Main menu

Background

Sunday, 20 Mar 2011

ရန်ကုန်ဝယ်လက်အေးလို့ မန်းမတ်ပဲလည်း ဈေးအေး               မန်းပဲဈေးကွက်သို့ မြင်းမူ၊ ရွှေဘို၊ တန့်ဆည်၊ စစ်ကိုင်း၊ မတ္တရာတို့မှ မတ်ပဲများနေ့စဉ်တစ်တင်းခွဲအိတ် ၅ဝဝ မှ ၁ဝဝဝ ဝင်ရောက်လျက်ရှိပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁၁၆၇ ကျပ်မှ ယခုတစ်ပတ် ၁၁ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်အေးလို့ ဈေးအေးလာတယ်လို့ ဈေးကွက်က ဆိုပါတယ်။ နေ့စဉ်ပုံမှန်အိတ် ၅ဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး အဝယ်သွက်တဲ့ နေ့များမှာတော့ အိတ် ၁၅ဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကျော်ကျော်မိုး

Sunday, 20 Mar 2011

ပြည်မတ်ပဲ ဈေးအနည်းငယ်ကျ               ပြည်ပဲဈေးကွက်ရဲ့ မတ်လတတိယပတ်အစမှာ မတ်ပဲ အိတ် ၆ဝဝ- ၇ဝဝ ခန့်အထိ အဝင်ရှိခဲ့ပြီး၊ လှောင်လက်သမား အဝယ်များတာကြောင့် ပဲတစ်တင်း ကို ၂၄၅ဝဝ ကျပ်ထိ ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ အလယ်ရက်မှာတော့ လှောင်လက်သမားရော၊ ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိပေမဲ့ မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၃ဝဝ-၄ဝဝ ခန့်သာ အဝင်ရှိပြီး၊ ပဲတစ်တင်းကို ၂၃၅ဝဝ ကျပ်ထိ ဈေးလျော့ အရောင်းအဝယ် အေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ ပဲခူးတိုင်းဒေသကြီးအနောက်မှ တစ်နေ့ကို မတ်ပဲအိတ် ၆ဝဝဝ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 20 Mar 2011

ဝယ်လိုအားကောင်းလို့ မတ်ပဲဈေးမြင့်လာ                 ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ အဝင်လှိုင်လာသလို ဝယ်လိုအားလည်းကောင်းလာပါတယ်။ ယခင်တစ်ပတ်မတ်ပဲဈေးက ပိဿာ ၂ဝ ဝင် တစ်တင်းကို ၂၂၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ မတ်ပဲ တစ်တင်းကို ၂၄၁ဝဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၁၇ဝဝ ကျပ်ဈေးမြင့်လာပါတယ်။ ရောင်းဝယ်မှုအနေနဲ့လည်း ရန်ကုန်ဝယ်လက်များ လည်းရှိသလို ဒေသတွင်း လှောင်လက်ကုန်သည်ကြီးများရဲ့ ဝယ်လိုအားလည်း ရှိနေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း တစ်တင်း ခွဲဝင်အိတ် တစ်သောင်းခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်

Sunday, 20 Mar 2011

မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်လာ             ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်)အတွင်းမှာတော့ မတ်ပဲ တန်ချိန် ၈ဝဝဝ နီးပါးကို ပြန်လည်တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ အရောင်းအဝယ် အခြေအနေအရတော့ ယခုတစ်ပတ်အတွင်း ဝယ်လက်များက အမြင့်ဈေးနဲ့ ဝယ်ယူ လိုခြင်းမရှိလို့ ဈေးအလျော့ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ပြည်တွင်း ဝယ်လက်နဲ့ ရောင်းလက်များအနေနဲ့ အရောင်းအဝယ်ဖြစ်မှုရှိပေမဲ့ FOB  ရောင်းဝယ်မှုတော့ ဒီတစ်ပတ်နည်းတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခု သီတင်းပတ် ရန်ကုန် FOB ဈေးနှုန်းအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ်                                                                              ဒေါ်လာ/တန်                     မတ်ပဲ(FAQ)             မတ်ပဲ(SQ)၁၈-၃-၁၁            ၉၂ဝ-၉၄ဝ              ၁ဝ၄ဝ-၁ဝ၆ဝ၁၁-၃-၁၁            ၉ဝဝ-၉၂ဝ               ၁ဝဝဝ-၁ဝ၂ဝMIRT(MAPT)  

