Main menu

Background

Sunday, 3 Apr 2011

ယခုအပတ်နယ်စပ်မှ ပဲလွန်းဖြူတန် ၁၈ဝ ကျော်တင်ပို့                   မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁၆၉ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၁၈၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင် အပတ်ကထက် ၅၉ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဝယ်ဈေးပြောင်းလဲမှုမရှိသော်လည်း မိမိ ဘက် မြေပြင်ပေါက်ဈေးမှာကျပ် ၅၇ဝဝ ကျော်ဈေးမြင့်လျက်ရှိပါတယ်။ မတ်လ အတွင်း ပဲလွန်းဖြူ ၄၃၄ တန်တင်ပိုမှု ရှိပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှ ပဲလွန်းဖြူတန် ၄၃ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပဲလွန်းဖြူပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။ မိမိ ဘက် ဈေးမြင့်တက်သော်လည်း တစ် ဘက်နိုင်ငံ ဝယ်ဈေးပြောင်းလဲမှုမရှိဘူး လို့ သိရပါတယ် မိမိဘက်(ကျပ်/တန်)    ယခု           ယခင်     ပြောင်းလဲမှု    %၈၁၄၈၆၇     ၈ဝ၉ဝ၈၄     ၅၇၈၃       ဝ .၇တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု            ယခင်        ပြောင်းလဲမှု      %၁ဝ၁ဝ          ၁ဝ၁ဝ            -                -MIRT(DOBT)

Sunday, 3 Apr 2011

ပြည်ပဲလွန်းဖြူ ဈေးအေးနေ               ပြည်ပဲလွန်းဖြူဈေးကွက်မှာ ယခင် တစ်ပတ်ကဈေးအတိုင်း ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့ ဈေးအေးနေပြီး၊ ပြည်ဈေးကွက်သို့ ပဲလွန်းဖြူအဝင်တစ်နေ့ကို အိတ် ၄ဝ၊ ၅ဝ ခန့် အဝင်ရှိ သော်လည်း အရောင်းအဝယ် နေ့တိုင်း  မရှိဘူးလို့သိရပါတယ်။ ရန်ကုန်ဝယ် လက်ရှိတဲ့ ရက်တွေမှသာ ထုတ်ရောင်း တာကြောင့် ဈေးအေးနေတယ်လို့သိရ ပါတယ်။ မိမိအေး 

Sunday, 3 Apr 2011

မတ်လအတွင်း နယ်စပ်မှ ပဲတီစိမ်း တန် ၂၅ဝဝ ခန့်တင်ပို့နိုင်               မတ်လအတွင်းမှာ မူဆယ်နယ်စပ်မှပဲတီစိမ်း တင်ပို့နိုင်မှုမှာ ၂၄၉၉ ဒသမ ဝ၈၂ တန်ဖြစ်ပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ ပဲတီစိမ်း ၉၃၁၇၅ တန်နဲ့ပဲတီစိမ်းလုံးခြမ်း ၄၁၄၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ တင်ပို့သော ပဲတီစိမ်းများမှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ထွက်ကုန်များဖြစ်တယ်လို့သိရပါတယ်။မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလမှာ ကန်ဒေါ်လာ ဝ ဒသမ ၄၉၃၆သန်း တန်ဖိုးရှိ မတ်ပဲ ၅ဝ၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၆၇ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှ ၁၃၄ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ကုန်သယ်ယူ စရိတ်များပုံမှန်ဖြစ်လာပြီး ရာသီဥတုပေါ်မူတည်ပြီး တစ်ဘက်နိုင်ငံ၏ ဝယ်လိုအား မြင့်လာတာ တွေ့ရပါတယ်။ နှစ်နိုင်ငံနယ်စပ်ဈေးများကို ကြည့်တဲ့အခါ ယခုအပတ်မှာ မိမိဘက်မှာရောတစ်ဘက်နိုင်ငံမှာပါ ပဲတီစိမ်း ဈေးများ ကျလျက်ရှိတာ တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                            မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု            ယခင်      ပြောင်းလဲမှု    %       ယခု       ယခင်    ပြောင်းလဲမှု     %ပဲတီစိမ်း     ၁ဝ၄၁၈၇၃     ၁ဝ၉၆၃၁      ၅၄၄၄၅       ၅      ၁၃၄၁     ၁၃၅၅        ၁၄            ၁MIRT (DOBT)

