Main menu

Background

Sunday, 27 Feb 2011

နယ်စပ်ပဲလွန်းဖြူ ယခုအပတ်အပို့ရ                     ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲလွန်းဖြူ တန် ၂၄ဝ ကျော်၊ ကန်ဒေါ်လာ ၂ဝ၄ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိပေမဲ့ ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဇန်နဝါရီလထိ ပဲလွန်းဖြူ တန် ချိန် ၃၃၆ဝ ကျော်နယ်စပ်မှ တင်ပို့ထား ပြီး ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                 မိမိဘက် (ကျပ်/တန်)                    တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)            ယခု             ယခင်         ပြောင်းလဲမှု  %        ယခု      ယခင်   ပြောင်းလဲမှု    %          ၉၉၄၅၉၈       ၉၄၁၁၆၆         ၅၃၄၃၂    ၅        ၁၁၂၈     ၁ဝ၃၇      ၉၁           ၈MIRT(DOBT)

Sunday, 27 Feb 2011

ပဲလွန်းဖြူ၊ ပဲလွန်းနီ တန် ၁ဝဝဝ အတင်ရှိ                  ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှုကတော့ ယခု တစ်ပတ်မှာ တန် ၁ဝဝဝ အထိ သိသိ သာသာ တိုးတက်ခဲ့တာတွေ့ရပါတယ်။ ယခင် သီတင်းပတ်က တန် ၅ဝဝ နီးပါး သာ တင်ပို့မှုရှိခဲ့လို့ ၂ ဆပိုတင်လာနိုင် တာ ဖြစ်ပါတယ်။ ဒေသအသီးသီးက ပဲလွန်းဖြူတွေလည်း ဈေးကွက်ကို ဝင်လာကြပြီဖြစ်တာကြောင့် ဈေးကွက် အသီးသီးမှာ အရောင်းအဝယ်များသလို ပြည်ပအဝယ်ရှိနေတာကြောင့် တင်ပို့မှု လည်း တိုးတက်လာတာဖြစ်ပါ တယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပဲလွန်းဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊   SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ နဲ့ ယခင်သီတင်းပတ်အတိုင်း ငြိမ်နေပါတယ်။                                             MIRT - MAPT 

Sunday, 27 Feb 2011

ပဲစင်းငုံအဝင်နည်းပြီး ဈေးကျလာ                 ယခုတစ်ပတ်တွင် ပြည်ဈေးကွက်သို့ ပဲစင်းငုံများ အဝင်ရှိနေသော် လည်း ယခင်တစ်ပတ်ထက် အဝင်နည်း ကြောင်း သိရပါတယ်။ ယခင်အပတ်များက တစ်ပတ်ကို အိတ် ၆ဝဝ မှ ၇ဝဝ ထိအဝင်ရှိခဲ့ပြီး အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အိတ် ၂ဝဝ ခန့်သာ အဝင်ရှိကြောင်း သိရပါတယ်။ အဝင်ရှိသော်လည်း ယခင်တစ်ပတ်နဲ့ ယှဉ်ရင် အဝယ်နည်းနေတဲ့အတွက် အရောင်းအဝယ်အေးကာ အိတ် ၃ဝဝ- ၄ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ကတော့ ပိဿာ ၂ဝ တစ်တင်းကို ၂၂၂ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ဈေးလျော့တယ်လို့သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 27 Feb 2011

စုံပြီ ငုံနီ                ပခုက္ကူခရိုင်ထဲမှာ ပဲစင်းငုံများအပြည့်အဝရိတ်သိမ်းပြီးလို့ ဈေးကွက်ထဲမှာ အဝင်စုံပြီလို့ ပြောလို့ရပါတယ်။ တစ်နေ့ကို အိတ် ၇ဝဝဝ မှ ၁ဝဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာ အဝင်စုံသလို အဓိက ဈေး ကွက်ဖြစ်တဲ့ အိန္ဒိယမှာလည်း ကာလတူ ဖြိုင်ဖြိုင်ထွက်ပေါ်နေတာကြောင့် ယခု တစ်ပတ်အတွင်း ပဲစင်းငုံဈေး တန့်နေတာတွေ့ရပါတယ်။ တစ်တင်းကို ၂၁ဝဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ် ဝန်းကျင်အတွင်းမှာ ရှိနေပါတယ်။ တပို့တွဲ၊ တပေါင်းလများမှာ အခြားပဲများလည်း ဆက်တိုက် ထွက်ပေါ်နေတာ တွေ့ရပါတယ်။              မောင်မောင်အေး

