Main menu

Background

Wednesday, 30 Mar 2011

ဒီသီတင်းပတ် မြေထောက်ပဲ အတင်မရှိ               မြေထောက်ပဲကို လွယ်ဂျယ်နယ်စပ်မှ တစ်ဖက်တရုတ်နိုင်ငံကို လိုင်းရင်းမှတစ်ဆင့် တင်ပို့နေတာ ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာတော့ လွယ်ဂျယ်မှ မြေထောက်ပဲ တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။ မတ်လ လဝက်ကာလမှာ တန် ၁၂ဝ ကျော်တင်ပို့ထားပြီး ၂ဝ၁ဝ ဧပြီလမှ ဖေဖော် ဝါရီလကုန်ထိ နယ်စပ်မှ မြေထောက် ပဲ တင်ပို့နိုင်မှုမှာ ဧပြီ၊ မေနဲ့ ဇွန်လများမှာသာ တန် ၃၄ဝ ကျော် တင်ပို့ထားခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

Wednesday, 30 Mar 2011

ဒီတစ်ပတ်မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှု ကျဆင်း                ယခုသီတင်းပတ် ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲ နှစ်မျိုးလုံး တင်ပို့မှု လျော့ကျခဲ့ပါတယ်။ ယခုသီတင်းပတ် မတ်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း မြေထောက်ပဲ တန် ၁၅ဝ နဲ့ ထောပတ်ပဲ ၂၅ တန်ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲလှိုင်လှိုင်ဝင်လာနေပြီဖြစ်ပေမဲ့ ဂျပန်နိုင်ငံ ဆူနာမီ ဂယက် ကြောင့် ဂျပန်အဝယ်လိုက်တဲ့ ထောပတ်ပဲတင်ပို့မှု လျော့ကျလာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ မတ်လ ၂၅ ရက်မှာ မြေထောက်ပဲ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ထောပတ်ပဲ  FAQ ၉၁ဝ-၉၃ဝ နဲ့ ယခင်သီတင်းပတ်ဈေးများ အတိုင်း ငြိမ်နေပါတယ်။MIRT - MAPT

Wednesday, 30 Mar 2011

အဝင်များသော်လည်း ကုလားပဲဈေးငြိမ်လျက်ရှိ                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါတယ်။ ပန်းတောင်းနဲ့ ကံမမြို့နယ်များမှ ကုလားပဲသစ်များ အဝင်များပြီး တစ်နေ့လျှင် အိတ် ၅ဝဝ မှ ၆ဝဝ အထိ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာသော်လည်း ပဲခွဲစက်သမားများသာ ပုံမှန် အဝယ်ရှိတဲ့အတွက် တစ်ရက်လျှင် အိတ် ၂၅ဝ မှ ၃ဝဝ အထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ လှောင်လက်သမားများ အဝယ်ရှိတဲ့ရက်များမှာ အိတ် ၁ဝဝဝ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                                           လွင်လွင်ဆန်း

Wednesday, 30 Mar 2011

ဈေးအေးပေမဲ့အရောင်းအဝယ်ဖြစ်နေတဲ့ စစ်ကိုင်းက ကုလားပဲဖြူလုံးကြီး V 2                  မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မတ်လ တတိယပတ်အတွင်း ကုလားပဲဖြူ လုံးကြီး V 2 တစ်ပိဿာ ၉၅၈ ကျပ်မှ ၉၃၇ ကျပ်သို့ ဈေးအေးသွားသော်လည်း အရောင်းအဝယ်ဖြစ်မှုအရေအတွက်ကို မထိခိုက်ကြောင်း ကုန်သည်တစ်ဦးမှ ပြောပြပါတယ်။ မန္တလေးနဲ့ ရန်ကုန်ဝယ်လက်ဆွဲလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ကုလားပဲဖြူလုံးကြီးတင်း ၁၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်မြဲလို့ သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်မှ ကုလားပဲဖြူလုံးကြီးနဲ့ တရုတ်(တိုင်ပေ) ကုလားပဲများ အဝင်လှိုင်နေဆဲဖြစ်ပြီး ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးမြို့သို့ ကုလားပဲဖြူလုံးကြီး တင်း ၁၄ဝဝဝ ကျော်၊ ရန်ကုန်မြို့သို့ တင်း ၁ဝဝဝ ခန့်စီး ထွက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ သန်းးသန်းးတင်