Sunday, 3 Apr 2011

ဖြည်းဖြည်းမှန်မှန်ဆွဲတဲ့ မန်းပဲတီစိမ်းဈေးကွက်               မန်းဈေးကွက်သို့ ရန်ကုန်ခရမ်းရွှေဝါ၊ ပဲခူးရွှေဝါများ အနည်းငယ်ဝင်ရောက်နေပါတယ်။ ပဲတီရွှေဝါကို တရုတ်ဝယ်လက် အဝယ်ရှိပေမဲ့ ဈေးအေးနေပါတယ်။ ဈေးကွက်ထဲမှာ ခရမ်းရွှေဝါသာမက အညာပဲတီစိမ်း များလည်း ဝင်ရောက်ရောင်းဝယ်နေပြီး၊ ယခုတစ်ပတ် ခရမ်းပဲတီရွှေဝါ ၃ တင်းတစ်အိတ်ကို ၁ဝ၂ဝဝဝ ကျပ်၊ ပဲခူးရွှေဝါတစ်အိတ် ၁ဝဝဝဝဝ ကျပ်၊ အညာပဲတီစိမ်းတစ်အိတ် ၈ဝဝဝဝ ကျပ်၊ မိုးပဲတီစိမ်းအညံ့စ တစ်အိတ် ၇ဝဝဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းရွှေဝါများကို တရုတ်ဝယ်လက်မှ ပုံမှန်ဝယ်ယူမှုရှိနေပြီး၊ အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုတော့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှ ဝယ်ယူနေတာတွေ့ရပါတယ်။ မန်းဈေးကွက် အနေအထားမှာ ပဲတီစိမ်းဈေးကွက်ဟာ ဖြည်းဖြည်းမှန်မှန်ဘဲ ပုံမှန်အရောင်းအဝယ်ရှိနေကြောင်းသိရပါတယ်။                     ကျော်ကျော်မိုး 

Sunday, 3 Apr 2011

ပဲလွန်းဖြူ၊ နီ ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့                  အခြားပဲများထဲမှာ ပင်လယ် ရေကြောင်းက တင်ပို့မှု အားကောင်းနေတဲ့ ပဲများဖြစ်တဲ့ ပဲလွန်းဖြူနဲ့ ပဲလွန်းနီ က တော့ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာလည်း တန်ချိန် ၁၇ဝဝ နဲ့ ၃ဝဝ ခန့် စုစုပေါင်း တန် ၂ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ကို တင်ပို့တာဖြစ်ပါတယ်။ ပြည်ပအဝယ်ရှိပေမဲ့ ပြည်တွင်းဈေးကွက်တွေကို ပဲအသစ် လှိုင်လှိုင်ဝင်လာနေလို့ ပြည်တွင်းဈေး အနည်းငယ်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဧပြီလ ၁ ရက်မှာ ပဲလွန်းဖြူ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊ SQ  တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 3 Apr 2011

မနှစ်ကထက် အထွက်လျော့ပေမဲ့ အဝင်လှိုင်လာပြီဖြစ်တဲ့ ရှမ်းပဲစင်းငုံ                 ရှမ်းပဲစင်းငုံရဲ့ အထွက်နှုန်းက မနှစ်ကထက်လျော့ပေမဲ့ ဈေးကွက်ထဲကိုတော့ ဆီဆိုင်၊ ဆိုက်ခေါင်၊ နမ့်စန်၊ ဟိုပုံး စတဲ့ မြို့နယ်တွေကနေ ဈေးကွက်ကို အများဆုံးဝင်နေတယ်လို့ သိရပါတယ်။ လင်းခေးမြို့နယ်ဖက်ကတော့ သိပ်မဝင်လာ ပါဘူး။ နမ့်စန်ကထွက်တဲ့ ပဲစင်းငုံတွေကိုလည်း တောင်ကြီးဝယ်လက်တွေကသာ အများဆုံးဝယ်ယူနေပြီး တစ်ပိဿာ ၈၂ဝ ကျပ်ပေါက်ဈေးရှိပါတယ်။ ဟိုပုံးမြို့နယ်ရဲ့ အနီးပတ်ဝန်းကျင်ဒေသတွေကနေ ဟိုပုံးဈေးကွက်ထဲကို ၅ ရက်တစ်ဈေးမှာ ပိဿာချိန် နှစ်သောင်းခွဲခန့်ဝင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေက ဝယ်ယူနေပြီး ဟိုပုံးဈေးကွက်မှာ ပဲစင်းငုံပေါက်ဈေးက (ငုံနီသေး) တစ်ပိဿာ ၈၅ဝ ကျပ်-၈၆ဝ ကျပ်၊ (ဖြူကြီး) ၆၅ဝ ကျပ်-၆၆ဝ ကျပ်၊ (နီကြီး) က တစ်ပိဿာ ၇ဝဝ ကျပ်-၇၂ဝ ကျပ်ဈေးရှိပါတယ်။ ဖြူကြီးကိုတော့ ပြည်တွင်းပဲခွဲစက်တွေက ဝယ်ယူနေတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်ထဲမှာ ပဲစင်းငုံနီ (သေး) တစ်ပိဿာ ၈ဝဝ ကျပ်-၈၉ဝ ကျပ် (ဖြူကြီး) ၆၉ဝ ကျပ်-၆၇ဝ ကျပ်၊ နီကြီး ၇ဝဝ ကျပ်၊ ၇၂ဝ ကျပ် ဈေးရှိပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပြည်ပသို့ တိုက်ရိုက် မပို့ပေမဲ့ ရန်ကုန်ဝယ်လက်တွေကတစ်ဆင့်ပို့ဖို့ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ပဲစင်းငုံ ပိဿာချိန် ၁ဝ၈ဝဝဝ စီးဆင်းသွားတယ်လို့ ဒေသခံ ကုန်သည် တွေထံက သိရပါတယ်။                                           ဧဧခိုင်

