Main menu

Background

Sunday, 3 Apr 2011

ယခင်အပတ်ကထက် နနွင်းတက်အနည်းငယ်ပိုမိုတင်ပို့             မူဆယ် ၁ဝ၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ ၄၈၇၅ဝဝ တန်ဖိုးရှိ နနွင်းတက် ၂၆၁ တန်ကျော် မတ်လ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာနယ်စပ်မှ နနွင်းတက် တန် ၆၆ဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် မှာတော့နယ်စပ်မှ နနွင်းတက် တန် ၁၇၃ဝ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။                 MIRT(DOBT)

Sunday, 3 Apr 2011

 နနွင်း ၄၄ တန်နီးပါးတင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၄၃ ဒသမ ၉၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ၁၆ တန်၊ မလေးရှားနိုင်ငံကို ၁၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၃ ဒသမ ၉၂ တန်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် ၃ ဆလောက်လျော့နည်းခဲ့တာ တွေ့ရပါ တယ်။ တစ်တန်ကို အက်ဖ် အိုဘီဈေးကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ၈၃၆၅၁ ရရှိခဲ့ပါတယ်။                                      MIRT (DOT)

Sunday, 3 Apr 2011

ဈေးကောင်းရနေတဲ့ မန်ကျည်းသီးမှည့်ဈေးကွက်                 ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့ဈေးကွက်သို့ သဲကုန်း၊ ဆင်မြီး ဆွဲနဲ့ ပန်းတောင်းမြို့နယ်၊ ဆင်တဲ အနီးတစ်ဝိုက်မှ မန်ကျည်းသီးများ အများဆုံး လာရောက် ရောင်းချကြပါတယ်။ ယခင်နှစ်က မန်ကျည်းသီး တစ်ပိဿာကို ၆ဝဝ ကျပ်-၇ဝဝ ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် ပေါ်စကတည်းက ဈေးကောင်း ရနေပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်နေကြတာကို တွေ့ရပါတယ်။ ယခုလက်ရှိမန်ကျည်းသီးဈေးမှာ တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဈေးကွက်မှ ရခိုင်နဲ့ ရန်ကုန် ဈေးကွက် ကို မန်ကျည်းသီးများတင်ပို့ရောင်းချလျက်ရှိကြောင် သိရပါတယ်။                    သင်းးသင်းးအောင်

Sunday, 3 Apr 2011

ရာသီဥတုကြောင့် ဈေးကွက်ကို ရှမ်းချင်းအဝင်နည်း                ဒီတစ်ပတ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးတွေ တက်လာပါတယ်။ မိုးတွေဆက်တိုက်ရွာနေတာကြောင့် ဈေးကွက်ကိုလည်းအဝင်နည်းနေတယ်လို့ သိရပါတယ်။ နမ့်စန်ဈေးကွက်မှာ ချင်းစို တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးနဲ့ ဝယ်လက်တွေ ဝယ်ယူနေကြတယ် လို့ သိရပါတယ်။ အဝင်ကလည်းနည်းနေသေးတာကြောင့် ဝယ်လက်တွေကဝယ်ပြီး စုနေကြဆဲ ဖြစ်လို့ ဈေးကွက်ကိုလည်း သိပ်မဝင်လာသေးဘူးလို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၆ဝဝ ကျပ်ဈေးနဲ့ ဈေးတက် လာပါတယ်။ ချင်းအထွက်နည်းပြီး အဝင်လည်းသိပ်မရှိတော့လို့ ဈေးတက် လာတယ်လို့ သိရပါတယ်။ အရင်နှစ်က ဒီလိုအချိန်မှာ ချင်းစိုလက်ကျန် ပိဿာချိန် သိန်းချီပြီးရှိပေမဲ့ ဒီနှစ်မှာတော့ လက်ကျန်ပိဿာချိန်က သောင်းဂဏန်းလောက်သာ ရှိပါတော့တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်ဈေး ကတော့ ချင်းခြောက်သစ် တစ်ပိဿာ ၂၂ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်ဟောင်း ကတော့ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ အဟောင်းအခြောက်လက်ကျန်တွေက ဟိုပုံးမှာနည်းပြီး အောင်ပန်းမှာသာ လက်ကျန် ကျန်တယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုဈေးက ကောင်းရင်ကောင်းသလို တစ်ပိဿာကို ၁ဝဝဝ ကျပ်ဈေးအထိရှိခဲ့ပါတယ်။ အောက်စလို့ခေါ်တဲ့ ချင်းညံ့ကတော့ တစ်ပိဿာ ၄၅ဝ ကျပ်မှ ၆ဝဝ ကျပ်ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၄၅ဝ ကျပ်ဈေးရှိပါ တယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်