Sunday, 13 Mar 2011

တစ်ပတ်အတွင်း နယ်စပ်မှ ပရဆေးတင်ပို့မှု တန် ၁ဝဝဝ နီးပါးရှိ                    မတ်လ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန်ချိန် ၉၉၈ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၆၉၈ တန်ကျော် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃ဝဝ ခန့် ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ ကျောက်ဂျင်း၊ မျောက်ဥခြောက်တို့ကို ယခုအပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ယခုအပတ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိချောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကျောက်ဂျင်း၊ နနွင်းတက်၊ ဒရင် ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်လျှာစေ့၊ မျောက်ဥခြောက်၊ မာလာဥနဲ့ မာလာဥခေါင်း တို့ဖြစ်ပါတယ်။ တမူးနယ်စပ်ကနေ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်းတန်ဖိုးရှိရှိန်းခို ၁ ဒသမ ၂ တန်တင်သွင်းမှု ယခုအပတ်မှာ ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT) 

Sunday, 13 Mar 2011

ပရဆေး ကုန်ကြမ်းဈေးကွက် ခိုင်မာယုံကြည်စေရန်လိုအပ်              စစ်ကိုင်းတိုင်းဒေသကြီးတွင် စမုံစပါး၊ စမုံညို၊ နံနံစေ့များ စတင်ပေါ်တော့မှာဖြစ်ပြီး၊ တစ်ရာသီလျှင် စမုံစပါးတင်း ၁၅ဝဝဝ ခန့် ရန်ကုန်နဲ့မန္တလေးဈေးကွက်သို့ စီးထွက်မှုရှိပါတယ်။ ယခုအချိန် ပရဆေးဆိုင်များရှိ ဈေးနှုန်းမှာ တစ်ပိဿာလျှင် စမုံစပါး ၁၅ဝဝ ကျပ်၊ စမုံညို ၃၅ဝဝ ကျပ်နဲ့ နံနံစေ့မှာ တစ်တင်းလျှင် ၇ဝဝဝ ကျပ်ခန့် ဖြစ်ပါတယ်။ ဒေသတွင်း အများအပြားထွက်ရှိတဲ့ ပရဆေးကုန်ကြမ်းများအနက် တောထန်းမြစ် တစ်ပိဿာလျှင် ၁ဝဝဝ ကျပ်၊ ဆင်တုံးမနွယ် ၅ဝဝ ကျပ်ဖြစ်ပါတယ်။ ကြောင်ပန်းစေ့နှင့် ဝင်အူမြစ်များကိုလည်း တရုတ်မှ တိုက်ရိုက် ချိတ်ဆက်ဝယ်ယူကြောင်းသိရပါတယ်။ ငရုတ်ကောင်းများ လှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ ဒီဇင်ဘာလက တစ်ပိဿာ လျှင် ၇ဝဝဝ ကျပ်မှ ၅၅ဝဝ ကျပ်သို့ ဈေးကျ သွားပါတယ်။ ပရဆေးကုန်ကြမ်းများကို ကိုရီးယားနိုင်ငံမှ ပုံမှန်ဝယ်ယူ လိုတာကြောင့် ခိုင်မာတဲ့ဈေးကွက်ရှိနေတဲ့ မြန်မာ့ပရဆေး များကို တန်ဖိုးထား ထုတ်လုပ်ရောင်းဝယ်သွားကြရမှာ ဖြစ်ပါတယ်။ ရီလင်းထွဋ် 

Sunday, 13 Mar 2011

ဈေးကွက်ကို နနွင်းအဝင်လျော့လို့ အိန္ဒိယနနွင်းဈေးမြင့်လာ               အိန္ဒိယနနွင်းအဓိက ဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့ဈေးကွက်တွေမှာ နနွင်းအဝင်လျော့ပြီး လှောင်လက်များ အဝယ်သွက်တာကြောင့် မတ်လ ၉ ရက်နေ့မှာလည်း နနွင်းဈေးဆက်မြင့်ခဲ့တယ်လို့ သိရပါတယ်။ လက်ငင်းဈေးခိုင်မာ လာခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်းဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်းပတ်များအတွင်း နနွင်းအသစ် ဝင်ရောက်မှု တိုးလာနိုင်လို့ ဈေးကွက်ဈေးနှုန်းကို သက်ရောက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ကို နနွင်းဝင်ရောက်မှုဟာ အိတ် ၁၈ဝဝဝ နဲ့ ၅ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ အတ္တရာပရာဒေ့ရှ်ရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်မှာ နနွင်းဈေးက တစ်တန်ကို ရူပီး ၉၅၂ ဒသမ ၅ (ကန်ဒေါ်လာ ၂၁ ဒသမ ဝ၅) မြင့်တက်ပြီး ရူပီး ၁၁၈၆၆၆ ဒသမ ၅ (ကန်ဒေါ်လာ ၂၆၂၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ ရာသီအတွင်း နနွင်းထုတ်လုပ်မှုဟာ ၇ဝ ကီလိုပါအိတ်ပေါင်း ၆၉ သိန်းရှိနိုင်လို့ ယခင်နှစ် ထွက်ရှိတဲ့ အိတ် ၄၈ သိန်းထက်ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ ပြည်တွင်းပြည်ပ ဝယ်လိုအားနဲ့ ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ှSource: Angel commodities 