Sunday, 3 Apr 2011

မုံရွာငုံနီ ဝယ်လက်ကိုမျှော်ပြီ              မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲစင်းငုံနီဈေးကွက်မှာ အိတ်စ်ပို့ အဝယ်မျှော်ရင်း ကျဈေးကို ဦးတည်နေတယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင် ဈေးကွက်မှာတော့ ဝယ်လက်နောက်ဆုတ်ကာ ရောင်းလက် ထုတ်လိုအားများ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့သလို မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာပဲကုန်သည်နဲ့ ပွဲစားတွေရဲ့ အဆိုအရ အိတ်စ်ပို့ အဝယ်မရှိသေးလို့ ဈေးအတက်အကျ ခန့်မှန်းရခက်နေပြီး လှောင်လက်ကုန်သည် အချို့ကတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူမှုအသင့်အတင့်ရှိတယ်လို့ ဆိုပါတယ်။                    ဒီတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲစင်းငုံနီစီးထွက်မှု ပမာဏ လျော့နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 3 Apr 2011

 အရောင်းအဝယ်အေးတဲ့ မန်းပဲစင်းငုံဈေးကွက်                       မန်းဈေးကွက်သို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကူ၊ မတ္တရာ၊ စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ ရွှေဘို၊ ဝက်လက်၊ နောင်ချိုစတဲ့ဒေသများက ပဲစင်းငုံများ ဝင်ရောက်မှုရှိနေပါတယ်။ ဝင်ရောက်လာတဲ့ ပဲစင်းငုံကို ရန်ကုန် ဝယ်လက်သမားများမှသာ အဓိကထားဝယ်ယူနေပြီး၊ ယခုတစ်ပတ် ရန်ကုန်ဝယ်လက် အဝယ် အေးတာကြောင့် အရောင်းအေးဈေးအေးလာပါတယ်။ ပဲစင်းငုံနီတစ်ပိဿာ ၉၁၇ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၇၅ဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးအေးပြီး ရောင်းဝယ်နေကြပါတယ်။                    ယခုမန်းဈေးကွက်မှာ ရန်ကုန်ဝယ်လိုအားက တော်တော်အေးသွားပါတယ်။ သြင်္ကန်ကာလ နီးတာကြောင့်လည်း အရောင်းအဝယ်အေးတာဖြစ်နိုင်တယ် လို့ ဈေးကွက်ကဆိုပါတယ်။ ကျော်ကျော်မိုး

Sunday, 3 Apr 2011

ပဲစင်းငုံတင်ပို့မှု ဆက်လက်နည်းနေဆဲ                       ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှုက ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်း တန်ချိန် ၃ဝဝဝ ကျော်နဲ့ ဆက်လက် တင်ပို့မှုနည်း နေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ပဲအသစ်ဝင်ရောက်မှုတိုးပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးအကျဘက်ဆင်းနေတဲ့အတွက် မြန်မာနိုင်ငံက ဝယ်လိုအား နည်းနေပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ပြည်ပဝယ်လက်အဝယ်နည်းတဲ့အပြင် မတ်ပဲဈေးကျဆင်းခြင်းကြောင့်လည်း ယခုတစ်ပတ်ပဲစင်းငုံဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုှုင်းယှဉ်ဖေါ်ပြလိုက်ပါတယ်။                  ဒေါ်လာ/တန်                    ပဲစင်းငုံနီ (FAQ)            ပဲစင်းငုံဖြူ၊ ဖြူနီ၁-၄-၁၁             ၈၅ဝ-၈၇ဝ                ၆၅ဝ-၆၇ဝ၂၅-၃-၁၁            ၉ဝဝ-၉၂ဝ                ၇၆ဝ-၇၈ဝMIRT(MAPT)

Sunday, 3 Apr 2011

အဝင်များသော်လည်း ဟင်္သာတမတ်ပဲဈေးပြန်ကျ                 ဟင်္သာတဈေးကွက်အတွင်း မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၃၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ ၂၃ဝဝဝ ကျပ်ကို လျှော့ကျအရောင်းအဝယ်ရှိပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် ပဲရောင်းဝယ်မှုနည်းသွားသော်လည်း ယခုတစ်ပတ်တွင် မတ်ပဲဈေးကျနေပြီး ရောင်းအား ကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်များနဲ့ ရန်ကုန်ဝယ်လက်များရဲ့ ဝယ်ယူအား ကြောင့် မတ်ပဲစီးဆင်းမှုမှာ နေ့စဉ်ရန်ကုန်ဈေးကွက်သို့ ပျမ်းမျှအိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်

Pages