Sunday, 27 Feb 2011

 ပဲစင်းငုံတင်ပို့မှု ယခုတစ်ပတ်ဆက်လက်လျော့ကျ            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ဖေဖော်ဝါရီလဆန်းကတည်း ကကျဆင်းခဲ့ရာ ယခုဖေဖော်ဝါရီလ တတိယပတ်မှာလည်း ဆက်လက်လျော့ကျတင်ပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် ၃၂ဝဝ ကျော်သာတင်ပို့နိုင်တာတွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက် အရောင်း အဝယ်ဖြစ်မှုအနေနဲ့ အိန္ဒိယဝယ်လက်မရှိသလောက်နည်းပြီး ပြည်တွင်း လှောင် လက်တွေသာ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကိုလည်း ပဲအသစ်ဝင်ရောက်မှု များနေတာကြောင့် ပြည်တွင်းပဲဈေး ဆက်တိုက်ကျဆင်းနေတဲ့အတွက် ပြည်ပအဝယ်လည်း ဆိုင်းထားတဲ့သဘောဖြစ်ပါတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ပအရောင်းအဝယ်ဖြစ်မှု နည်းသော် လည်း ရန်ကုန် FOB  ဈေးမြင့်တက်လာတာကို ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                ဒေါ်လာ/တန်                            ပဲစင်းငုံနီ                     ပဲစင်းငုံဖြူနီ၊ အဖြူ               အသစ်           အဟောင်း            အသစ်    အဟောင်း ၂၅-၂-၁၁    ၉၄ဝ-၉၆ဝ   ၈၇ဝ-၈၉ဝ           ၇၆ဝ-၇၈ဝ       - ၁၇-၂-၁၁    ၈၉ဝ-၉၁ဝ   ၈၂ဝ-၈၄ဝ           ၇၁ဝ-၇၃ဝ       - MIRT(MAPT)

Sunday, 27 Feb 2011

အုတ်ဖိုဈေးကွက်သို့ မတ်ပဲသစ်များဝင်လာပြီ                      ပဲခူးတိုင်းဒေသကြီးအနောက်၊ အုတ်ဖိုမြို့နယ်တွင် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီဒုတိယပတ်မှစပြီး၊ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများမှ ပေါ်ဦးပေါ်ဖျား မတ်ပဲများကို အဝယ်ဒိုင်များသို့ တစ်တင်းနှစ်တင်းနှုန်းဖြင့် နေ့စဉ် စတင်ရောင်းဝယ်လျက်ရှိကြရာ တစ်နေ့လျှင်တစ်တင်းခွဲအိတ်ဖြင့် အိတ် ၃ဝ မှ ၅ဝ၊ တင်းအရေအတွက်အားဖြင့် ၆ဝ တင်းမှ ၇ဝ တင်းအထိ နေ့စဉ်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး၊ မတ်ပဲအသစ်အဟောင်း ၂၂ ပိဿာ တစ်တင်းလျှင် ၂၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ရန်ကုန်ဝယ်လက်များလည်း ပုံမှန် အတိုင်းသာရှိပါတယ်။ ယခင်နှစ် မတ်ပဲသစ်ပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျားဈေး ၁၈ဝဝဝ ကျပ်သာရှိပြီး၊ ယခုနှစ်ပေါ်ဦးဈေး ၂၄၅ဝဝ ကျပ် ရရှိကြသဖြင့် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကြပါတယ်။ ရန်ကုန်တင်ပို့နိုင်မှုမှာလည်း ယခုတတိယ ပတ်အတွင်း တစ်တင်းခွဲအိတ်ဖြင့် မတ်ပဲအသစ်အဟောင်း အိတ်ရေ ၂၁ဝဝ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။ HO

Sunday, 27 Feb 2011

မတ်ပဲနယ်စပ်မှအပို့ရှိ                        မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ဝ၅ဝဝ တန်ဖိုးရှိ မတ်ပဲတန် ၂ဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအပတ် တင်ပို့မှုရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ယခုအပတ်မှာ ပြန်လည်တင်ပို့ခဲ့ တာဖြစ်ပြီး ၂ဝ၁ဝ ဧပြီလ မှ ဇန်နဝါရီလထိ မတ်ပဲ တန်ချိန် ၈၅ဝဝ ကျော်တင်ပို့ ထားပြီးဖြစ်ပါတယ်။ မူဆယ်နဲ့ ရွှေလီမြေပြင်ပေါက်ဈေးများကို ယခင်အပတ် ဈေးနှုန်း များနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                 မိမိဘက်(ကျပ်/တန်)                                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု                 ယခင်         ပြောင်းလဲမှု        %          ယခု           ယခင်    ပြောင်းလဲမှု           %မတ်ပဲ     ၉၃၃၆၂၂         ၈၈၂၁၇၂          ၅၁၄၅ဝ          ၆          ၁ဝ၃၉          ၁ဝ၁၉         ၂ဝ              ၂MIRT (DOBT)

