ်လလုံးမှာ မတ်ပဲ တန်ချိန် ၅ဝဝဝဝ ကျော်ပြည်ပကုမ္ပဏီများကို အရောင်းရှိခဲ့ကြောင်း သိရပါ တယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြည်ပဝယ်လိုအားကောင်းလျက်ရှိပြီး အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တချို့ကုန်သည်များနဲ့ စက်များမှ မိုးမိပဲများနဲ့ ရောနှောရောင်းချမှုတွေရှိလာလို့ ဈေးတက်သင့်သလောက် တက်လာခြင်းမရှိဘူးလို့ ဝါရင့်ကုန်သည်တစ်ဦးကဆိုပါတယ်။ မိုးမိပဲနဲ့ အရည်အသွေး ကောင်းပဲနှစ်မျိုး ရောရောင်းခြင်းဖြင့် ရေရှည်မှာတစ်ဖက်ဝယ်လက်နဲ့ ပြဿနာ ဖြစ်နိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။ အပြောင်းအလဲရှိတဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၁၃-၅-၁၁ ၈ဝဝ-၈၂ဝ ၉၅ဝ-၉၇ဝ ၆-၅-၁၁ ၈၃ဝ-၈၇ဝ ၉၈ဝ-၁ဝဝဝ MIRT(MAPT)
မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်ထက်တိုးပြီး တန် ၁၅ဝဝဝ ပို့ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ သြင်္ကန်ပြီးနောက်ပိုင်း တစ်ပတ်ထက် တစ်ပတ် အရှိန်ပိုရလာကာ ယခုတစ်ပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၁၅ဝဝဝ ထိတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံများ ကတော့ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားတို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်ပို့မှုအနေနဲ့ မေလ ၆ ရက်နေ့ထိ တန်ချိန် ၄၁ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ကာလတူက ယခုနှစ်ထက် အနည်းငယ်ပိုပြီး တန်ချိန် ၄၃ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT - MAPT
၂ဝ၁ဝ-၁၁ အတွင်းကမ္ဘာ့ပြောင်းရောင်းချမှု ဝ ဒသမ ၈ ရာခိုင်နှုန်းခန့် ကျဆင်း နိုင်ငံတကာ ကောက်ပဲသီးနံှကောင်စီရဲ့ အစီရင်ခံစာအရ ၂ဝ၁ဝ-၁၁ အတွင်း ကမ္ဘာ့ပြောင်းထွက်ရှိမှုက ၂ဝဝ၂-ဝ၃ ခုနှစ်နောက်ပိုင်း ပထမနှစ်အနေနဲ့ တိုးတက်ထွက်ရှိတဲ့တိုင် စုစုပေါင်း ရောင်းချမှုကတော့ ဝ ဒသမ ၈ ရာခိုင်နှုန်းကျဆင်း ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ တိရစ္ဆာန်အစာနဲ့ စက်မှုလုပ်ငန်းများအတွက် ဝယ်လို အား ခိုင်မာနေဆဲဖြစ်တာကြောင့် ဈေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ပြောင်းလက်ကျန်က ၆ဝရာခိုင်နှုန်းခန့် ကျဆင်းခဲ့တဲ့အတွက် ကမ္ဘာ့လက်ကျန်ဟာလည်း နည်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုအနေ နဲ့ အီးယူ၊ တရုတ်နဲ့ မြောက်အာဖရိကကို ပိုမိုတင်ပို့ရတဲ့ အတွက် သုံးနှစ်အတွင်း အမြင့်ဆုံးနဲ့ တန်ချိန် ၉၆ သန်းထိရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁၁-၁၂ အတွင်း ကမ္ဘာ့ပြောင်းထုတ်လုပ်မှုဟာ တန်ချိန် တစ်သန်းမြင့်တက်ပြီး စုစုပေါင်းတန်ချိန် ၈ဝ၉ သန်းရှိမယ်လို့ ဆိုပါတယ်။ အဓိကပြောင်းတင်ပို့နိုင်ငံတွေ ထဲမှာ အထူးသဖြင့် အီးယူ၊ ရုရှားနဲ့ အမေရိကန်တို့မှာ ထုတ်လုပ်မှု ပြန်တက်လာနိုင် တာကြောင့် ဖြစ်ပါတယ်။ လမင်း ၊Source: I G C
နယ်စပ်အပို့လည်း ပုံမှန် ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များမှ ပြောင်းဖူးစေ့ ၇၇၆၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ဝ၁၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နှစ်သစ်ကူးကာလအတွင်းမှာတော့ တန် ၈ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ဆိုရပါတယ်။ ယခုအပတ်မှာတော့ နံှစားပြောင်း တင်ပို့နိုင်မှုမရှိပါဘူး။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပြောင်းဈေးတွေ ပြောင်း လဲခြင်းမရှိတာလဲ တွေ့ရှိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၃၂ဝ၈ ၂၅၃၂ဝ၈ - - ၂၈၂ ၂၈၂ - -MIRT (DOBT)
ပင်လယ်ရေကြောင်း အပို့ပုံမှန်ရှိ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်းပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၂၁၉ဝ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၅၅၇ သန်းကို တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာတော့ တန် ၅ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုမှန်မှန်လေးသွားနေတယ်လို့ ဆိုရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဖိလစ်ပိုင်ကို တန် ၇၅ဝ၊ ဗီယက်နမ်ကို တန် ၂၃ဝ နဲ့စင်ကာပူကို ၁၂၁ဝ တန် အသီးသီးဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးကတော့တစ်တန်ကို ဒေါ်လာ ၂၇ဝ နဲ့ ၂၉ဝ ကြားဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။ KZW
နယ်စပ်အပို့နည်း ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၁၂ တန်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်နှစ်ကူး ရက်သတ္တပတ်များမှာ တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုအနည်းငယ် လျော့ကျခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ အမျိုးအစားတွေကတော့ မူဆယ်မှRSS-3 ၂၇၆ တန်၊RSS-5 ၆၉ တန်၊MSR (20) ၂ဝ၆ တန် နဲ့ MSR (50) တန် ၆ဝ နဲ့ ချင်းရွှေဟော်မှRSS-3 တန် ၁ဝဝ တင်ပို့ခဲ့ တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၄၁၃၅၄၂ဝ ၄၁ဝ၂၆၈ဝ ၃၂၇၄ဝ ဝ .၇၉ ၅ဝ၆၄ ၄၅၉၃ ၄၇၁ ၉ .၃RSS - 5 ၄၁ဝဝ၂၁ဝ ၃၉၆၄၈၅ဝ ၁၃၅၃၆ဝ ၃ .၃ ၄၉၈၈ ၄၄၄ဝ ၅၄၈ ၁ဝ .၉MIRT (DOBT)