Sunday, 13 Mar 2011

ဈေးကွက်ကောင်းလာတဲ့ ကျောက်ဆည်နနွင်း              ကျောက်ဆည်မြစ်သားနယ်ကထွက်တဲ့ နနွင်းတက်ဟာ အရောင်အဆင်းနဲ့ အရည်အသွေးကောင်းမွန် တာကြောင့် ဈေးကွက်မှာ မျက်နှာပန်းလှနေပါတယ်။ ယခုနှစ် ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက်ဧက ၁၃၇၄ ရှိပြီး၊ အားလုံးတူး ဖော်ပြီးဖြစ်ပါတယ်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇ သိန်းကျော်သာကုန်ကျခဲ့ပြီး အထွက်နှုန်း ၁ဝဝဝ ပိဿာဖြစ်လို့ တစ်ပိဿာကုန်ကျစရိတ်အနေဖြင့် ၇ဝဝ ကျပ်သာကုန်ကျပါတယ်။ စတင်တူးဖော်ချိန်မှာ တစ်ပိဿာ ၂၅ဝဝ ကျပ်သာ ဈေးရှိခဲ့ရာမှ ယခုရက်ပိုင်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဈေးကွက်အလားအလာကောင်းမွန်ပြီး တွက်ခြေကိုက်လို့ နနွင်းတက်ကို တိုးခဲျ့စိုက်ပျိုးလာကြတယ်လို့လည်း သိရပါတယ်။            ကျော်မြင့် 

Sunday, 13 Mar 2011

ဟိုပုံးနနွင်း ဈေးကွက်ဝင်                ရှမ်းနနွင်းတွေလည်း ချင်းလိုပါပဲ၊ ဈေးကွက်ကို တစ်နေရာနည်းနည်းစီကဝင်ပါတယ်။ သြင်္ကန်ပြီးမှသာ ဈေးကွက်ကို အဝင်လှိုင်လာမှာဖြစ်ပါတယ်။ အဝင်များနေတာကတော့ ဟိုပုံးတောင်ဖက်တစ်ကြော ရွာတွေက ဖြစ်ပါတယ်။ တစ်ရက်ကို ပိဿာချိန် ၁၅ဝဝ အဝင်ရှိတယ်လို့ သိရပါတယ်။ ဆင်တောင်နနွင်းတွေကုန်စပြုလာပြီး ဟိုပုံးနနွင်းတွေ ဈေးကွက်ကို ဝင်လာပြီဖြစ်ပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။                  နမ့်စန်မှာလည်း နနွင်းအဝင်က ထင်သလောက်မများသေးပါဘူး။ ပြည်ပဝယ်လိုအား မရှိသေးတာကြောင့် အရောင်းအဝယ်ကလည်း ပုံမှန်လောက်သာဖြစ်နေပါတယ်။ ကားတင်ခတွေ ဈေးတက်နေတာကြောင့် နနွင်းတစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးသာရှိပေမဲ့ အရောင်းအဝယ်က သိပ်မသွက်ဘူးလို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ အင်းစ နနွင်း တွေကတော့ အထွက်များနေပြီး တောင်ကြီးဈေးကွက်နဲ့ အောင်ပန်းဈေးကွက်ကို ဖြန့်ပြီးဝင်နေပါတယ်။ တောင်ကြီး ဈေးကွက် မှာ နနွင်းတစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်း ဈေးကွက်မှာတော့ ရိုးရိုးစက ၂၂ဝဝ ကျပ်၊ ဆင်တောင် နနွင်းက ၂၆ဝဝ ကျပ်-၂၇ဝဝ ကျပ်ဈေးရှိတယ်လို့ နနွင်း ပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Sunday, 13 Mar 2011

မူဆယ်မှ နနွင်းတက်တန် ၇ဝ ကျော် ပို့                မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၃၄၃ဝဝ တန်ဖိုးရှိ နနွင်းတက် ၇၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။မှန်မှန်လေးပို့နေတဲ့ စစ်တွေနယ်စပ်ကတော့ ယခုအပတ်မှာ တင်ပို့ခြင်းမရှိဘူးလို့ သိရပါတယ်။              MIRT(DOBT) 

Pages