Sunday, 3 Apr 2011

ပြည် ချင်းဈေးမြင့်ပေမဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်                  ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာကို ချင်း (ဂျွန်) ၁ဝဝဝ ကျပ် (ရှယ်) ၁၂ဝဝ ကျပ်တို့ဖြစ်ပြီး ယခုတစ်ပတ်တွင် (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိ၍ တစ်ပိဿာကို ၆ဝဝ ကျပ်ခန့် မြင့်တက်သွားပါတယ်။ အဝင်အားဖြင့် ယခုတစ်ပတ်အတွင်း အောင်ပန်းဘက်မှ ပိဿာ ၃ဝ ဝင် အိတ် ၁၅ဝ ခန့်အဝင်ရှိပြီး တောင်ပေါ်ဈေးလည်းတက်တဲ့အတွက် သယ်ယူစရိတ်၊ အလျော့တွက်များကြောင့် မှာယူတင်သွင်းမှုအပေါ်မူတည်ပြီး ဈေးမြင့်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် သြင်္ကန်အခါနီးပေမဲ့ ဈေးမြင့်နေတဲ့အတွက် တစ်နေ့ကို ပိဿာချိန် ၃၅ဝ ခန့်နဲ့ ပုံမှန်ပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ဘက်သို့လည်း စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝ ခန့် တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 3 Apr 2011

ချင်းပြန်လည်တင်ပို့                ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ချင်းတန်ချိန် ၃၅ ဒသမ ၉၉ တန် တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့တာ ဖြစ်ပြီး မတ်လအတွင်း သုံးပတ်ဆက်တိုက်အပို့ ပျောက်နေတဲ့ ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ် လာ ၁၄၃ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၁၄၉၁ ရရှိခဲ့ပါတယ်။              MIRT (DOT)

Sunday, 3 Apr 2011

ပါကစ္စတန်ဂံျုဈေးနှုန်းသည် အနိမ့်ဆုံးဖြစ်              ပါကစ္စတန်ဂံျုက ကမ္ဘာ့ဂံျုဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၂၉ နဲ့ နှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၂၈ဝ သာရှိရာ အနိမ့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း ပါကစ္စတန်စားသောက်ကုန်နဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ဂံျုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအဖွဲ့ဝင်Shakeel Ahmad Khan မှ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုကြုံတွေ့ခဲ့ရသော်လည်း ဂံျု၊ ဆန်၊ ပြောင်းနဲ့ ပဲမျိုးစုံမှာ ပြည်တွင်း စားသုံးမှုဖူလုံပြီး သိုလှောင်ထားမှုမှာ အလုံ အလောက်ရှိကြောင်း သိရှိရပါတယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ရေနံစိမ်း ဈေးမြင့်မှုကြောင့် စားသောက်ကုန်ဈေးနှုန်းတွေက အမြင့်ကိုတက်လျက်ရှိပါတယ်။ လောင်စာဆီဈေးကြီး မြင့်မှုကြောင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တိုးတက်လာခြင်းကြောင့် စားသောက်ကုန်စည်ဈေးတွေ မြင့်လာခြင်းမှာ သဘာဝသာဖြစ်ကြောင်း Khan  မှ သုံးသပ်ထားပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်နဲ့ ပဲမျိုးစုံအပါအဝင်စားသောက်ကုန် ဈေးနှုန်းတွေက အိန္ဒိယ၊ အာဖဂန် နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ နှိုင်းယှဉ်ရာမှာ ဈေးနိမ့်နေပါတယ်။ ပါကစ္စတန်က ရေလွှမ်းမိုးမှုကြုံတွေ့ခဲ့ရသော်လည်း ဂံျုမှာ အထွက်နှုန်းကောင်းမွန်ပြီး ကြံထုတ်လုပ်မှုမှာလည်း မြင့်တက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွန်လှိုင်၊Source:dailytimes.com.pk