Wednesday, 30 Mar 2011

ပေါ်စဈေးပြန်ရောက်နေတဲ့ ကုလားပဲ                  ပခုက္ကူခရိုင်ထဲက ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ ကုလားပဲစုစုပေါင်း ဧက ငါးသောင်းခန့် စိုက်ပျိုးပြီး၊ နှစ်စဉ် တန် နှစ်သောင်းခွဲကျော် ထွက်ပါတယ်။ စိုက်သမျှရဲ့ ၇ဝ ရာခိုင်နှုန်းက ကုလားပဲဖြူလုံးကြီး ဖြစ်ပြီး၊ ၃ဝ ရာခိုင်နှုန်းကတော့ ကုလားပဲဝါတွေဖြစ်ကြပါတယ်။ ခရိုင်ထဲမှာ ကုလားပဲစိုက်ဧကရဲ့ ၅ဝ ရာခိုင်နှုန်းကို ရေစကြိုမှာစိုက်ကြပါတယ်။ အခုရက်ပိုင်းများမှာ ရေစကြိုနယ်ဘက် က ထွက်တဲ့ ကုလားပဲဖြူလုံးကြီးတွေဟာ ပခုက္ကူ ဈေးကွက်ပွဲရုံတွေကို နေ့စဉ်အိတ် ၁၅ဝဝ-၂ဝဝဝ ခန့် ဝင်ရောက်နေပါတယ်။                    ကုလားပဲဖြူလုံးကြီး ပေါက်ဈေးက မတ်လဆန်းမှာ တစ်တင်းကို ၁၇၄ဝဝ ကျပ်ရှိရာမှ လဆန်း ၁ဝ ရက်ပတ်မှာ ၁၉၁ဝဝ ကျပ်ထိတက်ခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၇၆ဝဝ ကျပ်ဈေးပဲရှိပါတယ်။ ကုလားပဲဝါကြီးကလည်း မတ်လဆန်း မှာ ၁၆၅ဝဝ ကျပ်မှ ၁ဝ ရက်ကျော်မှာ ၁၇ဝဝဝ ကျပ်ရှိခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၆၅ဝဝ ကျပ်ပဲရှိပါတယ်။ လက်ရှိတော့ လှောင်လက်အဝယ်များနဲ့ ပြည်တွင်းလုပ်ငန်းရှင်များပဲ အဝယ်ရှိကြောင်းပါ။ မောင်မောင်အေး

Wednesday, 30 Mar 2011

အရောင်းအဝယ်အေးသော်လည်း ဈေးမြင့်လာတဲ့ ဟင်္သာတပဲတီစိမ်း                ဟင်္သာတဈေးကွက်အတွင်း ပဲတီစိမ်းဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၂၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၃၃၅ဝဝ ကျပ်သို့ မြင့်တက်လာပါတယ်။ ဈေးကွက် အတွင်း ပဲတီစိမ်း ဝင်ရောက်မှုလည်း နည်းသွားပြီး ရောင်းဝယ်မှုမှာ ယခုတစ်ပတ်အတွင်း အေးသွားသော်လည်း ရန်ကုန်ဝယ်လက်ကုန်သည် ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်တင်းခွဲဝင်အိတ် ၂၅ဝဝ ခန့် ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုရှိတယ်လို့သိရပါတယ်။  အေးအေးခိုင် 