Sunday, 27 Feb 2011

မတ်ပဲတင်ပို့မှု တန် ၅ဝဝဝ ကျော်ကို ပြန်တက်လာ             ယခင်သီတင်းပတ်တွေက မတ်ပဲတင်ပို့မှု တန်ချိန် ၄ဝဝဝ အထိ ကျဆင်း ခဲ့ရာမှ ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၁၇-၂၂ ရက်) အတွင်းမှာတော့ တန်ချိန် ၅၃ဝဝ ကို အနည်းငယ်ပြန်တိုးလာခဲ့ပါတယ်။ ယခုလအတွင်း အိန္ဒိယဈေးကွက်တွေ မှာလည်း မတ်ပဲဈေးအေးနေသလို ရန်ကုန်ဘုရင့်နောင်မှာလည်း အိန္ဒိယ ဝယ်လက် အဝယ်ထိုင်းနေတယ်လို့ သိရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်နေတဲ့ မတ်ပဲ များက အဟောင်းရော၊ အသစ်ပါ ရောင်းဝယ်နေကြတယ်လို့ ကုန်သည်ကြီး တစ်ဦး က ဆိုပါတယ်။ ပြည်ပအဝယ်အေးပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်း အလဲကြောင့် မတ်ပဲ FOB  ဈေးက ယခင်သီတင်းပတ်ထက် မြင့်တက်လာတာကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                  ဒေါ်လာ/တန်                    မတ်ပဲ(FAQ)            မတ်ပဲ(SQ)၂၅-၂-၁၁       ၉၃ဝ-၉၅ဝ             ၁ဝ၃ဝ-၁ဝ၅ဝ၁၇-၂-၁၁        ၈၈ဝ-၉ဝဝ             ၉၈ဝ-၁ဝဝဝMIRT(MAPT)

Sunday, 20 Feb 2011

 ပိုးမွှားပြဿနာကြောင့် အိန္ဒိယရဲ့ ပြောင်းနဲ့ ပဲပုပ် တင်ပို့မှုရပ်ဆိုင်း                  ဗီယက်နမ်ကိုတင်ပို့တဲ့ ပြောင်း တန် ၅ဝဝဝဝ ကို ပိုးမွှားပြဿနာကြောင့် ဟနွိုင်းကနေ ပြန်လည်ပို့လိုက်ပြီး နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံက ပြောင်းနဲ့ ပဲပုပ် ဗီယက်နမ်သို့တင်ပို့မှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။ မကြာသေးမီက အိန္ဒိယ က တင်ပို့ခဲ့တဲ့ ပြောင်းနဲ့ ပဲပုပ်ကုန်စည်တွေထဲမှ အင်းဆက်တွေကို ရှာဖွေတွေ့ရှိတာ ကြောင့် ဗီယက်နမ်က တန်ချိန် ၅ဝဝဝဝ ကို ငြင်းပယ်ခဲ့ပါတယ်။ ဗီယက်နမ်က ပိုးမွှားရှာဖွေစမ်းသပ်တဲ့နည်းစနစ်သစ်ကို ကျင့်သုံးနေကြောင်း သိရပါတယ်။ ယခင်က ဗီယက်နမ်ခွင့်ပြုခဲ့တဲ့ ပိုးသတ်တဲ့နည်းစနစ်နဲ့ မကြာခင်ခွင့်ပြုချက် ရယူဖို့မျှော်လင့်ကြောင်း ကုန်သည်များက ပြောပါတယ်။ တစ်နည်းအားဖြင့် ဗီယက်နမ်က ပိုဈေးကြီးတဲ့ တောင်အမေရိကရဲ့ ရောင်းလိုအားဘက်ကို ဦးလှည့် လိုက်တာကြောင့် ပြည်တွင်းမှာ ဈေးတက်ဖို့ တွန်းအားပေးသလိုဖြစ်နေကြောင်း ကုန်သည်များက ပြောကြားပါတယ်။                    ဗီယက်နမ်မှာ ပြောင်းဈေးနှုန်းဟာ တစ်တန်ကို ဒေါ်လာ ၃၃၃-၃၄၉ ဒေါ်လာ ကြားမှာရှိပြီး ယခင်နှစ်ထက် ၂၇ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။ သွင်းကုန်တင်သွင်း တာကတော့ လောင်စာဈေးနှုန်းကြောင့်ဖြစ်ကြောင်း သိရပါတယ်။ ဗီယက်နမ်ဟာ ပြောင်းနဲ့ ပဲပုပ်ဝယ်ယူတဲ့ အိန္ဒိယရဲ့ အကြီးဆုံးဝယ်လက်တစ်ခုဖြစ်ကြောင်း သိရပါ တယ်။ Source: commodity online, KZW

Sunday, 20 Feb 2011

် အနည်းငယ်အေးနေတဲ့ မာလာဥဈေးကွက်              ပြည်မြို့ရဲ့ အမယ်သစ်ဈေးကွက်မှာ အခုအချိန် မာလာဥတွေ အရောင်း အဝယ်ဖြစ်နေပါတယ်။ အစို ၁ဝ ပိဿာကိုပြုတ်ပြီး နေလှန်းရင် အခြောက် ၁ တစ်ပိဿာခွဲမှ ၂ ပိဿာအထိ ရပါတယ်။ မာလာဥအစိုကို ယခင်လက ၂၅ဝဝ ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် အခုအချိန်မှာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ထိသာ ဈေးရှိတော့ကြောင်း သိရပါတယ်။ အခုအချိန်ဈေးကျနေတာကြောင့် အရောင်း အဝယ်လည်း အနည်းငယ်အေးနေတယ်လို့ သိရပါတယ်။ ယဉ်သိမ့်နွေး

Pages