Sunday, 3 Apr 2011

အရောင်းသွက်တဲ့ ရှမ်းပြောင်း                  ရှမ်းပြောင်းကလည်းအရောင်းသွက်နေပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ အခြားသီးနံှတွေသာ အထွက်လျော့ပေမဲ့ ပြောင်းကတော့ အထွက်မလျော့ခဲ့ပါဘူး။ တောင်သူတွေလက်ထဲမှာ လက်ကျန်မရှိသလောက် ဖြစ်နေပြီး လှောင်လက်တွေမှာသာ လက်ကျန်အတော်များများ ကျန်နေသေးတယ်လို့ သိရပါတယ်။ မတ်လ ပထမပတ်ကနေ တတိယအပတ်ထိ ပြောင်းဈေးက ၂၁ဝ ကျပ်-၂၂၅ ကျပ်သာရှိပြီး ပုံမှန်လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သယ်ယူခဈေးတွေ ပြန်ကျလာတဲ့ နောက်ပိုင်းမှာ အရောင်းအဝယ်ပြန်သွက်လာပြီး ပြည်ပတင်ပို့ဖို့အတွက်နဲ့ မွေးမြူရေး တိရစ္ဆာန်အစာစပ်ဖို့အတွက် ဝယ်ယူနေတာကြောင့် အရင်တစ်ပတ်ကထက် ဈေးပိုတက်လာပါတယ်။ ဒီတစ်ပတ်တောင်ကြီးဈေးကွက်မှာ ပြောင်းတစ်ပိဿာ ၂၃၅ ကျပ်-၂၄ဝ ကျပ်ဈေးရှိပြီး၊ အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာ ၂၁ဝ ကျပ်ဈေးရှိပါတယ်။ ရန်ကုန်ဝယ်လက်တွေနဲ့ တိရစ္ဆာန် အစာစပ်သမားတွေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ပြောင်းပိဿာချိန် ၅ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဧဧခိုင်

Sunday, 3 Apr 2011

ယခုအပတ်နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁၂၇ဝဝ ကျော်တင်ပို့                 မတ်လ ၂၇ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၂၂၈ သန်းတန်ဖိုးရှိပြောင်းဖူးစေ့ ၁၂၇၆၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၇ သန်းတန်ဖိုးရှိ နံှစားပြောင်း ၇ဝ၄ တန်ကျော်ကို တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ် ကထက် ၃၅၉၅တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးက ထွက်ရှိသော ပြောင်းဖူးစေ့များတင်ပို့နိုင်မှုနည်းပါပြီး ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲပတ်ဝန်းကျင်ဒေသမှ ထွက်ရှိတဲ့ ပြောင်းဖူးစေ့များကို အများဆုံးတင်ပို့ နေတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှပြောင်းဖူးစေ့ တင်ပို့နိုင်သည့် တန်ချိန်မှာ ၃၈၉၆ဝဝ ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နယ်စပ် ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                      မိမိဘက်(ကျပ်/တန်)                                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု         ယခင်     ပြောင်းလဲမှု    %          ယခု            ယခင်    ပြောင်းလဲမှု         %ပြောင်းဖူးစေ့     ၂၆ဝ၇၄၃    ၂၅၄၅၂ဝ    ၆၂၂၃         ၂            ၂၈၃           ၂၈၃               -              -MIRT (DOBT)

Sunday, 3 Apr 2011

ပြောင်းတန် ၃ဝဝဝ ကျော်တင်ပို့နိုင်           မတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် (၃၆၄၅) တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၉၁၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ဂျပန်ဆူနာမီဂယက်ကြောင့်ပြောင်းတင်ပို့နိုင်ခြင်းမရှိရာကနေ ယခုလို ပြန်လည် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အင်ဒိုနီးရှားကို ၃၈၄ တန်၊ မလေးရှားကို ၂၃ဝ တန်၊ ဖိလစ်ပိုင်ကို တန် ၁၇ဝဝ ၊ စင်ကာပူကို ၆၁၈ တန်နဲ့ ဗီယက်နမ်ကို ၇၁၃ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB  ရန်ကုန်ဈေး တွေကတော့ တစ်တန်ကို ဒေါ်လာ ၂၇ဝ နဲ့ ၂၉ဝကြား ဈေးရနေကြောင်း သတင်း ရရှိပါတယ်။ KZW

Pages