Wednesday, 30 Mar 2011

ဈေးကွက်မျှော်လင့်ချက်နဲ့ နွေပဲတီစိုက်ပျိုးမှုသွက်                  မနှစ်ကနွေရာသီ မုံရွာပဲတီစိမ်းဈေးကွက်မှာ တစ်တင်း ၄၅ဝဝဝ ကျပ်မှ ၅ဝဝဝဝ ကျပ်အထိ ဈေးကောင်းရခဲ့ကြလို့ ဒီနှစ်ပဲတီတောင်သူတွေ ရေသွင်းပဲတီ စိုက်ပျိုးမှု သိသိသာသာ တိုးတက်လာတယ်လို့ သိရပါတယ်။ မုံရွာနယ်မှာ အထွက်နှုန်း ကောင်းတဲ့ ရေဆင်း ၁၁၊ ၁၂ ပဲတီမျိုးကို အဓိကရွေးချယ်စိုက်ပျိုးခဲ့ကြတဲ့အတွက် ပဲတီမျိုးစေ့ ပေါက်ဈေးမြင့်တက်လာခဲ့ရာ တစ်ပြည်ကို ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်အထိ ရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။ အထွက်နှုန်းအားဖြင့်် မြေ၊ ရေနဲ့ သွင်းအားစု ညီညွတ်မျှတရင် နွေပဲတီ တစ်ဧက ၂၅ တင်းခန့်ထွက်နိုင်လို့ အကျိုး အမြတ်ကောင်းမွန်တဲ့အတွက် အခုလို စိုက်ပျိုးသူများလာခြင်းဖြစ်တယ်လို့ တောပုကျေးရွာမှ တောင်သူအချို့က ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ မန္တလေး၊ ရန်ကုန်ဝယ်လက်ပုံမှန်ရှိနေပြီး၊ ယခုသီတင်းပတ်ထဲမှာ စိမ်းသေးတစ်တင်း ကျပ်၂၃ဝဝဝ မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Wednesday, 30 Mar 2011

နယ်စပ်မှ ယခုရက်သတ္တပတ် ပဲတီစိမ်း တန် ၃၆ဝ ကျော်ပို့                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ပဲတီစိမ်း တန် ၃၆၇ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၈၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကထက် တန်ချိန် ၁၄၅ တန် ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်းတင်ပို့နိုင်မှု လျော့နည်းသော်လည်း ရာသီဥတု ပူပြင်းလာသည့်အတွက် တရုတ်ဖက်မှ ပဲတီစိမ်း ဝယ်လိုအားပိုမိုကာ သယ်ယူပို့ဆောင်စရိတ်များမှာလည်း သက်သာနေသည့် အတွက်လာမဲ့သီတင်းပတ်များမှာ အရောင်းအဝယ် ပိုမိုလာနိုင်တယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ နှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ပဲတီစိမ်း တန်ချိန် ၉၃၁၇၅ တန်ကျော်တင်ပို့ထားပြီး မတ်လအတွင်းမှာတော့ တန်ချိန် ၁၉၉၆ တန် တင်ပို့ထားပြီဖြစ်ပါတယ်။ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ပဲတီစိမ်းဈေးဟာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မိမိဘက် မြေပြင်ပေါက်ဈေးမှာ တစ်တန် ၁၁၄၆၇၅၆ ကျပ်နဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးမှာ ၁၂၇၅ မှ ၁၃၅၅ ဒေါ်လာအတွင်း ဖြစ်ပါတယ်။                                                                 MIRT (DOBT) 

Wednesday, 30 Mar 2011

ယခုအပတ်နယ်စပ်မှ ပဲလွန်းဖြူ အပို့ပြန်ရှိ                   ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဖေဖော်ဝါရီ လကုန်အထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တန်ချိန် ၃၈၇ဝ ကျော် တင်ပို့ ထားပြီးဖြစ်ပါတယ်။ မတ်လမှာတော့ လဝက်ထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တင်ပို့မှုမရှိခဲ့သော် လည်း မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ တော့ ကန်ဒေါ်လာ ဝ ဒသမ ၂၁၉ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၆ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက် နိုင်ငံနယ်စပ်ဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိ ဘက်မှာ ဈေး ကျပ် ၁၃ဝဝဝ နီးပါးလျော့ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပဲလွန်းဖြူ ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ရပါတယ်               မိမိဘက်(ကျပ်/တန်)    ယခု               ယခင်         ပြောင်းလဲမှု           %၈ဝ၂၉၄၃           ၈၁၉၃၆၇       ၁၆၄၂၄             ၂                တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)     ယခု               ယခင်          ပြောင်းလဲမှု        %၁ဝဝ၉                ၁ဝဝ၉                   -               -MIRT(DOBT)

Wednesday, 30 Mar 2011

ဝယ်လိုအားများနေတဲ့ ပြည်ပဲလွန်းဖြူ              ပဲလွန်းဖြူအသစ်ပေါ်ချိန် ဖြစ်၍ တစ်နေ့ကို ပဲသစ်အိတ် ၅ဝ ခန့် ပြည်မြို့သို့ အဝင်ရှိပြီး ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ မြို့တွင်း လက်လီသမားများပါ အဝယ်များနေပြီး တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မိမိအေး

Pages